မာဖလာငသိန်းနှင့် ေဒေါက်ဖိနပ်လျှောက်သံ ခိုးယူခံရမှုကြီး § ထင်လင်းဦး (Wisdom Villa)
မာဖလာငသိန်းနှင့်
•••••••••••••••••••••••
ဒေါက်ဖိနပ်လျှောက်သံ ခိုးယူခံရမှုကြီး
•••••••••••••••••••••••••••••••••••••
ထင်လင်းဦး (Wisdom Villa)
7Day Daily
Wed, 2020-10-28 01:30
Issue No. No. 2610, WEDNESDAY, OCTOBER 28 , 2020
ကျွန်တော်တို့ ငယ်ငယ်တုန်းကပေါ့ဗျာ။
ကျွန်တော်က ၁၉၆၇ ခုနှစ် မွေးဆိုတော့ မဆလခေတ်မှာ ကြီးပြင်းခဲ့ရသူပေါ့။ မဆလခေတ်ဆိုတာကြီးကလည်း စာတွေထဲမှာ ဖတ်ရဖူးတဲ့ ဂျပန်ခေတ်လောက် နီးနီး အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းတွေက အလွန်ရှားတာကလား။ ယောကျ်ားတွေမှာ သမဆိုင်က ထုတ်ပေးတဲ့ ပုဆိုးကွက်တုံးကြမ်းကြမ်းကြီးတွေ၊ မရမ်းကုန်း စွပ်ကျယ်လက်စကတွေကို ဒုံးခံဝတ်ကြရတယ်။ ပုဆိုး ကြမ်းဆိုတာကလည်း ကြမ်းလိုက် သမှ ရေမချသေးဘဲနဲ့ မဝတ်ဝံ့ဘူး၊ ဝတ်မိလို့ကတော့ တင်ပါးတွေ၊ တံကောက်ခွက်တွေ၊ ခြေသလုံး အောက်နားတွေ ကော်ပတ်စားခံ သလို ဖြစ်တော့တာပဲ။ မရမ်း ကုန်းစွပ်ကျယ် ဆိုတာကလည်း ရေလျှော်လိုက်တိုင်းမှာ ကျယ် လာလိုက်တာ လက်နှစ်ဖက်က ဆင်နားရွက်ကျလို့။ မိန်းမတွေ ဆိုလည်း အဲဒီသမဆိုင်ကပဲ ပေး တဲ့ အကွက်စိပ်ဖျင်ပိတ်တွေကို အကျႌချုပ်ဝတ်ရတယ်။ သရက် ထည်လုံချည်စကို ဒုံးခံဝတ်ရ တယ်။ သရက်ထည်လုံချည်များ ဆေးကျွတ်ချက်က အင်တုံထဲ ထည့်ရေစိမ်မိရင် အင်တုံကို ဆေး ဆိုးသလိုပဲ။ တစ်ရေ၊ နှစ်ရေ လောက်လျှော်ပြီးရင် အဲဒီလုံချည် ဟာ ချောင်းဆိုးသွေးပါတီဘီရော ဂါဖြစ်နေသူရဲ့မျက်နှာလို ဖြူဖပ် ဖြူရော်လေး ဖြစ်သွားတော့တာ ကလား။
အဲဒီလို ရှားပါးလှတဲ့ခေတ် ကြီးဆိုတော့ လူတွေမှာ ကိုယ့် ပစ္စည်း၊ ကိုယ့်အသုံးအဆောင်ကို မပျောက်မရှရအောင်၊ အလွယ် တကူမပျက်စီးရအောင် အလွန်ဂရုစိုက်ကြရတယ်။ မင်္ဂလာ ဆောင် ပွဲနေပွဲထိုင်ရှိရင် ရင်းနှီးတဲ့ မိတ်ဆွေတွေဆီက တိုက်ပုံငှားပါဦး၊ ပုဆိုးငှားပါဦးနဲ့ ဝတ်ကြရ၊ အကျႌ၊ ထဘီ၊ ပဝါ ငှားဝတ်ခဲ့ကြရတဲ့ ခေတ်ဆိုးခေတ်ကျပ်ကြီးတစ်ခုပေါ့။
အဲဒီအချိန်ကာလမှာ ကျွန် တော်တို့ရပ်ကွက်ထဲက ဦးလေး ကိုလှရဲ့ မာဖလာတစ်ထည် နေ့ ခင်းကြောင်တောင် နေလှမ်းထား ရင်းနဲ့ ပျောက်ပါလေရော။ အဲဒီမာ ဖလာက ရပ်ကွက်ထဲက လူတွေ စုပြီး ကျိုက်ထီးရိုးဘုရားဖူးသွား ပြီး ပြန်အလာ ရန်ကုန်ကဆွေမျိုး တစ်ယောက်က ဦးလေးကိုလှကို ပေးလိုက်တဲ့ မာဖလာ။ ရန်ကုန်က နေ ပြန်လာတဲ့ ဧရာဝတီသငေ်္ဘာ ပေါ်မှာ ဦးလေးကိုလှက မာဖလာ ကြီးပတ်ပြီး ရှိုးထုတ်တော့ ဟိုလူ က ကိုင်ကြည့်လိုက်၊ ဒီလူက ယူ ပြီးပတ်ကြည့်လိုက်နဲ့ သဘော တွေ ကျကြ၊ ဦးလေးကိုလှက လည်း မာဖလာကြီး တကားကား နဲ့ ကောလိပ်ဂျင်နေဝင်းစတိုင် ဖမ်းလို့တဲ့။ အဲဒီမှာ ဘစံထွန်းက ယူ ကြည့်ရင်း ဆေးလိပ်မီးပွားကျလို့ သက္ကလတ်မာဖလာ အဖျားဘက် မှာ သုံးပွင့်ဆိုင်မီးပေါက်လေး တောင် ပေါက်သွားသတဲ့။ ပြန် ရောက်ကြတော့မှ ဘစံထွန်းရဲ့ သမီးလေးက လက်ချုပ်အပ်နဲ့ ဖာပေးလို့ မီးပေါက်ကနေရာမှာ ဖဲချပ်က ညှင်းပွင့်လေးလိုလို၊ အ သားတံဆိပ်လေးလိုလိုနဲ့တဲ့။
ဦးလေးကိုလှက ဒီမာဖလာ ကို သိပ်အမြတ်တနိုးတန်ဖိုးထား တယ်။ မာဖလာက သက္ကလတ် ဆိုတော့ ရေလျှော်လို့မရဘူး။ နေလည်းထုတ်ပြလိုက် ဘရပ်ရှ်နဲ့ တိုက်လိုက် ပြန်သိမ်းလိုက် လုပ်ရ တယ်။ ဖြစ်ချင်တော့ ဦးလေးကို လှက အလှူတစ်ခုသွားပြီး ပြန်အ လာမာဖလာကို ခြံစည်းရိုးမှာ တင်ပြီး နေပြထားတုန်း စောရ လက်ချက်မိသွားပါလေရော့။
အဲဒီ မာဖလာပျောက်တဲ့ ကိစ္စမှာ အိမ်နီးချင်းတွေက ဘယ် သူ့လက်ချက်ဖြစ်မယ်လို့ အတတ် ဆိုကြ ပြောကြတယ်။ ဒါပေမဲ့ ဦး လေးကိုလှကတော့ ဘာမှ မပြော ဘူး။ ဟုတ်လောက်ရဲ့၊ မှန် လောက်ရဲ့တောင် ဧည့်ထောက်ခံ မပြောဘူး။ ဒါပေမဲ့ အဲဒီလိုလာ ပြောတိုင်း သူ့မာဖလာလေးကို မြင်ယောင်ပြီး နှမြောနေတာက တော့ အသိသာကြီးရယ်။
အဲဒီလိုနဲ့ ခြောက်လလောက် ကြာတော့ အရပ်ထဲမှာ မင်္ဂလာ ဆောင်တစ်ခု ဖြစ်ပါလေရော။ ရပ်ကွက် မင်္ဂလာဆောင်ဆိုတော့ အရပ်ထဲက မိသားစုတော်တော် များများ လာကြတာပေါ့ ။ အဲဒီမှာ မင်္ဂလာပွဲလာတဲ့ လူထဲကတစ် ယောက်က လည်ပင်းမှာမာဖလာ ပတ်လို့တဲ့။
မင်္ဂလာပွဲကို လာတဲ့ ပရိ သတ်တွေက အဲဒီမာဖလာပတ် ထားတဲ့သူကိုမြင်တော့ အနား သွားကြည့်ကြ။ ပြီးတော့ တစ် ယောက်ကို တစ်ယောက်လက်တို့ ပြီး ပြောကြ။ နောက်တစ်ယောက် က သွားကြည့်၊ နောက်တစ် ယောက်ကိုပြောနဲ့ မင်္ဂလာဆောင် က အတော်ကို ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေပါရော့။ ခဏနေတော့ မင်္ဂလာဆောင်ကို ဦးလေးကိုလှ ရောက်လာပါတယ်။ လက်ဖွဲ့ ပစ္စည်းပေးရင်းနဲ့ မာဖလာပတ် ထားတဲ့သူကိုကြည့်တယ်။ ပြီး တော့ သတို့သား၊ သတို့သမီးတို့ဆီကို လျှောက်သွားရင်းနဲ့ မလှမ်း မကမ်းကနေ သေသေချာချာ ကြည့်တယ်။ နောက် မာဖလာကို သေသေချာချာကြည့်တယ်။ ပြီး တော့ သတို့သမီး၊ သတို့သားကို သွားနှုတ်ဆက်။ နှစ်ဖက်မိဘဆွေ မျိုးတွေကို နှုတ်ဆက်။ သူတို့က လည်း ကိုလှ နောက်ကျသကိုးပေါ့။ မျက်နှာတွေကတော့ အမ်း တမ်းတမ်းနဲ့။ ဟိုလူ့ကို လှမ်း ကြည့်လိုက်၊ ဦးလေးကိုလှကို ကြည့်လိုက်။ ဦးလေးကိုလှက တော့ ရယ်ရယ်ပြုံးပြုံးပဲ။ ပြီးတော့ ထိုင်တောင်မထိုင်ဘဲ ခေါင်းလေး တဆတ်ဆတ်ညိတ်ပြီး မင်္ဂလာ ဆောင်ကနေ ပြန်ထွက်သွား တယ်။ မာဖလာပတ်ထားတဲ့သူက ရပ်ကွက်ထဲက လက်စလက်နရှိ တယ်လို့ ကျော်ကြားတဲ့ ငသိန်း။
အဲဒီနောက်တော့ လူတွေ တစ်ယောက်ပြီးတစ်ယောက် ဦး လေးကိုလှကို သွားပြောကြတယ်။ ဟိုကောင် ငသိန်း ပတ်ထားတာ မင့်မာဖလာလေ။ အဲဒါကို မင်းက ဘာလို့ဘာမှမပြောတာလဲ။ မင်း မာဖလာမှာ မီးပေါက်ကို ဖာထား တာကအစ ငါတို့သိနေတဲ့ဟာ၊ ငါတို့သက်သေလိုက်မှာပေါ့၊ ဘာ ညာနဲ့ ဒေါသနဲ့ ပြောကြပေါ့။
ဦးလေးကိုလှကတော့ အေး ဆေးပဲ။ အို အစတုန်းကတည်းက သူ့လက်ချက်ပဲဖြစ်မယ်ဆိုတာ အ ကုန်သိကြတာပဲဟာ။ သူနဲ့ယှဉ် ဖက်ပြီး မဖြစ်ချင်လို့ ဘာမှမပြော ခဲ့တာလေ။ ဒီမာဖလာက ကျုပ် ပစ္စည်းဆိုတာ တစ်ရပ်ကွက်လုံး တင်မကဘူး၊ နီးစပ်ပတ်သက်သ မျှလူတွေ အကုန်သိနေတဲ့ဥစ္စာ။
အဲဒါကို အခု ဒီလိုနေရာမျိုး မှာ သူက ခိုးထုပ်ခိုးထည်ကို ပြောင်ပြောင်တင်းတင်း ထုတ် ဝတ်လာတာက ဒီထက်ပိုတဲ့ရည် ရွယ်ချက်ရှိနိုင်တယ်လေ။ ကျုပ် က သူ့ကို ဒီနေရာမှာ သူခိုးစွဲရင် မင်္ဂလာပွဲမှာ ပြဿနာထဖြစ်မှာ ပေါ့။ သူများ မင်္ဂလာယူနေတာ ကျုပ်က အနှောင့်အယှက်ပေးသလိုဖြစ်မှာပေါ့။ အဲဒါဆို ကျုပ်နဲ့ သတို့သား၊ သတို့သမီး မိသားစု တွေကြား မျက်နှာပျက်စရာဖြစ်မှာပေါ့။ ပြီးတော့ ပွဲတက်လာတဲ့ သူတွေက ကျုပ်ကို ဒီအချိန်၊ ဒီ ကာလကိုတောင် သည်းမခံနိုင်၊ မရှောင်နိုင်တဲ့ အလိုက်ကန်းဆိုး မသိတဲ့သူလို့ ပြောတာခံရမှာပေါ့။ သူမရှောင်ပေမယ့် ကျုပ်ကရှောင်ရမယ်လေ။ သူ မရှက်ပေမယ့် ကျုပ်က ရှက်ရမယ်လေဗျာ။
ကျုပ်ကတော့ ဘာမှလည်း မပြောဘူး။ ဒီလို စာရိတ္တမကောင်း တဲ့ကောင်လက်ထဲက ပစ္စည်းကို ပြန်လည်း မလိုချင်တော့ဘူးတဲ့။ တစ်ခုတော့ ကောင်းတယ်ဗျ၊ ဒီ ကောင်ဒီမာဖလာပတ်တိုင်း ‘သူခိုး’ ဆိုတဲ့ စာတန်းကို လည်ပင်းမှာဆွဲ ထားသလို တစ်ရပ်ကွက်လုံးက သိနေကြမှာပဲဟာ... တဲ့။
နောက်တော့ အဲဒီငသိန်း လည်း မာဖလာ မပတ်တော့ပါ ဘူး။ ဒါပေမဲ့ သူနဲ့အပေါင်းအသင်း တွေကိုတော့ ပြောတယ်ဆိုပဲ။ ရပ် ကွက်ထဲက လူတွေက ငါ့ကို သူခိုး ... သူခိုးနဲ့ပြောနေကြတာ။ သူတို့ သက်သေပြနိုင်ကြလို့လား .. တဲ့။ ပြန်ကြားရတဲ့သူတွေမှာတော့ တ ခွီးခွီးနဲ့။ ဘာမှတော့ မပြောကြ ဘူး။
ဒါပေမဲ့ ငသိန်းကို မြင်ရင် တော့ သူတို့လှမ်းထားတဲ့ အကျႌ တွေ၊ ပုဆိုးတွေ၊ ကလေးအနှီးက အစ ကမန်းကတန်း ရုပ်ကြတော့ တာပဲ။
၂၀၂၀ ပြည့်နှစ် ရွေးကောက် ပွဲ မဲဆွယ်ကာလမှာ ပါတီအသီး သီးက အောင်နိုင်ရေးသီချင်းတွေ ရေးကြ၊ ဗီဒီယိုတွေရိုက်ကူးကြ၊ ထုတ်လွှင့်ကြတယ်ဗျ။ အဲဒီလို အ သီးသီးအသက ထုတ်လွှင့်ခဲ့ကြရာ မှာ NLD ရဲ့ အောင်နိုင်ရေးသီချင်း တစ်ပုဒ်ကတော့ အတော်ကို ပေါက်ခဲ့တယ်။ အဲဒီသီချင်းက တော့ ဂျပန်နိုင်ငံရောက် မြန်မာ အမျိုးသား ဆိုင်းဆရာ၊ ဂီတမှူး ဗိုလ်သူရိန် ရေးစပ်ပြီး မမိမိလေး (ခ) မီရှဲလ် သီဆိုထားတဲ့ ‘ဒေါက်ဖိနပ်လျှောက်သံ’ သီချင်းပါ။ ဒီသီ ချင်းကတော့ မြန်မာနိုင်ငံတစ်နံ တစ်လျားသာမက မြန်မာတွင် ရှိ နေတဲ့ နိုင်ငံအသီးသီး၊ ဒေသအ သီးသီးအထိ တစ်ဟုန်ထိုးပေါက် သွားခဲ့တဲ့သီချင်းလို့ ဆိုရမယ့်သီ ချင်းပါပဲ။
ငိုအားထက် ရယ်အားသန်စရာ ဖြစ်လာတာက အဲဒီသီချင်း သံစဉ်တေးသွားကို NLD မဟုတ် တဲ့ ပါတီကြီးတစ်ခုက ပိုင်ရှင်ထံ ခွင့်မတောင်း၊ ပိုင်ရှင်ရဲ့ခွင့်ပြုချက် လည်းမရယူဘဲ ခိုးယူပြီး ယုတ် ယုတ်ကြမ်းကြမ်း စာသားတွေ ထည့်ဆိုပြီး အသံသွင်း၊ အဲဒီအသံ သွင်းထားတဲ့ သီချင်းကို ဖွင့်ပြီး အောင်နိုင်ရေး လှည့်လည်သတဲ့။ ပြည်သူ့ပါတီ NLD ဆိုတဲ့နေရာမှာ ထောင်ထွက်ပါတီ NLD လို့ ထည့်ဆိုသတဲ့။ ခွပ်ဒေါင်းတို့ပါတီ ဆိုတဲ့နေရာမှာ မွတ်ဒေါင်းစုတ် ပါတီလို့ ထည့်ဆိုသတဲ့။ ရင့်သီး ရိုင်းပျလှချည့်။
တို့မျိုးဆက်ရဲ့ အနာဂတ်တွေ ကမ်ဘာ့အလယ်မှာ ဂုဏ်ယူနိုင် စေရာ ... အမေစုရဲ့မေတ္တာတရား ဘယ်သူနဲ့မှ နှိုင်းယှဉ်မရဆိုတဲ့ နေရာမှာ တို့မျိုးဆက်ရဲ့ အနာ ဂတ်တွေ အရွယ်မရောက်ခင်မှာ တစ်သီတစ်တန်း ဖာတန်းရောက် မယ့်မေတ္တာတရားလို့ ပြောင်းပြီး ဆိုသတဲ့။ ဘုရား ... ဘုရား ။ ဒါ ဟာ ပါတီတစ်ခုရဲ့ မဲဆွယ်သီချင်း ထဲက စကားလုံးတွေတဲ့လား။ ရုန့် ရင်းကြမ်းတမ်းလှချည့်လား။ သံ စဉ်က သူများပါတီရဲ့အောင်နိုင် ရေး သီချင်းသံစဉ်ကို ခိုးထားတဲ့ သံစဉ်တေးသွား၊ စာသားတွေက မောင်နဲ့နှမ၊ သားနဲ့အမိ မကြားဝံ့ မနာသာ။
အဲဒါတိုင်းပြည်ကို ဦးဆောင်ဖို့ ရွေးကောက်ပွဲဝင်မယ့် ပါတီကြီးတစ်ခုရဲ့ အောင်နိုင်ရေးသီချင်းတဲ့လား။
နွားထိုးကြီးမှာလည်း အဲဒီ သီချင်းကိုဖွင့်ပြီး ကိုယ်စားလှယ် တွေရဲ့ အမည်ဓာတ်ပုံတွေချိတ်ဆွဲ ပြီး အောင်နိုင်ရေးလှည့်လည်သ တဲ့။ မြဝတီမှာလည်း အဲဒီသီ ချင်းကိုဖွင့်ပြီး လှည့်လည်သတဲ့။ ဘုရား ...ဘုရား ။
မခံမရပ်နိုင်ကြတဲ့သူတွေက တော့ ဒီကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြပြီးတိုင် ကြားကြမတဲ့။ ကျွန်တော်ကတော့ ဘာမှမပြောလို၊ မတိုင်လည်း မတိုင်လိုပါဘူး။ နားထဲမှာတော့ ဦးလေးကိုလှရဲ့ စကားတွေကိုပဲ ပြန်ပြီးကြားယောင်နေမိပါတယ် ။
ဒီမာဖလာ (မင်္ဂလာဆောင်ကို ငသိန်းပတ်လာတဲ့ မာဖလာ)က ကျုပ်ပစ္စည်းဆိုတာ တစ်ရပ်ကွက် လုံးတင်မကဘူး၊ နီးစပ်ပတ်သက် သမျှလူတွေ အကုန်သိနေတဲ့ဥစ္စာ လို့ ဦးလေးကိုလှပြောခဲ့သလိုပဲ။ ဒီသီချင်း သံစဉ်ဟာ ဗိုလ်သူရိန် ရေးတဲ့ ‘ဒေါက်ဖိနပ်လျှောက်သံ’ သီချင်းရဲ့သံစဉ်၊ NLD ရဲ့ အောင် နိုင်ရေး သီချင်းသံစဉ်ဆိုတာ တစ် နိုင်ငံလုံးတင်မကဘူး၊ ကမ်ဘာတစ် လွှားက မြန်မာများ အကုန်သိနေ တဲ့ သီချင်းသံစဉ်လေဗျာ။ ဒါကြီး ကို ပိုင်ရှင်မသိ၊ ခွင့်မပြုဘဲ ယူ တယ်ဆိုတာက ဗုဒ္ဓအဆုံးအမအရ ခိုးမှုမြောက်နေပြီလေ။ အဲဒီသံစဉ် ကို ခိုးယူစာသားထည့်ပြီး လူတောထဲ လှည့်တယ်ဆိုတာ နည်းတဲ့မိုက်ကန်းမှု၊ အရှက်ကင်းမှုမှ မဟုတ်တာ။
ကိုလှရဲ့ မာဖလာကို ခိုး ထားပြီးတော့မှ လူတကာစုံတဲ့ မင်္ဂလာဆောင်ပွဲလို နေရာမျိုးမှာ ပြောင်ပြောင်တင်းတင်း ထုတ် ဝတ်လာတယ်ဆိုကတည်းက ဒီ ငသိန်းမှာ ရည်ရွယ်ချက်ရှိနိုင် တယ်ဆိုတဲ့အတိုင်းပဲ ရင့်သီး ရိုင်းပျ ရုန့်ရင်းကြမ်းတမ်းလှတဲ့ စာသားတွေထည့်ထားတဲ့ ခိုး ထုပ်ခိုးထည်သံစဉ်ကို အသံချဲ့ စက်တွေနဲ့ဖွင့်ပြီး ရွာစဉ်လှည့် တယ်ဆိုကတည်းက စော်ကား ချင်တဲ့ ရည်ရွယ်ချက်အပြင်ပြဿ နာဖန်တီးချင်တဲ့ ရည်ရွယ်ချက် လည်း ပါနိုင်တာပေါ့။ ဒါက စဉ်း စားရမယ့် အချက်ပေပဲဗျ။
ဒီသီချင်းကို ကြားတဲ့အခါ မခံမရပ်နိုင်တဲ့သူတွေက ထွက် လာကြမယ်။ ဒါမှမဟုတ် အောင် နိုင်ရေး လှည့်လည်ယာဉ်တန်း ချင်းဆုံတဲ့အခါ ကြားရတဲ့အခါ မခံမရပ်နိုင်ဖြစ်ကြမယ်။ အဲဒီအခါ ဒေါသနဲ့ပြောမယ်ဆိုမယ်။ စိတ်မ ထိန်းနိုင်ဘဲ ဆဲမိဆိုမိကြမယ်။ ဒီ အခါကျတော့ ဒီဘက်ကဆဲလို့ ဟို ဘက်က မခံနိုင်ဘဲ ပြန်ရိုက်တယ်၊ ခဲနဲ့ထုတယ် ဆိုတာမျိုးတွေ ဖြစ် လာနိုင်တယ်လေ။ ကန့်ဘလူ ကာဘိုးမှာ ဒီလိုနဲ့ပဲ လူတစ်ယောက် အသက်ဆုံးရှုံးခဲ့ရပြီ မဟုတ်လား။ ဒီလိုနဲ့ ထိန်းမနိုင်သိမ်းမရ အခြေအနေတွေဖြစ်လာရင် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်တယ်လေ။
ဦးလေးကိုလှကတော့ သူ့မာဖလာကို ခိုးပြီး လည်ပင်းပတ် ထားတဲ့သူကို မင်္ဂလာဆောင်မှာ ခိုးထုပ်ခိုးထည်နဲ့ တွေ့တာတောင် စိတ်ကို ထိန်းနိုင်ခဲ့တယ်။ ‘ကျုပ်က သူ့ကို ဒီနေရာမှာ သူခိုးစွဲရင် မင်္ဂ လာပွဲမှာ ပြဿနာထဖြစ်မှာပေါ့။ သူများမင်္ဂလာယူနေတာ ကျုပ်က အနှောင့်အယှက်ပေးသလိုဖြစ်မှာ ပေါ့’တဲ့။ အဲဒါဆို ကျုပ်နဲ့ သတို့ သား၊ သတို့သမီး မိသားစုတွေ ကြား မျက်နှာပျက်စရာဖြစ်မှာ ပေါ့။ ပြီးတော့ ပွဲတက်လာတဲ့သူ တွေက ကျုပ်ကို ဒီအချိန်၊ ဒီကာ လကိုတောင် သည်းမခံနိုင်၊ မရှောင်နိုင်တဲ့၊ အလိုက်ကန်းဆိုး မသိတဲ့သူလို့ ပြောတာခံရမှာ ပေါ့။ သူ မရှောင်ပေမယ့် ကျုပ်က ရှောင်ရမယ်လေ။ သူ မရှက်ပေ မယ့် ကျုပ်က ရှက်ရမယ်လေဗျာ -လို့ ဆိုခဲ့တယ်။
ကျွန်တော်ကလည်း သီချင်း သံစဉ်သူခိုးကို လူပုံအလယ်မှာ ဗီဒီယိုဖိုင်နဲ့ လက်ပူးလက်ကြပ် မိထားပေမယ့် ‘သူခိုး’ လို့ လက် ညှိုးထိုးမပြောတော့ပါဘူး။ ကိုယ် ကပြောချင်တောင်မှ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့ မိခင်ကြီးရဲ့ မေတ္တာစေတနာကို တန်ဖိုးထားရမယ်လေ။ ကိုယ့် ကြောင့် ပြဿနာလည်းအဖြစ် မခံနိုင်ဘူး။ ရွေးကောက်ပွဲကို လည်း အထိအခိုက်မခံနိုင်ဘူး လေ။ အဲဒီတော့ သည်းခံရမှာပေါ့။
အဲဒီတော့ ဦးလေးကိုလှရဲ့ စကားအတိုင်းပဲ ‘ကျွန်တော်လည်း ဘာမှမပြောတော့ဘူး’။ တစ်ခု တော့ ကောင်းတယ်ဗျ။ ဒီကောင် ဒီမာဖလာပတ်တိုင်း ‘သူခိုး’ ဆိုတဲ့ စာတန်းကို လည်ပင်းမှာ ဆွဲထား သလို တစ်ရပ်ကွက်လုံးက သိနေ ကြမှာပဲဟာ .... လို့ဆိုတဲ့အတိုင်း ပဲ။ ဒီသီချင်းနဲ့ လှည့်လည်နေတဲ့ ဗီဒီယိုဖိုင်ကို ပြည်သူတွေကြည့်ရ၊ မြင်ရတိုင်းမှာ ဒီသီချင်းနဲ့ အောင် နိုင်ရေးလှည့်တဲ့သူတွေဟာ ဘယ် လိုလူတွေပါဆိုတာ ပြည်သူတွေ က သိကြမှာပဲလေ။ ယုတ်စွအဆုံး ဒီအသံနဲ့ ဒီဟန်တွေကို မြင်တာနဲ့ ဘာတွေ သတိထားရမယ်ဆိုတာ ပြည်သူတွေ သိရင်ပြီးတာပဲဟာ။ မာဖလာ ငသိန်းကိုမြင်တာနဲ့ ရပ် ကွက်ထဲကလူတွေက သူတို့လှမ်း ထားတဲ့ အကျႌတွေ၊ ပုဆိုးတွေ၊ ကလေးအနှီးကအစ ကမန်းက တန်း ရုပ်ကြတော့သလိုပေါ့... နော့်။ ။
(ဆောင်းပါးရှင် ထင်လင်းဦး (Wisdom Villa)သည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာနှင့် နိုင်ငံရေး ဝေဖန်သုံးသပ်ချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြုပြင် ပြောင်းလဲရေးဆိုင်ရာ ဆောင်း ပါးများ၊ စာတမ်းများ၊ ၀တၳုများ ရေးသားနေသူဖြစ်သည်။)
Copied from 7Day Daily.
စလေ ငနော့
Comments
Post a Comment