ဇာတိရနံ႔ေတြနဲ႔ အိမ္ကေလး § ေမာင္သာခ်ိဳ

ဇာတိရနံ႕ေတြနဲ႕ အိမ္ကေလး
••••••••••••••••••••••••••••••••••

(တစ္)

သားေရ။

သည္တစ္ခါ ေႏြေက်ာင္းပိတ္ရက္မွာေတာ့ ေဖေဖ့ဇာတိ၊ ေတာ႐ြာကေလး တစ္႐ြာရွိရာဆီကို သြားမယ္လို႔ ေဖေဖ ဆုံးျဖတ္ခဲ့ၿပီး၊ ဆုံးျဖတ္တဲ့အတိုင္းလည္း သားတို႔ကို လိုက္ပို႔ခဲ့တယ္ေနာ္။

ေဖေဖတို႔႐ြာက ရန္ကုန္နဲ႕ သိပ္အေဝးလွႀကီး မဟုတ္ပါဘူး သားရယ္။ ရွိလွ မိုင္သုံးဆယ္၊ ေလးဆယ္ေပါ့။ ဒါေပမယ့္ ျမစ္ကမ္းနဖူးက ႐ြာကေလး၊ ေခ်ာင္းကေလးတစ္ေခ်ာင္းက ရစ္ပတ္ေခြဝိုက္ေနတဲ့ ႐ြာကေလး၊ လယ္ကြင္း ေတြ လယ္ကြင္းေတြက ဝိုင္းပတ္ေနတဲ့ ႐ြာကေလး၊ ဓနိပင္ေတြ၊ အုန္းပင္ေတြ၊ လတာျပင္ေတြ၊ ေဗဒါပင္ေတြ၊ ငါးပ်ံေတြ၊ အုန္းေမာင္းေခါက္သံ၊ ကုလားတက္ ေခါက္သံေတြနဲ႕ ႐ြာကေလး၊ လွ်ပ္စစ္မီးမလင္းတဲ့ ႐ြာကေလး၊ အိမ္ေျခသုံး ေလးရာနဲ႕ ႐ြာဆိုမွ တကယ့္႐ြာကေလးပါ သားရယ္။

ဟိုးတုန္းကဆို ေရလမ္းခရီးကိုပဲ အားကိုးခဲ့ရတာမို႔ “တိုး” ျမစ္ႀကီးကို ပတ္ၿပီး တြံေတးတူးေျမာင္းက တစ္ဆင့္ ရန္ကုန္ကိုေရာက္ေအာင္ သြားရတာ အၾကာႀကီးမွ အၾကာႀကီးပါပဲ သားရယ္။ တစ္ညအိပ္ၿပီးမွ ရန္ကုန္ကို ေရာက္ရတဲ့ ခရီးေလ။ အခုက်ေတာ့ ကားလမ္းေတြ၊ ဘာေတြေပါက္သြားၿပီ၊ ဆိုေတာ့ သုံးနာရီေလးနာရီေလာက္ အခ်ိန္ယူလိုက္တာနဲ႕ ႐ြာကိုေရာက္ၿပီ။

(ႏွစ္)

သားတို႔ေတြ ႐ြာမွာ ေတာ္ေတာ္ေပ်ာ္ပုံပါပဲ။ လယ္ကြင္းျပင္ထဲမွာ လွည္းထြက္စီးလိုက္ၾက၊ စပါးနယ္ေန၊ ေလွ႔ေနတဲ့ တလင္းျပင္ထဲမွာ ေျပးလႊား ေဆာ့ကစားေနလိုက္ၾက၊ ေခ်ာင္းထဲမွာ ေလွစီးလိုက္ၾက၊ ရပ္ေဆြရပ္မ်ိဳး ဟိုအိမ္သည္အိမ္ ေရွးေဟာင္းေႏွာင္းျဖစ္ေတြ ေျပာၾက၊ ေဆြမ်ိဳးစပ္ၾက။ ေတာမုန႔္ေတြ လုပ္စားၾက၊ မုန႔္ဆီေၾကာ္လည္းပါရဲ႕၊ မုန႔္ဗိုင္းေတာင့္လည္း ပါရဲ႕၊ မုန႔္လက္ေကာက္လည္း ပါရဲ႕၊ မုန႔္ပိႏၷဲေစ့လည္း ပါရဲ႕၊ ေကာက္ညွင္း ေပါင္းလည္း ပါရဲ႕၊ ဆပ္သြားဖူးမုန႔္လည္း ပါရဲ႕၊ ေတာ္ၾကာေန အုန္းသီး ခြဲစားလိုက္ၾက၊ အုန္းရည္ေသာက္လိုက္ၾက၊ ေတာ္ၾကာေန ကဏန္းျပဳတ္စား လိုက္ၾက။

ဘယ္အိမ္ကို ဝင္ထိုင္လိုက္၊ ဝင္ထိုင္လိုက္၊ စကားက ျပတ္သြားတယ္ လို႔ကို မရွိဘူး။ ဇာတိရနံ႕ထဲမွာ အေဖတို႔ ဘိုးစဥ္ေဘာင္ဆက္ ရွည္လ်ားတဲ့ အတိတ္ေတြ ရွိၾကတယ္ေလ။

ေဖေဖ ငယ္ငယ္တုန္းကေပါ့၊ စာေရးဆရာႀကီး သိန္းေဖျမင့္ရဲ႕ အညာျပန္စာအုပ္ကို ဖတ္ရတဲ့အခါ ကိုယ္တစ္ခါမွ မေရာက္ဖူးတဲ့ မုံ႐ြာ၊ မုံေ႐ြး၊ ဘုတလင္ တစ္ဝိုက္က ျမင္ကြင္းေတြကို ေရာ္ေရာ္ရမ္းရမ္း လုပ္ၾကည့္ရင္းက လြမ္းလိုက္ရတာ။

ဖာတစ္တန္၊ အထုပ္တစ္ဖက္ ထမ္းပါလို႔၊ အညာျပန္ ႐ုတ္တရက္ မလွမ္းနိုင္ဘု၊ ႏႈတ္ဆက္စမ္းခ်င္လို႔ လာခဲ့တယ္ဆိုတဲ့ ဆရာႀကီး သခင္ကိုယ္ ေတာ္မွိဳင္းရဲ႕ ေလးခ်ိဳးကေရာ၊ ဇာတိေျမကို လြမ္းတဲ့ အရိပ္ေတြနဲ႕ ေၾကကြဲေနတဲ့ အသံကို ေဖေဖ ၾကားရသလိုပဲ။

ကဗ်ာကဝိႀကီး ဆရာမင္းသုဝဏ္က ခါေႏြဆန္းေတာ့ လြမ္းမိတယ္ ကဗ်ာထဲမွာ ေ႐ႊၿခံဂါမ၊ ကြၽန႔္ ဌာနကိုလြမ္းတ, မိပါသတဲ့။

တ႐ုတ္အမ်ိဳးသား စာဆိုေတာ္ႀကီး လူ႐ႊန္းကေရာ အိမ္အျပန္ဆိုၿပီး သူ႕ဇာတိလြမ္းစိတ္ကို ထုဆစ္ခဲ့ေသးတာပဲ မဟုတ္လား။

ေျပာရင္းဆိုရင္း ပုံေတာင္ပုံညာသြား ေတာလားကို ေဖေဖ သတိရမိျပန္ ရာ သားရဲ႕။ တမာနံ႕က သင္းသင္း အင္ၾကင္းကနီနီ၊ သရဖီကေမႊးေမႊး၊ ရြက္ဝါလည္းေႂကြ၊ ျမဴေျခလည္းဆိုင္း၊ ပန္းတိုင္းပြင့္ၾကတဲ့၊ ရာသီတဲ့ သားရဲ႕။ စာေရးဆရာႀကီး ျမသန္းတင့္ သူ႕ဇာတိ “ၿမိဳင္”ကို သြားလည္တဲ့ ခရီး။

အဆိုေတာ္ သန္းထြန္းေလးရဲ႕ ေမြးဌာေန သီခ်င္းတို႔၊ မရေသာ အညာတို႔လို သီခ်င္းေတြကို ၾကားရတဲ့အခါ ဘယ္ကိုမွန္းမသိ ေဖေဖ လြမ္းလိုက္တာ။

သားေရ။

ေဖေဖတို႔တစ္ေတြမွာ ဇာတိတို႔၊ ဉာတိတို႔ ရွိၾကသလို ဇာတိတို႔၊ ဉာတိတို႔ ရွိရာဆီကိုလည္း သြားသင့္ၾကတယ္လို႔ ေဖေဖကေတာ့ ထင္မိတာပါပဲ။ ေခတ္သစ္ၿမိဳ႕ျပေတြ ေပၚထြန္းလာတဲ့အခါ လူေတြမွာ ဇာတိမွရွိၾကေသးရဲ႕ လားေတာ့ မသိဘူး၊ လူမႈေရး ပညာရွင္တစ္ဦး ေျပာသလို ေဆးခန္းမွာေမြးၿပီး ေဆး႐ုံမွာ ေသတဲ့ ကမၻာတဲ့။ ငါက ဘယ္႐ြာမွာ ေမြးတာ၊ ငါက ဘယ္ၿမိဳ႕သားလို႔ ေဖေဖ ေျပာေစခ်င္လိုက္တာ၊ ႐ြာကို ျပန္ဦးမယ္ဆိုတဲ့ စကားနဲ႕ ႐ြာက ျပန္လာတာဆိုတဲ့ အႂကြားကေလးေတြ လူတိုင္းမွာ ရွိေစခ်င္လိုက္တာ။

(သုံး)

သားတို႔ကို ေဖေဖတို႔ ေမြးခဲ့တာ ကြန္ကရစ္ေတာမွာ ေမြးခဲ့တာပါ။ သားတို႔က ေရခဲေသတၱာထဲက ေရကို ယူေသာက္ခဲ့ၾကတာ။ သားတို႔ ကစားကြင္းက ကြန္ပ်ဴတာ ကစားကြင္း။

အခုၾကည့္။ လယ္ကြင္းႀကီးေတြ၊ တလင္းျပင္ေတြ၊ မိုးေကာင္းကင္ လင္းလင္းပြင့္ပြင့္ႀကီးေတြ၊ ေသာက္ေရကန္ေတြ၊ စပါးေတြ ငါးေတြ၊ အသီးေတြ အႏွံေတြ၊ ေဆြနီးေတြ၊ မ်ိဳးစပ္ေတြ၊ ဘယ္ေလာက္ ေပ်ာ္စရာေကာင္းသလဲ။

ရန္ကုန္ျပန္ေရာက္တဲ့အခါ ႐ြာကအေၾကာင္းေတြ ေတာ္ေတာ္နဲ႕ ေျပာလို႔ ကုန္မွာ မဟုတ္ဘူး သားရဲ႕။

ဆရာေမာင္သာခ်ိဳ၊ စိမ္းလန္းေသာ မိသားစုမ်ား၊
စာမ်က္ႏွာ ၉၇ - ၁၀၀။

စာ႐ိုက္ - စေလ ငေနာ့

Unicode

ဇာတိရနံ့တွေနဲ့ အိမ်ကလေး
••••••••••••••••••••••••••••••••••

(တစ်)

သားရေ။

သည်တစ်ခါ နွေကျောင်းပိတ်ရက်မှာတော့ ဖေဖေ့ဇာတိ၊ တောရွာကလေး တစ်ရွာရှိရာဆီကို သွားမယ်လို့ ဖေဖေ ဆုံးဖြတ်ခဲ့ပြီး၊ ဆုံးဖြတ်တဲ့အတိုင်းလည်း သားတို့ကို လိုက်ပို့ခဲ့တယ်နော်။

ဖေဖေတို့ရွာက ရန်ကုန်နဲ့ သိပ်အဝေးလှကြီး မဟုတ်ပါဘူး သားရယ်။ ရှိလှ မိုင်သုံးဆယ်၊ လေးဆယ်ပေါ့။ ဒါပေမယ့် မြစ်ကမ်းနဖူးက ရွာကလေး၊ ချောင်းကလေးတစ်ချောင်းက ရစ်ပတ်ခွေဝိုက်နေတဲ့ ရွာကလေး၊ လယ်ကွင်း တွေ လယ်ကွင်းတွေက ဝိုင်းပတ်နေတဲ့ ရွာကလေး၊ ဓနိပင်တွေ၊ အုန်းပင်တွေ၊ လတာပြင်တွေ၊ ဗေဒါပင်တွေ၊ ငါးပျံတွေ၊ အုန်းမောင်းခေါက်သံ၊ ကုလားတက် ခေါက်သံတွေနဲ့ ရွာကလေး၊ လျှပ်စစ်မီးမလင်းတဲ့ ရွာကလေး၊ အိမ်ခြေသုံး လေးရာနဲ့ ရွာဆိုမှ တကယ့်ရွာကလေးပါ သားရယ်။

ဟိုးတုန်းကဆို ရေလမ်းခရီးကိုပဲ အားကိုးခဲ့ရတာမို့ “တိုး” မြစ်ကြီးကို ပတ်ပြီး တွံတေးတူးမြောင်းက တစ်ဆင့် ရန်ကုန်ကိုရောက်အောင် သွားရတာ အကြာကြီးမှ အကြာကြီးပါပဲ သားရယ်။ တစ်ညအိပ်ပြီးမှ ရန်ကုန်ကို ရောက်ရတဲ့ ခရီးလေ။ အခုကျတော့ ကားလမ်းတွေ၊ ဘာတွေပေါက်သွားပြီ၊ ဆိုတော့ သုံးနာရီလေးနာရီလောက် အချိန်ယူလိုက်တာနဲ့ ရွာကိုရောက်ပြီ။

(နှစ်)

သားတို့တွေ ရွာမှာ တော်တော်ပျော်ပုံပါပဲ။ လယ်ကွင်းပြင်ထဲမှာ လှည်းထွက်စီးလိုက်ကြ၊ စပါးနယ်နေ၊ လှေ့နေတဲ့ တလင်းပြင်ထဲမှာ ပြေးလွှား ဆော့ကစားနေလိုက်ကြ၊ ချောင်းထဲမှာ လှေစီးလိုက်ကြ၊ ရပ်ဆွေရပ်မျိုး ဟိုအိမ်သည်အိမ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြ၊ ဆွေမျိုးစပ်ကြ။ တောမုန့်တွေ လုပ်စားကြ၊ မုန့်ဆီကြော်လည်းပါရဲ့၊ မုန့်ဗိုင်းတောင့်လည်း ပါရဲ့၊ မုန့်လက်ကောက်လည်း ပါရဲ့၊ မုန့်ပိန္နဲစေ့လည်း ပါရဲ့၊ ကောက်ညှင်း ပေါင်းလည်း ပါရဲ့၊ ဆပ်သွားဖူးမုန့်လည်း ပါရဲ့၊ တော်ကြာနေ အုန်းသီး ခွဲစားလိုက်ကြ၊ အုန်းရည်သောက်လိုက်ကြ၊ တော်ကြာနေ ကဏန်းပြုတ်စား လိုက်ကြ။

ဘယ်အိမ်ကို ဝင်ထိုင်လိုက်၊ ဝင်ထိုင်လိုက်၊ စကားက ပြတ်သွားတယ် လို့ကို မရှိဘူး။ ဇာတိရနံ့ထဲမှာ အဖေတို့ ဘိုးစဉ်ဘောင်ဆက် ရှည်လျားတဲ့ အတိတ်တွေ ရှိကြတယ်လေ။

ဖေဖေ ငယ်ငယ်တုန်းကပေါ့၊ စာရေးဆရာကြီး သိန်းဖေမြင့်ရဲ့ အညာပြန်စာအုပ်ကို ဖတ်ရတဲ့အခါ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ မုံရွာ၊ မုံရွေး၊ ဘုတလင် တစ်ဝိုက်က မြင်ကွင်းတွေကို ရော်ရော်ရမ်းရမ်း လုပ်ကြည့်ရင်းက လွမ်းလိုက်ရတာ။

ဖာတစ်တန်၊ အထုပ်တစ်ဖက် ထမ်းပါလို့၊ အညာပြန် ရုတ်တရက် မလှမ်းနိုင်ဘု၊ နှုတ်ဆက်စမ်းချင်လို့ လာခဲ့တယ်ဆိုတဲ့ ဆရာကြီး သခင်ကိုယ် တော်မှိုင်းရဲ့ လေးချိုးကရော၊ ဇာတိမြေကို လွမ်းတဲ့ အရိပ်တွေနဲ့ ကြေကွဲနေတဲ့ အသံကို ဖေဖေ ကြားရသလိုပဲ။

ကဗျာကဝိကြီး ဆရာမင်းသုဝဏ်က ခါနွေဆန်းတော့ လွမ်းမိတယ် ကဗျာထဲမှာ ရွှေခြံဂါမ၊ ကျွန့် ဌာနကိုလွမ်းတ, မိပါသတဲ့။

တရုတ်အမျိုးသား စာဆိုတော်ကြီး လူရွှန်းကရော အိမ်အပြန်ဆိုပြီး သူ့ဇာတိလွမ်းစိတ်ကို ထုဆစ်ခဲ့သေးတာပဲ မဟုတ်လား။

ပြောရင်းဆိုရင်း ပုံတောင်ပုံညာသွား တောလားကို ဖေဖေ သတိရမိပြန် ရာ သားရဲ့။ တမာနံ့က သင်းသင်း အင်ကြင်းကနီနီ၊ သရဖီကမွှေးမွှေး၊ ရွက်ဝါလည်းကြွေ၊ မြူခြေလည်းဆိုင်း၊ ပန်းတိုင်းပွင့်ကြတဲ့၊ ရာသီတဲ့ သားရဲ့။ စာရေးဆရာကြီး မြသန်းတင့် သူ့ဇာတိ “မြိုင်”ကို သွားလည်တဲ့ ခရီး။

အဆိုတော် သန်းထွန်းလေးရဲ့ မွေးဌာနေ သီချင်းတို့၊ မရသော အညာတို့လို သီချင်းတွေကို ကြားရတဲ့အခါ ဘယ်ကိုမှန်းမသိ ဖေဖေ လွမ်းလိုက်တာ။

သားရေ။

ဖေဖေတို့တစ်တွေမှာ ဇာတိတို့၊ ဉာတိတို့ ရှိကြသလို ဇာတိတို့၊ ဉာတိတို့ ရှိရာဆီကိုလည်း သွားသင့်ကြတယ်လို့ ဖေဖေကတော့ ထင်မိတာပါပဲ။ ခေတ်သစ်မြို့ပြတွေ ပေါ်ထွန်းလာတဲ့အခါ လူတွေမှာ ဇာတိမှရှိကြသေးရဲ့ လားတော့ မသိဘူး၊ လူမှုရေး ပညာရှင်တစ်ဦး ပြောသလို ဆေးခန်းမှာမွေးပြီး ဆေးရုံမှာ သေတဲ့ ကမ်ဘာတဲ့။ ငါက ဘယ်ရွာမှာ မွေးတာ၊ ငါက ဘယ်မြို့သားလို့ ဖေဖေ ပြောစေချင်လိုက်တာ၊ ရွာကို ပြန်ဦးမယ်ဆိုတဲ့ စကားနဲ့ ရွာက ပြန်လာတာဆိုတဲ့ အကြွားကလေးတွေ လူတိုင်းမှာ ရှိစေချင်လိုက်တာ။

(သုံး)

သားတို့ကို ဖေဖေတို့ မွေးခဲ့တာ ကွန်ကရစ်တောမှာ မွေးခဲ့တာပါ။ သားတို့က ရေခဲသေတ္တာထဲက ရေကို ယူသောက်ခဲ့ကြတာ။ သားတို့ ကစားကွင်းက ကွန်ပျူတာ ကစားကွင်း။

အခုကြည့်။ လယ်ကွင်းကြီးတွေ၊ တလင်းပြင်တွေ၊ မိုးကောင်းကင် လင်းလင်းပွင့်ပွင့်ကြီးတွေ၊ သောက်ရေကန်တွေ၊ စပါးတွေ ငါးတွေ၊ အသီးတွေ အနှံတွေ၊ ဆွေနီးတွေ၊ မျိုးစပ်တွေ၊ ဘယ်လောက် ပျော်စရာကောင်းသလဲ။

ရန်ကုန်ပြန်ရောက်တဲ့အခါ ရွာကအကြောင်းတွေ တော်တော်နဲ့ ပြောလို့ ကုန်မှာ မဟုတ်ဘူး သားရဲ့။

ဆရာမောင်သာချို၊ စိမ်းလန်းသော မိသားစုများ၊
စာမျက်နှာ ၉၇ - ၁၀၀။

စာရိုက် - စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်