Posts

Showing posts from November, 2020

မင်းရှင်ရဲ့ လမ်းပေါ်မှာ

Image
၁၉၆၂ ခုနှစ် အနုပညာစာပေဆိုင်ရာ •••••••••••••••••••••••••••••••••••• ဝတၳုတိုပေါင်းချုပ်ဆုရ ••••••••••••••••••••••••••••• ဆရာ ”မင်းရှင်” ရဲ့ ”လမ်းပေါ်မှာ” •••••••••••••••••••••••••••••••••••• သည်တခါ ကျနော်ငနော့ စာရိုက်တင်ပေးသွားဖို့ ရွေးချယ်ထားတဲ့ စာအုပ်ကတော့ ရာပြည့်စာအုပ်တိုက်ကနေ ဒုတိယအကြိမ် ထုတ်ဝေတဲ့ ဆရာမင်းရှင်ရဲ့ ”လမ်းပေါ်မှာ” ဆိုတဲ့ ဝတၳုတိုပေါင်းချုပ်စာအုပ် ဖြစ်ပါတယ်။ ဆရာ ”မင်းရှင်” ကို ဆရာကြီး သော်တာဆွေ၊ သန်းဆွေ၊ တင့်တယ် စသူတို့နဲ့ ခေတ်ပြိုင်ဆရာကြီးတဆူလို့ သိထားပေမယ့် သူ့ခေတ်ကို မမီလိုက်တာကြောင့် သူ့လက်ရာ ဝတၳု၊ ဆောင်းပါး တပုဒ်မှ ကျနော် မဖတ်ဖူးပါ။ ခု ကျနော် ရွေးချယ်လိုက်တဲ့ စာအုပ်က ၁၉၆၂ ခုနှစ် အနုပညာစာပေဆိုင်ရာ ဝတၳုတိုပေါင်းချုပ်ဆုရ စာအုပ်ဖြစ်ပြီး စာအုပ်အဖွင့်မှာ ရေးထားတဲ့ ဆရာ့ဆရာကြီးတွေရဲ့ အညွှန်းနဲ့တင် ဖတ်ချင်စရာကောင်းနေပါတယ်။ ဒါကြောင့် ကျနော်ကိုယ်တိုင်လည်း ဖတ်ရင်းစာရိုက်၊ စာရိုက်ရင်း ဖတ်သွားမှာ ဖြစ်ပါတယ်။ အမျိုးတို့လည်း မလွတ်တမ်း ဖတ်ချင်ရင် ငနော့ကို see first ထားလိုက်ကြပါလို့။ ခုလို စာရိုက်နိုင်အောင် စာအုပ်ကို ပီဒီအက်ဖ်အဖြစ် ဖန်တီးပေးတဲ့ Nyisay Ebook Creator ဖေ့စ်ဘုတ်ပေ့ဂျ်ကို အထူ...

ခေါင်းခါပြလိုက်ပြီ § မြသန်းတင့်

Image
ခေါင်းခါပြလိုက်ပြီ ••••••••••••••••••••••••• မြသန်းတင့် ကျွန်တော်နှင့် ဒေါက်တာမေလင်းတို့ မန္တလေးသွား ရထားကြီးပေါ်မှာ တွေ့ကြသည်။ မေလင်းနှင့် ကျွန်တော် သိသည်မှာ ကြာပါပြီ။ သူ ဆရာဝန် ဘွဲ့မရခင် ဆေးကျောင်းသူဘဝကတည်းက သိခဲ့ကြခြင်း ဖြစ်သည်။ သူသည် အလယ်တန်းစာမေးပွဲကို ဂုဏ်ထူးတွေနှင့် အောင်ခဲ့သည်။ အထက်တန်း စာမေးပွဲကိုလည်း ဂုဏ်ထူးတွေနှင့် အောင်ခဲ့သည်။ ဆေးကျောင်းရောက် တော့လည်း အမြဲလိုလို ထိပ်ဆုံးမှာ ရှိခဲ့သည်။ အဖေက အရာရှိကြီးမို့ သူ့ကို ကျူရှင်ကောင်းကောင်းတွေ ထားပေးခဲ့သည်။ အင်္ဂလိပ်စာတို့ ဘာတို့ ဆိုလျှင် အဖေကိုယ်တိုင် အိမ်မှာ သင်ပေးသေးသည်။ သည်အထဲတွင် မေလင်းက ကြိုးစားသည်။ ဉာဏ်ကောင်းသည်။ ထက်မြက်သည်။ ထို့ကြောင့် မေလင်းသည် ပညာရေးမှာ ထူးချွန်ခဲ့သည်။ ဆေးကျောင်းသို့ ရောက်ပြီး စာပေတို့ကိုလည်း ဖတ်ရှုသည်။ မေလင်းသည် ပညာထူးချွန်သည့် မိန်း ကလေးများထဲ ထိပ်တန်းက ပါခဲ့ကြောင်းကို ကျွန်တော် သိပါသည်။ ဆေးကျောင်းရောက်ပြီး နောက်ဆုံးနှစ်တွင် သူ့ထက် တစ်တန်းငယ်သည့် ဆေးကျောင်းသားတစ်ယောက်နှင့် လိုက်ပြေးသည်ဟု ကျွန်တော် ကြားလိုက်ရသည်။ ထို့နောက် မေလင်းနှင့် မတွေ့ဖြစ်ကြတော့။ ဆရာဝန်ဖြစ်ပြီး ဘယ် မြို့တွင် ရောက်နေသည်ဆိုသည့်သတင်းကို...

ရှင်တော်ပြုံးခဲ့သည့် ဇနီးမောင်နှံ § အောင်သင်း

Image
ရှင်တော်ပြုံးခဲ့သည့် ဇနီးမောင်နှံ •••••••••••••••••••••••••••••••••• အောင်သင်း အများကြားဖူးနားဝ ရှိနေကြသော ပိဋကတ်တော်လာ ဖြစ်ရပ် ကလေးတစ်ခုကို ကျွန်တော် မကြာခဏ သတိရမိပါသည်။ တက္ကသိုလ် ဆရာဘဝ၊ တက္ကသိုလ်ပတ်ဝန်းကျင်တွင်လည်း ထိုဖြစ် ရပ်ကလေးကို သတိရစရာ မကြာခဏ ကြုံခဲ့ရပါသည်။ ပိဋကတ် တော်လာ ဖြစ်ရပ်ကလေးက... တစ်ခါက သူတောင်းစား ဇနီးမောင်နှံနှစ်ယောက်တို့သည် မြတ်စွာဘုရားကျောင်းတော် ဆွမ်းစားကျောင်းအနီးမှာ စားကြွင်း စားကျန်ကလေးများကို တောင်းယူဖို့ စောင့်နေသည်။ ထိုဇနီးမောင်နှံတို့ကို ဘုရားရှင် မြင်တော်မူသောအခါ ပြုံးတော်မူသည်။ ရှင်အာနန္ဒာက အကြောင်းကို လျှောက်ထား မေးမြန်းသောအခါ... “ချစ်သား အာနန္ဒာ ဤသူတောင်းစား ဇနီးမောင်နှံသည်ကား ငယ်ရွယ်စဉ်အခါကသော် ကုဋေရှစ်ဆယ်စီ ကြွယ်ဝသော နှစ်ဖက်မိဘတို့ကြောင့် ကုဋေရှစ်ဆယ် နှစ်ပြန်ကြွယ်သော မောင်နှံ တို့ ဖြစ်ခဲ့ရ၏။ ထို ပထမအရွယ်တွင် လောကီစီးပွားကို ကြိုးစား လုပ်ကိုင်ခဲ့သည် ရှိသော် ဗာရာဏသီပြည်၌ အကြွယ်ဝဆုံးသော သူဌေးမောင်နှံ ဖြစ်ခဲ့ရာ၏။ အကယ်၍ လောကုတ္တရာချမ်းသာကို ရှာခဲ့သည် ရှိသော် လင်ယောက်ျားသည် အရဟတ္တမဂ် ဆိုက်၍ မယားဖြစ်သူသည် အနာဂါမိမဂ် ဆိုက်လေရာ၏။ ဒုတိယအရွယ်၌ လောကီစီးပွားကို ကြို...

အမေရိကန်စာရေးဆရာ ရေးတဲ့ ဗမာဝတၳု § မောင်စွမ်းရည်

Image
အမေရိကန်စာရေးဆရာ ရေးတဲ့ ဗမာဝတၳု ••••••••••••••••••••••••••••••••••••••••• မောင်စွမ်းရည် (မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၂၀ ဒီဝတၳုစာအုပ်ကို ဖတ်မိခဲ့တာ ဆယ်နှစ်ကျော် ကြာခဲ့ပါပြီ။ ၂၀၀၈ ခုနှစ်က ဖတ်ဖြစ်ခဲ့တာပါ။ အဲဒီစာအုပ်အကြောင်းကို VOA အမေရိကန်အသံလွှင့်ဌာနကနေ သတင်းပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက မှတ်စုလေး အကြိုအကြားက ထွက်လာလို့ စာအုပ်သတင်းပေး ဆောင်းပါး Book Review အဖြစ် ပြန်လည် ရေးသားဖော်ပြလိုက်ပါတယ်။ စာရေးဆရာက ဆရာဝန်အဖြစ်နဲ့ အသက်မွေးသူပါ။ သူ့အမည်က Keith Dahlberg (ကိသတ်-ဒါလ်ဘာ့ဂ်) တဲ့။ သူ့ဝတၳုအမည်က ‘Flame Tree’ တဲ့။ ဗမာလို ပြောရရင် ‘စိန်ပန်းပင်’ပေါ့။ ဝတၳုအမည်ဆန်အောင် ဘာသာပြန်ရရင် ‘စိန်ပန်းမြိုင် စားတော်ဆက်’ပေါ့။ စာအုပ်မျက်နှာဖုံးမှာတော့ မီးလျှံမီးတောက်တွေ ထနေသလို ရဲရဲတောက် ပွင့်ဝေနေတဲ့ စိန်ပန်းပင်တန်းနဲ့ အဆောက်အအုံတခုလို ဖော်ပြထားပါတယ်။ မျက်နှာဖုံးရဲ့ အောက်ဘက်ပိုင်းမှာတော့ ဆရာဝန် ကိုင်တဲ့ နားကြပ်တခုနဲ့ သေနတ်တလက်ကို ကြက်ခြေခတ် ဖော်ပြထားပါတယ်။ ဝတၳုဇာတ်လမ်းထဲမှာ ဆရာဝန်လည်း ပါမယ်။ သေနတ်သမား စစ်ဗိုလ် စစ်သားများလည်း ပါမယ် ဆိုတဲ့ သဘောပေါ့။ ၂၀၀၁ ခုနှစ်က ငြိမ်းချမ်းရေး စာပေပြိုင်ပွဲမှာ အရွေးခံရတဲ့ ဆုရဝတၳုတပုဒ်ပါ...

စောလုံ စောင့်ပါခလှည့် (နရသီဟပတေ့) § ချစ်ဦးညို

Image
သမိုင်းမတွင် သမိုင်းတွင် ••••••••••••••••••••••••••• သမိုင်းဝင်နေတဲ့စကားများ •••••••••••••••••••••••••••••• ချစ်ဦးညို ကျေးဇူးမှတ်တမ်း ဤဆောင်းပါးများ ရေးဖြစ်အောင် အကြံပေး တိုက်တွန်းခဲ့ သော စာရေးဆရာ မင်းလူ၊ အပတ်စဉ် ထည့်သွင်းဖော်ပြခဲ့ သော ပေါ်ပြူလာဂျာနယ်၊ ဖတ်ရှု ဝေဖန် ဆွေးနွေးပေးကြ သည့် မိတ်ဆွေများ၏ ကျေးဇူးတရားကို မမေ့မပျောက် မှတ်တမ်းတင်ပါကြောင်း။ (စာရေးသူ) ◾ လောကဇာတ်ခုံကြီးထက်မှာ အမျိုးမျိုး ပါဝင်လှုပ်ရှားသွားကြတဲ့ လူသားတွေရဲ့ အခန်းကဏ္႑တွေဟာ စိတ်ဝင်စားစရာ ကောင်းလှပါ တယ်။ ဒီလူတွေရဲ့ ကံသုံးပါးအမှုတွေထဲမှာ ဆင်ခြင်ဖွယ်၊ နည်းယူ ဖွယ်၊ အားကျဖွယ်၊ လေးစားမြတ်နိုးဖွယ်များ ပါရှိသလို သံဝေဂ ရဖွယ်၊ ရှောင်ကြဉ်ဖွယ်၊ စက်ဆုပ်ဖွယ်များလည်း ပါ ရှိနေကြပါတယ်။ ယူတတ်မယ်ဆိုရင်တော့ သမိုင်းဆိုတာဟာ ဘာသာရပ်အရဖြစ်ဖြစ်၊ ပညာအနေနဲ့ဖြစ်ဖြစ် ယူတတ်သူအဖို့ ကောင်းကျိုးဖြစ်ထွန်းစရာတွေ ချည်းပါပဲ။ သမိုင်းစဉ်တစ်လျှောက် အကောင်းနဲ့ ဖြစ်စေ၊ အဆိုးနဲ့ဖြစ်စေ ထင်ရှားကျော်ကြားခဲ့သူများရဲ့ စာတစ်လုံး၊ စကားတစ်ခွန်း(များ)ဟာ လည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒီစာတစ်လုံး၊ စကား တစ်ခွန်းကနေပြီး ကာယကံရှင် ပုဂ္ဂိုလ်အကြောင်းနဲ့ သူနဲ့ ဆက်စပ် နေတဲ့ သ...

အစ်မ မမခွေး § ရဲသျှမ်း

Image
အစ်မ မမခွေး •••••••••••••••••••••••• ရဲသျှမ်း 7Day News Sat, 2020-11-07 01:30 Issue No. No. 2620, SATURDAY, NOVEMBER 7 , 2020 (တစ်) ‘‘ဒိန်း တပ်တပ် ဒိန်းတပ်တပ် ဟိုး’’ ‘ဒိန်း တပ်တပ် ဒိန်းတပ်တပ် ဟိုး’’ ဈေးက ပြန်လာပြီး မီးဖို ချောင်ထဲမှာ ဟင်းရွက်သင်နေတဲ့ အစ်မဆီက အသံ။ အစ်မ ဘာ ဖြစ်ပါလိမ့်ဆိုပြီး ဖတ်လက်စ စံပယ်ဖြူမဂ္ဂဇင်းကိုင်လျက် မီးဖို ခန်းထဲ၀င်ကြည့်တော့ ‘‘ဒိန်းတပ် တပ် ဒိန်းတပ်တပ် ဟိုး’’က မရပ် သေး။ ခေါင်းကလေး တခါခါနဲ့ ချဉ်ပေါင်ရွက်သင်ရင်း နှုတ်က ဒိန်းတပ်တပ် လုပ်နေဆဲ။ ‘‘အစ်မ ဘာဖြစ်နေတာလဲ ဘာတွေ ဆိုနေတာတုံး’’ အစ်မက ဟီးခနဲ ရယ်ပါလေ ရော။ ‘‘ငါ့မောင်ရေ ဈေးထဲက ပြန် ထွက်လာတော့ ဈေးထိပ်နားက မျက်လှည့်၀ိုင်းမှာ တပည့်လုပ်သူ က ဒိန်းတပ်တပ်ဆိုပြီး ဘင်ကြီး တီး၊ မျက်လှည့်ဆရာက ဟိုးဆို တော့ ဘင်တီးတာ ရပ်သွားရော ဒိန်း တပ်တပ် ဒိန်းတပ်တပ် ဟိုး ဒိန်း တပ်တပ် ဒိန်းတပ်တပ် ဟိုး.. ဆိုတာလေး ကဲ ဘယ်လောက်နား ထောင်လို့ ကောင်းတုံး’’ ကျွန်တော် အစ်မကိုကြည့် ပြီး ရယ်ချင်နေတယ်။ မျက်နှာပိုး သတ်ပြီး ‘‘ဪ...မျက်လှည့်၀ိုင်း ငေးနေလို့ အစ်မ ဈေးပြန် နောက် ကျတာပေါ့။ မျက်လှည့်က ဘာ တွေ အံ့မခန်းပြပြီး ဘာဆေးတွေ ရောင်းလိုက်သေးတုံး’’ ကျွန်တော် နော...

ခင်သက်ဆွေလမ်းခွဲ § မောင်သာချို

Image
”ငါ့ကို ဇန္နဝါရီပြန်ပေး” ကဗျာစာအုပ်ထဲက ဆရာမောင်သာချိုရဲ့ ”ခင်သက်ဆွေလမ်းခွဲ” ကဗျာကို စာရိုက်တင်ဆက်ပေးလိုက်ပါတယ်။ ခင်သက်ဆွေလမ်းခွဲ ••••••••••••••••••••••••• “အာရှမောင်” ဟာ ညောင်ပင်လေးဆိပ်ကမ်း၊ စဉ့်အိုးတန်းမှ လမ်းခွဲထွက်ဖို့ ပြင်ဆင်နေပါပြီ။ “ခင်သက်ဆွေ”တဲ့ မျက်ရည်မလေး တဦးပါပဲ။ ကျွန်ုပ်သည်လဲ ရင်ထဲစူးရှ၊ ပြောမပြတော့ သောကနှင့်ဆိုလျှင် လုံလောက်ပါပြီ။ ခင်သက်ဆွေမှာ၊ ပညာ မရှိ။ ကျွန်ုပ်ဆီမှာ ဥစ္စာမရှိ။ အသိုင် အဝိုင်း ထိုအပိုင်းနှင့် တံတိုင်းကာစရာလည်း ဂုဏ်မရှိ။ မရှိခြင်းနှင့် ခင်းကျင်းပြင်ဆင်၊ သည်ဇာတ်စင်မှာ သိင်္ဂါရကို၊ ဖွဲ့စပ်ဆိုလျက် အို.... ရခဲ့သည် က ကရုဏာရသ။ သည်လိုနှင့်ပဲ လက်တွဲဖြုတ်ကြ၊ ဘဝအရေး ဆွေးနွေး တွေးဆ ဝေး... ဝေး... ဝေးကြရပေဦးမည်။ ကဗျာခါးခါး၊ စာခါးခါးနှင့် ငါကားကျန်ရစ်၊ ရန်ကုန်မြစ်၌ ကူးရစ်လှော်ရစ် ရပေဦးမည်။ မယားတယောက် လူလားမြောက်အောင် ဆောက်တည်နိုင်ရေး၊ ဘဝကြွေးကို ချွေးဖြင့် ဆပ်ရပေဦးမည်။ အို.... ခင်သက်ဆွေ ရေစီးကြမ်းတမ်း၊ တိုးမြစ်ဝှမ်းကို ဖြတ်သန်း လွန်မြောက်ပါလေတော့။ မြောင်းမြအပါး၊ “စကမြား” ကို ဖြတ်သွား လွန်မြောက်ပါလေတော့။ ရွေးမြစ်ကြောင်းမှာ မောင်ဒေါင်း၊ မြေနု၊ နှင်းလှဖြူ (ရက္ခိုင်) အခိုင်အမာ၊ ကဗ...

အပြစ်မကင်း ခံစားခြင်း § မောင်ဝဏ္ဏ

Image
အပြစ်မကင်း ခံစားခြင်း •••••••••••••••••••••••••••• မောင်ဝဏ္ဏ မနှင်းရည်သည် မောင်စိန်သောင်းနား ကပ်၍ တိုးတိုးပြော၏။ “ညနေ ရုပ်ရှင် သွားကြည့်ရအောင်နော်” မောင်စိန်သောင်း မျက်လွှာလှန်ကြည့်၏။ ပြီးတော့ ခဏမျှ စဉ်းစားသလို လုပ်လိုက်၏။ တကယ်တော့ မောင်စိန်သောင်း အိုက်တင် ခံလိုက်ခြင်း ဖြစ်ပါသည်။ မောင်စိန်သောင်းသည် အိမ်မှာ တစ်နေကုန်နေပြီး စာဖတ်လိုက် လဲလျောင်းလိုက် အိမ်ဘေးနား ပန်းရုံကလေးများ ကြားသို့ လျှောက်လိုက်နှင့် ငေါင်တောင်တောင် ဖြစ်နေရာမှ မနှင်းရည်က ရုပ်ရှင်သွားကြရအောင်ဟု ပြောလာသောအခါ မဆွတ်ခင်က ညွတ်ချင်သူ ဖြစ်သဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်ချင်ပါသည်။ သို့သော် ယောက်ျားများ ထုံးစံအရ စဉ်းစားသလို ဘာလိုလို ညနေဘက် အလုပ်ရှိသလိုလို ဟိုလိုလို သည်လိုလို အိုက်တင်ကလေး ခံနေလိုက်ခြင်းသာ ဖြစ်ပါသည်။ “မင်း ကြည့်ချင်ရင် သွားတာပေါ့ကွာ” ခပ်တည်တည် ပြန်ပြော၏။ မနှင်းရည် ပျော်သွားသည်။ အချိန် ကြည့်လိုက်၏။ သုံးနာရီ ခွဲပြီးပြီ။ “ညပွဲမှ ကြည့်မလား၊ ညနေပွဲ ကြည့်မလား” မနှင်းရည်က မေး၏။ “ညနေပွဲ ကောင်းပါတယ်ကွာ၊ စောစော အိမ်ပြန်ရောက်တာပေါ့” သူ့ကိုယ်၌က ချက်ချင်းပင် သွားချင်လှပြီ ဖြစ်သည်ကို အိမ်ပြန်စောတာပေါ့ဟု အကြောင်းပြပြီး ခွင့်ပြု...