Posts

Showing posts from April, 2020

ကိုဗစ်နောက်ကြောင်းပြန် အပိုင်း ၂၊ ၃၊ ၄၊ ၅ 🖊 ဒေါက်တာမြင့်ဇော်

Image
ဆရာဒေါက်တာမြင့်ဇော်ရဲ့ 'ကိုဗစ်နောက်ကြောင်းပြန် - ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ သုံးသပ်ခြင်း' စာအုပ်ထဲက အပိုင်း ၁ ကို အရင်ရက်က တင်ပေးခဲ့ပါတယ်။ ခု အပိုင်း ၂၊ ၃၊ ၄ နဲ့ ၅ ကို တပေါင်းတည်း စုတင်ပေးလိုက်ပါတယ်။ ကြိုမြင်ခဲ့တဲ့ ကပ်ဘေး ••••••••••••••••••••••••• ဒေါက်တာမြင့်ဇော် 7Day Daily Sunday, April 26, 2020 - 07:07 ‘နောင်ကြုံရမယ့် ကပ်ရော ဂါဘေးဖြစ်လာမှာလား မေးစရာ မလိုပါ။ ဘယ်အချိန်ဖြစ်မှာလဲဆို တာသာ မေးရမှာ (The Next Pandemic: Not if, but when)’ ဆိုတဲ့ ​ဆောင်းပါးတစ်ပုဒ်ကို ၂၀၁၃ မေလ ၉ ရက်ထုတ်နယူးယောက် တိုင်းမ်သတင်းစာမှာ ဖော်ပြခဲ့ပါ တယ်။ ရေးသူကအမေရိကန်သိပ္ပံ စာရေးဆရာ ဒေးဗစ်ကွာမန်း (David Quammen) ဖြစ်ပါ တယ်။ သူ့ကို အတော်ဆုံးစာရေး ဆရာထဲက တစ်ယောက်လို့ နယူး ယောက်တိုင်းမ် သတင်းစာက ရည်ညွှန်းပါတယ်။ ၂၀၁၃ မှာပဲ သူ့ရဲ့ လွင့်စဉ်ရောက်ရှိလာခြင်း (Spillover)ဆိုတဲ့စာအုပ်ထွက် လာပါတယ်။ ပညာရှင်တွေရဲ့ သုတေသနအမြင်တွေကို မူတည် ပြီး အချက်အလက်အထောက် အထားနဲ့ သတိပေးချက်တွေ ပါ ဝင်ပါတယ်။ သူတွေ့ခဲ့တဲ့ ပညာရှင်တွေ က ဧရာမဖြစ်ရပ်ကြီး (Next Big One-NBO)ကတော့ ဖြစ်မှာပဲ။ ဘာ့ကြောင့် ဖြစ်မလဲ။ ဖြစ်နိုင်ခြေ အများဆုံးကတော့ ဗိ...

အမှတ်တရ လက်ဆောင်တွေနဲ့ အိမ်ကလေး 🖊 မောင်သာချို

Image
အမှတ်တရလက်ဆောင်တွေနဲ့ ••••••••••••••••••••••••••••••• အိမ်ကလေး •••••••••••••••••• မောင်သာချို (တစ်) သားရေ...။ ဟိုးတလောက ဖေဖေ အိမ်ကို ပြန်ရောက်တော့ သားရယ်၊ သား မမရယ်၊ မေမေရယ် မျက်နှာတွေ ပြုံးစိစိနဲ့။ ထူးတော့ ထူးသလိုလိုပါပဲလို့ ဖေဖေစိတ်ထဲမှာ ထင်လိုက်မိသား။ အဲသည့်နေ့က နယ်ကနေအပြန် ဖေဖေ ရန်ကုန်ကို ပြန်ရောက်တာ နည်းနည်းကလေး နောက်ကျတယ် သားရဲ့။ အဝေးပြေးဂိတ်ကနေ ဘတ်စ်ကား တစ်ဆင့်စီး၊ ဘာညာနဲ့ ဖေဖေ အိမ်ရောက်တော့ မှောင်တောင်မှ နေပါရောလား။ ဒါနဲ့ ရေမိုးချိုး ညစာစားပြီးတော့ ရုပ်မြင်သံကြားရှေ့မှာ မိသားစု နားနားနေနေ ဆိုပါတော့၊ ညစာ စားနေကြတဲ့ ထမင်းဝိုင်းမှာကတည်းက မေမေနဲ့ သားတို့ မောင်နှမတစ်တွေ တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြပြီးတော့ ရယ်လိုက်၊ ပြုံးလိုက်ကြနဲ့ ဘာလဲမသိဘူးလို့တော့ ဖေဖေ တွေးနေခဲ့မိသား။ ရုပ်မြင်သံကြားရှေ့မှာ ဝိုင်းဖွဲ့ ဖြစ်တော့မှ သားမမက အိမ်ခန်းထဲကို အသာဝင်သွား။ ပြီးပြန်ထွက်လာတော့ လက်ထဲမှာ အထုပ်ကြီး တစ်ထုပ်ပိုက် လို့။ ဖေဖေ့အရှေ့ကို လာချထားတဲ့ အဲသည့်အထုပ်ကို ကြည့်လိုက်တော့ ပလတ်စတစ် အကြည်သားကို ဖောက်ပြီး မြင်နေရတဲ့အထဲမှာ ခရီးဆောင် အိတ်ကြီး တစ်အိတ်။ လှလိုက်တာ။ ရေဘူး ထည့်စရာ နေရာကလေးနဲ့။ ...

အိမ်နီးချင်း 🖊 ပီမိုးနင်း

Image
အိမ်နီးချင်း •••••••••••••••• ပီမိုးနင်း “ဆရာ…အခုတလော ဟိုဘက်ခန်းက ဘာဖြစ်သလဲ မသိဘူး၊ စောင်းသလိုလို ပြောင်သလိုလိုနဲ့ စကားလည်း မပြောဘူး၊ ဘာများ ပတ္တလာဂျီဖြစ်သလဲ မသိဘူး” ဆရာလှ။ “ဘယ်သူလဲ၊ အရေးစိုက်လို့” မယ်ခင်။ “ဘယ်သူရမလဲ ဆရာရဲ့၊ မိချိုတို့ ညီအစ်မပေါ့၊ ခါတိုင်းဆိုရင် ကူးလို့ သန်းလို့၊ မီးဖိုချောင်ကို ၀င်ပြီး ဆားနှိုက် ကြက်သွန်နှိုက်၊ အခုတော့ မျက်စောင်းတောင် မထိုးဘူး” “နင်က ဘာလုပ်မိလို့လဲ” “ကျွန်မ ဘာမှ မလုပ်မိပါဘူး၊ သြော်…သတိရပါပြီ၊ သုံးလေးရက်လောက်က အိမ်က ကောင်မ ဟိုတိရစၦာန်မ မိအေး မီးဖိုချောင်မှာ ဆားအိုးကို ဖွင့်ထားတယ်၊ အိမ်မြှောင်တစ်ကောင်က အိုးနှုတ်ခမ်းမှာ တက်နေတယ်၊ ကျီးကန်းတစ်ကောင်ကလည်း နှိုက်တော့မလို့ လုပ်နေတယ်၊ ဒါနဲ့ ကျွန်မက ဆူတယ်၊ ကျွန်မဆူတော့ သူတို့ ရယ်မောနေရာက အသံတိတ်သွားတယ်၊ အဲဒီကတည်းက စပြီး သုန်မှုန်နေတာပဲ၊ သူတို့ကို စောင်းတယ် ထင်လို့ပေါ့” “ဒီလိုကောင်မတွေ အရေးစိုက်လို့၊ သူတို့မောင် ချစ်တီးက လူမိုက်၊ အရင် မယ်ပိုတို့ နေတုန်းကလည်း စားရသောက်ရရင် တစ်မျိုး၊ မစားရရင် တစ်မျိုး၊ ပြီး သူတို့မောင်နဲ့ တိုက်ပေး၊ ဟိုခွေးမသား လူမိုက်က မယ်ပိုကို ပါးရိုက်လို့ ထောင်ခြောက်လ ကျသွားပါရောလား” “ဒီလိုဖြင့်...

သူခိုးသေဖော်ညှိ စာမျိုးတွေ + လွမ်းစရာရှိမှ လွမ်းပါတယ် 🖊 လူထုစိန်ဝင်း

Image
သူခိုးသေဖော်ညှိ စာမျိုးတွေ ••••••••••••••••••••••••••••• လူထုစိန်၀င်း (၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့ထုတ်၊ Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာ လူထုစိန်၀င်း၏ ဆောင်းပါး ဖြစ်ပါတယ်။ မြန်မာ့ နိုင်ငံရေးကို နိုင်ငံတကာ သီအိုရီတွေနဲ့ပဲ ချဉ်းကပ် လေ့လာသူတွေကို ေ၀ဖန်ထားတဲ့ ဆရာ့ အမြင်ကို မျှေ၀ပေး လိုက်ပါတယ်။) (အင်တာနက်ကနေ ရဲဘော်တယောက်က အီးမေပို့လာတာကို မာယာစာဖတ်သူတို့အတွက် မျှေ၀ခြင်းဖြစ်ပါတယ်။ Weekly Eleven၊ အင်တာနက်ပေါ်တင်ပေးသူ၊ အီးမေပို့လာသူရဲဘော်- အားလုံးကို ကျေးဇူးတင်ပါတယ်။) ခရစ္စမတ်နေ့က ကျောင်းသားဟောင်း တစ်ယောက်လာပြီး ဆုတောင်း မေတ္တာပို့ ပါတယ်။ ရှပ်အကျႌနဲ့ ပုဆိုး အပြင် ခုခေတ် မြို့ပြရဲ့ ပြယုဂ်ဘူးစုံ ပုလင်းစုံခြင်း ကလည်း ပါသေးတယ်။ နက်စ်ကော်ဖီ၊ တူတံဆိပ် ထောပတ်၊ ခရတ်ဖ်ချိစ်၊ စပရိုက်စတာ တွေအပြင် အာလူးကြော်ဘူး၊ နာနတ်ယိုဘူး၊ လိုက်ချီးဘူး ဆိုတာတွေလည်း ပါတယ်။ စုံနေတာပါပဲ။ တပည့်ဟောင်းကို တွေ့ရလို့ ၀မ်းသာရတယ်။ သူယူလာတဲ့ ပစ္စည်းတွေ အတွက်တော့ ထူးထူး ခြားခြား ခံစားမှုမဖြစ်ပါဘူး။ မက်မောရတဲ့ အရာတွေ သူနဲ့ထိုင် စကားပြော နေဆဲမှာပဲ ဆန်ကောကြီး နှစ်ချပ်အပြည့် ထည့်လာတဲ့ အသီးအရွက်တွေ မပြီး ကလေးတွေက ယူလာပြ ကြ...

မင်နီနဲ့ အတားခံထားရတဲ့လူ 🖊 မောင်သာချို

Image
မင်နီနဲ့ အတားခံထားရတဲ့လူ •••••••••••••••••••••••••••••••• မောင်သာချို (တစ်) အရောင်တွေ၊ အဆင်းတွေထဲမှာ အနီရောင်က လူတို့၏စိတ်ကို စိုးမိုးလွှမ်းခြုံထားသော ခွန်အားတစ်စုံတစ်ရာများ ရှိနေလေရော့သလား မပြောတတ် ပါ။ ကြက်ခြေနီ အမှတ်တံဆိပ်ထဲက အနီရောင်က ဖေးမကူညီမှု၏ အနက် အဓိပ္ပာယ်ကို ရည်ညွှန်းပါသည်။ သူနာပြုတက္ကသိုလ်ဝင်း ပရဝုဏ်ထဲက ထွက် လာသော သူနာပြုဆရာမလောင်းလျာတို့၏ သစ်လွင်သော အနီရောင်က ပြတ်သားသော မူနှင့် ယှဉ်သည့် ကရုဏာ၏ သင်္ကေတပဲ ဖြစ်ပါသည်။ အမျိုးမျိုးအထွေထွေသော မော်တော်ယာဉ်တို့၏ အရှိန်တွေကို တုံ့ခနဲ တိခနဲ ရပ်တန့်သွားစေသည့် မီးပွိုင့် အနီရောင်က စည်းကမ်း၏ ပုံရိပ်ဖြစ်ကာ မှိတ်ချည်လင်းချည်ဖြစ်နေသော ကားရှေ့မီး၊ နောက်မီးတွေကတော့ သတိတရား၏ နိမိတ်ပုံပဲ ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ ခပ်ငယ်ငယ် လူမမယ်ကျောင်းသားဘဝက မင်အနီထည့် ထားသော ဆရာ့ဖောင်တိန်ကြီးကို တန်ခိုးရှင်တစ်ဦးပမာ အားကျတပ်မက်ခဲ့ဖူး သည်မှာလည်း အမှန်ပဲ ဖြစ်ပါသည်။ ကျွန်တော်တို့၏ ရမှတ်များ၊ ကျွန်တော် တို့၏ အအောင်အရှုံးကိစ္စများကို မင်နီဖြင့် ရေးခြစ်သတ်မှတ်ပေးခြင်းဖြစ်ရာ ကျောင်းဆရာဘဝကို တကယ်မသိခင်ကတည်းက မင်နီတစ်ချောင်းဖြင့် လုပ်ပိုင်ခွင့်ရထားသည့် ဟန်ပန် (Style) ကို သေ...

ဓားပြ မျှားနတ်မောင် 🖊 မဟာဆွေ

Image
ဓားပြ မျှားနတ်မောင် ••••••••••••••••••••••• မဟာဆွေ ရိုင်ဖယ်သံများ အဆက်မပြတ် ကြားရပြီးလျှင် မော်တော်ထဲသို့ တဒေါက်ဒေါက်ထိမှန်လေ၏။ ရေကူးတတ်သူများ ရေထဲသို့ ခုန်ဆင်းကြလေ၏။ မော်တော်ထဲသို့ ရေများဝင်လာပြီဖြစ်ရာ အော်သူအော်၊ ငိုသူငိုနှင့် ဆူပွက်နေလေသည်။ လုလင်ကား အပေါ်အင်္ကျီနှင့် ရှပ်အင်္ကျီကို လျှင်မြန်စွာ ချွတ်လိုက်၏။ လုံချည်ကို ခါးတောင်းကျိုက်လိုက်လေသည်။ မော်တော်သည် အိုးတည်နစ် နှစ်တော့လေရာ "ကယ်တော်မူပါ၊ လုပ်ကြပါဦး” နှင့် ကုန်းအော်ကြ၊ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေကြနှင့် မော်တော်သည် ရေအောက်သို့ မြုပ်ဆင်းမည်ဟန်ပြုနေ၏။ ထိုအတွင်း ဓားပြများသည် မော်တော်ကို လှမ်း၍မပစ်တော့ဘဲ နောက်ပြန်ပစ်နေကြခြင်းဖြင့် ပုလိပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်နေကြဟန်တူ၏။ မိန်းမပျိုမှာ ရေ ခါးသာသာနှင့် ဘာမျှမလုပ်တတ်အောင် ဖြစ်နေရှာ၏။ အားကိုးလိုသောမျက်နှာနှင့် လုလင်အား ကြည့်ရှုနေ၏။ အချို့လည်း ရေထဲခုန်ချကြ၍ တစ်ခါနှစ်ခါပေါ်ပြီး အဆုံးစွန်မြုပ်၍ သွားကြတော့၏။ မော်တော်လည်း တင်လာသော ကုန်ပစ္စည်းဒဏ် မခံနိုင်တော့သဖြင့် မြုပ်၍သွားတော့ရာ လုလင်လည်း မိန်းမပျိုကလေး၏ လက်ကိုဆွဲကာ မော်တော်နှင့်လွတ်ရာ ရေထဲသို့ ဆင်းလိုက်၏။ ခြေနှစ်ချောင်းဖြင့် ...

မြမဉ္ဇူ ရုပ်ပုံ 🖊 ဒဂုန်တာရာ

Image
မြမဉ္ဇူ ရုပ်ပုံ ••••••••••••••••• ရေးသူ-ဒဂုန်တာရာ Monday, April 7, 2008 (၁၃၆၂ ခု၊ တန်ဆောင်မုန်းလ၊ ၂၀၀၀ နို၀င်ဘာလ မာယာမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြ ပါတယ်။) ကျွန်တော် သူမကို မြမဉ္ဇူ အဖြစ် စတင်သိရှိခြင်းမဟုတ်။ သပိတ်မှောက်ကျောင်းသူ မအမာ အဖြစ်သာ စတင်မြင်ဖူးခဲ့ရခြင်း ဖြစ်သည်။ ၁၉၃၆ ကျောင်းသားသပိတ်တွင် နယ်မှ ကျွန်တော်တို့ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်စဉ်က သူမကို စတင်မြင်ဖူးသည်။ ဂျူဗလီဟောတွင် ကျင်းပသည်။ ယင်းညီလာခံကြီးမှ ပထမဦးဆုံးသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကို မွေးဖွားပေး လိုက်သည်။ ယင်းညီလာခံတွင် အဆိုတင်သွင်းသော အင်းလျားဆောင်သူ မအမာကို တွေ့ရသည်။ စကားပြောကောင်းသည်ဟု ခံစားလိုက်သည်။ ထို့နောက် ကျွန်တော် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိသွားစဉ် 'ဒေါသ' ဟူသော ၀တၳုတို ကလေးကို တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းတွင်လားမသိ ဖတ်လိုက်မိသည်။ ရေးသူက မြမဉ္ဇူ၊ ဂျာမန်၀တၳု၊ ၀တၳုရေးဆရာ ဟာမိ၏ Fury ၀တၳုကို ဘာသာပြန်ထားသော ၀တၳု။ ကျွန်တော် 'ဒေါသ' ကို ကြိုက်သွားသည်။ ထို့နောက် မြမဉ္ဇူ ၀တၳုများကို မဖတ်မိ။ ကျွန်တော်ပဲ မဖတ်မိသလား၊ မြမဉ္ဇူပဲ ဆက်မရေးသလား မသိတော့။ ထို့နောက် စစ်မဖြစ်မီကာလက ကြ...