ဖေ့စ်ဘုတ်ရဲ့ စာလုံးရေအကန့်အသတ် 🖊 စလေ ငနော့

ဖေ့စ်ဘုတ်ရဲ့ စာလုံးရေအကန့်အသတ်
••••••••••••••••••••••••••••••••••••••

စလေ ငနော့

ကျနော်အပါအဝင် လူအများ အသုံးပြုနေကြတဲ့ Facebook နဲ့ ပတ်သက်ပြီး သိချင်စရာ ကောင်းတယ်လို့ ယူဆရတဲ့ အကြောင်းအရာတခုကို နည်းနည်း ပြောပြပါမယ်။ တခြား မဟုတ်ပါ။ ကျနော်တို့ နေ့စဉ် တင်နေတဲ့ ဖေ့စ်ဘုတ်ပို့စ်တွေဟာ ဘယ်ရွေ့ဘယ်မျှအထိ ရှည်ရမလဲ၊ တနည်း စာလုံးရေ အများဆုံး ဘယ်လောက်အထိ ရှိနိုင်မလဲ ဆိုတာပါ။

အားလုံးသိထားကြတဲ့အတိုင်း ဖေ့စ်ဘုတ်မှာ ပို့စ်တွေဟာ ရှည်ချင်သလောက် ရှည်လို့ မရပါဘူး။ သူ့မှာ အတိုင်းအတာ အကန့်အသတ် ရှိပါတယ်။ အဲသည် အကန့်အသတ်က ကျော်လွန်လာရင် ဖေ့စ်ဘုတ်က ပို့စ်ရဲ့ နောက်ဆုံးစာလုံးတွေကို အလိုအလျောက် ဖြတ်ချပစ်ပါတယ်။ ဒါဆိုရင် အဲသည့် အတိုင်းအတာအကန့်အသတ်က ဘယ်လောက်ရှိသလဲ။ သိချင်စရာ ကောင်းတဲ့ မေးခွန်းတခုပါပဲ။

⚫ ပို့စ်ရဲ့ အရှည်ပမာဏကို တိုင်းတာပုံ

ဖေ့စ်ဘုတ် အပါအဝင် တွစ်တာ၊ အင်စတာဂရမ် စတဲ့ အွန်လိုင်းလူမှုကွန်ရက်တွေမှာ ပို့စ်တွေရဲ့ အရှည်ပမာဏကို အဲသည်ပို့စ်မှာ ပါဝင်တဲ့ စာလုံးတွေကို ဖော်ကျူးထားတဲ့ သင်္ကေတတွေရဲ့ အရေအတွက်နဲ့ တိုင်းတာတယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ ဗမာလိုပဲ ရေးရေး၊ အင်္ဂလိပ်လိုပဲ ရေးရေး၊ တခြား ဘယ်ဘာသာစကားနဲ့ပဲ ရေးရေး စကားလုံးတွေ ဖြစ်ဖို့ရာ ဘာသာစကားအလိုက် ဆိုင်ရာသင်္ကေတတွေကို ပေါင်းစပ်ပြီး ရေးရတာချည်းပါပဲ။ အဲသလို သင်္ကေတတွေကို ကာရိုက်တာ (character) လို့ ခေါ်ပါတယ်။

ဥပမာ ကျနော့်ရဲ့ နာမည် ကျော်ဇင်လတ် ဆိုပါစို့။ အင်္ဂလိပ်လို ရေးရင် K, y, a, w, Z, i, n, L, a, t, t ဆိုပြီး အက္ခရာ ၁၁ ခုနဲ့ ရေးရတာပါ။ ပြီးတော့ Kyaw နဲ့ Zin ကြားမှာတခါ၊ Zin နဲ့ Latt ကြားမှာတခါ ကွက်လပ် (space) ကလေး နှစ်ခါ ခြားပေးရပါသေးတယ်။ ဒါကြောင့် Kyaw Zin Latt ဆိုတဲ့ နာမည်မှာ ကာရိုက်တာ ၁၃ ခု ပါဝင်ပါတယ်။

ဗမာလိုပဲ ရေးမယ်ဆိုရင်တော့ သဝေထိုး၊ ကကြီး၊ ယပင့်၊ ရေးချ၊ ရှေ့ထိုး၊ ဇကွဲ၊ င၊ အသတ်၊ လ၊ တဝမ်းပူ၊ အသတ် ဆိုပြီး ရေးရတာမို့ ကျော်ဇင်လတ်ဆိုတဲ့ နာမည်မှာ ကာရိုက်တာ ၁၁ ခု ပါဝင်ပါတယ်။

Space တခါ ခြားရင် ကာရိုက်တာတခုအဖြစ် ရေတွက်ရသလို စာကြောင်းခြားရင်လည်း ထည့်ရေတွက်ရပါတယ်။ စာကြောင်းနှစ်ခါခြား (စာပိုဒ်ခွဲ) ရင်တော့ ကာရိုက်တာ နှစ်ခုအဖြစ် ရေတွက်ရပါတယ်။ ဒါ့အပြင် ဗမာစကားမှာ ပုဒ်ထီး၊ ပုဒ်မ၊ ကွင်းစ၊ ကွင်းပိတ် စတဲ့၊ အင်္ဂလိပ်စကားမှာ full stop (.), comma (,), question mark (?), colon (:) စတဲ့ ဘာသာစကားရဲ့ ပုဒ်ဖြတ်ပုဒ်ရပ် punctuation သင်္ကေတတခုခု သုံးတိုင်းလည်း ကာရိုက်တာတခုအဖြစ် ထည့်သွင်းရေတွက်ရပါတယ်။

ဒါလောက်ဆိုရင် စာလုံးတွေရဲ့ ကာရိုက်တာ ရေတွက်ပုံကို သိရပြီမို့ အကန့်အသတ်အရေအတွက်တွေကို ဆက်ပြောပြပါမယ်။

⚫ ယူဇာနိမ်း (အကောင့်နာမည်) အတွက်

ဖေ့စ်ဘုတ် အကောင့်နာမည် (user name) တခုဟာ ကာရိုက်တာအရေအတွက် အများဆုံး ၅၀ ထက် မကျော်လွန်ရပါဘူး။ ဒါကြောင့် အကောင့်နာမည်ကို ရှည်လျားထွေပြားပေများစွာ ပေးချင်သူတွေအနေနဲ့ မိမိအသုံးပြုလိုတဲ့ အကောင့်နာမည်ဟာ ကာရိုက်တာ ၅၀ အတွင်း ရှိမရှိ ရေကြည့်သင့်ပါတယ်။

⚫ စတေးတပ်စ်အတွက်

ဖေ့စ်ဘုတ်ပို့စ်/စတေးတပ်စ် (status) တခုအတွက် ဖေ့စ်ဘုတ်က ခွင့်ပြုတဲ့ အများဆုံးကာရိုက်တာ အရေအတွက်ဟာ ခြောက်သောင်းသုံထောင် နှစ်ရာ့ခြောက်ခု (၆၃, ၂၀၆) ဖြစ်ပါတယ်။ အဲသည့်အရေအတွက်ထက် ကျော်လွန်ရင် သိကြတဲ့အတိုင်း ဖေ့စ်ဘုတ်က ပိုနေတဲ့ စာလုံးတွေကို ဖြတ်ချပစ်ပါတယ်။ ဒါကြောင့် ကျနော့်လို စာတအားရှည်တဲ့ ပို့စ်တွေ တင်ချင်သူတွေမှာ လိုအပ်သလောက် အပိုင်းတွေ ခွဲပြီး တင်ရပါတယ်။

⚫ ကွန်မင့် (comment) အတွက်

ပို့စ်တွေ၊ စတေးတပ်စ်တွေအောက်မှာ ရေးကြရတဲ့ ကွန်မင့်တခု၊ မန့်တခုမှာ ကာရိုက်တာအရေအတွက် ၈၀၀၀ ထက် မကျော်လွန်ရပါဘူး။

⚫ ကာရိုက်တာအရေအတွက်ကို ဘယ်လို ရေတွက်မလဲ

ဒါဆို ဟုတ်ပါပြီ၊ ပို့စ်တွေ ဘယ်လောက်အထိ ရှည်ရမလဲဆိုတာတော့ သိပါပြီ။ ကျုပ်တို့က ပို့စ်အရှည်ကြီးတခု တင်ခါနီးတိုင်းမှာ ကာရိုက်တာ ဘယ်နှခု ပါတယ်ဆိုတာ လက်ချိုးပြီး ရေကြည့်နေရမှာလားလို့ မေးလာရင်တော့ အဲသလိုတော့လည်း မဟုတ်ပါဘူး။ သည်အတွက် နည်းရှိပါတယ်။ မိမိတင်လိုတဲ့ ပို့စ်အရှည်ကြီးတခုမှာ ကာရိုက်တာ အရေအတွက် ဘယ်လောက်ပါပြီး ဖေ့စ်ဘုတ်ရဲ့ ကန့်သတ်လစ်မစ်ထက် ကျော်လွန်နေသလား၊ မနေဘူးလားဆိုတာကို လက်တွေ့ ရေတွက်ကြည့်နေစရာ မလိုဘဲ စက္ကန့်ပိုင်းအတွင်း ရေတွက်သိရှိနိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲဒါကတော့ Character Counter Tool ခေါ်တဲ့ website ဒါမှမဟုတ် application တခုကို သုံးပြီး ရေတွက်ရတာပါပဲ။ ခု ကျနော် နေ့စဉ် အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်တခုကို ပြောပြပါမယ်။

⚫ ကာရိုက်တာကောင်တာ ဝက်ဘ်ဆိုက်များ

ကျနော် စာအရှည် တင်ခါနီးတိုင်း အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်လိပ်စာက...

https://m.lettercount.com/

ဖြစ်ပါတယ်။

အသုံးပြုပုံကလည်း လွယ်ကူပါတယ်။ မိမိ တင်လိုတဲ့ ပို့စ်ကို ဦးစွာ နုတ်တခုထဲမှာ ချရေးထားပြီး စာကို ကော်ပီယူရပါမယ်။ ပြီး ဝက်ဘ်ဆိုက်ထဲ ဝင်ပြီး ဆိုက်မှာ ပေးထားတဲ့ လေးထောင့်ဇယားကွက်ထဲမှာ ပေ့စ် paste ချရပါမယ်။ နောက် ဇယားအောက်ခြေနားက Count characters ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် စက္ကန့်ပိုင်းအတွင်း ကာရိုက်တာအရေအတွက်ကို ပြပေးပါလိမ့်မယ်။ အဲသည်အရေအတွက်ဟာ ဖေ့စ်ဘုတ်ရဲ့ ကန့်သတ်လစ်မစ် ၆၃, ၂၀၆ အတွင်းမှာပဲ ရှိမယ်ဆိုရင် ပို့စ်တင်လို့ ရပြီပေါ့။ ရေတွက်လို့ ပြီးတာနဲ့ Reset ခလုတ်ကို နှိပ်ထားလိုက်ရင် ဝက်ဘ်ဆိုက်ကို နောက်တကြိမ်ပြန်ပြီး သုံးဖို့ အသင့်ပြန်ဖြစ်ပါပြီ။

ဝတ္ထုရှည်တအုပ်စာလောက် ရှည်တဲ့ စာတွေ တင်ချင်တယ်ဆိုရင်လည်း ဘယ်နှပိုင်းလောက် ခွဲတင်ရမယ်ဆိုတာ ကြိုခန့်မှန်းလို့ ရနိုင်ပါတယ်။

ပုံမှာ မနေ့ညက ကျနော်တင်တဲ့ ဆရာသော်တာဆွေရဲ့ 'ဂေါ်ချက်ကယ်နာ' ဝတ္ထုကို နမူနာအဖြစ် ရေတွက်ပြထားပါတယ်။

တခြားဝက်ဘ်ဆိုက်တွေကို သုံးချင်ပါတယ်ဆိုရင်လည်း ဂူဂယ်လ်မှာ online character count လို့ ရိုက်ရှာလိုက်ရင် အလားတူ အသုံးပြုနိုင်တဲ့ ဆိုက်တွေ အများကြီး တွေ့ရမှာပါ။ ကျနော် ရှာတွေ့သလောက် အနည်းငယ် ဖော်ပြရရင်...

၁။

https://www.charactercountonline.com/

၂။

https://charactercounttool.com/

၃။

https://charcounter.com/en/

ကိုယ်အဆင်ပြေရာ ဆိုက်ကို သုံးကြရုံပေါ့။

⚫ အပလီကေးရှင်းများ

ဝက်ဘ်ဆိုက်နဲ့ မသုံးချင်ဘူး။ အပလီကေးရှင်းကိုပဲ သုံးချင်တယ်ဆိုရင် Google Play Store မှာ online character count လို့ပဲ ရိုက်ရှာလိုက်ရင် မနည်းမနော တွေ့ရမှာပါ။

၁။ Word Counter (2 MB)

https://play.google.com/store/apps/details?id=wordtextcounter.details.main

၂။ Character Counter (1.5 MB)

https://play.google.com/store/apps/details?id=com.faruk.charcount

၃။ Count Words (1.8 MB)

https://play.google.com/store/apps/details?id=com.mobtower.count.words

အချက်အလက်တွေကို ဂူဂယ်လ်ဆိုက်တချို့ကနေ ရယူထားပါတယ်။ အသေးစိတ် ပိုသိချင်သူတွေ ဝင်ဖတ်လို့ရအောင် ကျနော် ရှာဖတ်ထားတဲ့ မူရင်းလင့်ခ်တွေကို ကွန်မင့်မှာ ချရေးပေးပါမယ်။ မူရင်းတွေမှာ တွစ်တာ စတဲ့ တခြားသော လူမှုကွန်ရက်တွေရဲ့ ကာရိုက်တာလစ်မစ်တွေလည်း ဖော်ပြထားပါတယ်။ ကျနော်က ဖေ့စ်ဘုတ်အတွက်ပဲ ထုတ်ရေးထားတာပါ။

စလေ ငနော့

Unicode

ဖေ့စ်ဘုတ်ရဲ့ စာလုံးရေအကန့်အသတ်
••••••••••••••••••••••••••••••••••••••

စလေ ငနော့

ကျနော်အပါအဝင် လူအများ အသုံးပြုနေကြတဲ့ Facebook နဲ့ ပတ်သက်ပြီး သိချင်စရာ ကောင်းတယ်လို့ ယူဆရတဲ့ အကြောင်းအရာတခုကို နည်းနည်း ပြောပြပါမယ်။ တခြား မဟုတ်ပါ။ ကျနော်တို့ နေ့စဉ် တင်နေတဲ့ ဖေ့စ်ဘုတ်ပို့စ်တွေဟာ ဘယ်ရွေ့ဘယ်မျှအထိ ရှည်ရမလဲ၊ တနည်း စာလုံးရေ အများဆုံး ဘယ်လောက်အထိ ရှိနိုင်မလဲ ဆိုတာပါ။

အားလုံးသိထားကြတဲ့အတိုင်း ဖေ့စ်ဘုတ်မှာ ပို့စ်တွေဟာ ရှည်ချင်သလောက် ရှည်လို့ မရပါဘူး။ သူ့မှာ အတိုင်းအတာ အကန့်အသတ် ရှိပါတယ်။ အဲသည် အကန့်အသတ်က ကျော်လွန်လာရင် ဖေ့စ်ဘုတ်က ပို့စ်ရဲ့ နောက်ဆုံးစာလုံးတွေကို အလိုအလျောက် ဖြတ်ချပစ်ပါတယ်။ ဒါဆိုရင် အဲသည့် အတိုင်းအတာအကန့်အသတ်က ဘယ်လောက်ရှိသလဲ။ သိချင်စရာ ကောင်းတဲ့ မေးခွန်းတခုပါပဲ။

⚫ ပို့စ်ရဲ့ အရှည်ပမာဏကို တိုင်းတာပုံ

ဖေ့စ်ဘုတ် အပါအဝင် တွစ်တာ၊ အင်စတာဂရမ် စတဲ့ အွန်လိုင်းလူမှုကွန်ရက်တွေမှာ ပို့စ်တွေရဲ့ အရှည်ပမာဏကို အဲသည်ပို့စ်မှာ ပါဝင်တဲ့ စာလုံးတွေကို ဖော်ကျူးထားတဲ့ သင်္ကေတတွေရဲ့ အရေအတွက်နဲ့ တိုင်းတာတယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ ဗမာလိုပဲ ရေးရေး၊ အင်္ဂလိပ်လိုပဲ ရေးရေး၊ တခြား ဘယ်ဘာသာစကားနဲ့ပဲ ရေးရေး စကားလုံးတွေ ဖြစ်ဖို့ရာ ဘာသာစကားအလိုက် ဆိုင်ရာသင်္ကေတတွေကို ပေါင်းစပ်ပြီး ရေးရတာချည်းပါပဲ။ အဲသလို သင်္ကေတတွေကို ကာရိုက်တာ (character) လို့ ခေါ်ပါတယ်။

ဥပမာ ကျနော့်ရဲ့ နာမည် ကျော်ဇင်လတ် ဆိုပါစို့။ အင်္ဂလိပ်လို ရေးရင် K, y, a, w, Z, i, n, L, a, t, t ဆိုပြီး အက္ခရာ ၁၁ ခုနဲ့ ရေးရတာပါ။ ပြီးတော့ Kyaw နဲ့ Zin ကြားမှာတခါ၊ Zin နဲ့ Latt ကြားမှာတခါ ကွက်လပ် (space) ကလေး နှစ်ခါ ခြားပေးရပါသေးတယ်။ ဒါကြောင့် Kyaw Zin Latt ဆိုတဲ့ နာမည်မှာ ကာရိုက်တာ ၁၃ ခု ပါဝင်ပါတယ်။

ဗမာလိုပဲ ရေးမယ်ဆိုရင်တော့ သဝေထိုး၊ ကကြီး၊ ယပင့်၊ ရေးချ၊ ရှေ့ထိုး၊ ဇကွဲ၊ င၊ အသတ်၊ လ၊ တဝမ်းပူ၊ အသတ် ဆိုပြီး ရေးရတာမို့ ကျော်ဇင်လတ်ဆိုတဲ့ နာမည်မှာ ကာရိုက်တာ ၁၁ ခု ပါဝင်ပါတယ်။

Space တခါ ခြားရင် ကာရိုက်တာတခုအဖြစ် ရေတွက်ရသလို စာကြောင်းခြားရင်လည်း ထည့်ရေတွက်ရပါတယ်။ စာကြောင်းနှစ်ခါခြား (စာပိုဒ်ခွဲ) ရင်တော့ ကာရိုက်တာ နှစ်ခုအဖြစ် ရေတွက်ရပါတယ်။ ဒါ့အပြင် ဗမာစကားမှာ ပုဒ်ထီး၊ ပုဒ်မ၊ ကွင်းစ၊ ကွင်းပိတ် စတဲ့၊ အင်္ဂလိပ်စကားမှာ full stop (.), comma (,), question mark (?), colon (:) စတဲ့ ဘာသာစကားရဲ့ ပုဒ်ဖြတ်ပုဒ်ရပ် punctuation သင်္ကေတတခုခု သုံးတိုင်းလည်း ကာရိုက်တာတခုအဖြစ် ထည့်သွင်းရေတွက်ရပါတယ်။

ဒါလောက်ဆိုရင် စာလုံးတွေရဲ့ ကာရိုက်တာ ရေတွက်ပုံကို သိရပြီမို့ အကန့်အသတ်အရေအတွက်တွေကို ဆက်ပြောပြပါမယ်။

⚫ ယူဇာနိမ်း (အကောင့်နာမည်) အတွက်

ဖေ့စ်ဘုတ် အကောင့်နာမည် (user name) တခုဟာ ကာရိုက်တာအရေအတွက် အများဆုံး ၅၀ ထက် မကျော်လွန်ရပါဘူး။ ဒါကြောင့် အကောင့်နာမည်ကို ရှည်လျားထွေပြားပေများစွာ ပေးချင်သူတွေအနေနဲ့ မိမိအသုံးပြုလိုတဲ့ အကောင့်နာမည်ဟာ ကာရိုက်တာ ၅၀ အတွင်း ရှိမရှိ ရေကြည့်သင့်ပါတယ်။

⚫ စတေးတပ်စ်အတွက်

ဖေ့စ်ဘုတ်ပို့စ်/စတေးတပ်စ် (status) တခုအတွက် ဖေ့စ်ဘုတ်က ခွင့်ပြုတဲ့ အများဆုံးကာရိုက်တာ အရေအတွက်ဟာ ခြောက်သောင်းသုံထောင် နှစ်ရာ့ခြောက်ခု (၆၃, ၂၀၆) ဖြစ်ပါတယ်။ အဲသည့်အရေအတွက်ထက် ကျော်လွန်ရင် သိကြတဲ့အတိုင်း ဖေ့စ်ဘုတ်က ပိုနေတဲ့ စာလုံးတွေကို ဖြတ်ချပစ်ပါတယ်။ ဒါကြောင့် ကျနော့်လို စာတအားရှည်တဲ့ ပို့စ်တွေ တင်ချင်သူတွေမှာ လိုအပ်သလောက် အပိုင်းတွေ ခွဲပြီး တင်ရပါတယ်။

⚫ ကွန်မင့် (comment) အတွက်

ပို့စ်တွေ၊ စတေးတပ်စ်တွေအောက်မှာ ရေးကြရတဲ့ ကွန်မင့်တခု၊ မန့်တခုမှာ ကာရိုက်တာအရေအတွက် ၈၀၀၀ ထက် မကျော်လွန်ရပါဘူး။

⚫ ကာရိုက်တာအရေအတွက်ကို ဘယ်လို ရေတွက်မလဲ

ဒါဆို ဟုတ်ပါပြီ၊ ပို့စ်တွေ ဘယ်လောက်အထိ ရှည်ရမလဲဆိုတာတော့ သိပါပြီ။ ကျုပ်တို့က ပို့စ်အရှည်ကြီးတခု တင်ခါနီးတိုင်းမှာ ကာရိုက်တာ ဘယ်နှခု ပါတယ်ဆိုတာ လက်ချိုးပြီး ရေကြည့်နေရမှာလားလို့ မေးလာရင်တော့ အဲသလိုတော့လည်း မဟုတ်ပါဘူး။ သည်အတွက် နည်းရှိပါတယ်။ မိမိတင်လိုတဲ့ ပို့စ်အရှည်ကြီးတခုမှာ ကာရိုက်တာ အရေအတွက် ဘယ်လောက်ပါပြီး ဖေ့စ်ဘုတ်ရဲ့ ကန့်သတ်လစ်မစ်ထက် ကျော်လွန်နေသလား၊ မနေဘူးလားဆိုတာကို လက်တွေ့ ရေတွက်ကြည့်နေစရာ မလိုဘဲ စက္ကန့်ပိုင်းအတွင်း ရေတွက်သိရှိနိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲဒါကတော့ Character Counter Tool ခေါ်တဲ့ website ဒါမှမဟုတ် application တခုကို သုံးပြီး ရေတွက်ရတာပါပဲ။ ခု ကျနော် နေ့စဉ် အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်တခုကို ပြောပြပါမယ်။

⚫ ကာရိုက်တာကောင်တာ ဝက်ဘ်ဆိုက်များ

ကျနော် စာအရှည် တင်ခါနီးတိုင်း အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်လိပ်စာက...

https://m.lettercount.com/

ဖြစ်ပါတယ်။

အသုံးပြုပုံကလည်း လွယ်ကူပါတယ်။ မိမိ တင်လိုတဲ့ ပို့စ်ကို ဦးစွာ နုတ်တခုထဲမှာ ချရေးထားပြီး စာကို ကော်ပီယူရပါမယ်။ ပြီး ဝက်ဘ်ဆိုက်ထဲ ဝင်ပြီး ဆိုက်မှာ ပေးထားတဲ့ လေးထောင့်ဇယားကွက်ထဲမှာ ပေ့စ် paste ချရပါမယ်။ နောက် ဇယားအောက်ခြေနားက Count characters ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် စက္ကန့်ပိုင်းအတွင်း ကာရိုက်တာအရေအတွက်ကို ပြပေးပါလိမ့်မယ်။ အဲသည်အရေအတွက်ဟာ ဖေ့စ်ဘုတ်ရဲ့ ကန့်သတ်လစ်မစ် ၆၃, ၂၀၆ အတွင်းမှာပဲ ရှိမယ်ဆိုရင် ပို့စ်တင်လို့ ရပြီပေါ့။ ရေတွက်လို့ ပြီးတာနဲ့ Reset ခလုတ်ကို နှိပ်ထားလိုက်ရင် ဝက်ဘ်ဆိုက်ကို နောက်တကြိမ်ပြန်ပြီး သုံးဖို့ အသင့်ပြန်ဖြစ်ပါပြီ။

ဝတ္ထုရှည်တအုပ်စာလောက် ရှည်တဲ့ စာတွေ တင်ချင်တယ်ဆိုရင်လည်း ဘယ်နှပိုင်းလောက် ခွဲတင်ရမယ်ဆိုတာ ကြိုခန့်မှန်းလို့ ရနိုင်ပါတယ်။

ပုံမှာ မနေ့ညက ကျနော်တင်တဲ့ ဆရာသော်တာဆွေရဲ့ 'ဂေါ်ချက်ကယ်နာ' ဝတ္ထုကို နမူနာအဖြစ် ရေတွက်ပြထားပါတယ်။

တခြားဝက်ဘ်ဆိုက်တွေကို သုံးချင်ပါတယ်ဆိုရင်လည်း ဂူဂယ်လ်မှာ online character count လို့ ရိုက်ရှာလိုက်ရင် အလားတူ အသုံးပြုနိုင်တဲ့ ဆိုက်တွေ အများကြီး တွေ့ရမှာပါ။ ကျနော် ရှာတွေ့သလောက် အနည်းငယ် ဖော်ပြရရင်...

၁။

https://www.charactercountonline.com/

၂။

https://charactercounttool.com/

၃။

https://charcounter.com/en/

ကိုယ်အဆင်ပြေရာ ဆိုက်ကို သုံးကြရုံပေါ့။

⚫ အပလီကေးရှင်းများ

ဝက်ဘ်ဆိုက်နဲ့ မသုံးချင်ဘူး။ အပလီကေးရှင်းကိုပဲ သုံးချင်တယ်ဆိုရင် Google Play Store မှာ online character count လို့ပဲ ရိုက်ရှာလိုက်ရင် မနည်းမနော တွေ့ရမှာပါ။

၁။ Word Counter (2 MB)

https://play.google.com/store/apps/details?id=wordtextcounter.details.main

၂။ Character Counter (1.5 MB)

https://play.google.com/store/apps/details?id=com.faruk.charcount

၃။ Count Words (1.8 MB)

https://play.google.com/store/apps/details?id=com.mobtower.count.words

အချက်အလက်တွေကို ဂူဂယ်လ်ဆိုက်တချို့ကနေ ရယူထားပါတယ်။ အသေးစိတ် ပိုသိချင်သူတွေ ဝင်ဖတ်လို့ရအောင် ကျနော် ရှာဖတ်ထားတဲ့ မူရင်းလင့်ခ်တွေကို ကွန်မင့်မှာ ချရေးပေးပါမယ်။ မူရင်းတွေမှာ တွစ်တာ စတဲ့ တခြားသော လူမှုကွန်ရက်တွေရဲ့ ကာရိုက်တာလစ်မစ်တွေလည်း ဖော်ပြထားပါတယ်။ ကျနော်က ဖေ့စ်ဘုတ်အတွက်ပဲ ထုတ်ရေးထားတာပါ။

စလေ ငနော့




Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်