Posts

Showing posts from October, 2020

အမေတို့ အဖေတို့ § ရွှေဥဒေါင်း

Image
အမေတို့ အဖေတို့ ••••••••••••••••••••••• ရွှေဥဒေါင်း မျက်နှာဖြူဆိုလျှင် 'မိုးကျရွှေကိုယ်' တမျှ သဘောထားကြရသည့် ဒိုင်အာခီလက်ထက် မီးထွန်းစအချိန်တွင် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ဗန်းမော်စာပို့ 'တာပင်'(Taping) သငေ်္ဘာကြီးပေါ်၌ အညာသွား ခရီးသည်များသည် သူ့ထက်ငါ နေရာကောင်းရအောင် 'ဦး' လျက်၊ ရပြီးသောနေရာများတွင် တံမြက်လှည်းခြင်း၊ ဝန်စည်စလယ်များကို နေရာတကျချထားခြင်း၊ အိပ်ရာနေရာ ခင်းကျင်းပြင်ဆင်ခြင်း၊ နေရာမရသေးသူများက ဦးပိုင်းမှ ပဲ့ပ်ိုင်း၊ ပဲ့ပိုင်းမှ ဦးပိုင်း ခေါက်တုံ့ခေါက်ပြန် စင်္ကြံလျှောက်ကြခြင်း စသည်ဖြင့် သငေ်္ဘာတစ်စင်းလုံး လှုပ်လှုပ်ရွရွ ဆူဆူညံညံ ရှိနေလေသည်။ သငေ်္ဘာကြီးပေါ်၌ ဦးပိုင်းတွင် ပထမတန်း၊ ပဲ့ပိုင်းတွင် ဒုတိယတန်း၊ အလယ်ပိုင်းတွင် တတိယတန်း စသည်ဖြင့် သူ့နေရာသူ ပိုင်းခြားကန့်သတ်လျက် ဓာတ်မီးများ ဝင်းထိန်စွာ ထွန်းထားသည်များကို ဆင်ခြင်အောက်မေ့လိုက်သည့်အခါ စည်းမရှိ ကမ်းမရှိ အချိန်ကန့်သတ်ခြင်းမရှိ ရှုပ်ချင်တိုင်း ရှုပ်ပွလျက် ရောပြွမ်းသပြွမ်း 'ပေါက်ပန်းဈေး' စီးနင်းလိုက်ပါကြရသော ယခုခေတ် ရေကြောင်းခရီးသည်များအဖို့ နတ်ဘုံနတ်နန်းသဖွယ်...

ရမ်ဘိုပါးစပ်နှင့် မီးယပ်သွေးဆုံး § အဏ္ဏဝါစိုးမိုး

Image
ရမ်ဘို ပါးစပ်နှင့် မီးယပ်သွေးဆုံး ••••••••••••••••••••••••••••••••• အဏ္ဏဝါစိုးမိုး ကိုအဏ္ဏဝါမောင် အိပ်ရာမှ မထသေးသော်လည်း နိုးနေသည်။ ခေါင်းရင်းအိမ်က စိတ်ဝေဒနာသည် ဒေါ်လှကြွယ်၏ ဘုရားရှိခိုး မေတ္တာပို့သံကို ကြားနေရသည်။ 'အစိန္တယျေ အစိန္တယျေ အစိန္တယျေ၊ အပ္ပမေယျ အပ္ပမေယျ အပ္ပမေယျ လမ်းထိပ် အလှပြင်ဆိုင်က ကောင်မလေးတွေ ရွမနေကြနဲ့၊ ပျံမနေကြနဲ့၊ လန်မနေကြနဲ့၊ ကော့မနေကြနဲ့၊ မော့ မနေကြနဲ့၊ ရှောက်သီးဆေး ပြားသည် မိတ်ကပ်ခြယ်လိုက်ရင် နင်တို့လောက်တော့ လှတယ်ဟဲ့၊ လွတ်လပ်ရေး ရပြီးခါစ ခရမ်းသုံးခွနယ်တစ်ဝှမ်းမှာ ကွမ်းတောင် ပန်းတောင်ကိုင်ခဲ့တဲ့ သူကြီးသမီး၊ မလှကြွယ်ဆိုတာ ငါပဲဟဲ့၊ အစဲ၊ မင်းဂလွမ်း၊ ဗော့သပြေကန်၊ ကုန်းသပြေကန်၊ တစ်နံတစ်လျားမှာ ရှားရှားပါးပါး ချောတဲ့ လှတဲ့သူဆိုလို့ ငါတစ်ယောက်တည်း ရှိခဲ့တယ်ဟဲ့ ကောင်မတွေရဲ့၊ အဲဒီတုန်းက အလှပြင် ဆံပင် ကောက်တဲ့ဆိုင်တွေ မပေါ်သေးဘူးဆိုတာ မှတ် ထားကြကုန်လော့၊ မြတ်ရှင်စော ဩကာသ ဩကာသ ဩကာသ' စိတ်ဝေဒနာသည် နှင့် အိမ်နီးချင်းဖြစ်ရသူ သငေ်္ဘာသား ကိုအဏ္ဏဝါမောင် စိတ်ညစ်သည်။ ဘုရားရှိခိုးသံကို သိကြားမင်းကြီး ကြားသွားပြီး မိုးကြိုးနှင့် ပစ်လျှင်တောင် စက်ကွင်းလွတ်မည် မဟုတ်၍ ပိုပြီး စိတ်...

ဖြစ်လာခဲ့ရပုံက § အောင်သင်း

Image
ဖြစ်လာခဲ့ရပုံက •••••••••••••••••••• အောင်သင်း ၁၁-၅-၉၉ ထုတ် “ရွှေပြည်တန်ဂျာနယ်” အမှတ် ၁၂ တွင် ကားတွန်းစိန်ကြီး၏ “၈ဝ ပြည့် ဆရာနှင့် ၆၀ ကျော် တပည့်များ” ဟူသော ဆောင်းပါးကို ကြည်နူးဖွယ်ရာ ဖတ်လိုက်ရပါသည်။ အသက် ၆၀ ကျော် တပည့်ခေါင်းဖြူတွေက အသက် ၈၀ ကျော် ဆရာကို သွားရောက်ကန်တော့ကြပုံကို ရေးထား လိုက်သည်မှာ စာဖတ်သူပင် သူတို့နှင့်ရောပြီး ပျော်လာလောက်ပါပေသည်။ ထိုမျှလောက်သာဆိုလျှင် ဤဆောင်းပါးကို ရေးဖြစ်မည် မထင်ပါ။ သို့သော် သူ၏ ဆောင်းပါးနိဂုံးတွင် “ကျွန်တော်တို့ငယ်စဉ်က ဝိုင်းကျူရှင် မရှိခဲ့၊ သီးခြား ကျူရှင် မရှိခဲ့၊ ဂုဏ်ထူးသင်တန်းများ မရှိခဲ့၊ ဂုဏ်ထူးဘော်ဒါများ မရှိခဲ့၊ သို့သော် ကျွန်တော်တို့ ပညာပြည့်စုံခဲ့ကြသည်” တဲ့။ ထို့ကြောင့် ဤ ဆောင်းပါးကို ရေးလိုက်မိခြင်း ဖြစ်ပါသည်။ ကာတွန်း ဦးစိန်ကြီး ပြောသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ကျွန်တော်တို့ ငယ်ငယ်က ဆရာက သီးခြား အိမ်ခေါ်ပြီး စာသင် ပေးရသည်။ ဆရာ့အိမ်မှာ ည သွားအိပ်ရသည်ဆိုလျှင် အရေး ကြီးသော စတုတၳတန်းတွင် စာညံ့လွန်းသော ကျောင်းသားမို့သာ ဖြစ်သည်။ ဆရာက ပိုက်ဆံတစ်ပြားမှ မရရှိသည့်ပြင် လက်ဖက်ကလေး ဘာလေးပင် ချကျွေးလိုက်ရသေးသည်။ ထို့ကြောင့် ကျူရှင် ဘာကြောင့် ပေါ်လာရသနည်း ဆ...

မြန်မာစာပေ အရေးအသားနှင့် ဘကြီးမိုး § မောင်မိုးသူ

Image
မြန်မာစာပေ အရေးအသားနှင့် ဘကြီးမိုး •••••••••••••••••••••••••••••••••••••••• မောင်မိုးသူ ကုမုဒြာဂျာနယ် အတွေးအမြင်ဆောင်းပါးများ 22 NOV 2017 ဘကြီးမိုးမှာ သားသမီးသုံးယောက်၊ မြေးငါးယောက်နဲ့ မြစ်သုံးယောက် ရှိပါတယ်။ သားကြီး မောင်ပန်းသီးရဲ့သား မြေးဘွန်ဘွန်က အမေရိကားမှာနေပြီး ဒုတိယ ဘာသာစကားအဖြစ် တရုတ်ဘာသာ သင်သတဲ့။ သည်မှာ အတူနေတဲ့ မြေးဘိုဘိုက တော့ အဝေးသင် တတိယနှစ် ဖြေပြီးပြီ။ ဂျပန်ဘာသာ (N 2) အောင်ပြီးပါပြီ။ အတော်ကျွမ်းနေပြီဖြစ်လို့ ဂျပန်စာနဲ့ အသက်မွေးမှုတောင်လုပ်ဖို့ ပြင်ဆင်နေ ပါပြီ။ ဒူဘိုင်းမှာနေတဲ့ မြစ်မလေး နှစ်ယောက်ကတော့ သူတို့အမေက ဖြူစင်၊ ကြယ်စင် လို့ ပေးထားပေမဲ့ ဘကြီးမိုးက တော့ သူတို့ အမြွှာနှစ်ယောက်ကို ကွီစိ၊ ကွစလို့ ခေါ်ပါတယ်။ သူတို့ ဒူဘိုင်းမှာနေ အင်္ဂလိပ်ကျောင်းတက်တယ်။ သူတို့ရဲ့  အိမ်အကူ မိန်းကလေးက မြန်မာဆိုတော့ ကလေးတွေ မြန်မာလိုတော့ ပြောတတ်ပါ သတဲ့။ အဲ မြန်မာစာရေးဆရာ ဘကြီးမိုးဆိုတဲ့ မောင်မိုးသူရဲ့မြေး၊ မြန်မာစာပေကို အလွန် မြတ်နိုး မြန်မာစာအုပ်တွေအပြည့်စုထားတဲ့ ကွယ်လွန်သွားရှာပြီဖြစ် တဲ့ နောက် အဘိုးတစ်ယောက်ဖြစ်တဲ့ ကိုဝင်းညွန့်နိုင်ရဲ့ မြေးရှိပါတယ်။ သူ့နာမည်က မိုးသောက် တဲ့။ သူက ပန်းချီလည်...

အသက်ကို ဖက်နှင့်ထုပ်ထားခဲ့ရသည့် အဘိဓာန် § မောင်သာချို

Image
ဆရာမောင်သာချိုရဲ့ ဆောင်းပါးအသစ်။ အသက်ကို ဖက်နှင့်ထုပ်ထားခဲ့ရသည့် ••••••••••••••••••••••••••••••••••••• အဘိဓာန် •••••••••••••••••• မောင်သာချို 7Day Daily Thu, 2020-10-29 06:30 Issue No. အတွဲ(၁၉)၊ အမှတ်(၃၁) (တစ်) လူတွေအုံနှင့် ကျင်းနှင့် အစုလိုက်အပြုံလိုက် စိတ်ဝင်တစားရှိကြသည့် ရေချိန်ကိုကြည့်ကာ ထို ဘာသာစကားကို ပြောဆိုသော နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအတိုင်းအတာကို ခန့်မှန်း၍ ရပါသည်။ မြန်မာတို့ အင်္ဂလိပ်ဘာသာစကားကို ထိပ်တန်း၌ ထားကာ လေ့လာကြသည်။ ထို့နောက် ဂျပန်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ တရုတ်၊ ထိုင်း၊ မလေးရှား စသည်ဖြင့်။ ယခုအခါ၌ ကိုရီးယား။ ကိုရီးယား ဘာသာစကားသည် အင်္ဂလိပ်ဘာသာစကားပြီးလျှင် မြန်မာ့မြေပေါ်၌ အပျံ့နှံ့ဆုံးများ ဖြစ်နေလေရော့သလား မပြောတတ်။ ကော့သောင်းမှသည် မြစ်ကြီးနားဆီသို့အထိ ခရီးနှင်ခဲ့ဖူးရာ ကိုရီးယားဘာသာစကားသင်တန်းနှင့် လွတ်ကင်းသည့် မြို့ဟူ၍ မရှိသလောက်နီးနီးဟု ဆိုရလောက်အောင်ကိုပင်လျှင် မြို့ခပ်ကြီးကြီးများ၌ ကိုရီးယားစကားလုံးနှင့် ဆိုင်းဘုတ်ကြီးငယ်တွေ။ တက္ကသိုလ်ကောလိပ် တစ်ခုခုနှင့် နီးကပ်ဆက်စပ်မှုရှိပြီဟု ဆိုလျှင်မူ ထိုအရပ်ရှိ မိတ္တူဆိုင်ကလေးများ၊ စာအုပ်ဆိုင်ကလေးများဆီတွင် ကိုရီးယား...

ကောက်ရခဲ့သော ကဗျာနှစ်ပုဒ် § မောင်ရင့်မာ (ေကျောင်းကုန်း)

Image
ကောက်ရခဲ့သော ကဗျာနှစ်ပုဒ် ••••••••••••••••••••••••••••••• မောင်ရင့်မာ(ကျောင်းကုန်း) 7Day Daily Tue, 2020-10-27 01:50 Issue No. No. 2609, TUESDAY, OCTOBER 27 , 2020 ပီကင်းက အေးစက်နေ သည်။ မှုန်မှိုင်းစိုထိုင်းသည်ဟု ခံစား မိစေကာမူ နှင်းကို မမြင်ရ။ လေဆိပ်မှထွက်ပြီး တစ်နာရီခန့် ကြာသည့်တိုင် မြို့ပြ၏အငွေ့အ သက်ကို မခံစားရသေး။ မီးရောင် တွေ ပြိုးပြက်၀င်းထိန်နေခြင်းမရှိ၊ မှုန်ပျပျ မှိုင်းမြမြ။ မှောင်ရီပျိုးစ အချိန်၌ ပုဂံမြို့ဟောင်းသို့ လော ကနန္ဒာဘက်မှ တအိအိ တိုး၀င်နေ သလို ခံစားမိပါသည်။ ကျွန်တော်သည် လွန်ခဲ့သော ၂၀၁၉ အောက်တိုဘာ ဆောင်း ရက်များကို သတိရနေခြင်းဖြစ်ပါ သည်။ နန်နင်း (Nanning) မှ ပီကင်း (Beijing) သို့ ပျံသန်းချိန် သုံးနာရီခွဲဖြစ်သည်။ Sun Shine Hotel ရောက်တော့ ည ၁၁ နာ ရီ။ အဆောက်အအုံအိုကြီးဟု ထင်ရသည်။ အတွင်းကတော့ အပျံစား။ ဆရာနတ်မှူးသည် ကျွန်တော်ဖျော်ပေးသည့် ကော်ဖီ က သူ့မိန်းမဖျော်တာထက် ပို ကောင်းသည်ဟုပြောပြီး အိပ် သွားခဲ့ပြီ။ မနက်ဖြန် မဟာတံတိုင်း (Great Wall) တက်ရမည်။ ၂၅ ရက်နေ့တွင် ပီကင်းနိုင်ငံခြားဘာ သာ တက္ကသိုလ်မှာ ဆရာနေ၀င်း မြင့်၊ ဆရာမခင်ခင်ထူးနှင့် ကျွန် တော်တို့ သုံးဦးဟောရဦးမည်ဆို ပါ၏။ ...

ဇာတိရနံ့တွေနဲ့ အိမ်ကလေး § မောင်သာချို

Image
ဇာတိရနံ့တွေနဲ့ အိမ်ကလေး •••••••••••••••••••••••••••••••••• (တစ်) သားရေ။ သည်တစ်ခါ နွေကျောင်းပိတ်ရက်မှာတော့ ဖေဖေ့ဇာတိ၊ တောရွာကလေး တစ်ရွာရှိရာဆီကို သွားမယ်လို့ ဖေဖေ ဆုံးဖြတ်ခဲ့ပြီး၊ ဆုံးဖြတ်တဲ့အတိုင်းလည်း သားတို့ကို လိုက်ပို့ခဲ့တယ်နော်။ ဖေဖေတို့ရွာက ရန်ကုန်နဲ့ သိပ်အဝေးလှကြီး မဟုတ်ပါဘူး သားရယ်။ ရှိလှ မိုင်သုံးဆယ်၊ လေးဆယ်ပေါ့။ ဒါပေမယ့် မြစ်ကမ်းနဖူးက ရွာကလေး၊ ချောင်းကလေးတစ်ချောင်းက ရစ်ပတ်ခွေဝိုက်နေတဲ့ ရွာကလေး၊ လယ်ကွင်း တွေ လယ်ကွင်းတွေက ဝိုင်းပတ်နေတဲ့ ရွာကလေး၊ ဓနိပင်တွေ၊ အုန်းပင်တွေ၊ လတာပြင်တွေ၊ ဗေဒါပင်တွေ၊ ငါးပျံတွေ၊ အုန်းမောင်းခေါက်သံ၊ ကုလားတက် ခေါက်သံတွေနဲ့ ရွာကလေး၊ လျှပ်စစ်မီးမလင်းတဲ့ ရွာကလေး၊ အိမ်ခြေသုံး လေးရာနဲ့ ရွာဆိုမှ တကယ့်ရွာကလေးပါ သားရယ်။ ဟိုးတုန်းကဆို ရေလမ်းခရီးကိုပဲ အားကိုးခဲ့ရတာမို့ “တိုး” မြစ်ကြီးကို ပတ်ပြီး တွံတေးတူးမြောင်းက တစ်ဆင့် ရန်ကုန်ကိုရောက်အောင် သွားရတာ အကြာကြီးမှ အကြာကြီးပါပဲ သားရယ်။ တစ်ညအိပ်ပြီးမှ ရန်ကုန်ကို ရောက်ရတဲ့ ခရီးလေ။ အခုကျတော့ ကားလမ်းတွေ၊ ဘာတွေပေါက်သွားပြီ၊ ဆိုတော့ သုံးနာရီလေးနာရီလောက် အချိန်ယူလိုက်တာနဲ့ ရွာကိုရောက်ပြီ။ (နှစ်) သားတို့တွေ ရွာမှာ တော်တော်ပျော်...

မာဖလာငသိန်းနှင့် ေဒေါက်ဖိနပ်လျှောက်သံ ခိုးယူခံရမှုကြီး § ထင်လင်းဦး (Wisdom Villa)

Image
မာဖလာငသိန်းနှင့် ••••••••••••••••••••••• ဒေါက်ဖိနပ်လျှောက်သံ ခိုးယူခံရမှုကြီး ••••••••••••••••••••••••••••••••••••• ထင်လင်းဦး (Wisdom Villa) 7Day Daily Wed, 2020-10-28 01:30 Issue No. No. 2610, WEDNESDAY, OCTOBER 28 , 2020 ကျွန်တော်တို့ ငယ်ငယ်တုန်းကပေါ့ဗျာ။ ကျွန်တော်က ၁၉၆၇ ခုနှစ် မွေးဆိုတော့ မဆလခေတ်မှာ ကြီးပြင်းခဲ့ရသူပေါ့။ မဆလခေတ်ဆိုတာကြီးကလည်း စာတွေထဲမှာ ဖတ်ရဖူးတဲ့ ဂျပန်ခေတ်လောက် နီးနီး အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းတွေက အလွန်ရှားတာကလား။ ယောကျ်ားတွေမှာ သမဆိုင်က ထုတ်ပေးတဲ့ ပုဆိုးကွက်တုံးကြမ်းကြမ်းကြီးတွေ၊ မရမ်းကုန်း စွပ်ကျယ်လက်စကတွေကို ဒုံးခံဝတ်ကြရတယ်။ ပုဆိုး ကြမ်းဆိုတာကလည်း ကြမ်းလိုက် သမှ ရေမချသေးဘဲနဲ့ မဝတ်ဝံ့ဘူး၊ ဝတ်မိလို့ကတော့ တင်ပါးတွေ၊ တံကောက်ခွက်တွေ၊ ခြေသလုံး အောက်နားတွေ ကော်ပတ်စားခံ သလို ဖြစ်တော့တာပဲ။ မရမ်း ကုန်းစွပ်ကျယ် ဆိုတာကလည်း ရေလျှော်လိုက်တိုင်းမှာ ကျယ် လာလိုက်တာ လက်နှစ်ဖက်က ဆင်နားရွက်ကျလို့။ မိန်းမတွေ ဆိုလည်း အဲဒီသမဆိုင်ကပဲ ပေး တဲ့ အကွက်စိပ်ဖျင်ပိတ်တွေကို အကျႌချုပ်ဝတ်ရတယ်။ သရက် ထည်လုံချည်စကို ဒုံးခံဝတ်ရ တယ်။ သရက်ထည်လုံချည်များ ဆေးကျွတ်ချက်က အင်တုံထဲ ထည့်ရေစိမ်မိရင် အင်တုံ...

ကျွန်တော်မေ့ခဲ့သောသူ § သော်တာဆွေ

Image
ကျွန်တော်မေ့ခဲ့သောသူ •••••••••••••••••••••••••• သော်တာဆွေ ကျွန်တော့်တွင် နှစ်ပေါင်းများစွာက အတိတ်ဟောင်းတစ်ခု၊ ဖြစ်တောင့်ဖြစ်ခဲဟာမို့ ကိုယ်ကိုယ်ကိုပင် တယ်ပြီး မယုံကြည်မိ၊ အိပ်မက်လေလော၊ သို့မဟုတ် စာရေးသမားပီပီ စိတ်ကူးလွန်ခြင်းပေလော။ သို့လော သို့လော မကြာခဏတွေးတောမိတတ်ပေရာ၊ ယခုရုပ်ရှင်ကားထဲ မိမိကိုယ် ပါသွားတော့မှ သက်ဆိုင်သူက ကျွန်တော့်ကို မှတ်မိလေ၍ တကယ်အစစ်ဖြစ်ကြောင်း ရှင်းလင်းသွားပါတော့သည်။ အကယ်၍သာ ကျွန်တော်ရုပ်ရှင်မရိုက်ဖြစ်ဘူး ဆိုပါက ဒီကိစ္စသည် ပြန်လည်ပေါ်ပေါက်လာရန် အကြောင်းမရှိပေ။ စင်စစ် ကျွန်တော်သည် စာရေးဆရာ ဖြစ်လိုစိတ်မပေါ်မီက ပထမရုပ်ရှင်မင်းသား ဖြစ်ချင်စိတ် ပေါ်ခဲ့ပါသည်။ ကိုယ့်ကိုယ်ကိုလည်း မှန်ထဲကြည့်၍ (လူပျိုပေါက်က) ဖြစ်လောက်သည်ဟု ထင်ခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသားဘဝနှင့် ရန်ကုန်ရောက်သည်၌ ရုပ်ရှင်ထဲသွင်းပေးနိုင်သည်ဆိုသော ညာစားသမား နှစ်ယောက်နှင့်တွေ့၍ ကိုယ့်ရှိသမျှလေး တော်တော်ချောခဲ့ဘူးပါသည်။ ဤသူနှစ်ယောက်ကို ကျွန်တော်အမှတ်တရပင် ရှိနေပါသေးသည်။ သူတို့နှစ်ယောက်နာမည်ကို မဖော်ပြလိုပါ။ တယောက်က ပုကွကွ၊ ထော့ကျိုး၊ ထော့ကျိုးနှင့် လူရွှင်တော်ဟု ပြောပါသည်။ သူ့ကို ရုပ်ရှင်ကားတစ်ခု၌ တခန်း၊ နှစ်...