စံပယ်ဦး § ဒဂုန်တာရာ
စံပယ်ဦး
•••••••••••••••
ဒဂုန်တာရာ
အသင်သည် လယ်ပိုင်ရှင် ဦးဝေလင်း
၏ ဧည့်ခန်းဆောင်တွင် ရပ်ကာငေးနေလေ၏
အသင်သည် လယ်သူဖြစ်၍လယ်ရှင်
ထံသို့လာခဲ့လေသည်။ မနက်စောစောကတဲ
က လှေကလေးနှင့်လာခဲ့သည်။ အရုဏ်ဦးမြူ
တို့သည် ဝေဆိုင်းလျက်ရှိလေရာ.ကြယ်တစ်
ပွင့်စ နှစ်ပွင့်စမှာမြစ်ရေထဲသို့ကျရောက်နေ
လေသည်။ သူတို့သည် ရေထဲသို့နစ်မြုပ်၍မ
သွားပဲ နီဖျော့ဖျော့မြူရိပ်၌ ပေါလောပေါ်ကာ
တဖျပ်ဖျပ် လက်နေကြသည်။
လှေသည် ထိုကြယ်ပြောက်နေရာဆီသို့
ဦးတည်သွားနေလေသည်။ သို့သော်ကြယ်
ကလေးမှာ ဝေး၍သာ သွားလေသည်။
"ကြယ်ကလေးက လူတွေနဲ့ဝေးအောင်ပြေး
နေတယ်" ဟု အသင်က လှေဦးမှလှော်နေ
သော သူ့မောင် သာဆင့်ကို လှမ်းပြောလိုက်
သည်။ မြစ်အကွေ့ကျော်၍ ဇလပ်ပင်စုသို့
ရောက်လာလေပြီ။
"ဟုတ်တယ် အစ်မရဲ့ ကြယ်ကလေးက
ကျွန်တော်တို့လှေကို ကျော်ပြေးနေတယ်"
မကြာမီ နွယ်ကြိုးများတွဲလောင်းကျဆင်း
ကာ အမျှင်အမြှေးများ ယှက်သန်းဖွဲ့ဆိုင်းနေ
သောဇလပ်ပင်ကြီးအောက်မှ လှေကိုဖြတ်
သွားရလေသည်။ ပလုံခနဲ ဇလပ်သီးတစ်လုံး
ကြွေကျသံကြားရသည်။ လှေသည်လည်း
ဇလပ်ပင်ရိပ်မှ ထွက်စပြုလေပြီ။
"အစ်မ ဇလပ်သီးကြွေတယ်"
"ဟဲ့ မဆယ်
နဲ့ တို့မြို့အရောက်နောက်ကျနေမယ်"
အသင်သည် လှေကိုတစ်ချက်ယက်လိုက်
ရာ လှေသည်လှိုင်းကလေးများကို ခွဲ၍တစ်ရှိန်
ထိုးတက်သွားလေသည်။ ဇလပ်သီးကြွေကျ
သဖြင့်ငြိမ်နေသော ငွေသားမြစ်ပြင်မှာ တွန့်
ယှက်ကာ အဝိုင်းအဝိုင်းဖြစ်သွားလေသည်။
"ကြည့်စမ်းအစ်မ ကြယ်တွေပွားသွားပြီ သုံး
လေး ငါး ဟောခြောက်ခုဖြစ်သွားပြီ အစ်မ
နော် နော်"
လှိုင်းဂယက်ကလေးများ
ကြောင့် ရေတွင်ကျနေသော အရုဏ်ဦးတာ
ရာကလေးသည် ကြေးမုံဝယ် ဝါးသွားကာ
အပွင့်ကလေးများသည် ကွဲကွာသွားကြ၏။
သာဆင့်မှာပျော်မြူးသော စိတ်ဖြင့်လက်
တစ်ဖက်က ရေကိုယက်ကာဆော့နေလေ၏
"ဟဲ့ ကောင်လေး မဆော့နဲ့ လှော်မှာသာ
လှော်"
မြူတို့သည်နီရာမှ တဖြည်းဖြည်းဝါစ
ပြုလေပြီ။ ကောင်းကင်မှပတ်ကြားအက်ရာ
များကို အထင်းသားမြင်လာရလေပြီ။ အက်
ရာများမှ ပတ္တမြားရည် စို့ထွက်လာသည်။
ထို့နောက်ပတ္တမြားလုံးကြီးသည် မြစ်
လယ်တွင် ဘွားခနဲ တွဲလွဲချိတ်လိုက်လေပြီ။
မြစ်ရေမှာ ရဲခနဲ နီလာသည်။ ပတ္တမြားမြစ်ရေ
ပတ္တမြားမြစ်ကမ်း ပတ္တမြားဇလပ်ရွက် ပတ္တ
မြားဓနိပင် သာဆင့်၏ ဖန်ခေါင်းတုံးမှာပင်
ပတ္တမြားဆေးခြယ်ထားလေပြီ။
"အစ်မရေ…ပတ္တမြားကြီးနှစ်လုံးဖြစ်နေ
တယ်နော်"
ဇာပဝါကိုလှပ်ကာ နေနတ်မယ်
ပျိုကလေးသည် မြစ်ကြေးမုံဝယ်အလှကြည့်
နေသည်။ တောရိပ် တောင်ရိပ်တို့သည်ပြတ်
ပြတ်သားသားပေါ်လေပြီ။ ကျေးငှက်ကလေး
တို့သည် တေးသီကျူးနေလေပြီ။ ကြယ်က
လေးများရေနက်ထဲရောက်သွား၍ သူ၏ကံ
ကြမ္မာကို သာဆင့်က ပူပန်နေလေသည်။
"အစ်မရေ… ကြယ်ကလေးက ရေငုပ်သန်ရဲ့
လားဟင် ရေအောက်ကသစ်ခေါက်တွေမှာ
ငြိနေလို့ ပြန်တက်နိုင်ပါ့မလား ကြယ်ကလေး
ပြန်တက်ပါဗျာ" ဟု သာဆင့်ကလက်အုပ်ချီ
ကာဆုတောင်းလေသည်။
"ညကျရင် ပြန်တက်မှာပေါ့ ရေအောက်မှာ
သွားအစာရှာတာ"
"ကနကုတ်နဲ့ သွားတွေ့ရင် ဘယ့်နှယ့်လုပ်
မလဲနော် အစ်မ"
"ဟဲ့ကောင်လေး… လှော်
ဦး နောက်နှစ်ကွေ့လောက်ကွေ့လိုက်ရင်မြို့
ရောက်မှာပဲ"
ကျီးကန်းတစ်အုပ်သည် သူတို့ကိုဖြတ်ကာ
ပျံသန်းသွားကြသည်။ ခေါတောကုလားခတ်
သော ငှက်တစ်စင်းမှာ ဘုရားရှိခိုးနေသဖြင့်
ရေလည်တွင်လည်ကာ မျောနေ၏။
အသင်ကား ယမုံနာ၏ ကြည်နူးသာယာ
ဖွယ်ရှုခင်းကို စိတ်မဝင်စား ရိုးနေပြီ။ မြို့ကိုပဲ
စိတ်ကစောနေသည်။ လှေဝမ်းကတ်တွင်တင်
ထားသော အုန်းသီး ငှက်ပျောခိုင်ဒိန်ချဉ်များ
ကိုတစ်ချက်လှမ်းကြည့်ရင်း ဒီနှစ်တော့ ခါ
တိုင်းထက် ၅၀ လောက်ပိုချေးမယ်။ ပေးမှ
ပေးပါ့မလားဟုတွေးနေလေသည်။ အုန်း
ငှက်ပျော ဒိန်ချဉ်များမှာ လယ်ရှင်ဖို့လက်
ဆောင်များဖြစ်ကြလေသည်။
အသင်၏ စိတ်ကူးထဲတွင် ချေးငွေအတိုး
စသည်များကို တွက်ကာနောက်နှစ်အတွက်
စပါးဘယ်လောက်ပိုထွက်အောင်လုပ်ရမည်
ကိုသာ စဉ်းစားနေလေသည်။ အသင်သည်
မျက်နှာသုတ်ပဝါကို ပြင်၍ပေါင်းကာမြစ်
လယ်သို့ငေးမောနေသော သာဆင့်အား…
"ဟဲ့…သာဆင့် လှော်ဟာရောက်တော့မယ်
စက်တွေတောင်မြင်လာရပြီ" ဟုလှမ်းပြော၏။
မြို့အစွန်ရှိ သွပ်မိုးဂိုဒေါင် စပါးစည်ခေါင်းတိုင်
နှင့်ဆန်စက်ကို မြင်နိုင်လေပြီ။ ဘောဂဗလ
ဆန်စက်ဟူသောစာလုံးကိုပင် ဖတ်ကြည့်နိုင်
လေပြီ။ နေရောင် ပူနွေးနွေးသည် အသင်၏
မျက်နှာကို လာရိုက်သည်။
(၂)
အသင်သည်ဧည့်ခန်းဆောင်ထောင့်ရှိ
နံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားချပ်
ကိုကြည့်ရင်း အံ့သြနေလေသည်။ စံပယ်ပွင့်
များ ခပ်ရိုင်းရိုင်းဖူးပွင့်နေသော တောစံပယ်
ပွင့်များ…
"တို့တောမှာ စံပယ်တွေ သိပ်ပေါတာ မမြင်
ချင်လို့ အဆုံး မပန်ချင်လို့အဆုံး သူတို့မြို့က
တော့ ပန်းချီပုံဆွဲပြီး ကျကျနန အမြတ်တနိုး
ထားတယ်နော်" ဟုအသင်ကတွေးလေသည်။
ပန်းချီကားပေါင်မှာ ဘိလပ်ရွှေပေါင်ဖြစ်၍ခမ်းနား
လှပေသည်။
"ဘာများဆန်းလို့လဲတော်" ဟု အသင်က
တွေးသည်။ စံပယ်ပန်းများမှာ လှတော့လှ၏။
ခါတိုင်းတောမှာ သူတို့မြင်နေကျထက်တော့
ပိုလှသည်။ ပွင့်လွှာချပ်များမှာ ငွေရောင်ကဲ့သို့
ဖြူဖွေးစင်ကြယ်၏။ တောတွင်မြင်နေကျနှင့်
တော့ပို၍ ငွေသွေးကျ၏။ အဖြူစက်များမှာ
ဟိုတစ်ပြက် ဒီတစ်ပြက် ပြိုးပြက်ကာလင်း
နေ၏။ အသင်သည် နောက်သို့တစ်လှမ်း
ဆုတ်ကာ စောင်းငဲ့၍ ကြည့်ပြန်လေသည်။
"ဟုတ်တယ်…တို့တောက စံပယ်နဲ့ မတူ
ပေါင် သူကငွေရောင် တယ်တောက်တာပဲ
အဖြူစက်တွေ သိပ်များတယ်" ဟု အသင်
က စိတ်ထဲမှ ဝေဖန်နေပြန်၏။
ပန်းချီကားအောက်တွင် "စံပယ်ဦး" ဟုအ
မည်ပေးထား၏။ သူတို့ဟာ ဘယ့်နှယ့်ပါ
လိမ့် တောမှာကျုပ်တို့ မခူးချင်ဆုံးဟာက မြို့
မှာအမြတ်တနိုးပုံ ရေးပြီး ပြရပါကလား။
အသင်သည် ရယ်ချင်နေလေသည်…
"အစ်မရေ…ဒီမှာလာကြည့်စမ်း"
အသင်သည် သာဆင့်ကြည့်နေသောပန်းချီ
ကားကို သွားကြည့်သည်။ မြစ်ကမ်းစပ်မှ တဲ
ကလေးတစ်လုံး တဲခြေတံမှာ ရေစပ်နုံးထဲ
တွင်စိုက်ထားသည်။ တဲမှာ ခနော်နီ ခနော်နဲ့
ကဲလားတစ်ချပ် ထောက်နှင့်ထောက်ကာဖွင့်
သည်။ ကမ်းစပ်မှာ ယိုင်နေသောတံတားတစ်ခု
ရေစပ်မှာ ရွှံ့ ဗွက်များ။ ဘဲကလေးတစ်ကောင်
ရေကူးနေသည်။ ဘဲကလေးဘေးတွင်အရွက်
ချွန်မြမြနှင့် ခရာပွင့်ဖြူလွလွများက ထိုးထိုး
ထောင်ထောင်…
"အစ်မရယ်…ဒါများ အလုပ်တစ်ခုလုပ်ပုံ
ဆွဲထားတယ် ဘာများထူးဆန်းလို့လဲ ခရာ
ပင်ဆိုတာ သိပ်ပေါတာ" ဟု သာဆင့်က မဲ့
ကာရွဲ့ကာ ပြောလိုက်လေသည်။
အသင်သည် ဤတောကားကို အနားကပ်
ကြည့်မိလေသည်။
"ဟုတ်ပါရဲ့ဘာများဆန်း
လို့လဲ ရွှံ့ ညွန်ဗွက်များရေးထားလိုက်တာ
စိတ်ပျက်စရာ ရွှံ့ ဗွက်များကြီးကြီးကျယ်
ကျယ်လုပ်ပန်းချီရေးရတာ အံ့ပါရဲ့တော်
အောက်နားက ဘာစာတန်းထိုးထားပါလိမ့်"
"တို့တောရွာ"
"အမယ်တို့တောရွာဆိုပါက
လား ပန်းချီကားပေါင်ကလည်း ရွှေကွပ်လို့
တော်တော် အဖိုးတန်မှာပဲ သူတို့မြို့ကပန်းချီ
ဆရာတွေဘာလို့များ တို့တောစိတ်ပျက်စရာ
ကိုပုံဆွဲရပါလိမ့်နော်။ တဲကလေးတွေမိုးမလုံ
နေမလုံ ရွှံ့ ဗွက်ကထူ ခြင်ကကိုက် သူတို့မြို့
လို လန်ချားတို့ မော်တော်ကားတို့ဓါတ်ရှင်တို့
လည်းမရှိဘူး"
"တို့တောရွာတဲ့ သူတို့တောများဘယ်နှစ်ခါ
ရောက်ဖူးလဲ မော်တော်ဘုတ်နဲ့လာ ကြက်
တောင်းပြီး အရက်သောက်ပြန်သွားကြတာ
ပဲ။ တဲက တဲနဲ့မတူဘူး ကဲလားထောက်တာ
လဲမှားနေတယ်။ ဓနိမိုးကလဲ သိပ်လှနေတယ်
တကယ်က ဒီလိုမှ မဟုတ်ဘဲနော်"
"ခရာပင်က သာမတူသေး အရွက်ကဆူး
တောင်တွေလိုဟာလည်းမပါဘူး။ ခရာပွင့်က
လဲငွေပန်းလိုပဲ ကြည့်လို့တော့ကောင်းပါရဲ့
တကယ်နဲ့လည်းမတူဘူး။ အလကားပါ။ ပန်းချီ
ဆရာက တတ်လည်းမတတ်ဘူး။ ဒါနဲ့ တို့
တောရွာတဲ့ ရယ်စရာ သိပ်ကောင်းတာပဲ
နော်။ ကျွန်တော်တို့ရွာနော် သူတို့ ရွာမဟုတ်
ဘူး" ဟု သာဆင့်က တဖျစ်တောက်တောက်
ပြောနေလေသည်။
ဧည့်ခန်းဆောင်မှာ တောကားများဖြင့်ပြည့်
နေသည်။ သာဆင့်သဘောအရမူ ဒီတော
ကားတွေဟာအတုတွေပဲဟု ထင်လေသည်။
"ဟဲ့ကောင်လေး တိတ် ခြေသံကြားတယ်
အဘတို့ အိပ်ရာက နိုးပြီထင်တယ်"
ဒီတော့မှ သာဆင့်လဲ ရပ်သွားသည်။
"အလကား မြို့ ကလူတွေ ညာတာပါ။
တောကို တကယ်သူတို့ကြိုက်တာမဟုတ်ပါ
ဘူး ကြိုက်ရင်တောလာနေပါလား။ ရွံ့ ဗွက်ထဲ
လမ်းလျှောက် ခြင်ကိုက်ခံကြည့်ပါလား အ
လကားပါ… ဘယ်တော့မှဖိနပ်ချွတ်တာ
မဟုတ်ဘူး ရွှံ့ ပေမှာသိပ်ကြောက် ခြင်ကိုက်
မှာ သိပ်ကြောက်တဲ့ လူညာတွေပါ"
အသင်သည် ဧည့်ခန်းဆောင်ထောင့်ရှိ
ကြေးပန်းအိုးအောက်တွင်ကျနေသောစက္ကူ
တစ်ရွက်ကို လှမ်းကောက်လိုက်လေသည်။
ဝတၳုမဂ္ဂဇင်းအဖုံးမှပုံကား ရွှေတိဂုံဘုရားခြေ
ရင်း မော်တော်ကားအနီကြီးရပ်ထားပုံ ကား
ထဲမှမြို့သူခေတ်ဆန်မယ်က ထွက်လာပုံ။
အသင်တို့မောင်နှမနှစ်ယောက်သည်ခေါင်း
ပူးကာ ကြည့်ကြလေသည်။
"ရွှေတိဂုံဘုရားလည်းပါတယ်နော် မော်
တော်ကားကြီးကလည်းသိပ်လှတာပဲ အနီ
ရောင် အကျၤ ီလက်ကပြတ်လို့ ဘာဖြစ်လို့
လဲဟင်…စုတ်သွားတာလား" ဟု သာဆင့်
ကမေးလေသည်။ "မသိတော့လား" ဟု
အသင်ကဖြေသည်။ အသင်သည်ကြေမွလု
မတတ်တွန့်နေသောပုံကားကို တရိုတသေ
ဖုန်များခါကာ ဆန့်နေလေသည်။
"အစ်မ သိမ်းထား ကျွန်တော်တို့အိမ်မှာ
ဆွဲထားရအောင် ရွှေတိဂုံဘုရားပုံလည်းပါ
တယ်။ မြို့သူနဲ့မော်တော်ကားလဲပါတယ်နော်
…နော်"
ထိုအခိုက် လှေကားဆီမှ စကား
ပြောသံ ခြေသံ အသံဗလံများကြားရလေ၏
အသင်သည် စက္ကူရွက်ကို သပ်နေရင်း
က ကမန်းကတန်း ခေါက်ကာ ထဘီကြား
သို့ ထားမည်ပြုသည်။
"အစ်မ ဘုရားပုံပါတယ် ငရဲကြီးလိမ့်မယ်
ထဘီထဲမထည့်နဲ့" ဟု သာဆင့်က မျက်လုံး
ပြူး မျက်ဆံပြူးနှင့်ပြောမှ အသင်ကသတိရ
လေသည်။ ခြေသံများလည်းနီးလာလေပြီ
"အစ်မ…မြန်မြန်"
အသင်သည် စက္ကူအခေါက်ကလေးကို
ခေါင်းပေါင်းထားသော မျက်နှာသုတ်ပဝါထဲ
သို့ တုန်ရီသောလက်ဖြင့် ကပျာကယာ
သွင်းလိုက်လေသတည်း…။
(ဆရာကြီး ဒဂုန်တာရာ၏ ၁၉၄၉ ခုနှစ်က
လက်ရာ)
”ဟင်းလေးအိုး” ပေ့ဂျ်ကနေ ကူးယူပါတယ်။
စလေ ငနော့
Comments
Post a Comment