Posts

Showing posts from July, 2019

ဒေါင်းယောင်ဆောင်တာက ကျီးတစ်ကောင်တည်းမဟုတ်တော့ဘူး 🖋 မောင်သာချိ

Image
ဒေါင်းယောင်ဆောင်တာက ********************** ကျီးတစ်ကောင်တည်းမဟုတ်တော့ဘူး ****************************** မောင်သာချို 7Day News Journal  Apr 26, 2013 (တစ်) ကျွန်တော်တို့ခပ်ငယ်ငယ်အရွယ်တုန်းက အခြေခံပညာမူလတန်းသင်ရိုး မြန်မာစာဖတ်စာစာအုပ်ထဲတွင် “ဒေါင်းယောင်ဆောင်သောကျီး” ဟူသည့် စာတစ်ပုဒ် ပါဝင်ပါသည်။ စာသင်သားကလေးငယ်တို့အကြိုက် ပုံပြင်ကလေးတစ်ပုဒ်ဖြစ်ရုံသာမက ကျောင်းပရိဝုဏ်အပြင်ဘက်က လူတွေဖတ်လည်း တပြုံးပြုံးနှင့် သဘောကျသွားကြရသည့်ပုံပြင်ကလေးပဲဖြစ်ပါသည်။ အကျဉ်းမျှ ပြန်လည်ဖော်ပြပါရစေ။ တစ်ခါက တောအုပ်တစ်ခုတွင် ကျီးကန်းတစ်ကောင်ရှိသည်ဟူသတတ်။ တစ်နေ့ ထိုကျီးကန်းသည် ဒေါင်းတို့၏မလှမ်းမကမ်းသို့ရောက်ရှိ၍သွားလေရာ အရောင်အသွေးစုံလင်လှသည့် ဒေါင်းတို့၏အတောင်အ လက်များကိုကြည့်ကာ သဘောအကျကြီးကျသွားရုံမျှသာမက ငါ့ ၌ထိုသို့သော အတောင်အလက်များ ရှိကောင်းလေစွဟုပင် တောင့်တမိသည်ဟူ၏။ ကျီးကားထိုမျှနှင့် မကသေးဘဲ မိမိကိုယ်မိမိပြန်လည်၍ သုံးသပ်ကြည့်ရှုကာ မိမိတို့ကျီးကန်းများသည် အမွေးအတောင်များ နက်မှောင်လေစွ၊အရုပ်ဆိုးပေစွ၊ အဆင်အသွေးညံ့ဖျင်းပေစွစသည် စသည်ဖြင့်လည်း မိမိ၏ကျီးဖြစ်ခြင်းကို စက်ဆုပ်ရွံရှာမိသည်ဟူသတတ်။ သို့ဖြင့် တစ်နေ့သော် ဒေ...

အပင်ကို ပျိုးတာလား အညွန့်ကို ချိုးတာလား 🖋 မောင်သာချိ

Image
အပင်ကို ပျိုးတာလား အညွန့်ကို ချိုးတာလား ******************************* မောင်သာချို -တစ်- တစ်ခါက နှစ်မိုင် မရှိတရှိ ရှည်လျားသည့် ကတ္တရာလမ်းမပေါ်မှာ မိန်းကလေးတစ်ယောက် ဒဏ်ရာအနာတရတွေဖြင့် လျှောက်လှမ်းနေခဲ့ဖူးပါသည်။ ပါးပြင်ပေါ်မှာ မျက်ရည်ပေါက်ကြီးတွေက တစ်ပေါက်ချင်း တစ်ပေါက်ချင်း လိမ့်ကျလို့။ မချိမဆန့် လိမ်းကျံလာခဲ့ပုံရသည့် သနပ်ခါးတွေက မျက်ရည်ပေါက်တွေကြားမှာ ကွက်တိကွက်ကြား။ လွယ်အိတ်ကို မနိုင်မနင်း လွယ်ကာ မလှမ်းချင့်လှမ်းချင် လှမ်းနေရှာသည့် သည်သမီးငယ်ကလေးရဲ့ ခြေလှမ်းတွေဟာ ဘယ်လောက်များ နာကျင်နေခဲ့ရှာလေမလဲ။ ဟုတ်ပါတယ်။ ၇ တန်းကျောင်းသူ အရွယ်ဆိုတော့ သမီးငယ်လေးပဲပေါ့။ သည်သမီးငယ်လေးကို ပြစ်ဒဏ်ချမှတ်လိုက်သူတွေက သူ့မိဘနှစ်ပါးတဲ့။ အော် ... ရက်စက်လွန်းရာ ကျမနေဘူးလား။ -နှစ်- ပြစ်ဒဏ်ချမှတ်လိုက်ရခြင်းက လပတ်စာမေးပွဲတွင် အမှတ်နည်းသွားမှု အဆင့်နိမ့်ကျသွားမှုတို့ကြောင့်ဟု ဆိုပါသည်။ သည်သမီးလေးက စာမေးပွဲတိုင်းတွင် အမြဲ အဆင့် ၁။ သို့သော် သည်တစ်ပတ်မှာ အမှတ်ကလေး နည်းနည်းလျော့သွားပြီး အဆင့်ကျသွားခဲ့ရာ အဆင့် ၂ သို့မဟုတ် ၃ တစ်ခုခု။ ဒါကို ညံ့သွားရကောင်းလားဟု ဆိုကာ မိဘတို့က သမီးငယ်ကို အပြစ်ပေးခြင်း ဖြစ်ပါသည်။ ပြစ်ဒဏ်က တစ...

ကင်မရာအရေးအတွက် ဘဝင်မှာ မအေးကြောင်း မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း

Image
ကင်မရာအရေးအတွက်  ******************* ဘဝင်မှာ မအေးကြောင်း မေတ္တာစာ ******************************* ဂျက်ကွမ်းခြံကုန်း အန‌န္တော အနန္တ ငါးပါး ဦးထိပ်မှာ ထားပြီးသည့်သကာလ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နာ အရပ်ဆယ်မျက်နှာ ၃၆၀ ဒီဂရီသော အရပ်မျက်နှာ ချာလပတ်ရှိ သတ္တဝါ အနန္တ ဝေနေယျများစွာတို့နှင့်အတူ သပွတ်အူရှိ တူ၊ တူမ အပေါင်း ကျွန်ုပ်၏ မေတ္တာအုပ်ဆောင်းအောက်မှာ ငြိမ်းချမ်းကြပါစေ‌ကြောင်း ဆုတွင်တွင်‌တောင်းကာ အနှီမေတ္တာစာလွှာကို ပို့သအပ်ပါသည်။ ‌သြော်..... သူကြီးကအစ လယ်တောက သူရင်းငှားအဆုံး တောင်ကတုံးပေါ်က ဆိတ်ကျောင်းသူမကျန် ဘုန်းတန်ခိုးတေဇာနဲ့ ဖုန်းမိုးစွေ ရွာပြန်သည့်ကာလ ကြက်ဦးတွန်သည်မှ သက်ကြီးခေါင်းချသည့်တိုင် သပွတ်အူတစ်ရွာလုံး Hello သံများဖြင့် ဖုံးလွှမ်းကာ လှိုင်၍ နေပေ၏။ ယင်းနောက် ထို့နောက် ၎င်းနောက်..... တစ်ယောက်က စကာ သပွတ်အူတစ်ရွာလုံး ဖုန်းရှေ့မှာ acting လုပ် ကိုယ့်သရုပ်ကို ကိုယ်ကြည့် ပီတိလျှမ်းဖြာ ဆီထိဂွမ်းပမာ ဆဲလ်ဖီ (selfie) ကမ္ဘာကြီးထဲသို့ ဆိုက်ရောက်လေ၏။ ရေခပ်မဆင်းမီ ဆဲလ်ဖီ။ ဆွမ်းမချက်မီ ဆဲလ်ဖီ။ ဆွမ်းမလောင်းမီ ဆဲလ်ဖီ။ လယ်မထွန်မီ ဆဲလ်ဖီ။ ပျိုးမကြဲမီ ဆဲလ်ဖီ။ ပျိုးမနုတ်မီ ဆဲလ်ဖီ။ ကောက်မစိုက်မီ ဆဲလ်ဖီ။ စပါးမရိတ်မီ...

အတွေးရဲ၊ အရေးရဲသူများထံပေး မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း

Image
အတွေးရဲ၊ အရေးရဲသူများထံပေး မေတ္တာစာ ******************************** ဂျက်ကွမ်းခြံကုန်း စကြဝဠာ အနန္တ သတ္တဝါ အနန္တ ရှိရှိသမျှသော ဝေနေယျများစွာ ချမ်းမြေ့ကြပါစေကြောင်း အလို့ငှါ.... မေတ္တသုတ်တစ်စောင်လုံးကို ပုဒ်မပါ ကျုံးပြီးလျှင် သိမ်းရုံး၍ မေတ္တာပို့လေ့ပို့ထရှိသော နဘေအရာ မြူးခုန်ကြွသည့် စေလဆရာ ဦးပုည ပမာ ဂျက်ဆရာတစ်ဦး ကျွန်ုပ်ခမျာလည်း မေတ္တာဓာတ် ဦးမော့ကာ မြူးဆော့လာသဖြင့် ဖူးလ်စတော့ (Full Stop) ပါ မကျန်ကြွင်းစေဘဲ မေတ္တာဓာတ် ဖန်သွင်းလိုက်ရပါပေသည် အမောင်တို့၊ အမိတို့။ ယခုကာလ သမယသည်ကား ကမ္ဘာကြီးပြားသည့်ခေတ် ဖြစ်ပေရာ ကညစ်လည်း တုံး၊ ပေလည်း ပြုန်း ကျောက်သင်ပုန်းမပါ ကျောက်တံဗလာ စာရွက်အလိုမရှိ ဘောလ်ပင် အစ်ကို မသိ လက်မကလေးနဲ့ ထိကပ်ကာ တပ်ခ်ျ (Touch) ဆိုသည်နှင့် စာဖြစ်သွား online စာမျက်နာများဖွင့်လှစ် အီး (E) အက္ခရာများခေတ် ဖြစ်ပေ၏။ မှန်သားပြင်ပေါ် တွင်တွင်ကြီး ရေး လက်ကလေးများ၏ ခေတ်။ ခု စာဖတ် ခု စာပြန် လူ့ကမ္ဘာမြန်သောခေတ်။ စကားအရာ၌ ချောမွေ့ကြပါစေ တရားအရှာ၌ စောတွေ့ကြပါစေ။ စကားအရာ မချောမွေ့တော့ ဇောက်ထိုးတလွဲ။ တရားအရှာ စောမတွေ့တော့ သောက်ကျိုးနည်း။ သဒ္ဒါကိုလည်း မှန်စေ့ချင်ပါသည် ကဗျာကိုလည်း ဆန်စေ့ချင်ပါသည်။ သဒ္ဒါမမှန်တော့...

သပွတ်အူကျေးရွာနေ ဆရာကြီးဂျက်က ဖုန်းတော်ရှင် တူ၊ တူမများထံပေး ‌မေတ္တာစာ🖊 ဂျက်ကွမ်းခြံကုန်း

Image
သပွတ်အူကျေးရွာနေ ဆရာကြီးဂျက်က   ***************************** ဖုန်းတော်ရှင် တူ၊ တူမများထံပေး  ************************* မေတ္တာစာ  *********** ဂျက်ကွမ်းခြံကုန်း စိမ်းလန်းစေသော၊ ငြိမ်းချမ်းစေသော၊ အေးမြစေသော၊ ဘေးမခစေသောဟု ဩဓိသပတ္ထနာ မေတ္တာလဝန်းဖြင့် ထွန်းလင်းစေအပ်ပါသည် အမောင်တို့၊ အမိတို့။ ရွှေရောင်၊ ငွေရောင်၊ မြရောင်၊ ဖန်ရောင် အရောင်ရောင် အရွှန်းရွှန်း၊ အကျွန်းကျွန်းတို့၏ အလယ်တွင် ဇမ္ဗူဒီပါ လက်ယာတောင်စွန်း၊ ကျွန်ုပ်တို့၏ မြရောင်ကျွန်းကြီးသည်ကား၊ အတိတ်ထွန်း နိမိတ်ထွန်းသည် ကျွန်းကြီးဩရသ ဖြစ်ဘိတော့ချေရာ၊ အောင်အတိတ် ထွေထွေရာရာ အောင်နိမိတ် ဝေဝေဖြာဖြာနှင့် ပြည့်နှက်ကြပါစေသော်ဝ်ဟု  အောချလောက်အောင် မေတ္တာပို့သအပ်ပါသည်။ ဟိုးယခင့်ယခင် ဘုရင်ဘုရင်များ လက်ထက်တုန်းဆီက တစ်ဌာနနှင့် တစ်ဌာန  ဆက်သွယ်ကြရာတွင် ခြေလျင်တော်ဌာန၊ လှေလျင်တော်ဌာန  မြင်းလျင်တော်ဌာန၊ ကြေးနန်းဌာန စသည်... စသည်ဖြင့်....  ဌာနလေးလီ အခြေတည်ကာ ပြည်ရွာတစ်ဝန်း ကြောင်းလမ်းသွယ်ယှက် သတင်းဆက်သွယ်ခဲ့ကြသည်ကို အမောင်နှင့် အမိ ကြားဖူးနားဝ ရှိကြချေသည် မဟုတ်သလော။ အနို့နောက် Hello ဟူသော ခေတ်သို့ ဆိုက်ရောက်၏။ အမောင်နှင့် အမိ ဂျ...

ဘဝကြင်ဖော်ရွေးရန် ခက်နေသည့် တူမကြီးငယ်များထံပေး မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း

Image
ဘဝကြင်ဖော်ရွေးရန် ခက်နေသည့်  *************************** တူမကြီးငယ်များထံပေး မေတ္တာစာ ***************************** ဂျက်ကွမ်းခြံကုန်း ဩကာသ ဩကာသ ဩကာသ။ ကကုသန် ကောဏာဂုံ ကဿပ၊ ရှင်တော် ဂေါတမနှင့် အရိမေတ္တယျ ပွင့်တော်မူလတ္တံ့နှင့် ပွင့်တော်မူခဲ့ကြရာ ငါးဆူသော ဘုရားရှင်မြတ်တို့၏ ဤဘဒ္ဒကမ္ဘာသည် သာယာ၍ ငြိမ်းချမ်း စိမ်းလန်း၍ ဝေဆာပါစေကြောင်းဖြင့် စေတနာကောင်းတို့ကို ပို့သလိုက်ရပါသည် တူမကြီး၊ တူမကလေးတို့။ ဘုရား၊ တရား၊ သံဃာ၊ ဆရာနဲ့ မိဘ ငါးဖြာသော အနန္တော အနန္တတို့ကို ဦးထိပ်မှာ ထားပြီးသည့်သကာလ စာအားဖြင့် ကြားရောက်လိုက်ရပါပေသည် ချစ်တူမတို့ငဲ့လေ။ ဘူးကောင်းလျှင် စင်ခံ လင်ကောင်းမှ စံရသည် ဟူသတတ်။ လင်စံရွေး လင်ခွေးနဲ့ညား ဟူ၍ ဆိုရိုးစကား ရှိထားခဲ့သည်ကလည်း တစ်ရပ်။ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့် သမီးကညာ၊ ရွယ်ရောက်လာ အခါမလင့်စေနှင့်ဟု ဆိုသလို အာဝါဟ ဝိဝါဟ၊ သူ့အရွယ်နှင့် သူ့အခါသမယ၊ လူ့နယ်တွင်းသို့ ဆင်းကြသည့် သဘာဝကို ဘာကမှ ဟန့်တားနေရန် အကြောင်းမရှိပါ။ အနို့သော် အဖော်အဖက် လက်တွဲဖို့ရာ လင်ယောက်ျား ရှာကြရာ၌ စမ်းတဝါးဝါးနှင့် လမ်းမှားသွားမည်ဟိုကား အထူးပင် စိုးရိမ်မိပါသည်။ စနေနဲ့ ဗုဒ္ဓဟူး ရူးတောင်မှ ထမင်းမငတ်တဲ့၊ စနေသားနဲ...

ခွေးသရဲ 🖋 နုနုရည် (အင်းဝ)

Image
ခွေးသရဲ ******** နုနုရည် (အင်းဝ) ကျွန်မ ခွေးစကား ပြောမလို့ မဟုတ်ပါဘူး။ ကျွန်မတို့ဆီမှာ များပြားလှတဲ့ ခွေးအုပ်ကြီးနဲ့အတူ “ခွေးသရဲ” ဆိုတာ မကြာသေးမီကပဲ အမှန်တကယ် ပေါ်ပေါက်ခဲ့လို့ပါ။ ……………………….. ကျွန်မတို့ တိုက် (၄) မှာ ခွေးငယ်ကလေးတွေ များလှပေမယ့်၊ ကလေးငယ်လေးတွေကတော့ နည်းပါတယ်။ အခန်းပေါင်း နှစ်ဆယ့်လေးခန်း ရှိတဲ့ တစ်တိုက်လုံးမှာမှ ငါးယောက်ပဲ ရှိတယ်။ ယောက်ျားလေး နှစ်ယောက်နဲ့ မိန်းကလေးသုံးယောက်။ အသက်အကြီးဆုံးက ငါးနှစ်ပဲ ရှိဦးမယ်။ အသက်အငယ်ဆုံးက သုံးနှစ်လောက်ပဲ ရှိဦးမယ် ထင်ပါရဲ့။ မောင်စွမ်းပြည့်တဲ့။ မောင်ရှင်းသန့်တဲ့၊ မြတ်ပန်းပွင့်သော်တဲ့၊ မဒေးတဲ့၊ ခန့်ခန့်တဲ့။ ဒီဟာလေး ငါးယောက်ထဲက အသက်အကြီးဆုံး သုံးယောက်ဟာ ကလေးမြေးငယ် မရှိတဲ့ ကျွန်မတို့ အခန်းမှာ အမြဲ စတည်းချတတ်တယ်။ မောင်စွမ်းပြည့်ရယ်၊ သော်သော်ရယ်၊ မဒေးရယ်ပေါ့။ ကစားကြ၊ ရန်ဖြစ်ကြ၊ ငိုယိုကြပေါ့။ ကျွန်မက ဖျန်ဖြေရ၊ ရေတိုက်ရ၊ မုန့်ကျွေးရပေါ့။ သူတို့ သုံးယောက်ထဲမှာ (မိန်းကလေးတွေက စကားမကြွယ်ရဘဲ) စကားအကြွယ်ဆုံးနဲ့ အမေးအမြန်းအထူဆုံးက အောက်နှုတ်ခမ်း အလယ်တည့်တည့်မှာ မှဲ့နက်နဲ့ မောင်စွမ်းပြည့်ပဲ။ ဒီကောင်က ကျွန်မတို့ ဒီတိုက်ရောက်ခါစ၊ သူ့ကိုယ်ဝန်ကြီးနဲ့ကတည်းက...

သပွတ်အူကျေးရွာနေ ဆရာကြီးဂျက်က မြို့ကြီးရောက် တူ၊ တူမများထံ ပါတော်မူအရေးပေး မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း

Image
သပွတ်အူကျေးရွာနေ ဆရာကြီးဂျက်က  ***************************** မြို့ကြီးရောက် တူ၊ တူမများထံ  ************************ ပါတော်မူအရေးပေး မေတ္တာစာ ************************* ဂျက်ကွမ်းခြံကုန်း အနိစ္စ ဒုက္ခ အနတ္တ။ သုံးဆယ့်တစ်ဘုံ ကျင်လည်ကုန်သော အလုံးစုံသတ္တဝါ ဝေနေယျ မြင်အပ် မမြင်အပ် နှစ်ရပ် နှစ်ဖြာ  စကြဝဠာအနန္တ သတ္တဝါအနန္တ၊ နေအလာ နှင်းပျောက်သည့်နှယ် ဝေဒနာ ကင်းပျောက်ကြပါစေသော်ဝ်ဟု  ဩဓိသပတ္ထနာ အထွေတွေကို လောကီဘဝရပ်ရွာနေ  တူ၊ တူမ အပေါင်းတို့အား ပို့သတော်မူလိုက်ရပါပေသည် အမောင်တို့၊ အမိတို့။ ကြင်ရာအရေး၊ ပညာရေး၊ စီးပွားအရေး၊ ကြီးပွားရေး၊ အရေးရေး အရာရာကြောင့် ကျေးရွာကလေး သပွတ်အူခမျာကို စွန့်ခွာ၍ သွားပြီးသကာလ မြို့ကြီးရှိရာ တက်ရောက်ကာ သွားကြသည့် တူ၊ တူမအပေါင်းတို့အား ကျွန်ုပ်ဂျက်ဆရာ အန်ကယ်လ်က အမှန်တကယ်ကိုပင် လွမ်းဆွတ်သတိရကြောင်း မြွက်ကြားလိုက်ရပါပေသည်။ အသက်ရှိသူ လူဟူသမျှ ကျင်ကြီး ကျင်ငယ် စွန့်လွှတ်သည့်ကိစ္စ အချို့ကတော့ ကျန်းမာရေးတဲ့၊ နောက်ဖေးနောက်ဖီ သွားတယ် ဆိုသူက တစ်လီ၊ ကိုယ်လက်သန့်စင်ကြသည် ဆိုတာက တစ်ကဏ္ဍ၊ သဘာဝပေပ အမောင်တို့... အမိတို့ရာ။ ဥမ္မာဒန္တီ ပျို့တစ်နေရာ မဟာမင်းလှမင်းခေါင် ဦးရွှန်း ဆို...

ကျွန်တော် ပုသိမ်က ပြန်လာတော့ 🖋 မောင်သာချို

Image
ကျွန်တော် ပုသိမ်က ပြန်လာတော့  **************************** မောင်သာချို (တစ်) တစ်ခါက ပုသိမ်မှနေ၍ ကျွန်တော် ပြန်လာခဲ့ဖူးပါသည်။ ကျွန်တော် အမြဲနေထိုင်ရာ ရန်ကုန်ရွှေမြို့တော်ကြီးဆီသို့ မဟုတ်ပါ။ ဒါကြောင့် ဗညားဒလတို့၊ ဘုရင့်နောင်တို့၊ ဗန္ဓကတို့လို သင်္ဘောတွေကို ကျွန်တော် မစီးခဲ့ရ။ မြစ်များကိုလည်း ကျွန်တော် မဖြတ်သန်းခဲ့ရ။ ကျွန်တော်က ကျွန်တော့်အလုပ်စားပွဲကလေး ရှိရာသို့ ပြန်လာခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော့အလုပ်စားပွဲက ကောလိပ်ကျောင်းကလေးထဲမှာ ရှိပါသည်။ ထိုကောလိပ်က ဟင်္သတမြို့မှာဖြစ်၍ ဟင်္သတမြို့ကို ကျွန်တော် ပြန်ရပါသည်။ ပုသိမ်ဘူတာမှ မနက်အစောဆုံးထွက်သော အမြန်ရထားဖြင့် ဧရာဝတီတိုင်း၏ မြို့တော်ကို ကျောခိုင်းထားခဲ့ရာ မနက် ၁၀ နာရီဝန်းကျင်၌ ဟင်္သတဘူတာရုံကို ရောက်ပါသည်။ နောက်ထပ် နာရီဝက်လောက်ကြာတော့ ကောလိပ်ရှေ့က ကျွန်တော့်အိမ်ကလေးရှေ့မှာ ကျွန်တော် မတ်တတ်ရပ်နေပြီ။ (နှစ်) ကျွန်တော် ပုသိမ်၌ ရောက်ရှိနေသည့် ရက်များမှာ နွေရက်များ ဖြစ်ပါသည်။ စာမေးပွဲအဖြေလွှာများ စစ်ဆေးရန်ကိစ္စနှင့် ပုသိမ်တက္ကသိုလ်တွင် နွေရက်တော်တော်များများ ကျွန်တော် နေထိုင်ခဲ့ရပါသည်။ ဒါကြောင့် ကျွန်တော့်အိမ်ကလေးနှင့် ကျွန်တော် တစ်လမရှိတရှိ ဝေးကွာနေခဲ့ရပါ...

ရန်ကုန်မြို့ရောက် တူ၊ တူမများထံပေး ဘတ်စ်ကား မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း

Image
ရန်ကုန်မြို့ရောက် ************** တူ၊ တူမများထံပေး  **************** ဘတ်စ်ကား မေတ္တာစာ ******************** ဂျက်ကွမ်းခြံကုန်း ဘုရား တရား သံဃာ ရတနာသုံးပါး ဦးထိပ်မှာထားလျက် ဂျက်ကျွန်ုပ်ဆရာ သပွတ်အူကျေးရွာမှ စာအားဖြင့် ကြားရောက်လိုက်ရပါပေသည် မြို့ကြီးနေ တူ၊ တူမ အပေါင်းတို့။ တြိကုမ္ဘ နာဂရ တောင်သုံးလုံးရှိရာဒေသ မွန်ဘုရင်မကြီး ရှင်စောပု၏ မြို့ပြဒဂုင်၊ ထို့နောက် ၎င်းနောက် ဒဂုံ ရန်အပေါင်းကို ကုန်စင်ပြီးကြောင်းဟူသည့် အလောင်းဘုရား၏ ရန်ကုန် ရန်ဂူး (Rangoon) ခေါ် ရန်ကုန် (Yangon) သိင်္ဂုတ္တရကုန်းတော်၏ ခြေတော်အစုံ၌ တစ်နေကုန် တစ်နေခန်း ပင်ပန်း ရုန်းကန် စုန်ဆန် လှုပ်ရှား မော်တော် ဘတ်စ်ကားများနှင့် သွားလာနေရ တူ၊ တူမ အပေါင်းတို့သည် ဘေးဘယာ အထွေထွေမှ ဝေးကွာပါစေကြောင်း ဟူ၍ ထပ်လောင်းကာ မေတ္တာပို့ရပါပေသည်။ အဖယုတ်သော် ကိုယ်ကြမ်းအံ့၊ အမိယုတ်သော် နှုတ်သရမ်းလတ္တံ့ ဟူ၏။ အထဲကို ရောက်အောင်တိုး ခင်ဗျားတို့ကို ကိုက်မယ့် မြွေဆိုး မရှိဘူး၊ ဟောဟို... အပေါက်ဝက ပြောမကောင်း ဆိုမကောင်းတွေ ကားအရှေ့ဘက်မှာ ဟောင်းလောင်းကြီးဗျ။ အထဲကို ဝင်၊ အထဲကို ဝင်၊ ကြိုတင်ပြီး ထွက်မလာနဲ့၊ နောက်မှာ ပါလာပြီ မောင်း၊ ခေါင်းပေါ်က တန်းတွေကို ကိုင်ထားကြ၊ မှတ်တ...

နှစ်ယောက်စလုံး နောက်ကျွမ်း 🖋 မောင်သာချို

Image
နှစ်ယောက်စလုံး နောက်ကျွမ်း ************************ မောင်သာချို (တစ်) လူနှစ်ယောက် ပြဇာတ်ထဲကလို ဘွားခနဲ အမှတ်မထင် ပြန်ဆုံတွေ့လိုက်ပုံ ဇာတ်ကွက်မျိုးက ကမ္ဘာ့နေရာတိုင်းမှာ အချိန်တိုင်း ဖြစ်ပေါ်နေတတ်သော ဇာတ်ကွက်ပင် ဖြစ်ပါသည်။ သို့သော် ထိုလူနှစ်ယောက်က သစ္စာဖောက်နှစ်ယောက် သို့မဟုတ် အညံ့ခံသူနှစ်ယောက် သို့မဟုတ် လက်နက်ချသူနှစ်ယောက် သို့မဟုတ် ကျောခိုင်းထွက်ပြေးသူနှစ်ယောက် သို့မဟုတ် လက်မြှောက်အရှုံးပေးသူနှစ်ယောက်။ သူတို့ သစ္စာဖောက်ခဲ့ရာ၊ အညံ့ခံခဲ့ရာ၊ လက်နက်ချခဲ့ရာ၊ ကျောခိုင်းထွက်ပြေးခဲ့ရာ၊ လက်မြှောက်အရှုံးပေးခဲ့ရာ လောကကလည်း အမျိုးမျိုးအထွေထွေသော လောကဖြစ်နိုင်ပါသည်။ နိုင်ငံေ၇းလောကသော်လည်းကောင်း၊ အနုပညာလောကသော်လည်းကောင်း၊ ပရဟိတလောကသော်လည်းကောင်း၊ ကောင်းမြတ်သော လောက တစ်ခုခုဖြစ်နိုင်ပါသည်။ ထိုနှစ်ယောက် ဘွားခနဲ ပြန်ဆုံတွေ့ရာနေရာကလည်း မည်သည့်နေရာမဆိုဖြစ်နိုင်ပါသည်။ ဘတ်စ်ကားမှတ်တိုင်တစ်နေရာ၊ ဘူတာရုံပလက်ဖောင်းတစ်ခုခု၊ စူပါမားကက်  အ၀င်အထွက်၊ ဘုရားစောင်းတန်း အတက်အဆင်း၊ လူမှုရေးအခမ်းအနား အထွက်အ၀င်၊ စာအုပ်ဆိုင်ကလေးတစ်ဆိုင်ဆိုင်ရဲ့ရှေ့။ လူကူးမျဉ်းကြားတစ်နေရာ၊ ဘွားခနဲ။ ခေတ်ပေါ်ကဗျာဆရာတို့သည်ကား သည်လိုဖျတ်ခနဲ ဇာတ်က...

နော်ရူးနဲ့ ဖိုးစော်ကဲရဲ့ တဲပျက် 🖋 မောင်သာချို

Image
နော်ရူးနဲ့ ဖိုးစော်ကဲရဲ့တဲပျက် *********************** 7Day News Journal Vol. 10, No. 28 September 29, 2011 (တစ်)      နော်ရူးဟူသည့် နိုင်ငံငယ်ကလေး တစ်နိုင်ငံ၏အကြောင်းကို မကြာခဏ ကြားရလေ့ရှိခဲ့သည် မှာ စာရေးဆရာဖေမြင့်၏ နှုတ်ဖျားမှဖြစ်ပါသည်။ ကျွန်တော်တို့က ဆရာဖေဟူ၍ ချစ်စနိုး ခေါ်လေ့ရှိသော ထိုစာရေးဆရာက သူ့စာပေဟောပြောပွဲ စင်မြင့်ပေါ်ကနေ ဟောပြောလေသောအခါ မကြာခဏဆိုသလို ထိုနော်ရူးနိုင်ငံကလေးအကြောင်း ပါတတ်ပါသည်။ Nauru (သို့မဟုတ်) Naoero ဟု စာလုံးပေါင်းလေ့ရှိသော ထိုနိုင်ငံကလေးက ကျွန်းနိုင်ငံကလေးမျှ သာဖြစ်ပါသည်။ ပစိဖိတ်သမုဒ္ဒရာ၏ အလယ်က သန္တာကျွန်းကလေး။ ဧရိယာစတုရန်းမိုင် ၁၀ မိုင်ပင် မပြည့်သည့် ဘဲဥပုံကျွန်းကလေး။ အီကွေတာမျဉ်း၏ တောင်ဘက် မှာ ကပ်နေသည့် ကျွန်းကလေး။      ဤကျွန်းနိုင်ငံကလေးရှိရာ ဆီသို့ ၁၇၉၈ ၌ ဗြိတိသျှတို့ရောက် လာခဲ့ကြတာ၊ ၁၈၈၈ ၌ ဂျာမနီက သိမ်းပိုက်လိုက်တာ၊ ၁၉၁၄ ၌ သြစတြေးလျတို့၏ လက်အောက်သို့ ကျရောက်သွားခဲ့ပြန်တာ၊ ဒုတိယ ကမ္ဘာစစ်အတွင်း၌မူ ၁၉၄၂ မှ ၁၉၄၅ အထိ ဂျပန်တို့ လက် အောက်သို့ ကျရောက်သွားခဲ့ပြန် တာ၊ ထို့နောက် သြစတြေးလျ၊ နယူးဇီလန်နှင့် အင်္ဂလန်နိုင်ငံတို့၏ ကြီးကြပ်မှုဖြင့်...

ဆရာကြီးဂျက်၏ စကားမပီသူများထံပေး မေတ္တာစာ 🖋 ဂျက်ကွမ်းခြံကုန်း

Image
ဆရာကြီးဂျက်၏  ************* စကားမပီသူများထံပေး  ****************** မေတ္တာစာ ********* ဂျက်ကွမ်းခြံကုန်း ဩကာသ ဩကာသ ဩကာသ။ တောင်ကုန်း တောင်တန်း တောင်ကလပ် တောင်ပူစာ တောင်သေလာနဲ့ တောင်ဧရာမ အထောင်ထောင် အသောင်းသောင်း တောင်အပေါင်းပေါင်းတို့၏ ဂန္ဓာမာဒန၊ ပတ္တမြားလိုဏ်ဂူ နန္ဒမူ၏အဝ ယက္ခဂုမ္ဘဏ် ဝန်းရံစောင့်ကြပ်  မဉ္ဇူသက တည်းဟူသော နတ်ပန်း၏ရနံ့ကို ရသည့်နှယ် မေတ္တာရနံ့ အံ့ချီးမခန်း ကျွန်ုပ်ပို့သည်ကို ရကြတော့လေစမ်းဟု မြို့ကြီးနေ တူ၊ တူမအပေါင်းထံ ကမ်းလင့်လိုက်ရပါပေသည်။ ကျွန်းတိုင်ကြီးတွေက မောင်းမောင်းညိုညို လက်ရန်းတွေက လဲလဲပြိုပြို ဘုန်းတော်ကြီးက သက်တော်အိုအို ဟိုး အရွယ် ချိုင်းလ်ဟုဒ် (Childhood) တုန်းဆီက ကျွန်ုပ်တို့၏ ပထမအရွယ် 'ကကြီး' မှ 'အ' အဆုံး 'ဝ' တွေက တစ်လုံးပြီးတစ်လုံး ဘဝတွေကို စတင်၍ သီကုံးစကို ပြန်လည်၍ လွမ်းမိသလိုလိုပါ တူ၊ တူမတို့။ က၊ ခ၊ ဂ၊ ဃ၊ င ဌာန်ကရိုဏ်းတွေကို အမှန်အတိုင်း ရွတ်ဆိုခဲ့ကြ မပီကလာတွေကို ရီ(ရယ်)စရာပေဟု ထင်မှတ်ခဲ့ရ မှတ်မိသေးတာပ တူ၊ တူမတို့။ အီ၊ အေ၊ အယ်၊ အာ၊ အော်၊ အို၊ အူ နှုတ်ခမ်းပြန့်၊ နှုတ်ခမ်းဝိုင်း၊ နှုတ်ခမ်းစူ သရအထွေထွေတို့ကိုလည်း ဘဝအရှည်အတွက် ရွတ်ခဲ့ရပါကော တူမနဲ့ ...

ချောင်း ဟွပ်ချင်ဟွပ် သီချင်း ညည်းချင်ညည်း 🖋 မောင်သာချို

Image
ချောင်း ဟွပ်ချင်ဟွပ် သီချင်း ညည်းချင်ညည်း ******************************** မောင်သာချို (တစ်) သမီးရေ...။ ဖေဖေတို့အိမ်ကို ဝင်ထွက် သွားလာနေတဲ့ အိမ်နီးနားချင်းတွေ၊ အသိမိတ်ဆွေတွေ၊ ဖေဖေ့တပည့်တွေ အများကြီးရှိကြတဲ့အထဲမှာ သမီးအတွက် အလိုမကျချင်စရာ အကောင်းဆုံး၊ စိတ်ပျက်ချင်စရာ အကောင်းဆုံး၊ အထင်သေးချင်စရာ အကောင်းဆုံး လူတစ်ယောက်ကို ရွေးကြည့်စမ်းပါလို့ ဆိုခဲ့ရင် သမီး ဘယ်သူ့ကိုရွေးမလဲ ဟင်။ ဖေဖေကတော့ သမီး ရွေးလိုက်တဲ့သူဟာ ဖေဖေရွေးထားတဲ့သူနဲ့ တစ်ထပ်တည်းပဲ ကျနေလိမ့်မယ်ဆိုတာကို ခိုင်ခိုင်မာမာကြီးကိုပဲ ယုံကြည်နေမိတယ် သမီးရယ်။ တကယ်လို့များ သမီးမေမေ့ကိုပါ ဖေဖေတို့အထဲ ဆွဲထည့်လို့ မေမေ့အလိုမကျသော၊ စိတ်ပျက်သော၊ အထင်သေးသော လူတစ်ယောက်ကို ရွေးပေးပါလို့ ခိုင်းခဲ့ရင်လည်း ဖေဖေတို့ သမီးတို့နဲ့ တစ်ထပ်တည်း ကျမယ်ဆိုတာကို ဖေဖေ ပြောရဲတယ်။ ဟုတ်တယ်လေ၊ စုစုဝင်းဆိုတဲ့ ကောင်မလေးသာ ဖြစ်ရမှာပေါ့။ စုစုဝင်းဟာ  ဖေဖေတို့တွေသာမက ဘယ်သူကမဆို အလိုမကျစရာ၊ စိတ်ပျက်စရာ၊ အထင်သေးစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါပဲ။ (နှစ်) တကယ်တော့ စုစုဝင်းဟာ သဘောကောင်း၊ မနောကောင်း မိန်းကလေး တစ်ယောက်ဆိုတာကို ဖေဖေ့သမီးလည်း  သိပြီးသားဖြစ်မှာပါ။ သူက အခြေ...

အရှုံးပေးတိုင်း နှလုံးအေးပါ့မလား 🖋 မောင်သာချို

Image
အရှုံးပေးတိုင်း နှလုံးအေးပါ့မလား ************************** မောင်သာချို 7Day Daily  Fri, 2019-07-05 08:46 Issue No. အတွဲ(၁၈)၊ အမှတ်(၁၇) (တစ်) ယခုတစ်လော Online စာ မျက်နှာများပေါ်၌ အနိုင်ကျင့်မှု များအကြောင်း၊ အနိုင်ကျင့်ခံရမှု များအကြောင်း အပြန်အလှန် ရေးကြ၊ သားကြ၊ ဆွေးနွေးကြ၊ ဝေဖန်ကြသည်များကို ခပ်စိပ်စိပ် ကလေး ဖတ်လာရပါသည်။ နိုင်ငံတကာအတွေ့အကြုံရှိသူ စာရေးသူတစ်ဦးကဆိုလျှင် သူတို့ဆီက ကျောင်းများ၌ အနိုင်ကျင့်မှုဆန့်ကျင်ရေး (Anti-bully) စီမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်မှု များကိုပင်လျှင် ဖော်ပြပေးထားပါ၏။ ထို့အပြင် အနိုင်ကျင့်မှုကို လုံးဝလက်မခံ၊ လုံးဝသည်းမခံ သည့်မူဝါဒ (Zero Tolerance Policy)ကျင့်သုံးသည့် နိုင်ငံများအကြောင်းကိုပင် တင်ပြထားပါသေးသည်။ ထို့နောက် မေးခွန်းတွေလည်း မေးထားပါသည်။ မြန်မာနိုင်ငံရှိ စာသင်ကျောင်းများ၌ တိကျခိုင်မာပြတ်သားသည့် အနိုင်ကျင့်မှုဆန့်ကျင်သော မူဝါဒများ ရှိပါသလားစသည့် မေးခွန်းများ။ အဖြေရခက်ပါဘိ။ (နှစ်) တစ်ခါက အလယ်တန်းကျောင်းသား အသစ်ကလေးတစ်ယောက် ကျောင်းသို့ ပြောင်းရွှေ့ရောက်ရှိလာပါသည်။ တစ်ရက် ကျောင်းအလွှတ်တွင် နှုတ်ခမ်း၌ သွေးစကလေးများ ပေကျံလျက် အိမ်သို့ ပြန်ရောက်လာပါသည်။ သူက မိဘ...