Posts

Showing posts from June, 2019

နျူးဝေါတား 🖋 ဂျက်ကွမ်းခြံကုန်း

Image
နျူးဝေါတား ********** ဂျက်ကွမ်းခြံကုန်း 7Day Daily  Wed, 2013-05-01 19:52 Issue No. No.5 Monday, April 29, 2013 (တစ်) နျူးဝေါတား ဆိုတာကြီးကို ဂျက်ကွမ်းခြံကုန်း ပထမဦးဆုံးအကြိမ် စပြီးကြားခဲ့တာ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ခင်ဗျ။ ဟုတ်ပါရဲ့ နျူးဝေါတားတဲ့။ အင်္ဂလိပ်လို စာလုံးပေါင်းတာကတော့ NEWater ပေါ့ဗျာ။ New က အသစ်၊ Water က ရေ၊ NEWater ဆိုတော့ ရေသစ်ပေါ့။ နာမည်လေးကတော့လှသား။ သည်နေရာမှာ ရေသစ်လို့ဆိုလိုက်တဲ့အတွက် သောက်ချင်စရာကလေးနေမှာပေါ့ ဘာညာနဲ့ စိတ်ကူးမယဉ်လိုက်ကြလေနဲ့ဦး။ ကျင်ငယ်ရေ ခင်ဗျ။ ဟုတ်တယ် ကျင်ငယ်ရေ။ ကိုယ်ပေါက်တဲ့ရှူရှူးကို ကိုယ့်ဘာသာ ပြန်သောက်လို့ရအောင် ပြန်လည်ပြုပြင်မွမ်းမံ ပေါင်းခံပြီးတော့ စစ်ယူထားတဲ့ရေ။ ဒါ့ကြောင့် နျူးဝေါတားတဲ့။ နျူးဝေါတားကို စပြီးသောက်ပြတာက မဟုတ်မှလွဲရော ပူတင်ခင်ဗျ။ ရုရှသမ္မတ ဗလာဒီမာပူတင်။ သောက်သုံးရေ ရှားပါးစပြုလာတဲ့ ရုရှားနိုင်ငံတော်မှာ ကျင်ငယ်ကို ရေသန့်အဖြစ် ပြန်လည်သန့်စင်တဲ့ စက်တွေဆောက်ပြီး သောက်ကြစမ်းတော့ဗျာရယ်လို့ မဲဆွယ်စည်းရုံးစဉ်ကာလမှာ သမ္မတကိုယ်တိုင်က “ဟောသမှာကြည့်  ကျွန်ုပ်သောက်ချလိုက်ပါ၏” ဆိုတာမျိုး လုပ်ပြလိုက်တော့ လူထုကလည်း အယုံအကြည်ရှိ သွားတော့...

မုန့်ဟင်းခါး ကယ်ပေလို့ 🖋 မောင်သာချို

Image
မုန့်ဟင်းခါး ကယ်ပေလို့ ******************* မောင်သာချို 7Day Daily  Fri, 2019-06-28 03:43 Issue No. အတွဲ(၁၈)၊ အမှတ်(၁၆) (တစ်) Cultural Imperialism တဲ့။  ယဉ်ကျေးမှုနယ်ချဲ့ဝါဒဟု ဘာသာပြန်ဆိုကြပါသည်။ ထို Cultural Imperialism ကို စိတ် ၀င်စားသဖြင့် လက်ကိုင်ဖုန်းကလေးကို အားကိုးကာ ကွန်ပျူ  တာကွန်ရက်ထဲသို့ ၀င်ကြည့်ဖြစ်ပါသည်။  ဓာတ်ပုံတစ်ပုံက သဲကန္တာရ ကြီးတစ်ခုအတွင်းရှိ ပိရမစ် (Pyramid) ကြီးများကို ပြထားပါ သည်။ ထိုပိရမစ်ကြီးများ၏ မလှမ်းမကမ်း သဲပြင်ပေါ်မှာက ကိုကာကိုလာ (Coca Cola) သံဘူး တစ်ဘူး။ အနည်းငယ်ပိန်ရှုံ့နေ သည့် သံဘူးအဟောင်း။ နောက် ဓာတ်ပုံတစ်ပုံကမူ ကိုရီးယား စကားလုံးများဖြင့် ဆိုင်းဘုတ်ချိတ် ဆွဲထားသည့် စားသောက်ဆိုင် တစ်ဆိုင်။ ကိုရီးယားစကားလုံး  များကြားတွင် ထီးထီးကြီးဖော်ပြ ထားသည့် စကားလုံးကြီးက Mc- Donald ဟူသည့် စကားလုံး။ နောက်ဓာတ်ပုံတစ်ပုံကမူတရုတ် ပြည်ကမဟာတံတိုင်းကြီး၏ ပုံ ဖြစ်ပါသည်။  မဟာတံတိုင်းပေါ် ၌မူ လူတစ်ယောက် နွားကျောင်းသားဦးထုပ်ကိုဆောင်းကာ စီးကရက်တစ်လိပ်ကို ဖွာနေလျက်။  နောက်ခံအလုံးကြီးက Marlboro။ ရှင်းပါသည်။ ပိရမစ်ဘေးသို့ ကိုကာကိုလာရောက်ရှိလာခြင်း၊ ကိုရီ...

ရန်ကုန်မြို့နေ ဆရာကြီးဂျက်က အင်္ဂလိပ်စကားပြော တူ၊ တူမများထံပေး မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း

Image
ရန်ကုန်မြို့နေ ဆရာကြီးဂျက်က  ************************* အင်္ဂလိပ်စကားပြော တူ၊ တူမများထံပေး  ****************************** မေတ္တာစာ ********** ဂျက်ကွမ်းခြံကုန်း  ရွှေရောင် ငွေရောင်၊ မြရောင် ဖန်ရောင် အရောင်ရောင် အပြားပြား ကျွန်းကြီးလေးပါးတို့၏ အလယ်တွင် သောင်းယူဇနာ၊ မြရောင်ဖြာသည့် မဟာဇမ္ဗူဒိပ် အကျွန်းကျွန်းတို့၏ ထိပ်ခေါင်တင် ဇမ္ဗူဒီပါ တောင်လက်ယာကျွန်းကြီးတွင် ဘဝထိုထို အသိန်းသိန်း အသန်းသန်းတို့၌ မြလို စိမ်းစိမ်းလန်းလန်း ရှိကြပါစေသော်ဝ်ဟု ဩဓိသပတ္ထနာ၊ဖြင့် ဆုခြွေကာ တောင်းလိုက်ရပါပေသည် တူ၊ တူမ အပေါင်းတို့။ ဘာသာမျိုးခြား စာစကား သင်ကြားသင့်သည်မှတ်၊ ကင်းဝန်မင်းကြီး၏ ဆုံးမစကား ရှိထားခဲ့သည်လည်း တစ်ရပ်။ သူ့စကား ကိုယ် မသိ၊ ကိုယ့်စကား သူ မသိ၊ ကူးလူးဆက်ဆံဖို့ရာ ဘယ့်နှာမှ မဖြစ်နိုင်သည့် ဟောဒီကမ္ဘာရွာကြီး အနေအထား၌။ အင်္ဂလိပ်နဲ့ ကိုရီးယား မလေးရှားနဲ့ ဂျပန် ဂျာမန်၊ အီတလီ၊ ယိုးဒယား Chinese စကား ကြိစိကြစ ပြောကြ ဆိုကြ လေ့ကျင့်ကြ၊ အပြစ်မဆိုသာသည့် လောကပေတမုံ့။ သူ့ကို မေးတော့လည်း speaking ကိုယ့်ကို မေးတော့လည်း speaking speaking အဝဝတို့၌ ဗြိတိသျှတို့၏ သိုးဆောင်းစကားမှာကား ကမ္ဘာ့အမျိုးကောင်းသားတို့၏ Favourite ...

ရေအိုးလည်း ခွဲမယ် သစ်ကြားသီးလည်း ခိုးမယ် 🖋 မောင်သာချို

Image
ရေအိုးလည်း ခွဲမယ်  **************** သစ်ကြားသီးလည်း ခိုးမယ် ********************* မောင်သာချို 7Day News Journal Vol. 40, No. 20 August 4, 2011 (တစ်)      တစ်ခါက ဧရာဝတီမြစ်ကြီး မှသည် မြစ်လက်တက်တစ်ခုအ ဖြစ် ခွဲထွက်၍သွားသော င၀န်မြစ် ကို မြောက်မှတောင်သို့ကျွန်တော် စုန်ဆင်းခဲ့ဖူးပါသည်။ လေးမျက်နှာ တို့ အိုင်သပြုတို့ကို ကျော်လွန်ပြီး နောက် ငသိုင်းချောင်းသို့ မရောက်တတ် ရောက်တတ်တွင် ငါးသိုင်းချောင်းနှင့် မျက်စောင်းထိုးအနေ အထား၌ င၀န်မြစ်ကြီး၏ အ နောက်ဘက်ကမ်းပါးပေါ်တွင်ရပ် တည်နေသော ရွာကြီးတစ်ရွာကို စက်လှေပေါ်က မိတ်ဆွေက လက်ညှိုးညွှန်ပြပါသည်။ သူက အဲဒါ ဒေါင့်ကြီးပဲတဲ့။ ကြည့်စမ်း ကျွန် တော့်စိတ်တွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားလိုက်တာ။ ဒါဆို သည်ရွာက ဆရာကြီးဒေါက်တာသန်း ထွန်းရဲ့ ဇာတိကျေးရွာကလေးပါ ပဲလား။ အော် ရခိုင်ရိုးမရဲ့အရိပ် မှာ ...။      ၆ ဧပြီ ၁၉၂၃ တွင်မွေး၍ ၃၀ နိုဝင်ဘာ ၂၀၀၅ တွင် အနိစ္စရောက်ခဲ့ရှာသော ဆရာကြီး ဒေါက်တာသန်းထွန်းက သူ့ဘ၀ တစ်သက်တာလုံးကို သမိုင်းပညာ ရပ်ထဲ၌ နှစ်မြှုပ်၍ထားခဲ့သော ပညာရှင်ကြီးဖြစ်ပါသည်။ မအ, အောင်လို့ သမိုင်းကိုသင်ရပါတယ် ဟု ဆိုလေသူ ဆရာကြီးဒေါက်တာသန်းထွန...

မပေါက်ကွဲသေးတဲ့ မိုင်းဗုံးများ + စစ်တောင်းနှစ်လီ 🖋 မောင်သာချို

Image
မပေါက်ကွဲသေးတဲ့ မိုင်းဗုံးများ *********************** မောင်သာချို 7Day News Vol. 12, No. 42 Dec. 25, 2013 (တစ်) တစ်ခါက အမှောင်ထုအင်နှင့်အားနှင့် ကြီးစိုး၍နေဆဲ မနက်စောစောကြီးထဲမှာ ကချင်ပြည်နယ်၏အစပ် ဟောင်ပါးဆိုသော ရွာကလေးကနေ ဆယ်ဇင်းတို့၊ တာမခန်တို့၊ ဖားကန့်တို့ကိုဖြတ်ကာ မြစ်ကြီးနားသို့ ပြန်လာခဲ့ဖူးပါသည်။ တောင်ဆင်းတောင်တက်တွေက များမှများ၊ မှောင်ကလည်းမှောင်မို့ တောင်တွေးမြောက်တွေးနှင့် စိတ်အားငယ်နေစဉ်မှာပင် ကားပေါ်၌ အတူပါလာသူ ဒေသခံမိတ်ဆွေက ကားရှေ့မီးရောင်၏အလင်း၌ ပေါ်လာသည့် ကားလမ်းအချိုင့်တစ်နေရာကို လှမ်းပြပါသည်။ “အဲဒါ.. မကြာသေးခင်က မိုင်းကွဲသွားတဲ့နေရာပေါ့” ကျွန်တော့်ခြေထောက်တွေ ယားကျိကျိဖြစ်သွားပါသည်။ သူက သူ့စကားကိုဆက်၍နေသောအခါ ခြေထောက်တွေ ယားကျိကျိဖြစ်လာရုံမျှသာမက ကိုယ့်ဒူးခေါင်းအောက်ပိုင်းကို ကိုယ်ပြန်စမ်းကြည့်မိသည့်အထိကိုပင်လျှင် ကျောချမ်း၍သွားပါလေသည်။ တိုင်းရင်းသား သားအဖနှစ်ယောက်တို့ မနက်စောစောကြီး ဆိုင်ကယ်တစ်စီးနှင့် ခရီးနှင်ခဲ့ပါလေသတဲ့။ နာရေးဖြစ်သည့် ဆွေမျိုးသားချင်းများရှိရာ ရွာကလေးတစ်ရွာဆီသို့ ခရီးနှင်ခဲ့ခြင်းဖြစ်ပါသတဲ့။ အဖေနှင့်သမီး စကားတစ်ခွန်းစ နှစ်ခွန်းစပြော၍ လာခဲ့စဉ်မှာပင် ကား...

ဆံပင်အရေးအတွက် ရင်လေးကြောင်း မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း

Image
ဆံပင်အရေးအတွက်  ***************** ရင်လေးကြောင်း မေတ္တာစာ  ********************** ဂျက်ကွမ်းခြံကုန်း ရတနာတြိ နမာမိ ရတနာသုံးပါး ဦးထိပ်မှာ ထားပြီးသကာလ စာအားဖြင့် ကြားရောက်လိုက်ပါသည် ကျွန်ုပ်၏ တူမကြီးတို့။ ကပ်ကြီးသုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပ္ပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး အပြားပြားသော အမိုက်အမှောင်တို့မှ ကွင်းရှောင်နိုင်ကြသည် ဖြစ်၍ လောကဓာတ်မြေတစ်ခွင်၌ အနောဝတတ် ရေအလျဉ်ပမာ ကြည်လင်ပါစေသော်ဝ်၊ ချမ်းမြေ့ပါစေသော်ဝ်ဟု ဩဓိသပတ္ထနာ၊ မေတ္တာရေစင်မောင်းဖြင့် ဖျန်းပက် သွန်းလောင်းပြီးသကာလ ဦးဂျက်၏ အမှာစကားကို အထူးမြွက်ကာ ကြားသိစေလိုက်ပါသည် ချစ်တူမကြီးတို့။ ဂီတဘုရင် နန်းတော်ရှေ့ဆရာတင်ကလည်း သူ့ 'ရွှေမင်းဂံ' သီချင်း တစ်နေရာဝယ် "ပိတုန်းရောင်ကေသာ  ဖြန့်လိုက်ရင် တစ်ကိုယ်လုံး ဝေဝေဆာဆာလွင်လွင်၊ မင်းဂံဘုတ်ရွာသူများ'' စသည်ဖြင့် မိန်းကလေးတို့ ဆံကေသာ နက်မှောင်ပုံကို အလေးဂရုထား၍ တေးပြု ကစားခဲ့ချေသည်။ ထို့ပြင်တစ်ဝ ဣတ္ထိယခေါ် မိန်းမတို့၏ ပသာဒ ကောင်းခြင်းငါးမည် အလီလီရှိရာဝယ် အဆင်း၏ ကောင်းခြင်း၊ အရိုး၏ ကောင်းခြင်း၊ အရွယ်၏ ကောင်းခြင်း၊ အရေ၏ ကောင်းခြင်း၊ ဆံပင်၏ ကောင်းခြင်း၊ စသည်... စသည်ဖြင့်...

ဂျက်ကွမ်းခြံကုန်း ရဲ့ ဂျက်မေတ္တာစာ

Image
ဂျက်ကွမ်းခြံကုန်းရဲ့ 'ဂျက်မေတ္တာစာ' *************************** ဆရာမောင်သာချို (ဂျက်ကွမ်းခြံကုန်း) ကိုယ်တိုင် ကျနော့်ကို မေတ္တာလက်ဆောင် ပေးထားတဲ့ ဂျက်ကွမ်းခြံကုန်းရဲ့ 'ဂျက်မေတ္တာစာ' စာအုပ်ကလေးထဲက ပြုံးရွှင်စရာ မေတ္တာစာကလေးတွေကို တကြိမ်လျှင် တပုဒ်နှုန်းနဲ့ စာရိုက်တင်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ ဖတ်ကြမယ် မဟုတ်လား စာဖတ်သူတို့။ သည်ကနေ့ စာအုပ်ရဲ့ အဖွင့်စကား (အမှာစာ) ကို တင်ဆက်လိုက်ပါတယ်။  အဒ်မင်  မေတ္တာတရား စကားပလ္လင်  ********************* 'မျစ်ဒဇာ' ဟု အသံထွက်သည်။  'မေတ္တာစာ' စာပေသည် မောင်နှင့် နှမ၊ သားနှင့် အမိ၊ ဇနီးနှင့် ခင်ပွန်း၊ ဆရာနှင့် ဒကာ ၅၂၈ သွယ်သော မေတ္တာကို အခြေခံကာ မေတ္တာရပ်ခံ ဆိုဆုံးမသည့် စာအမျိုးအစား ဖြစ်ရာ မြန်မာစာပေ ခေတ်ဦး အင်းဝခေတ်မှ စကာ အခြေခိုင်လာခဲ့သော စာပေအမျိုးအစားတစ်ရပ်ပင် ဖြစ်ပါသည်။  စင်စစ် မေတ္တာစာတို့သည် ပုဂ္ဂိုလ်ရေးပေးစာများပင် ဖြစ်ပါသည်။ သို့သော်.... ''ထန်းလျက်နှင့် တူသည်ဟု  ကျောက်ဖြူကိုလည်း မနမ်းနှင့်။ ကျွမ်းလျက်နှင့် မြှူသည်ဟု အောက်သူကိုလည်း မစမ်းနှင့်။ ကျောက်ဖြူကို နမ်းလျှင် ဖုန်ကပ်သည်။ အောက်သူကို စမ်းလျှင် ကုန်တတ်သည်'' ဟု ကျ...

သုံးစိတ်နဲ့လဲပစ်လိုက်သည့် အမေ့ဆန်တစ်ခွဲ 🖋 မောင်သာချို

Image
သုံးစိတ်နဲ့လဲပစ်လိုက်သည့် အမေ့ဆန်တစ်ခွဲ ****************************** မောင်သာချို 7Day Daily  Fri, 2019-06-21 03:43 Issue No. အတွဲ(၁၈)၊ အမှတ်(၁၅) (တစ်) ကျွန်တော် ဧရာဝတီတိုင်းအတွင်းက အလယ်ရေကျော်ဆို သည့် ရွာကလေးသို့ရောက်သွား ပါသည်။ ရန်ကုန်မှ မော်ကျွန်းသို့ ကားဖြင့်သွားကာ မော်ကျွမ်းဆိပ် ကမ်းကနေ စက်လှေတစ်စီး စီစဉ် ပြီး ထိုရွာသို့ရောက်သွားခြင်းဖြစ် ပါသည်။ ထုံးစံအတိုင်း စာပေ ဟောပြောပွဲ ခရီးစဉ်ပဲ ဖြစ်ပါ၏။ ပွဲကို ကမကထလုပ်ကာ ဦး ဆောင်စီစဉ်ပေးသူက ပရဟိတ ကျောင်းက ဆရာမကလေးတစ် ယောက်။ ထို့ကြောင့် စက်လှေက လေး အလယ်ရေကျော်ဆိပ်ကမ်း သို့ ထိုးဆိုက်ပြီးသည်နှင့် ထိုပရဟိ တကျောင်းကလေးထဲမှာပဲ ကျွန် တော်တို့ကို နေရာချထားပေးပါ သည်။ ကျောင်းက ဘုန်းတော်ကြီး ကျောင်းပိုင်မြေပေါ်မှာ။ သို့သော် ဘုန်းတော်ကြီးကျောင်းနှင့် တစ် ဆက်တည်းမဟုတ်၊ သီးခြား။ အ လှူရှင်တို့က ဘုန်းတော်ကြီး ကျောင်းသို့ လှူဒါန်းထားသည့်မြေ ပေါ်၌ ထိုပရဟိတစာသင်ကျောင်း ကလေးကို ဆောက်ထားခြင်းဖြစ် ပါသည်။ အဆောက်အအုံများ များစားစား ကောင်းကောင်းကန်း ကန်း မဟုတ်၊ တစ်ထပ်အုတ် တိုက်ကလေးတစ်လုံးနှင့် မည် ကာမတ္တစာသင်ဆောင်အယိုင်အ ရွဲ့၊ အပေါက်အပြဲကလေးများ။ ထိုကျောင်း၌ ပရဟ...

ထွေးညိုက သေဒဏ် ကိုသိန်းတန်က တစ်သက်တစ်ကျွန်း 🖋 မောင်သာချို

Image
ထွေးညိုက သေဒဏ်  ***************** ကိုသိန်းတန်က တစ်သက်တစ်ကျွန်း *************************** မောင်သာချို 7Day News Vol. 10, No. 30 Oct. 13, 2011 (တစ်) လူတွေ ဇရာထောင်းလာတော့ ဟိုဆေးခန်းပြ သည်ဆေးခန်းပြ ဟိုဆရာဝန်ဆီဆေးစစ် သည်ဆရာဂန်ဆီဆေးစစ် လု့်လာကြသလို ကျွန်တော်တို့ မှီတင်းနေထိုင်ကြရာ ကမ္ဘာမြေကြီး အိုမင်းယိုယွင်းလာပြီဆိုသည့် အကြောင်း ခပ်ရေးရေး သဘောပေါက်လာကြသောအခါ ဘာကြောင့် သည်လိုဖြစ်ရတယ်ဆိုသော ရောဂါ၏ အမွေးခံအကြောင်းတရားကို ရှာဖွေလာကြသည်နှင့်အမျှ ဘယ်လိုကုသကြရင် ကောင်းမလဲဆိုသည့် ကုထုံးကိုပါ စဉ်းစား၍ လာကြပါသည်။ မုန်တိုင်းတွေ မကြာခဏတိုက်သော ကမ္ဘာ၊  ငလျင်တွေ မကြာခဏ လှုပ်သောကမ္ဘာ၊  နေရာအနှံ့ ရေကြီး၍ ရေလျှံသောကမ္ဘာ၊  သီးနှံအထွက်နှုန်း ဆွံ့အသော ကမ္ဘာ၊  အပူရှိန် တငွေ့ငွေ့တက်နေသော ကမ္ဘာ၊ သောက်သုံးရေ ခန်းခြောက်သော ကမ္ဘာ၊ သဘာဝသယံဇာတ မြုံ၍သွားသော ကမ္ဘာ စသည် စသည်ဖြင့် ဒဏ်ရာဒဏ်ချက်တွေက ဗရပွ။      သည်မှာ အဓိက လက်သည်တရားခံအဖြစ် ကာဗွန်ကို သွားတွေ့ပါသည်။ ရေခဲသေတ္တာတွေက၊ လေအေးပေးစက်တွေက၊  စက်ရုံအလုပ်ရုံတွေက၊ မော်တော်ကား မော်တော်ဆိုင်ကယ်က၊ လေယာဉ်တွေက၊ သစ်ပင်သစ်တော ပြုန်းတီးမှုတွေ...

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ဒဂုန်တာရာလမ်း 🖋 လင်းဆက်ငြိမ်းချမ်း

Image
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်)  *************************** ဒဂုန်တာရာလမ်း *************** လင်းဆက်ငြိမ်းချမ်း 7Day Daily  Tue, 2019-06-18 12:29 Issue No. No. 2157, Tuesday, June 18, 2019 ယခုအသက်(၄၀)ကျော် အရွယ်သို့ ရောက်သည့်တိုင် မိတ်ဆွေ သူငယ်ချင်းများနှင့် သစ်ပင်စိုက် ပွဲတော်တို့ ဘာတို့တွင် ပါဝင်ဆင် နွှဲဖူးခြင်းမရှိသေးပေ။ သို့သော် ကိုယ့်ခြေကိုယ့်လက်ဖြင့် ကိုယ့် အိမ်ရှေ့နှင့် ကိုယ့်ခြံထဲတွင် သစ် ပင်လေးပင် စိုက်ပျိုးဖူးသည့် အ တွေ့အကြုံတော့ရှိပါသည်။ ကြီးကြီးကျယ်ကျယ် ပတ် ဝန်းကျင်ထိန်းသိမ်းရေးအမြင်ရင့် သန်လှသဖြင့် စိုက်ပျိုးခြင်းတော့ မဟုတ်။ မီးလိုလောင်နေသော အပူ၏စေ့ဆော်မှုအရ စိုက်ပျိုး ခြင်းနှင့် သစ်ပင်ကို အရသာခံလို ခြင်းဖြစ်သည်။ သစ်ပင်တစ်ပင်က ပေးသော အရသာမှာ စိတ်ကူး ယဉ်ချင်စရာ။ ချဲ့လျှင် ချဲ့သ လောက် လှနေသော်လည်း သစ် ပင်တစ်ပင် အသက်ရှင်ဖို့ဆိုသည် မှာမူ ခဲရာခဲဆစ်ဖြစ်သည်။ ကံဆိုး သော နေ့၊ ခပ်ပြင်းပြင်း ကျလာ သော ရာသီဥတုဆိုးနှင့်ကြုံလျှင် တစ်အောင့်ပင်မကြာ အသက် ထွက်သွားနိုင်သည်။ သစ်ပင်ဆိုသည်မှာ သက်ရှိ မို့ သူ့အသက်ရှိလာအောင် ပြုစု ပျိုးထောင်ရသည်။ နေပူပူအချိန် တွင် ရေသွားလောင်းမိပါက လူ တစ်ယောက်လ...

မထင်ရှားသည့် အမှတ်အသားများ 🖋 မောင်သာချို

Image
မထင်ရှားသည့် အမှတ်အသားများ ************************** မောင်သာချို (တစ်) သမီး... အခု သမီးဖတ်နေတဲ့ စာကို ခေါင်းစဉ်တပ်ထားတဲ့ မထင်ရှားသည့် အမှတ်အသားများဆိုတဲ့ စာသားကို ခဏထားလိုက်ကြဦးစို့။ အဲသည်စာသားရဲ့ ပြောင်းပြန် ထင်ရှားသည့် အမှတ်အသားများကနေ စကားကို စလိုက်ကြရအောင်။             ဟုတ်တယ်။ ထင်ရှားသည့် အမှတ်အသားများ ဆိုတာကိုတော့ သမီး ကြားဖူးမယ်။ ဖေဖေတို့ ငယ်ငယ်တုန်းက မှတ်ပုံတင်ကတ်လို့ ခေါ်ပြီး အခုအခါ နိုင်ငံသားစိစစ်ရေးကတ်လို့ ခေါ်နေကြတဲ့ လူတိုင်းနဲ့ဆိုင်တဲ့ ကတ်ကလေးတွေကို လုပ်တဲ့အခါ ဖြည့်စွက်ရတဲ့ အချက်အလက်တွေထဲမှာ အဲသည် ထင်ရှားသော အမှတ်အသားများဆိုတာက ပါလေ့ရှိတဲ့အရာလေ။ ညာဘက်ပါးမှာ မှဲ့ရှိတာတို့၊ ဘယ်ဘက်မျက်ခုံးအထက်မှာ အမာရွတ်ရှိတာတို့ ဆိုတာမျိုးတွေကို ဖြည့်စွက်ခဲ့ရပုံကလေးတွေ ဖေဖေမှတ်မိနေသေးတာပေါ့။                  ဖေဖေ့ သူငယ်ချင်း တစ်ယောက်ကများဆိုရင် ဘယ်ဘက်ချိုင်းကြား၌ အမှတ်ရှိသည်ဆိုလို့ ဖေဖေတို့ ရယ်ခဲ့ကြရသေးတာပေါ့။ သူ့ထင်ရှားသည့် အမှတ်အသားက ဘယ်သူမှ မမြင်နိုင်တဲ့နေရာကြီးမှာ ဥစ္စာ။ ထားပါ။          ...

မသန်းသန်း အလိုမရှိ 🖋 မောင်သာချို

Image
မသန်းသန်း အလိုမရှိ   ******************* မောင်သာချို (၁) သမီးရေ...။ ကျန်ခဲ့တဲ့ လေးငါးရက်လောက်တုန်းက ဖေဖေတို့ မိသားတစ်စု မိုးအေးအေးနဲ့ ဧည့်ခန်းထဲမှာစုပြီး ငြိမ်ချက်သားကောင်းနေကြတုန်း မသန်းသန်းတစ်ယောက် ဖေဖေတို့အိမ်ကို ရောက်လာခဲ့တာကို သမီး မှတ်မိနေလိမ့်ဦးမယ်လို့ပဲ ဖေဖေထင်မိတယ်ကွယ်။ အဲသည့်နေ့က  ကျောင်းတွေရော ရုံးတွေပါ အကုန်လုံး ပိတ်တာမို့လို့ ဖေဖေတို့တစ်တွေ  မနက်ခင်းပိုင်းမှာကတည်းက လုပ်စရာရှိတဲ့ အလုပ်တွေကို အကုန်လုံး လက်စသတ်ထားခဲ့ပြီး နေ့လယ်ခင်းကစလို့ ညနေတော်တော်စောင်းတဲ့အထိ ဧည့်ခန်းထဲမှာ အချိန်ကုန်မိခဲ့ကြတဲ့ နေ့လေ။ မိုးကတော့  တော်ကြာနေရင် တဝေါဝေါနဲ့ရွာချနေလိုက်၊ တော်ကြာနေရင် ခဏနားနေလိုက်နဲ့ အရိုးထိအောင်အေးပြီး စိမ့်နေတဲ့နေ့ပါ သမီးရယ်။        မိုးအေးအေးမှာ ဖေဖေရယ်၊ မေမေရယ် သမီးရယ် သုံးယောက်သား ကိုယ့်စာအုပ်လေးတွေ ကိုယ်မျက်နှာအပ်လို့ စာအုပ်ထဲက ကမ္ဘာလောကကြီးထဲမှာ  ငြိမ်ပြီး တိတ်ဆိတ်နေတော့တာပါပဲ။ တစ်ခါ တစ်ခါမှသာ လက်ဖက်ခွက်ကလေးရှိရာကို လက်လှမ်းဖြစ်လိုက်ကြ၊ ရေနွေးကြမ်းခွက်ကလေးတွေကို လက်ဆင့်ကမ်းလိုက်မိကြနဲ့။ မသန်းသန်းက ဖေဖေတို့တစ်တွေ အဲသည်လို ကိုယ့်စာအ...

မနက်ဖြန်အတွက် စားကျက်ရှာပုံတော် 🖋 မောင်သာချို

Image
မနက်ဖြန်အတွက် စားကျက်ရှာပုံတော် ***************************** မောင်သာချို 7Day Daily  Fri, 2019-06-14 04:28 Issue No. အတွဲ(၁၈)၊ အမှတ်(၁၄) (တစ်) မြန်မာနိုင်ငံအတွင်းရှိ စာအုပ်စာပေ သရဲကြီးများ၊ ပညာရပ်ဆိုင်ရာ ဘီလူးကြီးများ၏ စာမျက်နှာများပေါ်က ညွှန်းဆိုမှုများ၊ လက်ဖက်ရည်စားပွဲဝိုင်းများတွင် မစားရဝခမန်း ဖောက်သည်ချမှုများကြောင့် ဟာရာရီ (Yuval Noah Harari)၏ ကမ္ဘာကျော်စာအုပ်ကို ဝယ်ဖြစ်ပါသည်။ ၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု (21 Lessons for the 21st Century) ဟူသည့်စာအုပ်။ အခန်းတစ်က နည်းပညာ စိန်ခေါ်မှုဖြစ်ပြီး ခေါင်းစဉ်ငယ် ကလေးများခွဲထားရာ ခေါင်းစဉ် ငယ်တစ်ခုက အလုပ် (Work) ဖြစ်ပါသည်။ ထို့နောက် ထပ်ခွဲ ထားပြန်သည့် ခေါင်းစဉ်ငယ်က မင်းအရွယ်ရောက်တဲ့အခါ အလုပ် မရှိနိုင်ဘူးဟူ၍ ဖြစ်ပါသည်။ စာရေးသူက ခရစ်နှစ် ၂၀၅၀ သို့ ရောက်သည့်အခါ မည်သို့သော အသက်မွေးဝမ်းကျောင်းအလုပ် အကိုင်မျိုးတွေ ရှိနေလေမလဲဆိုသည်ကို သူ မခန့်မှန်းတတ်ကြောင်း ဆိုပါသည်။ နည်းပညာ ထွန်းကားလာမှုသည် ဒိန်ချဉ် ထုတ်လုပ်ခြင်းမှသည် ယောဂ သင်တန်းပို့ချခြင်းအထိ လုပ်နည်း လုပ်ဟန် အပြောင်းအလဲများစွာ ကို ဖြစ်ပေါ်စေနိုင်ကြောင်း ဆိုပါ သည်။ စက်မှုတော်လှန်ရေးက လုပ်ငန်းအဟောင်း...

Country Boy တို့ သဘောရှိတော်မူတဲ့အတိုင်း 🖋 မောင်သာချို

Image
Country Boy တို့  ***************** သဘောရှိတော်မူတဲ့အတိုင်း ************************ မောင်သာချို (၁) သမီးရေ...။ ဟိုးတစ်နေ့တုန်းကတော့ ဖေဖေတို့ထိုင်နေကျ ဆိုင်ကလေးတစ်ဆိုင် ဖြစ်တဲ့ Country Boy ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးထဲမှာ တော်တော့်ကို လူစုံတဲ့နေ့ပါပဲ သမီးရယ်။ စနေနေ့မို့ တချို့လူတွေ ရုံးအားတာရော၊ ရပ်ဝေးက ဧည့်သည်တစ်ယောက် နှစ်ယောက် ရောက်နေတာရော၊ ဆိုင်ကို အမြဲတမ်း ပုံမှန်လာနေကျ မဟုတ်တဲ့ သူတွေကပါ ရောက်လာကြတာရောမို့ ဖေဖေ့စိတ်ထင် ဖေဖေတို့ဝိုင်းဟာ လူဆယ်ယောက်ဝန်းကျင်လောက်ကို ရှိနေပါလိမ့်မယ်။ ဒါကြောင့်လည်း ဆိုင်က စားပွဲတစ်လုံးနဲ့ မဆံ့လို့ စားပွဲနှစ်လုံး ပူးပေးထားရတဲ့ အထိပါပဲ။ ဖေဖေတို့ဝိုင်းမှာက ကဗျာဆရာသုံးလေးယောက် ပါပါတယ်။ ဝတ္ထုတိုဆရာတစ်ယောက် ပါပါတယ်။ ပြီးတော့ အယ်ဒီတာတစ်ယောက်၊ တိုင်းတရားသူကြီးတစ်ယောက်၊ စာအုပ်ဆိုင်ပိုင်ရှင်တစ်ယောက်၊ ကျူရှင်ဆရာတစ်ယောက်၊ ဆရာဝန်တစ်ယောက်။ တော်တော့်ကို လူစုံတက်စုံတဲ့ မနက်ခင်း လက်ဖက်ရည်ဝိုင်းပဲပေါ့။ ဖေဖေတို့တတွေ ထိုင်လိုက်ပြီးတာနဲ့ ဖေဖေတို့တတွေ ဘာမှာမလဲဆိုတာကို အသင့်စောင့်နေတဲ့ စားပွဲထိုးကလေးကို ဖေဖေ သတိထားမိလိုက်တယ်။ သူက စားပွဲနဲ့ မလှမ်းမကမ်းမှာ ရပ်လို့။ ဖေဖေ့စိတ်ထင် ...