Posts

Showing posts from February, 2020

ဖေ့စ်ဘုတ်ရဲ့ စာလုံးရေအကန့်အသတ် 🖊 စလေ ငနော့

Image
ဖေ့စ်ဘုတ်ရဲ့ စာလုံးရေအကန့်အသတ် •••••••••••••••••••••••••••••••••••••• စလေ ငနော့ ကျနော်အပါအဝင် လူအများ အသုံးပြုနေကြတဲ့ Facebook နဲ့ ပတ်သက်ပြီး သိချင်စရာ ကောင်းတယ်လို့ ယူဆရတဲ့ အကြောင်းအရာတခုကို နည်းနည်း ပြောပြပါမယ်။ တခြား မဟုတ်ပါ။ ကျနော်တို့ နေ့စဉ် တင်နေတဲ့ ဖေ့စ်ဘုတ်ပို့စ်တွေဟာ ဘယ်ရွေ့ဘယ်မျှအထိ ရှည်ရမလဲ၊ တနည်း စာလုံးရေ အများဆုံး ဘယ်လောက်အထိ ရှိနိုင်မလဲ ဆိုတာပါ။ အားလုံးသိထားကြတဲ့အတိုင်း ဖေ့စ်ဘုတ်မှာ ပို့စ်တွေဟာ ရှည်ချင်သလောက် ရှည်လို့ မရပါဘူး။ သူ့မှာ အတိုင်းအတာ အကန့်အသတ် ရှိပါတယ်။ အဲသည် အကန့်အသတ်က ကျော်လွန်လာရင် ဖေ့စ်ဘုတ်က ပို့စ်ရဲ့ နောက်ဆုံးစာလုံးတွေကို အလိုအလျောက် ဖြတ်ချပစ်ပါတယ်။ ဒါဆိုရင် အဲသည့် အတိုင်းအတာအကန့်အသတ်က ဘယ်လောက်ရှိသလဲ။ သိချင်စရာ ကောင်းတဲ့ မေးခွန်းတခုပါပဲ။ ⚫ ပို့စ်ရဲ့ အရှည်ပမာဏကို တိုင်းတာပုံ ဖေ့စ်ဘုတ် အပါအဝင် တွစ်တာ၊ အင်စတာဂရမ် စတဲ့ အွန်လိုင်းလူမှုကွန်ရက်တွေမှာ ပို့စ်တွေရဲ့ အရှည်ပမာဏကို အဲသည်ပို့စ်မှာ ပါဝင်တဲ့ စာလုံးတွေကို ဖော်ကျူးထားတဲ့ သင်္ကေတတွေရဲ့ အရေအတွက်နဲ့ တိုင်းတာတယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ ဗမာလိုပဲ ရေးရေး၊ အင်္ဂလိပ်လိုပဲ ရေးရေး၊ တခြား ဘယ်ဘာသာစကားနဲ့ပဲ ရေးရေး စကာ...

သရော်စာ သမိုင်းနှင့် သရော်စာ ပုံသဏ္ဌာန်များ ၆ 🖊 မင်းခက်ရဲ

Image
သရော်စာ သမိုင်းနှင့် ••••••••••••••••••••••••••• သရော်စာ ပုံသဏ္ဌာန်များ ၆ - ••••••••••••••••••••••••••••• တစ်ကိုယ်တော်သူရဲကောင်းဝါဒ •••••••••••••••••••••••••••••• လှောင်ပြောင်မှုနှင့် ရွဲ့စာပြောင် •••••••••••••••••••••••••••••••• မင်းခက်ရဲ  အခန်းဆက်စာပေဆောင်းပါး သရော်စာသမိုင်းနှင့် သရော်စာပုံသဏ္ဌာန်များ အပိုင်း(၅) တုပလှောင်ပြောင်ဟန် သို့မဟုတ် စာပြောင်ပုံစံ (Parody) ဒီမှာဖတ်နိုင်သည်။ https://m.facebook.com/story.php?story_fbid=770642083424645&id=100014365818991 တစ်ကိုယ်တော်သူရဲကောင်းဝါဒ လှောင်ပြောင်မှုနှင့် ရွဲ့စာပြောင် သရော်စာကို စာပေပုံစံအမျိုးမျိုးဖြင့် ရေးသည်။ သို့မဟုတ် စာပေပုံသဏ္ဌာန်များကိုပင် သရော်လိုသည့်အတွက် ကပြောင်းကပြန်ဖြစ်အောင် ရွဲ့ခြင်းဖြင့် သရော်သည်။ အင်အားရှိပြီး ထိုးဖောက်နိုင်စွမ်းရှိသော စာပြောင်(parady)မျိုးဖြစ်ဖို့ ရာ ဤသို့တုပရွဲ့ခြင်းသဘော ပါဝင်နေသည်။ စာပေပုံစံ ဥပမာ အဲပစ်၊ ဒရမ်မာ၊ ရိုမန့်တစ်တို့ကို သရော်ခဲ့ခြင်းနည်းလမ်းမျိုး ကိုတွေ့ရပါမည်။ တစ်နည်းမှာ တစ်ကိုယ်တော်သူရဲကောင်း လှောင်ပြောင်မှု (mock-heroic)နှင့် နောက်တစ်နည်းမှာ စာကို တုပခြင်း၊ ရွဲ့ခြင်းဖြင့် သရော်သည့် ဘ...

ပန်တျာရှင် 🖊 ကြပ်ကလေး

Image
ပန်တျာရှင် •••••••••••••••• ကြပ်ကလေး “အခု ငါပြောတဲ့အိမ်ရဲ့ တစ်ခြမ်းကို ငှားမယ်တဲ့ကွ” စိန်မင်းပြောခဲ့သော အထက်ပါ စကားကလေးများသည် ကျော်ခေါင်အတွက် အဖိုးတစ်သိန်းဆု ပေါက်သည့်တိုင်အောင် ဤမျှ ဝမ်းမြောက်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူထီမထိုးထားပါ။ ယခုအခါ ကျော်ခေါင်သည် တက္ကသိုလ်ကျောင်းဝယ် ညာတာပါတေးနှင့် ကပ်ရပ်နေထိုင်ရသည်။ အမိတက္ကသိုလ်ကြီးကား သူ့အတွက် နို့မထွက်တော့။ အခြားစကားလုံးနှင့်ဆိုရသော် ကျောင်းဆက်မနေတော့ပါ။ အလုပ်အကိုင်နှင့် ဖြစ်နေပါပြီ။ သူ့နောက် ကလေးများကို ဆက်လက် နို့တက်နိုင်ရန် သူသည် အမိတက္ကသိုလ်၏ ပေါင်ပေါ်မှ ဖယ်ပေးရမည်ဖြစ်လေသည်။ (ဤနေရာ၌ အမိ တက္ကသိုလ်နှင့် တက္ကသိုလ်အမိကို မရောစေလိုပါ) သို့နှင့် အိမ်ပေါသလောက် ရှားလှသော ရန်ကုန်ဝယ် အိမ်ငှားရန် ရှာဖွေရတော့၏။ ရတာမလို လိုတာမရနှင့် နောက်ဆုံးတွင် စိတ်ပျက်နေစဉ်ဝယ် အထက်ဖော်ပြပါအတိုင်း စိန်မင်းထံမှ ရေကျော်ထဲတွင် အိမ်တစ်လုံး၏ ထက်ဝက်သော အစိတ်အပိုင်းကို ငှားမည်ဟူသော သတင်းကောင်းကို ကြားရလေတော့သည်။ အချိန်ကား နံနက် ခုနှစ်နာရီခွဲပင်ဖြစ်၏။ ကျော်ခေါင်သည် စိန်မင်း ပြောပြသည့် လိပ်စာအတိုင်း လာခဲ့ရာ တစ်ခြမ်းတံခါး ပိတ်ထားသော အိမ်တွင်ကပ်ထားသော ဆိုင်းဘုတ်ကိုမြင်မှ...

ဆီစွန်းသွားသော ကြိုးကြီးချိတ်တစ်ထည် 🖊 မြသန်းတင့်

Image
ဆီစွန်းသွားသော •••••••••••••••••••••• ကြိုးကြီးချိတ်တစ်ထည် •••••••••••••••••••••••••••• မြသန်းတင့် ပြောရအုံးမယ်။ ကျွန်တော့်သား ဇော်မော်ရဲ့ အကြောင်း။ ဇော်မော်ရဲ့ အကြောင်းဆိုတာထက် ဇော်မော်ရဲ့ အတင်းဆိုယင် ပိုပြီးမှန်လိမ့်မယ် ထင်တယ်။ မှတ်မိကြအုံးမလား မသိဘူး။ တစ်ခါတုန်းက ကျွန်တော့်သား ဇော်မော်ဟာ အရောင်လွင့်သွားတဲ့ ဂျင်းဘောင်းဘီကလေး တစ်ထည်နဲ့ တူတဲ့အကြောင်းကို ကျွန်တော် ပြောခဲ့ဖူးတယ်။ ခုလဲ သူ့အကြောင်း။ အဲ သူ့အ တင်းကိုပဲ ပြောရအုံးမှာပဲ။ ပြောစရာတွေက ရှိလာကာကိုး။ ('အရောင်လွင့်သွားသော ဂျင်းဘောင်ဘီတစ်ထည်' ကို မဖတ်ရသေးရင်/ပြန်ဖတ်ချင်ရင် သည်မှာ ဖတ်နိုင်ပါတယ်။ ။ ငနော့) https://m.facebook.com/story.php?story_fbid=366594070496117&id=100014365818991 အမှန်ကတော့ ကိုယ့်သားရဲ့ အတင်းကို မပြောချင်ဘူး။ မပြောရက်ဘူး၊ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ကိုယ့်ရင်ထဲမှာ ခံစားရတာတွေ များလွန်းတော့ နည်းနည်းပြေပျောက်မှ ပြေပျောက်ပါစေတော့ဆိုတဲ့ သဘောနဲ့ ကျွန်တော် ပြောရတာ။ တစ်ကယ်တော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း၊ ကိုယ့်အထုပ် ကိုယ်ဖြေပြတာနဲ့အတူတူပဲ။ ကျွန်တော့်သား မိန်းမခိုးလာတဲ့အကြောင်းကို ပြောခဲ့ပြီးပြီ။ သူ့ကောင်မလေးရဲ့ နာမ...

သရော်စာ သမိုင်းနှင့် သရော်စာ ပုံသဏ္ဌာန်များ ၅ 🖊 မင်းခက်ရဲ

Image
သရော်စာ သမိုင်းနှင့် •••••••••••••••••••••••••••••• သရော်စာ ပုံသဏ္ဌာန်များ(၅)- ••••••••••••••••••••••••••••••• တုပလှောင်ပြောင်ဟန် ••••••••••••••••••••••••••• သို့မဟုတ် စာပြောင်ပုံစံ (Parody) •••••••••••••••••••••••••••••••••••••• မင်းခက်ရဲ  အခန်းဆက်စာပေဆောင်းပါး – သရော်စာ သမိုင်းနှင့် သရော်စာ ပုံသဏ္ဌာန်များ အပိုင်း(၄) - ဂရိတို့ ၏ ဗီဇ ဒီမှာဖတ်နိုင်သည်။ https://m.facebook.com/story.php?story_fbid=767925323696321&id=100014365818991 တုပလှောင်ပြောင်ဟန် သို့မဟုတ် စာပြောင် ပုံစံ (Parody) သရော်စာ၏ နောက်ထပ်ပုံစံတစ်မျိုးမှာ တုပလှောင်ပြောင်ဟန် (parody)၊ လူ့လှုပ်ရှားမှုတွေကို တုပလှောင်ပြောင်ဟန် (mimicry) ပင်ဖြစ်သည်။ သဘာဝယုတ္တိအကျဆုံးဟန်ဖြင့် ရေးဖွဲ့သည်။ သရော်စာအဖွဲ့များတွင် ကျေနပ်နှစ်သိမ့်မှု အပေးဆုံး၊ အထိရောက်ဆုံးအဖွဲ့ ပုံစံဟု ဆိုကြသည်။ ကောင်လေးနှင့် ကောင်မလေးနှစ်ဦး ထမင်းစားပွဲထိပ်အောက်ခြေတွင် ထိုင်နေပြီး သူတို့နှစ်ဦးသည် တစ်ဦးနှင့် တစ်ဦး အလွန်တည်ကြည်လေးနက်စွာ ကြည့်နေသည်။ အင်မတန်ကြီးကျယ်လေးနက်သည့် အကြောင်းအရာတွေကို ချဲ့ကားပြောနေကြသည်။ တစ်ယောက်က နှုတ်ခမ်းမွှေးကြီးအတုနှင့် တစ်ယောက်က မိန်းမကြီးတ...