အမွတ္တရ လက္ေဆာင္ေတြနဲ႔ အိမ္ကေလး 🖊 ေမာင္သာခ်ိဳ
အမွတ္တရလက္ေဆာင္ေတြနဲ႕
•••••••••••••••••••••••••••••••
အိမ္ကေလး
••••••••••••••••••
ေမာင္သာခ်ိဳ
(တစ္)
သားေရ...။
ဟိုးတေလာက ေဖေဖ အိမ္ကို ျပန္ေရာက္ေတာ့ သားရယ္၊ သား မမရယ္၊ ေမေမရယ္ မ်က္ႏွာေတြ ၿပဳံးစိစိနဲ႕။ ထူးေတာ့ ထူးသလိုလိုပါပဲလို႔ ေဖေဖစိတ္ထဲမွာ ထင္လိုက္မိသား။
အဲသည့္ေန႕က နယ္ကေနအျပန္ ေဖေဖ ရန္ကုန္ကို ျပန္ေရာက္တာ နည္းနည္းကေလး ေနာက္က်တယ္ သားရဲ႕။ အေဝးေျပးဂိတ္ကေန ဘတ္စ္ကား တစ္ဆင့္စီး၊ ဘာညာနဲ႕ ေဖေဖ အိမ္ေရာက္ေတာ့ ေမွာင္ေတာင္မွ ေနပါေရာလား။ ဒါနဲ႕ ေရမိုးခ်ိဳး ညစာစားၿပီးေတာ့ ႐ုပ္ျမင္သံၾကားေရွ႕မွာ မိသားစု နားနားေနေန ဆိုပါေတာ့၊ ညစာ စားေနၾကတဲ့ ထမင္းဝိုင္းမွာကတည္းက ေမေမနဲ႕ သားတို႔ ေမာင္ႏွမတစ္ေတြ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ လွမ္းၾကည့္လိုက္ၾကၿပီးေတာ့ ရယ္လိုက္၊ ၿပဳံးလိုက္ၾကနဲ႕ ဘာလဲမသိဘူးလို႔ေတာ့ ေဖေဖ ေတြးေနခဲ့မိသား။
႐ုပ္ျမင္သံၾကားေရွ႕မွာ ဝိုင္းဖြဲ႕ ျဖစ္ေတာ့မွ သားမမက အိမ္ခန္းထဲကို အသာဝင္သြား။ ၿပီးျပန္ထြက္လာေတာ့ လက္ထဲမွာ အထုပ္ႀကီး တစ္ထုပ္ပိုက္ လို႔။ ေဖေဖ့အေရွ႕ကို လာခ်ထားတဲ့ အဲသည့္အထုပ္ကို ၾကည့္လိုက္ေတာ့ ပလတ္စတစ္ အၾကည္သားကို ေဖာက္ၿပီး ျမင္ေနရတဲ့အထဲမွာ ခရီးေဆာင္ အိတ္ႀကီး တစ္အိတ္။ လွလိုက္တာ။
ေရဘူး ထည့္စရာ ေနရာကေလးနဲ႕။ အဝတ္အစားကလည္း ေလးငါးစုံ ေလာက္ကို ဆန႔္မယ္ထင္ပါရဲ႕။ ကင္မရာတို႔၊ ေရဒီယိုတို႔ အသံဖမ္းစက္တို႔ ထည့္စရာ ေနရာကေလးလည္း ပါေသး။ ခရီးၿပီးခရီး ဆက္ေနတတ္တဲ့ သူမို႔ ေဖေဖ ေတာ္ေတာ့္ကို သေဘာက်သြားမိတယ္ သားရယ္။ ဘာအဓိပၸာယ္ပါလိမ့္ ဆိုတဲ့ မ်က္လုံးနဲ႕ ေဖေဖက ေဝ့ၾကည့္မိေတာ့မွ သားနဲ႕ သားေမေမက...
“ေဖေဖေမြးေန႕ "Happy birthday" တဲ့။
ဪ ဟုတ္ပါရဲ႕။ အဲသည့္ေန႕က ေဖေဖ့ ေမြးေန႕ေပကိုး။ ေဖေဖေတာင္ ေမ့လို႔။ သားတို႔တစ္ေတြ မုန႔္ဖိုးထဲကေန ဖဲ့စုထားၿပီး ေဖေဖ့ကို လက္ေဆာင္ ဝယ္ေပးတာကိုး။ သည္အစီအစဥ္မွာ ေမေမက အဖြဲ႕ ေခါင္းေဆာင္ေပါ့။ ရက္
ေတာ္ေတာ္ၾကာၾကာကတည္းက သားတို႔ႀကိဳၿပီး စီစဥ္ေနၾကပုံကို ေတြးမိၿပီး ေဖေဖ မ်က္ရည္ဝဲတဲ့အထိ ၾကည္ႏူးမႈ ျဖစ္ရတာ အမွန္ပါပဲ။ ေဖေဖ့ေမြးေန႕ကို သားတို႔ ရင္ထဲမွာ အမွတ္တရ ရွိေနတယ္ ဆိုတဲ့အသိ၊ ခံစားခ်က္၊ မိသားစု အရသာေတြဟာ သည္ေနရာမွာ ေႏြးေႏြးေထြးေထြး ရွိသြားလိုက္တာ၊
(ႏွစ္)
သားေရ...။
သားတို႔ကသာ ထူးထူးျခားျခားနဲ႕ ေဖေဖေမြးေန႕ အမွတ္တရ လက္ေဆာင္ကို သည္တစ္ခါ ေပးလာတာ ျဖစ္ေပမယ့္ ေဖေဖကေတာ့ သားတို႔ရဲ႕ ေမြးေန႕ရက္ေတြ ေရာက္တိုင္းမွာ တစ္ခုမဟုတ္ တစ္ခု အမွတ္တရ ေပးေနက် ဆိုတာ သားတို႔အသိပဲ မဟုတ္လား။
သားကိုေရာ၊ သားမမကိုေရာ၊ ဘယ္တုန္းကမွ ေဖေဖတို႔ အမႈခဲ့ အမွတ္မဲ့ ျဖတ္ေက်ာ္မသြားခဲ့ဘူး။ အသက္အ႐ြယ္နဲ႕ လိုက္ဖက္ရာရာ လမ္းေလွ်ာက္ဖိနပ္ကေလးေတြ၊ ကြန္ပါဘူးကေလးေတြ၊ ေက်ာပိုးအိတ္ကေလးေတြ၊ ေမြးပြအ႐ုပ္ကေလးေတြ၊ နာရီကေလးေတြ၊ MP 3 player ကေလးေတြ၊ T-Shirt တို႔၊ ေဘာင္းဘီလွလွကေလးတို႔ အစုံပါပဲ သားရယ္။ ပြဲေတြ လမ္းေတြ နဲ႕ ဖိတ္ဟယ္၊ ၾကားဟယ္၊ ေကြၽးဟယ္၊ ေမြးဟယ္ မလုပ္ျဖစ္ခဲ့ေပမယ့္လည္း မိသားစု တစ္ခုမဟုတ္တစ္ခု အမွတ္တရ လုပ္စားျဖစ္ၾကရင္း ေမြးေန႕လက္ ေဆာင္ကိုေတာ့ သားနဲ႕ သားမမကို ေဖေဖနဲ႕ ေမေမက ေပးျဖစ္ခဲ့တာခ်ည္းပဲ။
ဒါဟာ မိသားစုထဲမွာ တစ္ေယာက္နဲ႕ တစ္ေယာက္ အေလးအနက္ ထားမႈ၊ တန္ဖိုးထားမႈွ ၊ခ်စ္ျမတ္နိုးမႈ စတဲ့ စိမ္းစိုေသာ၊ ၿပီးေတာ့ ေႏြးေထြးေသာ၊ ၿပီးေတာ့ အသိုက္အၿမဳံဓာတ္ကို ေပးေသာ အလုပ္ေတြလို႔ ေဖေဖက ယူဆခ်င္မိတယ္ သားရာ။
ဘာအမွတ္တရမွ မရွိတဲ့ မိသားစုေတြကို သား သတိထားမိမလား မသိဘူး။ ေဖေဖ ဘယ္ေန႕ေမြးသလဲ မသိဘူး။ ေမေမ ဘယ္ေန႕ေမြးသလဲ စိတ္မဝင္စား။ သားေမြးေန႕ကို ဂ႐ုမစိုက္။ သမီးေမြးေန႕ကို အေလးမျပဳ။ ေဖေဖနဲ႕ ေမေမတို႔ရဲ႕ အိမ္ေထာင္သက္ကို မတြက္ခ်က္မိ။ တစ္ေယာက္ကို တစ္ေယာက္အမႈမဲ့ အမွတ္မဲ့ ျဖတ္သန္းမိၾကတဲ့ အသိုက္အၿမဳံကေလးေတြဟာ ဘယ္ေလာက္မ်ား ႏြမ္းေရာ္လို႔ ဘယ္ေလာက္မ်ား ေသြ႕ေျခာက္ၾကေလမလဲ။
သားတို႔ သားမမတို႔ကို အမွတ္တရ လက္ေဆာင္ေပးတဲ့ ေန႕ေတြ႕မွာ ရယ္ေမာေနတဲ့ သားတို႔ ႏႈတ္ခမ္းေတြ၊ လင္းေတာက္ေနတဲ့ သားတို႔မ်က္လုံးေတြ လက္ေဆာင္ကို ေပြ႕ပိုက္ထားတဲ့ သားတို႔လက္ေတြ၊ စီစီညံေနတဲ့ စကားသံေတြ အိမ္ဟာ အိမ္နဲ႕တူေအာင္ကို အသက္ဝင္လို႔။
အခုၾကည့္။
သားတို႔ ေပးလာခဲ့တဲ့ အမွတ္တရ ေမြးေန႕လက္ေဆာင္အိတ္ ကေလး ဟာ ေဖေဖတို႔ မိသားစုအေပၚ ေနာက္ထပ္ ႐ြာသြန္းလိုက္တဲ့ မိုးတစ္မေပါ့။ ေနာက္ထပ္ ႐ႊန္းျမလိုက္ေသာ ေငြလေရာင္။ ေနာက္ထပ္ စိမ္းစိုလိုက္ေသာ ျမက္တစ္ခင္း။
(သုံး)
သားေရ။
ေရွ႕လထဲက်ရင္ သားေမေမ ေမြးေန႕ ရွိေသးတယ္ သားရဲ႕။ ေဖေဖတို႔ လက္ေဆာင္ တစ္ခုခု ေပးၾကရေအာင္။ ထီးလွလွကေလး တစ္လက္။ ဒါမွ ဟုတ္ ပိုက္ဆံအိတ္ကေလး တစ္အိတ္အိတ္၊ ဒါမွမဟုတ္ အေႏြးထည္ကေလး တစ္ထည္ထည္၊ သားနဲ႕ သားမမက စီစဥ္။ လိုတဲ့ေငြကို ေဖေဖေပးမွာေပါ့။ အဲသည့္ေန႕က် တစ္ခုခုလည္း လုပ္စားၾကရေအာင္။
Love starts at home ေမတၱာတရားဟာ အိမ္မွာစတယ္ဆိုတဲ့ မာသာ ထရီဆာ (Mother Teresa) ရဲ႕ စကားလိုေပါ့။ တစ္ဦးရဲ႕ ေမတၱာရိပ္က တစ္ဦးအေပၚမွာ လႊမ္းၿခဳံထားတယ္လို႔ ခံစားေနရသမွ် ေလာကဟာ ေျခာက္ ေသြ႕ မသြားနိုင္ပါဘူး သားရယ္။
ဆရာေမာင္သာခ်ိဳ၊ စိမ္းလန္းေသာ မိသားစုမ်ား၊
စာမ်က္ႏွာ ၇၄ - ၇၇။
သ႐ုပ္ေဖာ္ - ကိုကိုႏိုင္
စာ႐ိုက္ - စေလ ငေနာ့
Unicode
အမှတ်တရလက်ဆောင်တွေနဲ့
•••••••••••••••••••••••••••••••
အိမ်ကလေး
••••••••••••••••••
မောင်သာချို
(တစ်)
သားရေ...။
ဟိုးတလောက ဖေဖေ အိမ်ကို ပြန်ရောက်တော့ သားရယ်၊ သား မမရယ်၊ မေမေရယ် မျက်နှာတွေ ပြုံးစိစိနဲ့။ ထူးတော့ ထူးသလိုလိုပါပဲလို့ ဖေဖေစိတ်ထဲမှာ ထင်လိုက်မိသား။
အဲသည့်နေ့က နယ်ကနေအပြန် ဖေဖေ ရန်ကုန်ကို ပြန်ရောက်တာ နည်းနည်းကလေး နောက်ကျတယ် သားရဲ့။ အဝေးပြေးဂိတ်ကနေ ဘတ်စ်ကား တစ်ဆင့်စီး၊ ဘာညာနဲ့ ဖေဖေ အိမ်ရောက်တော့ မှောင်တောင်မှ နေပါရောလား။ ဒါနဲ့ ရေမိုးချိုး ညစာစားပြီးတော့ ရုပ်မြင်သံကြားရှေ့မှာ မိသားစု နားနားနေနေ ဆိုပါတော့၊ ညစာ စားနေကြတဲ့ ထမင်းဝိုင်းမှာကတည်းက မေမေနဲ့ သားတို့ မောင်နှမတစ်တွေ တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြပြီးတော့ ရယ်လိုက်၊ ပြုံးလိုက်ကြနဲ့ ဘာလဲမသိဘူးလို့တော့ ဖေဖေ တွေးနေခဲ့မိသား။
ရုပ်မြင်သံကြားရှေ့မှာ ဝိုင်းဖွဲ့ ဖြစ်တော့မှ သားမမက အိမ်ခန်းထဲကို အသာဝင်သွား။ ပြီးပြန်ထွက်လာတော့ လက်ထဲမှာ အထုပ်ကြီး တစ်ထုပ်ပိုက် လို့။ ဖေဖေ့အရှေ့ကို လာချထားတဲ့ အဲသည့်အထုပ်ကို ကြည့်လိုက်တော့ ပလတ်စတစ် အကြည်သားကို ဖောက်ပြီး မြင်နေရတဲ့အထဲမှာ ခရီးဆောင် အိတ်ကြီး တစ်အိတ်။ လှလိုက်တာ။
ရေဘူး ထည့်စရာ နေရာကလေးနဲ့။ အဝတ်အစားကလည်း လေးငါးစုံ လောက်ကို ဆန့်မယ်ထင်ပါရဲ့။ ကင်မရာတို့၊ ရေဒီယိုတို့ အသံဖမ်းစက်တို့ ထည့်စရာ နေရာကလေးလည်း ပါသေး။ ခရီးပြီးခရီး ဆက်နေတတ်တဲ့ သူမို့ ဖေဖေ တော်တော့်ကို သဘောကျသွားမိတယ် သားရယ်။ ဘာအဓိပ္ပာယ်ပါလိမ့် ဆိုတဲ့ မျက်လုံးနဲ့ ဖေဖေက ဝေ့ကြည့်မိတော့မှ သားနဲ့ သားမေမေက...
“ဖေဖေမွေးနေ့ "Happy birthday" တဲ့။
ဪ ဟုတ်ပါရဲ့။ အဲသည့်နေ့က ဖေဖေ့ မွေးနေ့ပေကိုး။ ဖေဖေတောင် မေ့လို့။ သားတို့တစ်တွေ မုန့်ဖိုးထဲကနေ ဖဲ့စုထားပြီး ဖေဖေ့ကို လက်ဆောင် ဝယ်ပေးတာကိုး။ သည်အစီအစဉ်မှာ မေမေက အဖွဲ့ ခေါင်းဆောင်ပေါ့။ ရက်
တော်တော်ကြာကြာကတည်းက သားတို့ကြိုပြီး စီစဉ်နေကြပုံကို တွေးမိပြီး ဖေဖေ မျက်ရည်ဝဲတဲ့အထိ ကြည်နူးမှု ဖြစ်ရတာ အမှန်ပါပဲ။ ဖေဖေ့မွေးနေ့ကို သားတို့ ရင်ထဲမှာ အမှတ်တရ ရှိနေတယ် ဆိုတဲ့အသိ၊ ခံစားချက်၊ မိသားစု အရသာတွေဟာ သည်နေရာမှာ နွေးနွေးထွေးထွေး ရှိသွားလိုက်တာ၊
(နှစ်)
သားရေ...။
သားတို့ကသာ ထူးထူးခြားခြားနဲ့ ဖေဖေမွေးနေ့ အမှတ်တရ လက်ဆောင်ကို သည်တစ်ခါ ပေးလာတာ ဖြစ်ပေမယ့် ဖေဖေကတော့ သားတို့ရဲ့ မွေးနေ့ရက်တွေ ရောက်တိုင်းမှာ တစ်ခုမဟုတ် တစ်ခု အမှတ်တရ ပေးနေကျ ဆိုတာ သားတို့အသိပဲ မဟုတ်လား။
သားကိုရော၊ သားမမကိုရော၊ ဘယ်တုန်းကမှ ဖေဖေတို့ အမှုခဲ့ အမှတ်မဲ့ ဖြတ်ကျော်မသွားခဲ့ဘူး။ အသက်အရွယ်နဲ့ လိုက်ဖက်ရာရာ လမ်းလျှောက်ဖိနပ်ကလေးတွေ၊ ကွန်ပါဘူးကလေးတွေ၊ ကျောပိုးအိတ်ကလေးတွေ၊ မွေးပွအရုပ်ကလေးတွေ၊ နာရီကလေးတွေ၊ MP 3 player ကလေးတွေ၊ T-Shirt တို့၊ ဘောင်းဘီလှလှကလေးတို့ အစုံပါပဲ သားရယ်။ ပွဲတွေ လမ်းတွေ နဲ့ ဖိတ်ဟယ်၊ ကြားဟယ်၊ ကျွေးဟယ်၊ မွေးဟယ် မလုပ်ဖြစ်ခဲ့ပေမယ့်လည်း မိသားစု တစ်ခုမဟုတ်တစ်ခု အမှတ်တရ လုပ်စားဖြစ်ကြရင်း မွေးနေ့လက် ဆောင်ကိုတော့ သားနဲ့ သားမမကို ဖေဖေနဲ့ မေမေက ပေးဖြစ်ခဲ့တာချည်းပဲ။
ဒါဟာ မိသားစုထဲမှာ တစ်ယောက်နဲ့ တစ်ယောက် အလေးအနက် ထားမှု၊ တန်ဖိုးထားမှုှ ၊ချစ်မြတ်နိုးမှု စတဲ့ စိမ်းစိုသော၊ ပြီးတော့ နွေးထွေးသော၊ ပြီးတော့ အသိုက်အမြုံဓာတ်ကို ပေးသော အလုပ်တွေလို့ ဖေဖေက ယူဆချင်မိတယ် သားရာ။
ဘာအမှတ်တရမှ မရှိတဲ့ မိသားစုတွေကို သား သတိထားမိမလား မသိဘူး။ ဖေဖေ ဘယ်နေ့မွေးသလဲ မသိဘူး။ မေမေ ဘယ်နေ့မွေးသလဲ စိတ်မဝင်စား။ သားမွေးနေ့ကို ဂရုမစိုက်။ သမီးမွေးနေ့ကို အလေးမပြု။ ဖေဖေနဲ့ မေမေတို့ရဲ့ အိမ်ထောင်သက်ကို မတွက်ချက်မိ။ တစ်ယောက်ကို တစ်ယောက်အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်းမိကြတဲ့ အသိုက်အမြုံကလေးတွေဟာ ဘယ်လောက်များ နွမ်းရော်လို့ ဘယ်လောက်များ သွေ့ခြောက်ကြလေမလဲ။
သားတို့ သားမမတို့ကို အမှတ်တရ လက်ဆောင်ပေးတဲ့ နေ့တွေ့မှာ ရယ်မောနေတဲ့ သားတို့ နှုတ်ခမ်းတွေ၊ လင်းတောက်နေတဲ့ သားတို့မျက်လုံးတွေ လက်ဆောင်ကို ပွေ့ပိုက်ထားတဲ့ သားတို့လက်တွေ၊ စီစီညံနေတဲ့ စကားသံတွေ အိမ်ဟာ အိမ်နဲ့တူအောင်ကို အသက်ဝင်လို့။
အခုကြည့်။
သားတို့ ပေးလာခဲ့တဲ့ အမှတ်တရ မွေးနေ့လက်ဆောင်အိတ် ကလေး ဟာ ဖေဖေတို့ မိသားစုအပေါ် နောက်ထပ် ရွာသွန်းလိုက်တဲ့ မိုးတစ်မပေါ့။ နောက်ထပ် ရွှန်းမြလိုက်သော ငွေလရောင်။ နောက်ထပ် စိမ်းစိုလိုက်သော မြက်တစ်ခင်း။
(သုံး)
သားရေ။
ရှေ့လထဲကျရင် သားမေမေ မွေးနေ့ ရှိသေးတယ် သားရဲ့။ ဖေဖေတို့ လက်ဆောင် တစ်ခုခု ပေးကြရအောင်။ ထီးလှလှကလေး တစ်လက်။ ဒါမှ ဟုတ် ပိုက်ဆံအိတ်ကလေး တစ်အိတ်အိတ်၊ ဒါမှမဟုတ် အနွေးထည်ကလေး တစ်ထည်ထည်၊ သားနဲ့ သားမမက စီစဉ်။ လိုတဲ့ငွေကို ဖေဖေပေးမှာပေါ့။ အဲသည့်နေ့ကျ တစ်ခုခုလည်း လုပ်စားကြရအောင်။
Love starts at home မေတ္တာတရားဟာ အိမ်မှာစတယ်ဆိုတဲ့ မာသာ ထရီဆာ (Mother Teresa) ရဲ့ စကားလိုပေါ့။ တစ်ဦးရဲ့ မေတ္တာရိပ်က တစ်ဦးအပေါ်မှာ လွှမ်းခြုံထားတယ်လို့ ခံစားနေရသမျှ လောကဟာ ခြောက် သွေ့ မသွားနိုင်ပါဘူး သားရယ်။
ဆရာမောင်သာချို၊ စိမ်းလန်းသော မိသားစုများ၊
စာမျက်နှာ ၇၄ - ၇၇။
သရုပ်ဖော် - ကိုကိုနိုင်
စာရိုက် - စလေ ငနော့
Comments
Post a Comment