ခင္သက္ေဆြလမ္းခြဲ § ေမာင္သာခ်ိဳ

”ငါ့ကို ဇႏၷဝါရီျပန္ေပး” ကဗ်ာစာအုပ္ထဲက ဆရာေမာင္သာခ်ိဳရဲ႕ ”ခင္သက္ေဆြလမ္းခြဲ” ကဗ်ာကို စာ႐ိုက္တင္ဆက္ေပးလိုက္ပါတယ္။

ခင္သက္ေဆြလမ္းခြဲ
•••••••••••••••••••••••••

“အာရွေမာင္” ဟာ
ေညာင္ပင္ေလးဆိပ္ကမ္း၊ စဉ့္အိုးတန္းမွ
လမ္းခြဲထြက္ဖို႔ ျပင္ဆင္ေနပါၿပီ။

“ခင္သက္ေဆြ”တဲ့
မ်က္ရည္မေလး တဦးပါပဲ။

ကြၽန္ုပ္သည္လဲ
ရင္ထဲစူးရွ၊ ေျပာမျပေတာ့
ေသာကႏွင့္ဆိုလွ်င္ လုံေလာက္ပါၿပီ။

ခင္သက္ေဆြမွာ၊
ပညာ မရွိ။

ကြၽန္ုပ္ဆီမွာ
ဥစၥာမရွိ။

အသိုင္ အဝိုင္း ထိုအပိုင္းႏွင့္
တံတိုင္းကာစရာလည္း ဂုဏ္မရွိ။

မရွိျခင္းႏွင့္
ခင္းက်င္းျပင္ဆင္၊ သည္ဇာတ္စင္မွာ
သိဂၤါရကို၊ ဖြဲ႕စပ္ဆိုလ်က္
အို.... ရခဲ့သည္ က က႐ုဏာရသ။

သည္လိုႏွင့္ပဲ
လက္တြဲျဖဳတ္ၾက၊

ဘဝအေရး
ေဆြးေႏြး ေတြးဆ
ေဝး... ေဝး... ေဝးၾကရေပဦးမည္။

ကဗ်ာခါးခါး၊ စာခါးခါးႏွင့္
ငါကားက်န္ရစ္၊ ရန္ကုန္ျမစ္၌
ကူးရစ္ေလွာ္ရစ္ ရေပဦးမည္။

မယားတေယာက္ လူလားေျမာက္ေအာင္
ေဆာက္တည္နိုင္ေရး၊ ဘဝေႂကြးကို
ေခြၽးျဖင့္ ဆပ္ရေပဦးမည္။

အို.... ခင္သက္ေဆြ
ေရစီးၾကမ္းတမ္း၊ တိုးျမစ္ဝွမ္းကို
ျဖတ္သန္း လြန္ေျမာက္ပါေလေတာ့။

ေျမာင္းျမအပါး၊ “စကျမား” ကို
ျဖတ္သြား လြန္ေျမာက္ပါေလေတာ့။

ေ႐ြးျမစ္ေၾကာင္းမွာ
ေမာင္ေဒါင္း၊ ေျမႏု၊ ႏွင္းလွျဖဴ (ရကိၡဳင္)
အခိုင္အမာ၊ ကဗ်ာကိုခ်စ္
စာကိုခ်စ္သတဲ့၊ ခ်စ္ေသာ “ေအာင္ေဝး”
ေရးဖြဲ႕သီစပ္၊ ရန္ကုန္အရပ္မွ
ႏြမ္းဖပ္ဆုတ္ခြါ၊ ေ႐ႊျပည္သာဆိုတဲ့
ရြာကို ႏႈတ္ဆက္ပါေလေတာ့။

“ျပင္ရြာ” ကိုပတ္၊ “ၾကာကန္” ျဖတ္လ်က္
လပြတၱာတြင္၊ မိဘရင္၌
ခိုဝင္ေမွးလ်က္၊ ေမွ်ာ္လင့္ခ်က္ျဖင့္ အသက္ရွင္သန္ ပါေလေတာ့။

အို........ “အာရွေမာင္”
လူ႕ေဘာင္ေလာက
ဘဝကိုယ္စီ
လွၿပီဆိုမွ၊ ထိုသူမကို သယ္မေခၚေဆာင္ခဲ့ပါေတာ့၊

လူစီးကုန္ေလွာင္၊ “အာရွေမာင္” ကား
ကုန္းေဘာင္လည္းဆုတ္၊ ႀကိဳးလည္းျဖဳတ္ေပါ့
ဥဩကိုဆြဲ၊ ေရကိုခြဲေပါ့ 
ေၾကကြဲမႈသည္၊ တံခြန္ထူလ်က္။    ။

                          ေမာင္သာခ်ိဳ

စာ႐ိုက္ - စေလ ငေနာ့ 

Photos - July Soe 

Unicode

”ငါ့ကို ဇန္နဝါရီပြန်ပေး” ကဗျာစာအုပ်ထဲက ဆရာမောင်သာချိုရဲ့ ”ခင်သက်ဆွေလမ်းခွဲ” ကဗျာကို စာရိုက်တင်ဆက်ပေးလိုက်ပါတယ်။ 

ခင်သက်ဆွေလမ်းခွဲ
•••••••••••••••••••••••••

“အာရှမောင်” ဟာ
ညောင်ပင်လေးဆိပ်ကမ်း၊ စဉ့်အိုးတန်းမှ
လမ်းခွဲထွက်ဖို့ ပြင်ဆင်နေပါပြီ။

“ခင်သက်ဆွေ”တဲ့ 
မျက်ရည်မလေး တဦးပါပဲ။

ကျွန်ုပ်သည်လဲ 
ရင်ထဲစူးရှ၊ ပြောမပြတော့
သောကနှင့်ဆိုလျှင် လုံလောက်ပါပြီ။ 

ခင်သက်ဆွေမှာ၊ 
ပညာ မရှိ။ 

ကျွန်ုပ်ဆီမှာ 
ဥစ္စာမရှိ။

အသိုင် အဝိုင်း ထိုအပိုင်းနှင့်
တံတိုင်းကာစရာလည်း ဂုဏ်မရှိ။ 

မရှိခြင်းနှင့် 
ခင်းကျင်းပြင်ဆင်၊ သည်ဇာတ်စင်မှာ 
သိင်္ဂါရကို၊ ဖွဲ့စပ်ဆိုလျက် 
အို.... ရခဲ့သည် က ကရုဏာရသ။

သည်လိုနှင့်ပဲ 
လက်တွဲဖြုတ်ကြ၊

ဘဝအရေး 
ဆွေးနွေး တွေးဆ 
ဝေး... ဝေး... ဝေးကြရပေဦးမည်။

ကဗျာခါးခါး၊ စာခါးခါးနှင့် 
ငါကားကျန်ရစ်၊ ရန်ကုန်မြစ်၌ 
ကူးရစ်လှော်ရစ် ရပေဦးမည်။

မယားတယောက် လူလားမြောက်အောင်
ဆောက်တည်နိုင်ရေး၊ ဘဝကြွေးကို 
ချွေးဖြင့် ဆပ်ရပေဦးမည်။

အို.... ခင်သက်ဆွေ 
ရေစီးကြမ်းတမ်း၊ တိုးမြစ်ဝှမ်းကို 
ဖြတ်သန်း လွန်မြောက်ပါလေတော့။ 

မြောင်းမြအပါး၊ “စကမြား” ကို 
ဖြတ်သွား လွန်မြောက်ပါလေတော့။

ရွေးမြစ်ကြောင်းမှာ
မောင်ဒေါင်း၊ မြေနု၊ နှင်းလှဖြူ (ရကိ္ခုင်)
အခိုင်အမာ၊ ကဗျာကိုချစ် 
စာကိုချစ်သတဲ့၊ ချစ်သော “အောင်ဝေး”
ရေးဖွဲ့သီစပ်၊ ရန်ကုန်အရပ်မှ 
နွမ်းဖပ်ဆုတ်ခွါ၊ ရွှေပြည်သာဆိုတဲ့
ရွာကို နှုတ်ဆက်ပါလေတော့။

“ပြင်ရွာ” ကိုပတ်၊ “ကြာကန်” ဖြတ်လျက်
လပွတ္တာတွင်၊ မိဘရင်၌ 
ခိုဝင်မှေးလျက်၊ မျှော်လင့်ချက်ဖြင့် အသက်ရှင်သန် ပါလေတော့။ 

အို........ “အာရှမောင်”
လူ့ဘောင်လောက 
ဘဝကိုယ်စီ 
လှပြီဆိုမှ၊ ထိုသူမကို သယ်မခေါ်ဆောင်ခဲ့ပါတော့၊

လူစီးကုန်လှောင်၊ “အာရှမောင်” ကား
ကုန်းဘောင်လည်းဆုတ်၊ ကြိုးလည်းဖြုတ်ပေါ့
ဥဩကိုဆွဲ၊ ရေကိုခွဲပေါ့ 
ကြေကွဲမှုသည်၊ တံခွန်ထူလျက်။    ။

                          မောင်သာချို

စာရိုက် - စလေ ငနော့ 

Photos - July Soe 








Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်