ကျွန်မ မညံ့ပါဘူး § ပုညခင်

ကျွန်မ မညံ့ပါဘူး •••••••••••••••••••••••• ပုညခင် မိန်းမတစ်ယောက်ကို ချစ်မိတဲ့အခါ တခြား ဘယ်လို ခံစားချက်မျိုး ကို ပူးတွဲ ခံစားရလေ့ ရှိပါသလဲ။ အချစ်ရဲ့နောက်မှာ တခြားခံစားမှု တစ်ခုခုလည်း ပူးတွဲ ဖြစ်တည် လာတတ်သည်ဟု ကျွန်တော် ထင်သည်။ ဥပမာ လေးစားမှု၊ သနားကရုဏာ စသဖြင့်ပေါ့…။ ကျွန်တော် ကတော့ သူမကို ချစ်သည့် အချစ်နှင့်အတူ မနာလိုမှုကို ပါပူးတွဲခံစားရပြီး ကိုယ့်ကိုယ်ကိုလည်း သိမ်ငယ်စိတ်တွေ ၀င်ခဲ့ရသည်။ ကျွန်တော့်ကို အဲဒီလိုဖြစ်အောင်လုပ် သည့် တရားခံကတော့ သူမကိုယ်တိုင်ပဲ ဖြစ်သည်။ တကယ်ဆို သူမ သိပ်တော်နေ ဖို့ မကောင်းပါ။ မိန်းမဆိုတာ နည်းနည်းလေးတော့ ညံ့ဦးမှပေါ့။ ဒါမှလည်း ကျွန်တော်တို့ ယောကျ်ားတွေမှာ ဖေးမခွင့်ရနိုင်သည်။ ကိုယ့်ထက်ညံ့သည့် မိန်းမတစ်ယောက်ကို ဖေးမကူညီ သနားငဲ့ညှာ လိုက်ရလို့ (တစ်နည်းအားဖြင့် ဆရာလုပ်လိုက်ရ လို့) ခံစားလိုက်ရတဲ့ ယောကျ်ားတစ်ယောက်ရဲ့ ပီတိနဲ့၀င့်။ တကယ်တော့ သူမလက်ကိုင် ထားတဲ့ ဆောင်ပုဒ်ကိုက “မိန်းမတံခွန် လူရည်ချွန်၊ မိုးစွန်တမွတ် ကြယ်ကို ဆွတ်မည်” ဆိုတာမျိုး ဖြစ်သည်။ သူမက သူမလိုချင်သော ဘယ်အရာကိုမှ (အချစ်တစ်ခုကလွဲပြီး) ကျွန်တော့်ထံက မတောင်းဆိုခဲ့ဖူးချေ။ ပြီးတော့ ဘယ်ကိစ္စမှာမှ ကျွန်တော့်ကို မ...