Posts

Showing posts from August, 2021

စစ်အေးစစ်ပွဲကြီးနှင့် မြန်မာသတင်းစာများ၊ စစ်အေးစစ်ပွဲကြီးနှင့် ပြည်မြန်မာ 🖋 ကြေးမုံဦးသောင်း

Image
စစ်အေးစစ်ပွဲကြီးနှင့် မြန်မာသတင်းစာများ၊ စစ်အေးစစ်ပွဲကြီးနှင့် ပြည်မြန်မာ ကြေးမုံဦးသောင်း ▪ စစ်အေးစစ်ပွဲကြီးနှင့် မြန်မာသတင်းစာများ  ၁၉၄၈ ခု နှစ်ဆန်း၌ လွတ်လပ်ရေးကြေညာချိန်မှ စတင်ပြီး နိုင်ငံခြားသံရုံးများ လာရောက်လာကြသောအခါတွင် သူတို့နိုင်ငံများ အကြောင်းနှင့် သူတို့နိုင်ငံ၏ မူဝါဒများကို ဝါဒဖြန့်ကြရန်အတွက် သံရုံးတိုင်းက သတင်းလွှာအမျိုးမျိုး ထုတ်ကြသည်။ မြန်မာသတင်းစာများတွင် ထိုသတင်းများ ဖော်ပြရန်အတွက် သံရုံးများက မြန်မာသတင်းစာဆရာများကို ပလူးကြရာတွင် ပထမ အရက်သေစာများနှင့် ဆွဲဆောင်မိတ်ဖွဲ့သည်။ နိုင်ငံခြားအရက်အကောင်းစားနှင့် ဧည့်ခံသည့် သံရုံးကြက်မြီး ပါတီများတွင် မြူးတူးပျော်ပါးကြရာမှ ဆရာအတော်များများ သိက္ခာကျကြရရှာသည်။ နောက်ပိုင်းတွင်မူ အခကြေးငွေလက်ခံပြီး သံရုံးဝါဒဖြန့်သတင်းများ ပုံနှိပ်ကြသည်အထိ သိက္ခာပျက်ကုန်ကြသည်။ အယ်ဒီတာတို့က ရောင်းစားသည်လည်း ရှိသည်။ ပိုင်ရှင်ကိုယ်တိုင်က ရောင်းစားသည်လည်း ရှိသည်။ သတင်းလွှာအများ အယ်ဒီတာများ၏ စားပွဲသို့ ဘာသာပြန်ပြီး အသင့်ရောက်လာကြသည်။ အမေရိကန်နှင့် အင်္ဂလိပ်သံရုံးတို့ ထုတ်ပြန်သော သတင်းလွှာများတွင် သတင်းအချက်အလက်အများ ပါရှိလေ့ရှိသောကြောင့် ပုံနှိပ်သူ များသည...

ဒီမိုကရေစီအစိုးရနှင့် ရင်ဆိုင်ကြခြင်း 🖋 ကြေးမုံဦးသောင်း

Image
ဒီမိုကရေစီအစိုးရနှင့် ရင်ဆိုင်ကြခြင်း ကြေးမုံဦးသောင်း အင်္ဂလိပ်နယ်ချဲ့ကို တိုက်ခဲ့ကြစဉ်က ခေါင်းဆောင်ခဲ့ကြသော သတင်းစာများသည် မြန် မာနိုင်ငံ လွတ်လပ်ချိန်တွင်မူ သူတို့၏ ရပ်တည်ချက်နှင့် ရှုထောင့် ပြောင်းကြရလေသည်။ တိုက်ပွဲကာလ နိုင်ငံရေးအင်အားစုနှင့် သတင်းစာများအဖို့ မဟာမိတ်အဖြစ် ညီညွတ်ခဲ့ကြ သော်လည်း ကိုယ့်မင်းကိုယ့်ချင်း ဖြစ်လာသည့်အခါ၌ မင်းနှင့် မင်းဆရာအဖြစ် လိုက်လျောညီ ထွေ ဖြစ်မလာကြတော့ချေ။ အာဏာရ နိုင်ငံရေးသမားများအဖို့ မင်းတို့၏ မာနတက်လာ ကြတော့သည်။ သတင်းစာများကလည်း ရဲဘော်ရဲဘက်များ ဖြစ်ခဲ့သောကြောင့် သင့်တင့် သရွေ့ မရိုသေနိုင်ဘဲ မင်းတို့၏ ခေါင်းကို ခေါက်သော အပြုအမူများ ပြုမိတတ်သည်။ ပွင့် လင်းစွာ ဝေဖန်ရေးသားမိကြသည်။ ပြည်တွင်းစစ်အခြေအနေအရ ပါလီမန်တွင် အတိုက်အခံအင်အားစု ခိုင်ခိုင်မာမာ မရှိလေ သောကြောင့် အစိုးရ၏ မူဝါဒနှင့် လုပ်ဆောင်ချက်များကို ဝေဖန်စိစစ်မှု အားပျော့နေခဲ့သည်။ ယင်းတာဝန်ကို သတင်းစာဆရာများက မဟာမိတ် အတိုက်အခံများအဖြစ် ရပ်တည်လုပ် ဆောင်ကြသောအခါတွင် အာဏာရ နိုင်ငံရေးသမားအချို့နှင့် ထိပ်တိုက်ရင်ဆိုင်ကြရသည်။ ပဋိပက္ခများ ပေါ်ပေါက်လာလေ့ရှိ၏။ စာရေးဆရာ ဝန်ကြီးချုပ်ဦးနုသည် သတင်းစာတို့ လွတ် လပ်ခွ...

ပြည်တွင်းစစ်မီးကြီးစတင်တောက်လောင်ခြင်း၊ ပြည်တွင်းစစ်နှင့် ရှင်သေမင်း 🖋 ကြေးမုံဦးသောင်း

Image
ပြည်တွင်းစစ်မီးကြီးစတင်တောက်လောင်ခြင်း၊ ပြည်တွင်းစစ်နှင့် ရှင်သေမင်း ကြေးမုံဦးသောင်း ▪ ပြည်တွင်းစစ်မီးကြီးစတင်တောက်လောင်ခြင်း မြန်မာနိုင်ငံတွင် ယနေ့အထိ တောက်လောင်နေသော ပြည်တွင်းစစ်မီးကြီးကို စတင်ပြီး မီးရှို့ခဲ့သူမှာ နိုင်ငံရေးအစွန်းထွက်ပြီး များစွာ အယူသည်းသူ အလံနီကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးဖြစ်သည်။ ကမ္ဘာစစ်ဦးကာလကမူ အင်္ဂလိပ်အစိုးရ၏ အကျဉ်းသားအဖြစ် မြင်းခြံထောင်တွင် ထောင်နန်းစံနေသူ ဖြစ်ပါလျက် “အခုဖြစ်ပေါ်နေတဲ့ ကမ္ဘာစစ်ကြီးမှာ ဖက်ဆစ်အင်အားစုနှင့် ဒီမိုကရေစီအားအင်တို့ ရင်ဆိုင်တိုက်ကြရသည် ဖြစ်သောကြောင့် မြန်မာများ ဒီမိုကရေစီ အင်္ဂ လိပ်အစိုးရကို ကူညီကြပါစို့” ဟု နိုင်ငံရေးစစ်တမ်းထုတ်ခဲ့သည်။ ဂျပန်ကို အကူအညီမပေး ကြရန် လမ်းစဉ်ချမှတ်ပြီး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ကြီးကို ၁၉၄၁ ခုနှစ်က မျိုးစေ့ချ တည်ထောင်ခဲ့သည်။ ဂျပန်စစ်တပ်နှင့် ပူးပေါင်းပြီး အင်္ဂလိပ်တို့ကို တိုက်ခိုက်နေကြသူတို့လည်း စိုးကြီး၏ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို လက်ခံအားပေးခဲ့သဖြင့် ဖဆပလအဖွဲ့ချုပ်ကြီး ပေါ် ထွန်းလာခဲ့သည်။ စိုးက နိုင်ငံရေး ခေါင်းဆောင်၊ ဗိုလ်ချုပ်အောင်ဆန်းက စစ်ခေါင်းဆောင် အဖြစ် တာဝန်ယူကာ ...

ဂျပန်လက်အောက် သတင်းစာများ၊ သည်းဖိုတုန်လှုပ် ဆွတ်ပျံ့ကြည်နူး ရသမျိုးစုံ 🖋 ကြေးမုံဦးသောင်း

Image
ဂျပန်လက်အောက် သတင်းစာများ၊ သည်းဖိုတုန်လှုပ် ဆွတ်ပျံ့ကြည်နူး ရသမျိုးစုံ ကြေးမုံဦးသောင်း ▪ ဂျပန်လက်အောက် သတင်းစာများ စစ်ကြီးအတွင်းတွင် ဂျပန်စစ်တပ်က မြန်မာနိုင်ငံကို သိမ်းပိုက်ရာတွင် နိုင်ငံရေးအင်အားစုအချို့က ဂျပန်နှင့် ပူးပေါင်းခဲ့သော်လည်း သတင်းစာများက ဂျပန်ကျူးကျော်သူများကို တင် ကြိုပြီး ဆန့်ကျင်ခဲ့ကြသည်။ မြန်မာသတင်းများက တရုတ်-ဂျပန်စစ်ပွဲသတင်းများမှ ဂျပန်တို့က ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်သည်များကို ဖော်ပြဆန့်ကျင်ကြသည်။ အထူးသဖြင့် ၁၉၃၈ ခုနှစ်ဆန်းကာလက ဂျပန်စစ်တပ်ကြီးက တရုတ်ပြည်၊ နန်ကင်းမြို့တော် တမြို့လုံးကို သတ်ဖြတ်ပွဲကြီး ကျင်းပခဲ့သည်ကို မြန်မာသတင်းစာများက ဓာတ်ပုံနှင့်တကွ ဖော်ပြကာ ပြစ်တင်ရှုတ်ချ ကြလေသည်။ မြို့သူမြို့သား သုံးသိန်းတို့ကို ဂျပန်စစ်တပ်များက ကိုယ်တပိုင်းမြေမြှုပ်ကာ သံချပ်ကာကားများနှင့် နင်းကာ သတ်ခြင်း၊ သေနတ်လက်တည့်စမ်း ပစ်မှတ်အဖြစ် ပစ်ခတ်ကာ သတ် ဖြတ်ကြခြင်း၊ လျှာနှင့် လည်ချောင်းကို သံချိပ်နှင့် ဖောက်ဆွဲကာ ချိပ်ဆွဲထားပြီး လှံစွပ်နှင့် ထိုးသတ်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ အမျိုးသမီးမှန်သမျှကို မတရားပြုကျင့် ပြီးမှ သတ်ဖြတ်ခြင်း စသည့်တို့ကို သတင်းဓာတ်ပုံများနှင့်...

လွတ်လပ်ရေးတိုက်ပွဲနှင့် မြန်မာသတင်းစာများကဏ္ဍ၊ သတင်းစာတို့၏ ပွဲဦးထွက်တိုက်ပွဲ 🖋 ကြေးမုံဦးသောင်း

Image
လွတ်လပ်ရေးတိုက်ပွဲနှင့် မြန်မာသတင်းစာများကဏ္ဍ၊ သတင်းစာတို့၏ ပွဲဦးထွက်တိုက်ပွဲ ကြေးမုံဦးသောင်း ▪ လွတ်လပ်ရေးတိုက်ပွဲနှင့် မြန်မာသတင်းစာများကဏ္ဍ အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို သူတို့၏ ကျွန်နိုင်ငံဖြစ်လေပြီဟု ၁၈၈၆ ခု၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ကြေညာသည်။ မြန်မာများက လက်မခံပါ။ သူ့ကျွန်မခံပြီဟု ပြန်လည်တိုက် ခိုက်ကြလေသည်။ သေနတ်နှင့် အုပ်ချုပ်သော အင်္ဂလိပ်အစိုးရကို ဓားများ၊ လှံများနှင့် ပြန်လည် တိုက်ခိုက်ခဲ့ကြ၏။ ရဲရင့်စွာ တိုက်ခိုက်သော မြန်မာသူပုန်များကို အင်္ဂလိပ်တို့က စစ်အင်အားကြီးမားစွာ အသုံးပြုကာ ချေမှုန်းတိုက်ခဲ့ရလေသည်။ ထိုစဉ်က လူဦးရေ (၃,ဝဝဝ,ဝဝဝ) သုံးသန်းသာရှိသော အထက်မြန်မာလူထုကို အင်္ဂလိပ်စစ်ပုလိပ် (၁၇,၃၈၆) ဦးနှင့် နှိမ်နင်းရလေရာ မြန်မာ (၁၇၃) ဦးတွင် အင်္ဂလိပ်စစ်သား တဦးနှုန်း စောင့်ကြပ်နှိမ်နင်းရပါသည်။ အိန္ဒိယပြည်၊ ဘင်္ဂလား နယ်တွင် တိုင်းရင်းသား (၂,၉၀၂) ဦးတွင် အင်္ဂလိပ်စစ်သား တဦးနှုန်း ထိန်းကွပ်ရသည်နှင့် နှိုင်းစာပါက မြန်မာများ မည်မျှလှုပ်ရှားခဲ့သည်ကို ခန့်မှန်းနိုင်ပါ၏။ အင်္ဂလိပ်တို့အဖို့ ငြိမ်းချမ်းရေးရရှိရန်၊ တရားဥပဒေစိုးမိုးသည့် အစိုးရဖြစ်မြောက်ရန် နှစ်ပေါင်း များစွာ အားထုတ်ရလေသည်။ ၁၉...

ဒီမိုကရေစီအစိုးရနှင့် သတင်းစာများ 🖋 ကြေးမုံဦးသောင်း

Image
ဒီမိုကရေစီအစိုးရနှင့် သတင်းစာများ ကြေးမုံဦးသောင်း တင်မောင်တို့ သတင်းစာဆရာများအဖို့ အင်္ဂလိပ်ခေတ်က ကျွန်ဘဝသာ ဖြစ်ခဲ့သော် လည်း ယဉ်ကျေးသော အစိုးရများဖြစ်ကြသောကြောင့် လွတ်လပ်မှုအရသာကို ကောင်းစွာခံစားခဲ့ရလေသည်။ လွတ်လပ်သော မြန်မာအစိုးရခေတ်သို့ ရောက်သောအခါတွင်မူ သတင်းစာ တို့၏ တန်ခိုးဩဇာကြီးမားလာကာ အစိုးရအဖွဲ့ဝင်များနှင့် သတင်းစာဆရာများသည် ထီးပြိုင် နန်းပြိုင်ဘုရင်များ ဖြစ်လာကြတော့သည်။ ဒီမိုကရေစီအစိုးရဟူသည်မှာ ပြည်သူတို့က ဆန္ဒမဲ ပေးကာ တင်မြှောက်သည့် အစိုးရမင်းများဖြစ်ကြလေရာ လူထုကိုယ်စားလှယ်များဖြစ်ကြသည်။ နိုင်ငံရေးအစိုးရတို့နှင့်အတူ သတင်းစာများသည်လည်း မင်းတပါးဖြစ်လာခဲ့တော့၏။ ၁၉၅၆ ခုနှစ်က ဖြစ်ရပ်ကလေးကို တင်ပြပါရစေ။ “အမိန့်ရှိပါခင်ဗျာ။ နိုင်ငံတော်ဝန်ကြီးချုပ်အိမ်က စကားပြောနေပါတယ်။ ဘယ်က ခေါ်ပါသလဲခင်ဗျာ။” “ကျနော် ဦးတင်မောင်ပါ။ ဗမာ့ခေတ်သတင်းစာ အယ်ဒီတာချုပ်ပါ။”   “ဟုတ်ကဲ့ ဦးတင်မောင်၊ ကျနော်က ဝန်ကြီးချုပ်ရဲ့ အတွင်းရေးအရာရှိတဦးပါ။ ကျနော် ဘာလုပ်ပေးရမလဲခင်ဗျာ။” “ကျနော် အခုချက်ချင်း ဝန်ကြီးချုပ်နှင့် တွေ့လိုပါတယ်။”  “အခု ဘယ်အချိန်ရှိပြီဆိုတာ သိပါသလားခင်ဗျာ။” “သိပါတယ်လေ။ ည (၁၁) နာရီခွဲ ကျော်ပါပြီ။ အချိန်န...

အမွန်အစပေါ်ဦးစ မြန်မာသတင်းစာများ 🖋 ကြေးမုံဦးသောင်း

Image
အမွန်အစပေါ်ဦးစ မြန်မာသတင်းစာများ ကြေးမုံဦးသောင်း မြန်မာသတင်းစာတို့သည် လွတ်လပ်စွာ ဖွားမြင်လာခဲ့ကြပေသည်။ လွတ်လပ်ခွင့်ကို အစဉ်တဆက် ထိန်းသိမ်းလာသော အင်္ဂလိပ်တို့က သတင်းစာများကို ဗမာပြည်နှင့် မိတ်ဆက်ပေးခဲ့သည်။ ရန်သူတို့က ယူဆောင်လာသည်ဖြစ်စေကာမူ မြန်မာ ဘုရင်နှင့် မြန်မာများက အင်္ဂလိပ်သတင်းစာများကို ထူးခြားဆန်းပြားသော စိတ်ကူးတခုအဖြစ် များစွာ ကြိုက်နှစ်သက်ကြလေသည်။ ပွင့်လင်းသော မြန်မာစာပေနှင့် သန်စွမ်းသော ဘာသာ ရေးအခြေအနေများသည် လွတ်လပ်သော သတင်းစာများ တိုးတက်စည်ပင်နိုင်သည့် မြေ ကောင်းရေကောင်း ဖြစ်နေလေသည်။ ထိုကြောင့် အင်္ဂလိပ်တို့ သယ်ဆောင်လာသည့် သတင်း စာကို “တယ်ကောင်းပါလား” ဟုဆိုကာ စိတ်ဝင်စားကြလေသည်။ မြန်မာတို့သည် မြန်မာစာကို (၁၁) ရာစုနှစ် ပုဂံခေတ်က စတင်ရေးသားခဲ့ကြသည်။ ထိုခေတ်က ရှေးမြန်မာကြီးများသည် ကျောက်ပြားများပေါ်တွင် ထွင်းထုကာ စာရေးသား ကြပြီး နောင်လာနောက်သား ဖတ်ရှုရန်အတွက် ထားရှိခဲ့ပေသည်။ ယခုထက်တိုင် ကျောက်စာ ပေါင်း (၅၀၀) ကျော်ကို ဖတ်ရှုနိုင်ကြသေးသည်။ “လွတ်မြောက်ပြီဖြစ်သော ငါသည် မလွတ် လပ်သေးသူတို့အား လွတ်စေအံ့” ဟု အလောင်းစည်သူ ဘုရင်ကြီးက ခရစ်သက္ကရာဇ် ၁၁၅ဝ ခုနှစ်က ရေးခဲ့သည်ကို ဖတ်ရှုကာ ဗုဒ္ဓအဘ...

နိဒါန်း - စစ်တပ်နည်းနှင့် သတင်းစာထုတ်လုပ်ပုံ 🖋 ကြေးမုံဦးသောင်

Image
နိဒါန်း - စစ်တပ်နည်းနှင့် သတင်းစာထုတ်လုပ်ပုံ ကြေးမုံဦးသောင်း “ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဗိုလ်မှူးကြီးစိန်လွင်ကို တွေ့လိုက်ပါ။ (၉) နာရီမှာ စောင့်နေလိမ့်မယ်”ဟု တင်မောင်၏ အထက်အရာရှိဖြစ်သော ပြန်ကြားရေးဝန်ကြီးက ဖုန်း ဆက်ပါသည်။ ဗိုလ်မှူးကြီးစိန်လွင်မှာ တင်မောင်မတွေ့ချင်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပါ၏။ သူက ဘာကြောင့် တွေ့ချင်ပါလိမ့်။ တင်မောင်အဖို့ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် သတင်း ကိစ္စအဝဝကို တာဝန်ယူရသူ ဖြစ်ပါသောကြောင့် ဝန်ကြီးများ၊ ပါတီခေါင်းဆောင်များက ဆင့် ခေါ်ကာ သတင်းပိတ်စေရန် အမိန့်ပေးခြင်း၊ သတင်းကြေညာချက် ပေးခြင်းများ ပြုသည်ကို ဆောင်ရွက်ရစမြဲဖြစ်ပါသည်။ သို့သော် ဗိုလ်မှူးကြီးစိန်လွင်က မခေါ်ဖူးပါ။ မိမိ၏ ရာထူးအဆင့်နှင့် တာဝန်အရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် ဆက်ဆံရသည်။ အစည်းအဝေးများ၊ ဧည့်ခံပွဲများတွင် တွေ့ဆုံရင်းနှီး ကြရသည်။ ထိုသို့ ရင်းနှီးသူများတွင် ဗိုလ်မှူးကြီးစိန်လွင် မပါခဲ့ပေ။ ကျနော်ကိုယ်တိုင်ကပင် သူနှင့် မျက်နှာချင်းမဆိုင်မိစေရန် ရှောင်ရှားခဲ့ပါသည်။ အကြောင်းမှာ သူနှင့် တကြိမ်တွေ့ခဲ့ ဖူးသောကြောင့် ဖြစ်သည်။ တခါတွေ့ခဲ့သည်နှင့်...