ကောက်ရခဲ့သော ကဗျာနှစ်ပုဒ် § မောင်ရင့်မာ (ေကျောင်းကုန်း)

ကောက်ရခဲ့သော ကဗျာနှစ်ပုဒ်
•••••••••••••••••••••••••••••••

မောင်ရင့်မာ(ကျောင်းကုန်း)

7Day Daily
Tue, 2020-10-27 01:50
Issue No. No. 2609, TUESDAY, OCTOBER 27 , 2020

ပီကင်းက အေးစက်နေ သည်။ မှုန်မှိုင်းစိုထိုင်းသည်ဟု ခံစား မိစေကာမူ နှင်းကို မမြင်ရ။ လေဆိပ်မှထွက်ပြီး တစ်နာရီခန့် ကြာသည့်တိုင် မြို့ပြ၏အငွေ့အ သက်ကို မခံစားရသေး။ မီးရောင် တွေ ပြိုးပြက်၀င်းထိန်နေခြင်းမရှိ၊ မှုန်ပျပျ မှိုင်းမြမြ။ မှောင်ရီပျိုးစ အချိန်၌ ပုဂံမြို့ဟောင်းသို့ လော ကနန္ဒာဘက်မှ တအိအိ တိုး၀င်နေ သလို ခံစားမိပါသည်။

ကျွန်တော်သည် လွန်ခဲ့သော ၂၀၁၉ အောက်တိုဘာ ဆောင်း ရက်များကို သတိရနေခြင်းဖြစ်ပါ သည်။

နန်နင်း (Nanning) မှ ပီကင်း (Beijing) သို့ ပျံသန်းချိန် သုံးနာရီခွဲဖြစ်သည်။ Sun Shine Hotel ရောက်တော့ ည ၁၁ နာ ရီ။ အဆောက်အအုံအိုကြီးဟု ထင်ရသည်။ အတွင်းကတော့ အပျံစား။ ဆရာနတ်မှူးသည် ကျွန်တော်ဖျော်ပေးသည့် ကော်ဖီ က သူ့မိန်းမဖျော်တာထက် ပို ကောင်းသည်ဟုပြောပြီး အိပ် သွားခဲ့ပြီ။ မနက်ဖြန် မဟာတံတိုင်း (Great Wall) တက်ရမည်။ ၂၅ ရက်နေ့တွင် ပီကင်းနိုင်ငံခြားဘာ သာ တက္ကသိုလ်မှာ ဆရာနေ၀င်း မြင့်၊ ဆရာမခင်ခင်ထူးနှင့် ကျွန် တော်တို့ သုံးဦးဟောရဦးမည်ဆို ပါ၏။

မြန်မာစာရေးဆရာ ၁၅ ဦး ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၁၅ ရက်ခရီး။ ယဉ်ကျေးမှုကောင် စစ်၀န် (တတိယအတွင်း၀န်)ဒေါ်စန်းစန်းနှင့် မြန်မာစာပါမောက္ခ ဒေါ်၀င်း၀င်းသန်းတို့မှ ဤအစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ် သည်။ ကျွန်တော်တို့ စာရေးဆရာ များကတော့ တရုတ်သမ္မတ စီ ကျင်းပင်က သ၀ဏ်လွှာပေးပို့၍ ဖိတ်ကြားခံရသလို လေးနက်နေ သည်။ ကွမ်ရှီး၊ နန်နင်း၊ ပီကင်း၊ ယူနန်တက္ကသိုလ်တို့မှ မြန်မာစာ ကျောင်းသားများကို ဟောပြောရ မည်ဆိုသောကြောင့် တက်ကြွနေ ခဲ့သည်။

ဒေါ်၀င်း၀င်းသန်း၏အဆိုအ ရ တစ်ပွဲပဲဟောရမည်ထင်ခဲ့့၏။ မြန်မာစာသင်နေသည့် တရုတ် ကျောင်းသားများကို ပြောရမည် ဖြစ်၍ မြန်မာ့ယဉ်ကျေးမှု၊ ကျေး လက်သဘာ၀နှင့် ပုံ၀တၳုကလေး တွေကို ပြောဖို့ (Powerpoint) ကြို၍ လုပ်လာခဲ့သည်။ ကွမ်ရှီး တက္ကသိုလ်မှာ ဆရာမနုနုရည်၊ ဆရာမောင်သာချိုနှင့် ကိုရိုးကွန့် တို့ဟောပြီးမှ တက္ကသိုလ်များမှာ စာရေးဆရာ တစ်ဦးလျှင် နှစ်ပွဲစီ၊ ဟောရဖို့ရှိကြောင်း ဆရာမဒေါ် ၀င်း၀င်းသန်းက ပြောသည်။

ကျွန်တော်သည် ပီကင်း ဆောင်းညနှင့် ကြယ်လေးပွင့်ဟို တယ်ကို အရသာမခံနိုင်ဘဲ ဟော ဖို့ပြင်ရန် စိတ်စောနေမိပါသည်။ လေယာဉ်ပေါ်မှာဖတ်ဖို့ ယူခဲ့ သော ဆရာမောင်သာနိုး၏ မိုးမခ ပင်ရိပ်ကိုဖတ်ရင်း တရုတ်ကဗျာ ဆရာကြီး အိုက်ကျင့်၏ ကဗျာ ‘ကျုပ်အထိန်းမတာယန်ဟဲ’ (မူလ အမည် - နှင်းမိုးကျမနက်ခင်း) ကို ငြိသွားသည်။ တော်တော့်ကို စွဲသွားသည်။ ပြောရလျှင် ဆရာ ဦးသာနိုး၏ တောက်ဆတ်ဆတ် ဘာသာပြန်ကို ‘ထင်းရှူးပင်ရိပ်’ ကတည်းက ကျွန်တော်တို့ စွဲငြိ လာခဲ့ပြီးဖြစ်သည်။

ကျွန်တော်သည် တာယန်ဟဲ ကို နှစ်ခေါက်၊ သုံးခေါက်ဖတ် ပြီးသောအခါ ဆရာဦးတင်မိုး၏ ကဗျာတစ်ပုဒ်ကို ဖျတ်ခနဲသတိ ရလိုက်သည်။ တစ်နေရာမှာ တစ် ခုခုတူနေသည်ဟု အောက်မေ့မိ သည်။ အဲဒါကိုဟောလျှင်ကောင်း မည်။ ပြဿနာတစ်ခုရှိနေသည် က ဆရာဦးတင်မိုး၏ကဗျာ နောက်ဆုံးတစ်ပိုဒ်ကိုပဲ ကျွန်တော် အလွတ်ရတော့သည်။ ကျန်တာ ကို မမှတ်မိပါလေတော့။

ရန်ကုန်ရှိ ကိုလင်းရိပ်၊ ပု လောစိုးနံ့သာတို့ထံ ဆက်သွယ်၍ ဆရာတင်မိုး၏ ‘အမေမသေ’ ကဗျာကိုရှာပေးဖို့ အကူအညီ တောင်းသည်။ ခက်တာက တရုတ်ပြည်မှာ Facebook သုံး မရ။ Google မရ။ ကွမ်ကျိုး နှစ် ရက်၊ နန်နင်း နှစ်ရက် ဆက်သွယ် လို့မရ။ နန်နင်းမှမထွက်မီ ညီမင်း ညိုက ကွမ်ရှီးလူမျိုးစုတက္ကသိုလ် ကျောင်းသူလေးတစ်ဦး၏ ဘဏ် စာရင်းသို့ ၁၈ ယွမ်ပေးသွင်း လိုက်တော့မှ တရုတ်အင်တာနက် က ပွင့်သွားသည်။ ကိုလင်းရိပ်က အိုက်ကျင့်၏ ကိုယ်ရေးအကျဉ်းကို ပို့ပေးသည်။ မြ၀တီအယ်ဒီတာ ကိုစိုးနံ့သာက ဆရာတင်မိုး၏ ကဗျာကိုပို့ပေးသည်။ ကျွန်တော် သည် အိုက်ကျင့်နှင့် တင်မိုး၏ ကဗျာနှစ်ပုဒ်ကို အရသာခံ၍ တစိမ့်စိမ့်ဖတ်ရင်း အေးစက်ချမ်း စိမ့်သည့် ပီကင်းဆောင်းညကို အန်တုခဲ့ပါသည်။

‘တာယန်ဟဲ’ သည် ကဗျာ သက်သက်မဟုတ်။ အိုက်ကျင့်၏ ဘ၀၊ အိုက်ကျင့်၏ခံစားမှုအစစ် အမှန်လည်းဖြစ်သည်။

အိုက်ကျင့်ကို မြေရှင်မိဘ နှစ်ပါးကမွေးဖွားစဉ် ဗေဒင်ဆရာ က ‘ဒီကလေးခိုက်မည်’ ဟု ဟော သဖြင့် မွေးကင်းစကလေးအား လယ်သူမတာယန်ဟဲကို ပေး လိုက်သည်။ အိုက်ကျင့်သည် တာ ယန်ဟဲ၏ သားများနှင့်အတူ တာ ယန်ဟဲ၏နို့ကို သောက်စို့ကြီးပြင်း ခဲ့သည်။ တာယန်ဟဲက သားအ ရင်းနှင့်မခြား ပြုစုယုယသည်။ ငါးနှစ်ကျော်ပြီး၍ အိမ်သို့ပြန်လာ ရသည်အထိ အမိ၊ အဖကို အဖေ၊ အမေဟုမခေါ်ရ၊ ဦးလေး၊ ဒေါ်လေးဟုသာ ခေါ်ရသည်။ ဒါကြောင့် သူက ဗေဒင်ဆရာကို အလွန်မုန်းသည်။

ဟန်ကျိုးအနုပညာကျောင်း နှင့် ပြင်သစ်ပြည်တို့၌ ပညာသင် ပြီးပြန်လာသောအခါ အိုက်ကျင့် ကို ချန်ကေရှိတ်အစိုးရက ထောင် သွင်းအကျဉ်းချထားလိုက်သည်။ ထိုအချိန်တွင် တာယန်ဟဲ ကွယ် လွန်သည်။ နှင်းမိုးကျ မနက်ခင်း ကဗျာကိုရေးတော့ အိုက်ကျင့် (၂၅) နှစ်ပဲရှိသေးသည်။ နို့ထိန်း သည်မ တာယန်ဟဲအား လွမ်း ဆွတ်အောက်မေ့စွာ သူရေးခဲ့ သည်။ ကဗျာအစမှာပဲ တာယန် ဟဲဆိုသည့်အမည်သည် တာယန် ဟဲရွာမှာ မွေးခဲ့သောကြောင့်ဖြစ် ပါသတဲ့။ ဘယ်လောက်ချစ်ဖို့ ကောင်းသလဲ။

တာယန်ဟဲ၊ ကနေ့ နှင်းမိုး ကျတော့ ကျုပ်ခင်ဗျားကိုသတိရ တယ်။

နှင်းမိုးအောက်မှာ မြက် လွှမ်းနေတဲ့ခင်ဗျားရဲ့ ဂူ။

ခု - သော့ပိတ်ထားတဲ့ ခင်ဗျားရဲ့ တံစက်မြိတ်ပေါ်က ပေါင်း ပင်ရော်တွေ ပေါင်နှံထားရတဲ့ ခင်ဗျားရဲ့ ဆယ်ပေခြံ၀င်းကလေး။

ခင်ဗျား ၀င်းတံခါးရှေ့က ရေညှိနဲ့စိမ်းနေတဲ့ ကျောက်ခုံ တန်းလျား။

တာယန်ဟဲရေ။ ကနေ့ နှင်း မိုးကျတော့ ကျုပ် ခင်ဗျားကိုသတိ ရမိတယ်။

ကျုပ်ဟာ မြေရှင်ရဲ့သား။

ခင်ဗျားနို့ရည်ကို နောက်ဆုံး အစက်အထိ သောက်ခဲ့တာ။

ကျုပ်ကို မိဘများက အိမ် ပြန်ခေါ်တော့

အလို၊ ခင်ဗျား ဘာကြောင့် ငိုသလဲ တာယန်ဟဲ

ကျုပ်လေ ့ ့ ့ မိဘအိမ်မှာ ဧည့်သည်အသစ် ဖြစ်ရပေါ့။

မိဘအိမ်ပြန်ရတော့လည်း အိုက်ကျင့် မပျော်ပါ။ သစ်လွင် သည့်ပရိဘောဂတွေကို သူစိတ် မ၀င်စား။ ခမ်းနားသော ဧည့်ခန်း က သူနှင့်စိမ်းနေသည်။ အမေပွေ့ ချီထားသော ညီမလေးကို သူမ သိ။ သုံးကြိမ်ဖွပ်ထားသော ဆန် ဖြူနုနုထမင်းက သူ့လည်ပင်းမှာ ‘တစ်’နေသည်။ အမေ့အိမ်မှာ သူ ကဧည့်သည်။ တာယန်ဟဲ၏အိမ် ကဲ့သို့ နွေးထွေးမှုမရှိ၊ တာယန်ဟဲ ၏သားများနှင့်တစ်ဖက် စို့ သောက်ခဲ့ရသော နို့အုံလောက် ချိုမြိန်မှုမရှိ။ သူ့အတွက် မိရင်း၊ ဖရင်းအိမ်သည် ခါးသက်အေး စက်ပြီး ကိန်းခန်းကြီးနေသည်။

တာယန်ဟဲ အိမ်မှာတော့ ဒီလိုမဟုတ်။ ထင်းခုတ်ဓားရှလာသည့် အငယ်ဆုံးသား၏ လက်ကို ပတ်တီးစည်းပေးပြီးနောက်၊ အ ၀တ်ပေါ်က သန်းတွေကို ခြေပေး ပြီးနောက်၊ ထိုနေ့၏ ပထမဆုံး ကြက်ဥကို ကောက်ပြီးသည့် နောက်၊ (လုပ်ရမည့်အလုပ်တွေ ပြီးသွားပြီးနောက်) တာယန်ဟဲ သည် သူမ၏လက်ကြီးနှင့် အိုက် ကျင့်ကို ရင်ခွင်ထဲပွေ့ဖက်၊ ဖျစ် ညှစ်၊ ချော့မြှူစမြဲဲဖြစ်သည်။

မိဘအိမ်သို့ပြန်သွားသော အခါ တာယန်ဟဲ ရောက်လာ တတ်သည်။ အလစ်မှာ ပြန််ပြေး ယောင်ပြုသည်။ အိုက်ကျင့်က ပြေးလိုက်ပြီး ‘မေမေ’ ဟု အော် ခေါ်စေချင်၍ဖြစ်သည်။ အိုက် ကျင့်အိမ်ထောင်ပြုလျှင် ချေွးမက သူ့ကို ‘ယောက္ခမကြီး’ ဟု ခေါ် စေချင်သည်။ မွေးစားသားပေ မယ့် သူသိပ်ချစ်ခဲ့သည်။ အဲဒီ နို့ထိန်းသည်မ တာယန်ဟဲ၊ ယခု သော် သေရှာပြီ။

ကျေးကျွန်တစ်ဦးရဲ့ ဆင်းရဲ မွဲတေမှုနဲ့ သေရှာပြီ။ သူ့ကို ရိုက် နှက်ခဲ့တဲ့ သူ့ယောကျ်ားကြီး အရက်သမားဘ၀နဲ့ သေပြီ။ သားအကြီး၊ တောပုန်းဓားပြဖြစ် သွားပြီ။ ဒုတိယသားလည်း စစ်ပွဲ မှာ ကျဆုံးခဲ့ပြီ။ အိုက်ကျင့်က ဒီလိုရေးသည်။

တာယန်ဟဲရေ ့ ့ ့ ခင်ဗျား နို့တိုက်ခဲ့တဲ့ကောင်၊ အခု ထောင် ထဲမှာဗျ။

ကျုပ်ကို ချီပိုးခဲ့တဲ့လက်တွေ အတွက်၊ ကျုပ်ကို နမ်းရှုပ်ခဲ့တဲ့ နှုတ်ခမ်းတွေအတွက်

မည်းညိုပေမယ့် နူးညံ့လှပ တဲ့ ခင်ဗျားရဲ့မျက်နှာအတွက်၊ ကြင်နာစွာ တိုက်ကျေွးခဲ့တဲ့ ခင် ဗျားရဲ့ နို့အုံအတွက်၊

ခင်ဗျားရဲ့သား (ကျုပ်အစ် ကိုတွေ)အတွက်၊

ကမ်ဘာမြေပေါ်ရှိ မွေးစားမိ ခင်အားလုံးနဲ့ သူတို့ရဲ့သားများအ တွက်

ကျုပ်ရဲ့ တာယန်ဟဲလိုလူမျိုး တွေအတွက်၊ သူ့သားအရင်းတွေ လိုပဲ ကျုပ်ကိုချစ်ခဲ့တဲ့ တာယန်ဟဲ အတွက်၊ တာယန်ဟဲ ့ ့

ကျုပ်ဟာ ခင်ဗျားရဲ့သား၊ ခင်ဗျားရင်က ကျုပ်ကိုမွေးခဲ့တာ

ကျုပ်ခင်ဗျားကို လေးစား တယ်၊ ကျုပ် ့ ့ ့ ခင်ဗျားကို ချစ် တယ်။

ကဗျာဆရာ၏ ဒေါမာန်နှင့် ခံစားမှုက ပြင်းထန်လှုပ်ခတ်နေ သည်။ အကောင်းကိုရှာ၏။ အ ကောင်းကား မရှိတော့။ သို့ပေမဲ့၊

မိုးနှင်းကလေးတွေ တဖွဲဖွဲကျေ၀ သည့်နေ့တစ်နေ့မှာပဲ ကဗျာဖွဲ့ သူ၏ရင်ထဲက မျှော်ကိုးချက်တစ်ခု အသေအချာ ရှိနေခဲ့သည်။

ကမ်ဘာပေါ်ရှိ မွေးစားမိခင် အားလုံးနှင့် သူတိ်ု့၏သားများအ တွက်တဲ့။ ကျုပ် ခင်ဗျားကိုချစ် တယ်် - တဲ့။

မျက်လုံးထဲ ၀င်းခနဲ။ ရင်ထဲ ဒိန်းခနဲ။ ကျွန်တော့်လက်ထဲ ဆုပ် ဖမ်းမိလိုက်သည်က ထိုအချက်ပဲ ဖြစ်ပါသည်။

တာယန်ဟဲကို ချစ်သည်။ ဒါပေမဲ့ တစ်ယောက်တည်းအ တွက်မဟုတ်။ တာယန်ဟဲကဲ့သို့ နို့ထိန်းသည်မများအတွက်။ သား အရင်းမဟုတ်စေကာမူ သားအ ရင်းနှင့်မခြား ပွေ့ဖက်နမ်းရှုပ်၊ မေတ္တာတရားတွေ အထုပ်လိုက် ပေးခဲ့သည့် ကမ်ဘာပေါ်ရှိ မွေးစား မိခင်များနှင့် သူတို့၏သားများအ တွက်တဲ့။ ကဗျာ၏အလံှု့ဓာတ်က အ၀န်းကျယ်၍ နက်ရှိုင်းသည်။

သိကြတဲ့အတိုင်း ဆရာဦး တင်မိုးက ဇဂျမ်းကန်မြဲရွာသား။ ဆရာ့အသက် (၃၂) နှစ်မှာ အညာသူမိခင်ကြီး ဆုံးပါးသည်။

‘အမေဆုံးပြီ ့ ့တဲ့၊ တယ်လီ ဖုန်းအသံလာတော့၊ ဗျာကယာ စာသင်ရပ်ပါလို့’ ဟူ၍အစချီသည့် လေးချိုးကဗျာကလေး။

စာသင်နေတုန်း အမေဆုံး သည်ဟု တယ်လီဖုန်းလာသဖြင့် အပြေးသွားခဲ့သည်။ မြေးတွေကို ကော်ဖီဖျော်တိုက်ရာမှ မူးမိုက်လဲ ကျ၍ဆုံးပါးခဲ့သည်ဟု ဆရာ့အ ဖေက မျက်ရည်လည်ရွဲနှင့်ပြော သည်။ ဆရာက ဒီလို ဖြေသိမ့် သည်။

ရွာပြန်လျှင် အမေကြိုလို့၊ စားလိုရာအမေကျေွးပါတဲ့

အေးမြတဲ့ မိမျက်နှာ၊ ခုခါ တော့ပျောက်ဆုံး။

သို့လဲလေ - မေ့သားဒီလို ဖြေမပေါ့

သည်ရပ်မြေမြန် ဒေသ ဆီက၊ မိခင်တွေဟူသမျှကိုလ

မွေးမိခင်ထင်ကာလှမယ် ပေါ့

မြန်မာ့ဤမြေရေ၌၊ အမေမ သေသေးချေဟု

သားလူပေ စိတ်ဖြေတွေးလို့ ရယ်၊ ဆွေးရိပ်ကို ့ ့ ့ဖုံး။

ဆရာ့ကဗျာက အပိုမပါ။ မိခင့်ကိုယ်စား မိခင်တိုင်းကို မိမိ ၏မွေးသမိခင်ကဲ့သို့ အောက်မေ့ ဖြေသိမ့်ပါတော့မည်တဲ့။

အိုက်ကျင့်နှင့်တင်မိုး။ ကိုယ့် အမေပဲ ကိုယ်လွမ်းနေတာမ ဟုတ်။ မိမိ၏အမေကဲ့သို့ အခြား သူတစ်ပါးတို့၏ မိခင်၊ ကမ်ဘာပေါ် ရှိ မိခင်ဟူသမျှ။ မာတုဂါမ - မိခင်အနွယ်၀င်များအတွက်တဲ့။ ကြည့်၊ ဘယ်လောက်လှတဲ့နှလုံး သားတွေလဲ။ ကျွန်တော်သည် မတူသောကဗျာနှစ်ပုဒ်မှ တူသော အလှဗေဒကို အံ့သြနေမိသည်။ သူတို့ကို ပြောကြည့်ဖို့ ထက်သန် နေခဲ့သည်။

ကဗျာနှစ်ပုဒ် ဟောဖို့များ ပြာလဲ့မှာ ဇာချဲ့နေရန်ကောဟု စာဖတ်သူက ထင်မြင်နိုင်စရာရှိ ပါသည်။ မဟုတ်ပါ။

‘‘အိုက်ကျင့်ကို သိပါသ လား။ တရုတ်ပြည်ရဲ့ အထင်ကရ ကဗျာဆရာကြီးပေါ့။ တင်မိုးက တော့ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ကဗျာဆရာပါ။ တင်မိုးနဲ့ အိုက် ကျင့်ထက် (၂၃) နှစ်ငယ်တယ်။ သူတို့ နှစ်ဦးရဲ့ အသက်အရွယ်၊ မွေးဖွားတဲ့ရေမြေဒေသ မတူဘူး။ သူတို့ရဲ့ကဗျာနှစ်ပုဒ်မှာတော့ တူ ညီချက်တစ်ခုရှိတယ်။ ဒီနေ့၊ အဲဒီ အကြောင်းကို ပြောမှာဖြစ်တယ်။ ကျွန်တော်က မောင်ရင့်မာပါ’’

ကျောင်းသားတွေကို ကြည့် တော့ ကျီးကြည့်ကြောင်ကြည့်။ အိုက်ကျင့်ကို သူတို့မသိ။ မြန်မာ စာဌာနက ဒေါ်စောကြည်ကို လှမ်းကြည့်တော့ ကျွန်တော့်ကို စိမ်းစိမ်းကြီး ကြည့်နေသည်။ ‘အိုက်ကျင့်’ ဆိုသည့် အသံထွက် ကို ပြင်ပြောကြည့်မိသေးသည်။ မြန်မာပြည်မှာ နှစ်အတန်ကြာနေ ခဲ့ဖူးသော တရုတ်အဘိုးအို (မြန် မာအမည် ဦးချစ်ဖွယ်) လည်း ကူ ပြောပါ၏။ ဒါပေမဲ့ မျိုးဆက်က ကွာဟနေသည်။ ဒါ့အပြင် အိုက် ကျင့်ကိုမွေးဖွားစဉ် ‘ခိုက်လိမ့်မည်’ ဟု ဗေဒင်ဆရာဟောခဲ့တာကို လည်း ‘ခိုက်’ ဆိုသည့် အနက်ကို သူတို့သိအောင််ပြောဖို့ တော် တော်ကြိုးစားရသည်။ စကားလုံး တွေအများကြီးပြောရသည်။ ကျွန် တော် ချေွးပြန်လာပါသည်။

ကိုအော်ပီကျယ်က ‘ကြီး ကြီးကျယ်ကျယ်တွေ မပြောနဲ့လို့ ကျုပ်မပြောဘူးလား’ ဟူသည့် မျက်လုံး၀င်း၀င်းကြီးနှင့်။ သူပြော တာ သိပ်တော့ မမှားလှပါ။ သို့ သော် ဒါက သူ့သိက္ခာ ကိုယ့် သိက္ခာရှိသည်။ ချိိုမိုင်မိုင်က,ပြီး ပြန်လာလို့ဖြစ်သည်မဟုတ်။

ပီကင်းဆောင်းက အေးစက် သည်။ တက္ကသိုလ်၏ နံနက်ခင်း ကလည်း အေးစက်လှပါသည်။ ကျွန်တော်သည် မတူသော ကဗျာ နှစ်ပုဒ်နှင့် တူသောအလှဗေဒကို ပြောဖို့ ကြိုးစားခဲ့ပါသည်။ အောင် မြင်သည်မဆိုသာပါ။ ဘာသာ စကား အဆီးအတားရှိနေသည်။ ပြောနေတုန်း ချေွးပြန်လာတော့မှ နည်းနည်းနွေးလာသည်။ နေလို့ ကောင်းလာသည်။ အမှတ်တရ ပါပဲ။

ဂန္ဓာလရာဇ်ခရီးသည် ကျွန် တော့်အဖို့ မမျှော်လင့်သောခရီး ဖြစ်သည်။ တွေးစရာ၊ ငေးစရာရ ခဲ့သောခရီးဖြစ်သည်။ ထို့ပြင် လှပ၍ နူးညံ့သောနှလုံးသားအစုံ တို့ ပျော်၀င်နေသည့် ကဗျာနှစ်ပုဒ် ကို ကောက်ရခဲ့သော အမှတ်တရ ခရီးလည်းဖြစ်ပါသည်။ ။

Copied from 7Day Daily.

စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်