မင္နီနဲ႔ အတားခံထားရတဲ့လူ 🖊 ေမာင္သာခ်ိဳ
မင္နီနဲ႕ အတားခံထားရတဲ့လူ
••••••••••••••••••••••••••••••••
ေမာင္သာခ်ိဳ
(တစ္)
အေရာင္ေတြ၊ အဆင္းေတြထဲမွာ အနီေရာင္က လူတို႔၏စိတ္ကို စိုးမိုးလႊမ္းၿခဳံထားေသာ ခြန္အားတစ္စုံတစ္ရာမ်ား ရွိေနေလေရာ့သလား မေျပာတတ္ ပါ။ ၾကက္ေျခနီ အမွတ္တံဆိပ္ထဲက အနီေရာင္က ေဖးမကူညီမႈ၏ အနက္ အဓိပၸာယ္ကို ရည္ၫႊန္းပါသည္။ သူနာျပဳတကၠသိုလ္ဝင္း ပရဝုဏ္ထဲက ထြက္ လာေသာ သူနာျပဳဆရာမေလာင္းလ်ာတို႔၏ သစ္လြင္ေသာ အနီေရာင္က ျပတ္သားေသာ မူႏွင့္ ယွဥ္သည့္ က႐ုဏာ၏ သေကၤတပဲ ျဖစ္ပါသည္။ အမ်ိဳးမ်ိဳးအေထြေထြေသာ ေမာ္ေတာ္ယာဥ္တို႔၏ အရွိန္ေတြကို တုံ႕ခနဲ တိခနဲ ရပ္တန႔္သြားေစသည့္ မီးပြိဳင့္ အနီေရာင္က စည္းကမ္း၏ ပုံရိပ္ျဖစ္ကာ မွိတ္ခ်ည္လင္းခ်ည္ျဖစ္ေနေသာ ကားေရွ႕မီး၊ ေနာက္မီးေတြကေတာ့ သတိတရား၏ နိမိတ္ပုံပဲ ျဖစ္ပါလိမ့္မည္။
ကြၽန္ေတာ္တို႔ ခပ္ငယ္ငယ္ လူမမယ္ေက်ာင္းသားဘဝက မင္အနီထည့္ ထားေသာ ဆရာ့ေဖာင္တိန္ႀကီးကို တန္ခိုးရွင္တစ္ဦးပမာ အားက်တပ္မက္ခဲ့ဖူး သည္မွာလည္း အမွန္ပဲ ျဖစ္ပါသည္။ ကြၽန္ေတာ္တို႔၏ ရမွတ္မ်ား၊ ကြၽန္ေတာ္ တို႔၏ အေအာင္အရႈံးကိစၥမ်ားကို မင္နီျဖင့္ ေရးျခစ္သတ္မွတ္ေပးျခင္းျဖစ္ရာ
ေက်ာင္းဆရာဘဝကို တကယ္မသိခင္ကတည္းက မင္နီတစ္ေခ်ာင္းျဖင့္ လုပ္ပိုင္ခြင့္ရထားသည့္ ဟန္ပန္ (Style) ကို သေဘာက်ေနမိခဲ့ဖူးသည္မွာလည္း အမွန္ပဲ ျဖစ္ပါသည္။
ေနာက္ေတာ့ ကြၽန္ေတာ္တို႔တစ္ေတြ ဘဝမာရသြန္ၿပိဳင္ပြဲႀကီးအတြင္းသို႔ ေရာက္သြားၾကပါသည္။ ေလွကားအတက္အဆင္းေတြ၊ အခန္းအဝင္အထြက္ေတြ၊ ဒီဘက္စားပြဲမွ ဟိုဘက္စားပြဲသို႔ အကူးအသန္းေတြၾကားထဲမွာ အသက္ရွင္ေအာင္ ကူးခတ္ၾကရပါေတာ့သည္။ သည္မွာ ေနာက္ထပ္မင္နီတစ္ေခ်ာင္းကို ထပ္ ေတြ႕လိုက္ရျခင္း ျဖစ္ပါသည္။ ကြၽန္ေတာ္တို႔ အထက္အရာရွိတစ္ဦး၏ မင္နီ။
(ႏွစ္)
ကြၽန္ေတာ္တို႔၏ ဆရာလည္းျဖစ္ခဲ့ဖူးသူ ထိုအထက္အရာရွိက လုပ္ငန္း ခြင္ထဲသို႔ ေရာက္ေသာအခါ ကြၽန္ေတာ္တို႔၏ အလုပ္အတက္အဆင္း လက္မွတ္ ထိုးရသည့္ စာ႐ြက္ကို ကိုင္ပါသည္။ ဆရာက သေဘာေကာင္း မေနာေကာင္း ဆရာတစ္ဦးျဖစ္ေသာ္လည္း စည္းကမ္းကိုေတာ့ တန္ဖိုးထားပါသည္။ သို႔ျဖစ္ရာ ဆရာက ကြၽန္ေတာ္တို႔ အလုပ္သို႔ ေနာက္ဆုံးေရာက္ရမည့္အခ်ိန္ႏွင့္ အေစာဆုံး ျပန္ရမည့္ အခ်ိန္တို႔ကို သတ္မွတ္ေပးၿပီးေနာက္ စည္းကမ္းေဖာက္ဖ်က္ေသာ္ မင္နီတားမည္ဟု အစည္းအေဝးတစ္ခု၌ အသိေပးလာပါသည္။ သို႔ျဖင့္ ကြၽန္ေတာ္တို႔လည္း အလုပ္တက္လိုက္ ဆင္းလိုက္။ တစ္ခါတစ္ရံတြင္လည္း အေၾကာင္း အမ်ိဳးမ်ိဳးျဖင့္ ေနာက္က်မိ၊ ေစာမိေသာေၾကာင့္ မင္နီ အတားခံရလိုက္။
ဆရာကား ျပင္းထန္သည့္ အေရးယူမႈမ်ားကိုကား တစ္ခါမွ် မလုပ္ခဲ့။ သူ မင္နီတားထားပုံက သည္ေန႕ ေရာက္တာ ေနာက္က်တယ္။ သည္ေန႕ျပန္တာ ေစာတယ္ဟူသည္ကို သတိေပး႐ုံသက္သက္မွ်သာ မင္နီတား၍ ေဖာ္ျပေနခဲ့ျခင္း ျဖစ္ပါသည္။
တစ္ေန႕။ အလြန္အံ့ၾသစရာေကာင္းေသာ ထိုတစ္ေန႕။
ထိုေန႕က ဆရာ ေတာ္ေတာ္ေနာက္က်မွ အလုပ္ကို ေရာက္လာပုံရပါ သည္။ ကြၽန္ေတာ္တို႔အားလုံး လက္မွတ္ထိုးၿပီးၾကသည္အထိ ဆရာ သူ႕အခန္းထဲ သို႔ မေရာက္ေသးပါ။ သူ႕ အခန္းေပါက္ဝက စားပြဲကေလးေပၚတြင္ကား လက္မွတ္ထိုးသည့္ စာ႐ြက္ကေလးကို ခ်ထားပါသည္။ ထိပ္ဆုံးက ဆရာ့အမည္ေဘးတြင္ လက္မွတ္မရွိ ကြက္လပ္။
ညေန ႐ုံးဆင္းခ်ိန္ လက္မွတ္ထိုးရန္သြားေတာ့ ဆရာ ေရာက္ေနပါၿပီ။ ထိပ္ဆုံးက ဆရာ့နာမည္ေဘးရွိ လက္မွတ္ထိုးရန္ အကြက္ထဲတြင္ကား လက္မွတ္ ထိုးမထားဘဲ မင္နီႀကီး တားထားပါသည္။ ကြၽန္ေတာ္တို႔က ဆရာ့ကို လွမ္း ၾကည့္လိုက္သည့္ အသံတိတ္ အာေမဍိတ္ကို ဆရာ စိတ္နားျဖင့္ ၾကားမိလိုက္ပုံ ရပါသည္။
“ဘာလဲဗ်၊ မင္နီတားထားလို႔လား။ မနက္က ေနာက္က်သြားတာနဲ႕ ကိုယ့္ကိုယ္ကိုယ္ ျပန္သတိေပးထားတာ”
ဆရာ့ ေပါ့ပါးသည့္ အသံေနာက္ကြယ္မွာ ကြၽန္ေတာ္တို႔ ေတြပါ သည္။ တကယ္ေတာ့ မင္နီမတားထားလည္း ဘာမွမျဖစ္ပါး တားလိုက္ေတာ့ လည္း ဘာျပစ္ဒဏ္ႀကီးေတြမွ ႀကီးႀကီးမားမား က်လာစရာအေၾကာင္း မရွိပါ။ မသိလိုက္ မသိဘာသာ လက္မွတ္ထိုးသည့္ စာ႐ြက္ကို ဆရာျပန္သိမ္း
ေတာ့ေရာ မျဖစ္ဘူးတဲ့လား။ သို႔ေသာ္ ဆရာကေတာ့ သူ လက္မွတ္ထိုးရမည့္ အကြက္မွာ သူ႕ကိုယ္သူ မင္နီတားပစ္ခဲ့ပါၿပီ။
(သုံး)
ရွင္မဟာသီလဝံသ၏ အင္းဝေခတ္ဝတၳဳ “ပါရာယန” ကို ဖတ္ေတာ့ ဗုဒၶေခတ္ ရဟန္းႀကီးတစ္ပါးျဖစ္ေသာ ရွင္သာရိပုတၱရာအေၾကာင္းကို ထိေတြ႕ ခြင့္ ရပါသည္။ စည္းကမ္းႀကီးေသာ အဂၢသာဝကလက္ယာရံ ရဟန္းႀကီးက သံဃာေတာ္တို႔ သကၤန္းကို သပ္သပ္ရပ္ရပ္ ဝတ္႐ုံေတာ္မူၾကရန္ စည္းကမ္း သတ္မွတ္ထားေလသတဲ့။ သို႔ႏွင့္ တစ္ေန႕ေသာ္ ရဟန္းႀကီး ရွင္သာရိပုတၱရာ ကိုယ္တိုင္ သကၤန္းအစ မညီျဖစ္ပါေလသတဲ့။ ယင္းကို သတိေပးေထာက္ျပလာသူက ခုနစ္ႏွစ္သားအ႐ြယ္ သာမေဏငယ္ေလး ျဖစ္ပါသည္။
ပညာအရာ ဧတဒဂ္ရသည့္ လက္ယာရံ ရွင္သာရိပုတၱရာ အမ်က္ထြက္ မည္ ထင္ပါသလား။ သာမေဏငယ္၏ အဆုံးအမကို ခံယူလ်က္ သကၤန္းကို
ေကာင္းမြန္စြာ ျပန္လည္ ျပဳျပင္ဝတ္႐ုံေတာ္မူသည္ဆိုေတာ့ အံ့ၾသစရာေကာင္း မေနဘူးလား။ ကိုယ့္စည္းကမ္းကို ကိုယ္ရိုေသရဲသည္က စိတ္၏ သတၱိတစ္မ်ိဳး ပင္ မဟုတ္ပါလား။
(ေလး)
မင္နီတားသည္က မခက္ပါ။ အထူးသျဖင့္ သူတစ္ပါးကို မင္နီတားသည္က မခက္ပါ။ ကိုယ့္ကိုယ္ကိုယ္ မင္နီျပန္တားဖို႔ ဆိုသည္ကေတာ့ ေတာ္ေတာ့္ကို ခက္ေသာကိစၥ ျဖစ္ပါေလသည္။
(ရန္ကုန္တကၠသိုလ္ ကံ့ေကာ္ေတာမွ ဆရာတစ္ဦးသို႔)
7Day၊ ၁ - ၄ - ၂၀၁၀။
ဆရာေမာင္သာခ်ိဳ၊ အနာဂတ္ဝါက်မ်ား၊
စာမ်က္ႏွာ ၁၁၇ - ၁၂၂။
စာ႐ိုက္ - စေလ ငေနာ့
Unicode
မင်နီနဲ့ အတားခံထားရတဲ့လူ
••••••••••••••••••••••••••••••••
မောင်သာချို
(တစ်)
အရောင်တွေ၊ အဆင်းတွေထဲမှာ အနီရောင်က လူတို့၏စိတ်ကို စိုးမိုးလွှမ်းခြုံထားသော ခွန်အားတစ်စုံတစ်ရာများ ရှိနေလေရော့သလား မပြောတတ် ပါ။ ကြက်ခြေနီ အမှတ်တံဆိပ်ထဲက အနီရောင်က ဖေးမကူညီမှု၏ အနက် အဓိပ္ပာယ်ကို ရည်ညွှန်းပါသည်။ သူနာပြုတက္ကသိုလ်ဝင်း ပရဝုဏ်ထဲက ထွက် လာသော သူနာပြုဆရာမလောင်းလျာတို့၏ သစ်လွင်သော အနီရောင်က ပြတ်သားသော မူနှင့် ယှဉ်သည့် ကရုဏာ၏ သငေ်္ကတပဲ ဖြစ်ပါသည်။ အမျိုးမျိုးအထွေထွေသော မော်တော်ယာဉ်တို့၏ အရှိန်တွေကို တုံ့ခနဲ တိခနဲ ရပ်တန့်သွားစေသည့် မီးပွိုင့် အနီရောင်က စည်းကမ်း၏ ပုံရိပ်ဖြစ်ကာ မှိတ်ချည်လင်းချည်ဖြစ်နေသော ကားရှေ့မီး၊ နောက်မီးတွေကတော့ သတိတရား၏ နိမိတ်ပုံပဲ ဖြစ်ပါလိမ့်မည်။
ကျွန်တော်တို့ ခပ်ငယ်ငယ် လူမမယ်ကျောင်းသားဘဝက မင်အနီထည့် ထားသော ဆရာ့ဖောင်တိန်ကြီးကို တန်ခိုးရှင်တစ်ဦးပမာ အားကျတပ်မက်ခဲ့ဖူး သည်မှာလည်း အမှန်ပဲ ဖြစ်ပါသည်။ ကျွန်တော်တို့၏ ရမှတ်များ၊ ကျွန်တော် တို့၏ အအောင်အရှုံးကိစ္စများကို မင်နီဖြင့် ရေးခြစ်သတ်မှတ်ပေးခြင်းဖြစ်ရာ
ကျောင်းဆရာဘဝကို တကယ်မသိခင်ကတည်းက မင်နီတစ်ချောင်းဖြင့် လုပ်ပိုင်ခွင့်ရထားသည့် ဟန်ပန် (Style) ကို သဘောကျနေမိခဲ့ဖူးသည်မှာလည်း အမှန်ပဲ ဖြစ်ပါသည်။
နောက်တော့ ကျွန်တော်တို့တစ်တွေ ဘဝမာရသွန်ပြိုင်ပွဲကြီးအတွင်းသို့ ရောက်သွားကြပါသည်။ လှေကားအတက်အဆင်းတွေ၊ အခန်းအဝင်အထွက်တွေ၊ ဒီဘက်စားပွဲမှ ဟိုဘက်စားပွဲသို့ အကူးအသန်းတွေကြားထဲမှာ အသက်ရှင်အောင် ကူးခတ်ကြရပါတော့သည်။ သည်မှာ နောက်ထပ်မင်နီတစ်ချောင်းကို ထပ် တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ အထက်အရာရှိတစ်ဦး၏ မင်နီ။
(နှစ်)
ကျွန်တော်တို့၏ ဆရာလည်းဖြစ်ခဲ့ဖူးသူ ထိုအထက်အရာရှိက လုပ်ငန်း ခွင်ထဲသို့ ရောက်သောအခါ ကျွန်တော်တို့၏ အလုပ်အတက်အဆင်း လက်မှတ် ထိုးရသည့် စာရွက်ကို ကိုင်ပါသည်။ ဆရာက သဘောကောင်း မနောကောင်း ဆရာတစ်ဦးဖြစ်သော်လည်း စည်းကမ်းကိုတော့ တန်ဖိုးထားပါသည်။ သို့ဖြစ်ရာ ဆရာက ကျွန်တော်တို့ အလုပ်သို့ နောက်ဆုံးရောက်ရမည့်အချိန်နှင့် အစောဆုံး ပြန်ရမည့် အချိန်တို့ကို သတ်မှတ်ပေးပြီးနောက် စည်းကမ်းဖောက်ဖျက်သော် မင်နီတားမည်ဟု အစည်းအဝေးတစ်ခု၌ အသိပေးလာပါသည်။ သို့ဖြင့် ကျွန်တော်တို့လည်း အလုပ်တက်လိုက် ဆင်းလိုက်။ တစ်ခါတစ်ရံတွင်လည်း အကြောင်း အမျိုးမျိုးဖြင့် နောက်ကျမိ၊ စောမိသောကြောင့် မင်နီ အတားခံရလိုက်။
ဆရာကား ပြင်းထန်သည့် အရေးယူမှုများကိုကား တစ်ခါမျှ မလုပ်ခဲ့။ သူ မင်နီတားထားပုံက သည်နေ့ ရောက်တာ နောက်ကျတယ်။ သည်နေ့ပြန်တာ စောတယ်ဟူသည်ကို သတိပေးရုံသက်သက်မျှသာ မင်နီတား၍ ဖော်ပြနေခဲ့ခြင်း ဖြစ်ပါသည်။
တစ်နေ့။ အလွန်အံ့သြစရာကောင်းသော ထိုတစ်နေ့။
ထိုနေ့က ဆရာ တော်တော်နောက်ကျမှ အလုပ်ကို ရောက်လာပုံရပါ သည်။ ကျွန်တော်တို့အားလုံး လက်မှတ်ထိုးပြီးကြသည်အထိ ဆရာ သူ့အခန်းထဲ သို့ မရောက်သေးပါ။ သူ့ အခန်းပေါက်ဝက စားပွဲကလေးပေါ်တွင်ကား လက်မှတ်ထိုးသည့် စာရွက်ကလေးကို ချထားပါသည်။ ထိပ်ဆုံးက ဆရာ့အမည်ဘေးတွင် လက်မှတ်မရှိ ကွက်လပ်။
ညနေ ရုံးဆင်းချိန် လက်မှတ်ထိုးရန်သွားတော့ ဆရာ ရောက်နေပါပြီ။ ထိပ်ဆုံးက ဆရာ့နာမည်ဘေးရှိ လက်မှတ်ထိုးရန် အကွက်ထဲတွင်ကား လက်မှတ် ထိုးမထားဘဲ မင်နီကြီး တားထားပါသည်။ ကျွန်တော်တို့က ဆရာ့ကို လှမ်း ကြည့်လိုက်သည့် အသံတိတ် အာမေဍိတ်ကို ဆရာ စိတ်နားဖြင့် ကြားမိလိုက်ပုံ ရပါသည်။
“ဘာလဲဗျ၊ မင်နီတားထားလို့လား။ မနက်က နောက်ကျသွားတာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးထားတာ”
ဆရာ့ ပေါ့ပါးသည့် အသံနောက်ကွယ်မှာ ကျွန်တော်တို့ တွေပါ သည်။ တကယ်တော့ မင်နီမတားထားလည်း ဘာမှမဖြစ်ပါး တားလိုက်တော့ လည်း ဘာပြစ်ဒဏ်ကြီးတွေမှ ကြီးကြီးမားမား ကျလာစရာအကြောင်း မရှိပါ။ မသိလိုက် မသိဘာသာ လက်မှတ်ထိုးသည့် စာရွက်ကို ဆရာပြန်သိမ်း
တော့ရော မဖြစ်ဘူးတဲ့လား။ သို့သော် ဆရာကတော့ သူ လက်မှတ်ထိုးရမည့် အကွက်မှာ သူ့ကိုယ်သူ မင်နီတားပစ်ခဲ့ပါပြီ။
(သုံး)
ရှင်မဟာသီလဝံသ၏ အင်းဝခေတ်ဝတၳု “ပါရာယန” ကို ဖတ်တော့ ဗုဒ္ဓခေတ် ရဟန်းကြီးတစ်ပါးဖြစ်သော ရှင်သာရိပုတ္တရာအကြောင်းကို ထိတွေ့ ခွင့် ရပါသည်။ စည်းကမ်းကြီးသော အဂ္ဂသာဝကလက်ယာရံ ရဟန်းကြီးက သံဃာတော်တို့ သင်္ကန်းကို သပ်သပ်ရပ်ရပ် ဝတ်ရုံတော်မူကြရန် စည်းကမ်း သတ်မှတ်ထားလေသတဲ့။ သို့နှင့် တစ်နေ့သော် ရဟန်းကြီး ရှင်သာရိပုတ္တရာ ကိုယ်တိုင် သင်္ကန်းအစ မညီဖြစ်ပါလေသတဲ့။ ယင်းကို သတိပေးထောက်ပြလာသူက ခုနစ်နှစ်သားအရွယ် သာမဏေငယ်လေး ဖြစ်ပါသည်။
ပညာအရာ ဧတဒဂ်ရသည့် လက်ယာရံ ရှင်သာရိပုတ္တရာ အမျက်ထွက် မည် ထင်ပါသလား။ သာမဏေငယ်၏ အဆုံးအမကို ခံယူလျက် သင်္ကန်းကို
ကောင်းမွန်စွာ ပြန်လည် ပြုပြင်ဝတ်ရုံတော်မူသည်ဆိုတော့ အံ့သြစရာကောင်း မနေဘူးလား။ ကိုယ့်စည်းကမ်းကို ကိုယ်ရိုသေရဲသည်က စိတ်၏ သတ္တိတစ်မျိုး ပင် မဟုတ်ပါလား။
(လေး)
မင်နီတားသည်က မခက်ပါ။ အထူးသဖြင့် သူတစ်ပါးကို မင်နီတားသည်က မခက်ပါ။ ကိုယ့်ကိုယ်ကိုယ် မင်နီပြန်တားဖို့ ဆိုသည်ကတော့ တော်တော့်ကို ခက်သောကိစ္စ ဖြစ်ပါလေသည်။
(ရန်ကုန်တက္ကသိုလ် ကံ့ကော်တောမှ ဆရာတစ်ဦးသို့)
7Day၊ ၁ - ၄ - ၂၀၁၀။
ဆရာမောင်သာချို၊ အနာဂတ်ဝါကျများ၊
စာမျက်နှာ ၁၁၇ - ၁၂၂။
စာရိုက် - စလေ ငနော့
Comments
Post a Comment