Posts

Showing posts from September, 2020

စံပယ်ဦး § ဒဂုန်တာရာ

Image
စံပယ်ဦး ••••••••••••••• ဒဂုန်တာရာ အသင်သည် လယ်ပိုင်ရှင် ဦးဝေလင်း ၏ ဧည့်ခန်းဆောင်တွင် ရပ်ကာငေးနေလေ၏ အသင်သည် လယ်သူဖြစ်၍လယ်ရှင် ထံသို့လာခဲ့လေသည်။ မနက်စောစောကတဲ က လှေကလေးနှင့်လာခဲ့သည်။ အရုဏ်ဦးမြူ တို့သည် ဝေဆိုင်းလျက်ရှိလေရာ.ကြယ်တစ် ပွင့်စ နှစ်ပွင့်စမှာမြစ်ရေထဲသို့ကျရောက်နေ လေသည်။ သူတို့သည် ရေထဲသို့နစ်မြုပ်၍မ သွားပဲ နီဖျော့ဖျော့မြူရိပ်၌ ပေါလောပေါ်ကာ တဖျပ်ဖျပ် လက်နေကြသည်။ လှေသည် ထိုကြယ်ပြောက်နေရာဆီသို့ ဦးတည်သွားနေလေသည်။ သို့သော်ကြယ် ကလေးမှာ ဝေး၍သာ သွားလေသည်။ "ကြယ်ကလေးက လူတွေနဲ့ဝေးအောင်ပြေး နေတယ်" ဟု အသင်က လှေဦးမှလှော်နေ သော သူ့မောင် သာဆင့်ကို လှမ်းပြောလိုက် သည်။ မြစ်အကွေ့ကျော်၍ ဇလပ်ပင်စုသို့ ရောက်လာလေပြီ။ "ဟုတ်တယ် အစ်မရဲ့ ကြယ်ကလေးက ကျွန်တော်တို့လှေကို ကျော်ပြေးနေတယ်" မကြာမီ နွယ်ကြိုးများတွဲလောင်းကျဆင်း ကာ အမျှင်အမြှေးများ ယှက်သန်းဖွဲ့ဆိုင်းနေ သောဇလပ်ပင်ကြီးအောက်မှ လှေကိုဖြတ် သွားရလေသည်။ ပလုံခနဲ ဇလပ်သီးတစ်လုံး ကြွေကျသံကြားရသည်။ လှေသည်လည်း ဇလပ်ပင်ရိပ်မှ ထွက်စပြုလေပြီ။ "အစ်မ ဇလပ်သီးကြွေတယ်" "ဟဲ့ မဆယ် နဲ့ တို့မြို့အရောက်နောက်ကျနေမယ်...

စာဘယ်လိုရေးသလဲ § ဝင်းငြိမ်း

Image
စာဘယ်လိုရေးသလဲ ••••••••••••••••••••••••••• ဝင်းငြိမ်း စာဘယ်လိုရေးသလဲ ခေါင်းစဉ်တပ်လိုက်တော့... "လက်နဲ့ရေးတာပေါ့"လို့ ဖြေချင်သူတွေ ရှိပါလိမ့်မယ်။ ကျွန်တော် ပြောချင်တာက စာကို ရေးချင်ပါရက်နဲ့ မရေးဖြစ်သူတွေအတွက် စာရေးဆရာမတစ်ဦးရဲ့ စာ ဘယ်လိုရေးတယ် ဆိုတဲ့ အကြောင်းအရာပါ။ မြန်မာစာရေးဆရာများအတွက် အများစုက လက်နဲ့ရေးကြတာ မှန်ပေမဲ့ တစ်ချို့ကလည်း ကိုယ်တိုင်ကွန်ပျူတာစာစီပြီး ရေးနေတဲ့သူတွေ ရှိနေပါပြီ။ ကွန်ပျူတာ စာစီတတ်သူများ အတွက် ကွန်ပျူတာနဲ့ ရေးတာက ပိုပြီး အဆင်ပြေတယ်ဆိုတဲ့ စကားသံတွေလည်း ကြားလာရပါပြီ။ စာရေးတယ်ဆိုတဲဲ့နေရာမှာ ဘာကြောင့် ရေးဖြစ်တာလဲ၊ ဘယ်အချိန်မှာရေးဖြစ်တာလဲ ဆိုတဲ့ အကြောင်းအရာများကို နာမည်ကြီး စာရေးဆရာမတစ်ဦး ဖြစ်တဲ့ အယ်လိဇဘက်ဖလော့ခ်က ပြောထားပါတယ်။ သူက တိုင်း(မ်)မဂ္ဂဇင်းကြီးနဲ့ ပီးပဲ(လ်)မဂ္ဂဇင်းတို့မှာ သတင်းထောက်အဖြစ် စာမရေးခင် ဆန်ဖရန်စစ္စကိုက ရုပ်မြင်သံကြား အစီအစဉ်တစ်ခုမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ နယူးယောက်မြို့ကို ပြောင်းရွှေ့နေထိုင်တဲ့အခါ CBS သတင်းဌာနအတွက် သတင်းရေးသားခဲ့ပြီး အင်္ဂလန်နိုင်ငံမှ ဒိုင်ယာနာမင်းသမီး ကွယ်လွန်ခြင်းသတင်း၊ ပုပ်ရဟန်းမင်းကြီးရဲ့ သမိုင်းတွင်တဲ့...

တီဗွီနာ § မစန္ဒာ

Image
တီဗွီနာ ••••••••••••• မစန္ဒာ ဦးမောင်မောင်လတ်သည် မှန်ထဲတွင် သူ့ကိုယ်သူ အသေအချာကြည့်မိသည်။ အသားအရေက ခြောက်နေသည်။ အိပ်ရေး မဝသော မျက်လုံးများက ခပ်စင်းစင်း မျက် တွင်းက ခပ်ကျကျ။ ဦးမောင်မောင်လတ် သက်ပြင်းချမိသည်။ ဧည့်ခန်းထောင့်က တီဗွီ ကို စောင်းကြည့်သည်။ ဒါကြောင့်… ◾ သူတို့နေသော ရပ်ကွက်ကလေးကမြန်မာ ရပ်ကွက်ဖြစ်သည်။ အိမ်ခြေစိပ်သည် ဖုန်ထူ သည် ခြင်ပေါသည် ကလေးပေါသည်။ ညနေတိုင်ကျလျှင် သူတို့လမ်းကျဉ်းလေး တွင် ကလေးများနှင့် ပြည့်နေသည်။ ကစား ကွင်းကလည်း သီးသန့်မရှိလေတော့ ဒီလမ်း ပေါ်တွင်ပင် ဂေါ်လီရိုက်ကြ၊ သားရေကွင်းပစ် ကြ၊ ထုပ်ဆီးတိုးကြ လိုက်တမ်းပြေးတမ်း ကစားကြနှင့် ဆူညံနေသည်။ တစ်ခါတစ်ရံတော့လည်းငိုသံကြားရသည် ဟိုဘက်အိမ်က ကလေးကို ဒီဘက်အိမ်က ကလေးက ထိပ်ကိုထုသောကြောင့်ဖြစ်၏။ ဟိုဘက်အိမ်က ကလေးကလည်း ဒီဘက် အိမ်က ကလေး၏ မျက်နှာကို ပြန်ကုတ် သည်။ ကစားပွဲပျက်ကာ လုံးထွေးသတ်ပုတ် ကြသည်။ အမေချင်းဆက်၍ စကားများကြ သည်။ အဖေတွေက မျက်နှာထားတင်းတင်း နှင့်တစ်ဦးကိုတစ်ဦး မျက်စောင်းခဲသည်။ ကိုယ့်ကလေးကို ကိုယ်အိမ်ထဲဆွဲသွင်းသည် တံခါးကို ဂျိုင်းခနဲပိတ်သည်၊ တခြားအိမ်တွေ က တခြားအမေတွေကလည်း 'အေ…သံ ချောင်း...

ငယ်စာရင်း ဖျက်လိုက်တော့ဘုရား § ခင်နှင်းယု

Image
ငယ်စာရင်း ဖျက်လိုက်တော့ဘုရား ••••••••••••••••••••••••••••••••••• ခင်နှင်းယု ခုနစ်တန်းတုန်းက ဇနက္ကကို သင်ရစဉ် ဇနက္ကသည် တောသို့ နောက်ဆုံးဝင်ချိန်တွင် မြက်ပင်ကို ဖြတ်ပြကာ တောသို့ဝင်သွား၏။ မြက်ပင်အပြတ်သည် ပြန်ဆက်၍ မရတော့ပြီကို သိသော သီဝလိဒေဝီ သည် မြေတွင် လူးလှိမ့်ကာ ဆတ်ဆတ်လူး၍ ကျန်ရစ်ရှာသည်။ ထိုစဉ်က ခင်ခင်ကြီး၏ စိတ်တွင် သီဝလိဒေဝီသည် သဲလွန်းသည် ဟု ထင်မိခဲ့၏။ ယနေ့ မိမိတို့၏ နှစ်ဆယ့်ငါးနှစ်မြောက် လက်ထပ်ပွဲ နေ့မှာ အများထင်သလို ငယ်မူမပြန်နိုင်... “နောက်ဆံ မယ်မတင်းရအောင် ငယ်စာရင်း ဖျက်လိုက်တော့ ဘုရား” ဆိုသော မိဖုရားတစ်ပါး၏ တေးထပ်ကဲ့သို့ ... တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှာ ဦးကျော်စွာနှင့် ဒေါ်ခင်ခင် ကြီးတို့၏ လက်ထပ်သော အနှစ် ၂၅ နှစ်မြောက် ငွေရတုသဘင် ဆင်ယင်ကျင်းပသော နေ့ဖြစ်လေသည်။ လက်ထပ်ပွဲသာ ၂၅ နှစ်မြောက်သည် မဟုတ်၊ ဦးကျော်စွာအတွက်လည်း အသက် ၅ဝ ပြည့်ပြီ ဖြစ်၍ မွေးနေ့ပွဲကိုပါ တစ်ပါတည်း ရော၍ ခြံထဲတွင် ကျင်းပသည်။ ကောင်းကင်တွင် လဝန်းက ဝင်းဝင်းပပ သာလျက် ရှိ၏။ မြေပြင်တွင်လည်း တန်ဆောင်ဆီမီးတို့က တညီးညီး ဝင်းထိန်လျက် ရှိလေသည်။ သူတို့ခြံဝင်းထဲတွင်မူ လျှပ်စစ်မီးရောင်စုံများသည် ကျောက်ခက်ပန်းရုံများ ကြားတွင် ပ...

ဂါရဝ ခဲကြမ်း § မင်းကိုနိုင်

Image
ဂါရ၀ ခဲကြမ်း ••••••••••••••••• မင်းကိုနိုင် (မိုးမခ) မေ ၁၃၊ ၂၀၁၅ တက္ကသိုလ်နယ်မြေ ဟိုအရင်ကျနော်တို့ မရောက်မီခေတ်များက ဟောပြောပို့ချချက်ကောင်းသည့် ဆရာများအချိန်တွင် သက်ဆိုင်ရာ အတန်းသားများသာမက အဓိက အထူးပြုဘာသာရပ်မတူကျောင်းသားများပါ စိတ်အားသန် လာနားထောင် လေ့ရှိခဲ့ကြသည်။ ခန်းလုံးပြည့်သာမက အခန်းဘေးစင်္ကြန်များဆီပါ ပြည့်နှက်လျှက် ထိုပို့ချသူ ဆရာများထဲတွင် ဆရာကြီး ဦးခင်မောင်လတ်လည်း အပါအ၀င်။ သူ့ပို့ချချက်တွေက ကျောင်းစာမေးပွဲအတွက်သာမက ဘ၀စာမေးပွဲအတွက်ပါ အကြုံး ၀င်သည်ကိုး။ တနှစ်စာမက တသက်စာ တန်ဖိုးရှိသည်ကိုး။ တက္ကသိုလ်မြေ “ပြည်-တကောင်း”ဆောင်၊ လိပ်ခုံးဆေးတက္ကသိုလ်အနီး ဆရာကြီးနှင့် ဇနီးဒေါ်ခင်မျိုးချစ်တို့ နေခဲ့သည့် “အေးရိပ်သာ”သည် တချိန်က ပညာရပ်၀န်း၏ အမှတ်တရတခုဖြစ်ခဲ့သည်။ နောင်တချိန်တွင် ထင်ရှားသည့် စာရေး ဆရာ ပညာရှင်အလောင်းအလျာများ ဆုံစည်းရာလည်းဖြစ်သည်။ စာရေးဆရာထင်လင်း၊ ဆရာမကြည်အေးတို့လည်း ထို အေးရိပ် သာမှာ နားခိုခဲ့ကြဖူးသည်။ အေးရိပ်သာမှသည် ပြည်ရိပ်သာလမ်းအိမ် ရောက်သည်အထိ ဆရာသော်တာဆွေ၊ ဆရာနိုင်၀င်းဆွေတို့လည်း ကွန်းခိုခဲ့ကြ သည်။ ဆရာဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်တို့ အရိပ်မှ စာပေနယ်စင်မြင့်သို့ ရောက်လာ...

မျိုးဆက် မကွာဟခြင်း (သို့မဟုတ်) ဒဂုန်တာရာနှင့် ထူးအိမ်သင် § ချစ်ဦးညို

Image
မျိုးဆက် မကွာဟခြင်း (သို့မဟုတ်) •••••••••••••••••••••••••••••••••• ဒဂုန်တာရာနှင့် ထူးအိမ်သင် •••••••••••••••••••••••••••••• ချစ်ဦးညို မိုးဝေ စာပေမဂ္ဂဇင်းကို ဆရာနတ်နွယ် ဦးစီးခဲ့သောကာလ။ ၁၉၇ဝ အလွန် မင်းသား ကြီး ကောလိပ်ဂျင်နေဝင်း အိမ်၊ ဟာမစ်တစ် တွင် ဆရာ ဒဂုန်တာရာ နေထိုင်ခဲ့စဉ်ကဖြစ်၏။ မိုးဝေတွင် ကလောင်သွေး လက်တွေ့နေ သော ကျွန်တော်သည် တစ်နေ့သား ဆရာ့ဆီရောက် ခဲ့သည်။ ဆရာမြဝင်း(ဒဿန)၊ ဆရာ ဦးခင်မောင်တင်(မဟာဂီတ)တို့ အတူပါလာသည် ဟု ရေးတေးတေး မှတ်မိပါသည်။ အဲဒီအချက် က လွဲချင်လွဲနိုင်သည်။ မလွဲနိုင်သော မှတ်မိ ခြင်းက ဆရာနှင့်မဟာဂီတ အကြောင်း တစ်ထိုင်စာ စကားပြောခဲ့ရခြင်းပင် ဖြစ်သည်။ ကျွန်တော် တို့ရောက်တော့ ''ဆရာတာရာ ဧည့်သည်တွေလာတယ်ဗျို့''ဟု အော်ခေါ် ပေးလိုက်သည့် မင်းသားကြီး၏ အသံကို ကြား ယောင်နေဆဲပင်။ ဆရာက သူ၏ 'ကွန်း'ထဲ မှထွက်လာသည်။ ဧည့်ခန်းတွင် ထိုင်ကြရင်းက ဘယ်လို စကားစပ်မိသွားသလဲ မသိပါ။ ပတ္တလားမှ ငါးပေါက်နှင့် စန္ဒရားမှ KEY F တို့အသံ မတူကြကြောင်း စကားလမ်းကြောင်းရောက်သွားသည်။ ကျွန်တော်တို့ထဲမှ တစ်ယောက်က ငါးပေါက်ဆိုရင် F ပဲမဟုတ် လားဟုပြောရာ ဆရာ ဒဂုန်တာရာက စန္ဒရား ခုံသို့ ရွှေ့ထိုင်ပြီး...

မညိုပြာ ကောလိယချောင်း နံဘေးမှာ နေသည် ၂ ဇာတ်သိမ်း § မိုးမိုး (အင်းလျား)

Image
မညိုပြာ ကောလိယချောင်း •••••••••••••••••••••••••••••••• နံဘေးမှာ နေသည် (အပိုင်း ၂ ဇာတ်သိမ်း) ••••••••••••••••••••••••••••••••••••••••• မိုးမိုး (အင်းလျား) “အို၊ ဒါတော့ ကိုက ငွေကို စုမှ မစုဘဲ၊ ပြီတော့ ဆေးခန်းဖွင့်ပါ ဆိုလဲ မဖွင့်ဘူး၊ ပုသိမ်မှာတုန်းက စုမိသားပဲ” “ဒါလဲ ဟိုပြောင်း သည်ရွှေ့နဲ့ ကုန်ခဲ့ပြီ မဟုတ်လား ဝါဝါရယ်။ ကိုကသာ ကြိတ်မှိတ် စုပေးခဲ့ပေမယ့် ဝါဝါ ရန်ကုန်မှာ နေရတဲ့ အတွက် မစုမိတဲ့ အပြင် အိမ်ကတောင် ပို့ပို့ပေး နေရတယ် မဟုတ်လား၊ ဒီမှာ ဆေးခန်းဖွင့်ဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူး ဝါဝါ၊ ဆရာဝန်ကြီးရော ကိုရော ဆေးရုံမှာတင် မအားမလပ်အောင် လုပ်နေကြရတယ်၊ ရန်ကုန်က ဆရာဝန် တချို့ကသာ လာဖွင့်နိုင်တာ၊ တကယ်တမ်း ဖြစ်လာတော့လဲ ဆေးရုံကိုပဲ အားကိုးပြီး ပြေးလာကြရတာ” “ကိုပဲ ဒီကို ပြောင်းချင်လှချည်ရဲ့ ဆိုပြီး ပြောင်းလာတာပဲလေ” “ဟုတ်တယ်လေ၊ အဲဒီအတွက်လဲ ကို ရှင်းပြခဲ့ပြီးပြီပဲ” “ခုကော ကိုက ဘာတွေ ဖြစ်စေချင်သေး လို့လဲ” “ဝါဝါ အလုပ်ထွက်ပြီး ဒီကို ပြောင်းလာဖို့ပဲ၊ ဒါမှမဟုတ်လဲ ဒီမှာရှိတဲ့ အလုပ် တစ်ခုခုကို ပြောင်းလုပ်” “အို ဟင့်အင်း၊ ကိုယ်ရပ်ကိုယ့်ရွာ မဟုတ်ဘဲ ဝါဝါ မနေချင်ဘူး” “ဝါဝါ လက်ထပ်ခဲ့တာလဲ ကိုယ့်ရပ်ကိုယ့်ရွာက လူမှ မဟု...