Posts
Showing posts from November, 2019
ချစ်စရာကောင်းတဲ့ လူငယ်တွေ ၃ + ၄ 🖊 အောင်သင်း
Image
ချစ်စရာကောင်းတဲ့ လူငယ်တွေ ၃ ••••••••••••••••••••••••••••••••••• အောင်သင်း ငါလည်း စကားရှည်သွားလို့ ခုတစ်ပတ်မှ အဲဒီအံ့သြစရာ လူငယ် အကြောင်းကို ဆက်ရပြန်တော့တယ်။ လူငယ်ဆိုသော်လည်းပဲ သူ့အသက်က ၄ဝ ကျော်လောက်ပါပြီ။ သို့သော်လည်း ငါ့အဖို့မှာတော့ လူငယ်ပါပဲ။ တခြား လူငယ်တွေထက် အံ့သြဖို့ကောင်း တာတွေပြောပြချင်လို့ ဒီဆောင်းပါးကို ဆက်ရေးလိုက်တာပါ။ ကိုင်း- သူ့အကြောင်းကို မဖတ်ရသေးမီမှာ သူ့လိပ်စာ ကတ်ပြားလေး ကို ကြည့်လိုက် ကြဦးစို့။   ရွှေရောင်ပြောင်လက်နေတဲ့ သူ့ရဲ့လိပ်စာကတ်ပြားမှာ  ရေးထားတဲ့ ဂုဏ်ပုဒ်တွေက နိုင်ငံတော် အလံ သုံးရောင်ခြယ် ကြယ်တစ်ပွင့်နဲ့ အတူ ဦးမြတ်ဦး (BABY VITA)B.A (Geog), RL (Law), Dip in Food Tech.(ဥက္ကဋ္ဌ) ၊ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း (ဗဟိုအမှု ဆောင်)၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်၊ ကာကွယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ကကပြန်)။ အဲဒီလို လိပ်စာကတ်မှာ ရေးထားတာတွေထောက်တော့ သူ့ရဲ့ ကြိုးပမ်းအောင်မြင်မှုကို မင်းတို့သိလောက်ပါပြီ။ ဒါပေမယ့် ကြေကွဲစရာလည်းကောင်း၊ ချီးကျူးဖွယ်ရာ၊ အားကျဖွယ်ရာ ကောင်းတာ ကတော့ သူ့ရဲ့ဘဝ  နိဒါန်းကို အနုတ်လက္ခဏာနဲ့ စပြီ...
ချစ်စရာကောင်းတဲ့ လူငယ်တွေ ၁ + ၂ 🖊 အောင်သင်း
Image
ချစ်စရာကောင်းတဲ့ လူငယ်တွေ ••••••••••••••••••••••••••••••••••• အောင်သင်း ‘မျိုးဆက်သစ်တိုးတက်ရစ်ဖို့’ ဆိုတဲ့ကဏ္႑ကို ‘ဈေးကွက်ဂျာနယ်’ မှာ ပုံမှန်ရေးနေခဲ့တာ အတော်ကြာ ခဲ့ပါပြီ။ လူငယ်တွေ သတိပြုမှတ် သားဖွယ်ရာ၊ တွေးတောဆင်ခြင် ဖွယ်ရာတွေကို ရှုထောင့်အမျိုးမျိုးက ရေးခဲ့ပါတယ်။ အဲဒီအပြင် ပိဋကတ်မိတ်ဆက်၊ ဂနၴဝင်မိတ်ဆက် စာပေကြီးပေကြီးတွေကိုလည်း အ ခွင့်သင့်တိုင်းရေးခဲ့ပါတယ်။ အဲဒီ စာတွေကိုရေးစဉ်အခါက လူငယ် တွေရဲ့ တုံ့ပြန်မှုကို များများစားစား မမျှော်လင့်ခဲ့ပါဘူး။ နောက်တော့ တွေ့လာရတာက လူငယ်တွေဟာ သူတို့အပေါ် အကျိုးပြုတယ်ထင်မိရင် သိသိသာသာကြီး တုံ့ပြန် တတ်ကြတာကို အ့ံအားသင့်စွာ တွေ့လာရတယ်။ ဒီတော့ကို ငါတို့လူငယ်တွေဟာ ကောင်းချင်ကြတယ်။ မြင့်မြတ်ချင်ကြတယ်။ ကျေးဇူးတရားကို ခင်ခင်မက်မက် တုံ့ပြန်ချင်ကြတယ်။ သူတော်ကောင်းစိတ် တဖွားဖွား အရင်းခံအားဖြင့် ရှိနေကြတယ်ဆိုတာ အလွန်သိသာပါတယ်။ ငါက လူငယ်တွေနဲ့ ပတ်သက်ပြီး ဆင်ခြင်စရာတွေ ကျင့်သုံးစရာတွေကို ရေးလေ့ရှိတယ် မဟုတ်လား။ အဲဒီလို ဆုံးမသံတွေ တဝေဝေနဲ့ ​ရေးတဲ့စာတွေကို ခင်ခင်မက်မက်  အမြတ်တနိုးဖတ်ကြတယ်။ ဆရာကြီးလုပ်တယ်လို့ တစ်စက်မှ မထင်တဲ့အပြင် သူတို့ ဘကြီး၊ ဘထွေး၊ ဦးကြီး၊ ဦးလေးလို...
Image
တညင်းသီး 🖊 လူထုဦးလှ
Image
တညင်းသီး (မွန်ပုံပြင်)  •••••••••••••••••••••••• လူထုဦးလှ ရှေးက ရမ္မာပူရပြည့်ရှင် ဘုရင်မင်းတရားကြီးမှာ သမီးတော်လေးတစ်ပါး ထွန်းကားပါတယ်။ ဘုရင့်သမီး တော် အရွယ်ရောက်တဲ့အခါ သူ့အလှကျက်သရေက လူ့ပြည်လောကမှာ စံနှိုင်းမရအောင် လှတယ်။ ဒီအလှသတင်းဟာလည်း ပြည်ထောင်ချင်းချင်း မင်းအပေါင်းထံ နှံ့အောင် ပျံ့လွင့်သွားတယ်။ ပြည်ထောင်ချင်းချင်း မင်းတွေကလည်း ဒီသတင်းရတယ်ဆိုရင်ပဲ ရမ္မာပူရပြည့်ရှင် ဘုရင်မင်းကြီးဆီ လက်ဆောင်ပဏ္ဏာ အမြောက်အများနဲ့ သဝဏ်လွှာပါးပြီး လှထိပ်ခေါင်တင် သမီးတော်ကို တောင်းကြတယ်။ ဒီအခါ ရမ္မာပူရပြည့်ရှင်ဘုရင်ကြီးဟာ သူ့သမီးချော သမီးလှအတွက် ပြည်ထောင်အချင်းချင်းမင်းတွေ စစ်ခင်း ကြတော့မယ်၊ သူ့အတွက်လည်း အင်မတန် အရေးကြီးနေပြီဆိုတာကို သိတယ်။ ဒါနဲ့ သမီးတော်ကို နန်းတော်ထဲက ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ ထားပြီး တစ်ရာ့ တစ်ပါးသော မင်းများဆီ သဝဏ်လွှာပါးလိုက်တယ်။ ဘုရင်ကြီးရဲ့ သဝဏ်လွှာကတော့ သူ့သမီးတော် လှထိပ်ခေါင်တင်ကို နန်းတွင်းက မင်္ဂလာရေကန် အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေစေပါတယ်။ ဘယ်လိုဘုန်းတန်ခိုးနဲ့ ပြည့်စုံပြီး သတ္တိရှိတဲ့ မင်းသားမဆို ကိုယ့်ကိုယ်ကို ရေမစွတ်စေဘဲ သမီးတော်ကို ဆောင်...
ကွနု်ပ်နှင့် တက္ကသိုလ်ဝင်ခွင့် 🖊 နီကိုရဲ
Image
ကျွန်ုပ်နှင့် တက္ကသိုလ်၀င်ခွင့် ••••••••••••••••••••••••••••• နီကိုရဲ အခုအချိန်ကတော့ ကျွန်တော့်အတွက် အဲဒီတုန်းက စကားနဲ့ပြောရရင် ပတ်၀န်းကျင်မှာရော အိမ်နီးနားချင်းတွေအတွက်ရော ဟော့ရှော့ဖြစ်နေတဲ့အချိန်ပါ။  ဖြစ်ဆို ကျွန်တော်က ၁၀ တန်းအောင်ထားတဲ့ ကောင်ကိုး။  ကျွန်တော်တို့ခေတ်တုန်းက ၁၀ တန်းအောင်ဖို့ ဆိုတာ လူ့ပြည်က ဒုတိယအပ်တစ်စင်းနဲ့ ဗြဟ္မာပြည်က ဒုတိယအပ်တစ်စင်း ထိတွေ့ခြင်းပါ။ အဲဒီလောက်အထိကို ခက်ခဲပါတယ်။ ကျွန်တော်တို့ ပတ်၀န်းကျင်နဲ့ အမျိုးတွေထဲမှာ ကျွန်တော်တစ်ယောက်ပဲ အောင်ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်အတွင်းပိုင်းက ခင်ဌေး၀င်း အောင် တယ်။ ဒါပဲ။ ခင်ဌေး၀င်းကတော့ ၁၀ တန်းအောင်တဲ့အတွက်ဆိုပြီး အုန်းနို့ခေါက်ဆွဲတွေ ဘာတွေကျေွးတယ်။ သူ့သူငယ်ချင်းတွေထဲက အောင်တဲ့သူတွေလာတယ်။ အိမ်နီးနားချင်းထဲက ၁၀ တန်းကျောင်းသားမရှိတဲ့ အိမ်တွေကလာတယ်။ ခင်ဌေး၀င်းခမျာ အဲဒီနေ့က ကံဆိုးချင်တော့ အုန်းနို့ခေါက်ဆွဲ ကျေွးတဲ့နေ့မှာ လာတဲ့လူတွေကို အပြေးအလွှား ဧည့်ခံရင်းက သုံးထစ်ပဲရှိတဲ့ သူ့အိမ် ရှေ့လှေကားနဲ့ ဒေါက်ဖိနပ်ငြိပြီး မှောက်လျက်ချော်လဲလို့ နဖူးကွဲသွားတယ်။ ကျွန်တော်လည်း အောင်တဲ့လူချင်းဆိုတော့ ရောက်သွားတယ်။ သူနဲ့ ကျွန်တော်က တစ်...
ဒီလိုပဲ ဖြစ်ရမှာပေါ့ 🖊 ကြပ်ကလေး
Image
ဒီလိုပဲ ဖြစ်ရမှာပေါ့ ••••••••••••••••••••• ကြပ်ကလေး မနုရီတို့ အလယ်ထပ်ပြောင်းလာသည်မှာ ငါးရက်လောက်ပင် ကြာသေးသည်။ အပေါ်ထပ်မှ ညိမ်းမောင်မှာ လှေကားအဆင်းအတက်တွင် မကြာခဏ ဆုံမိကြသည်ဖြစ်၍ မနုရီ၏နံမည်ကလေးမှအပ အခြား ချောပုံလှပုံ ကိုယ်လုံးကိုယ်ပေါက် ကျနပုံကို အလွတ်ရနေပြီဖြစ်၏။ ညိမ်းမောင်မှာ ဘီအေအထက်တန်း ကျောင်းသားတစ်ယောက် ဖြစ်၍ ရေနံချောင်းမှ လာရောက်ကာ ငယ်သူငယ်ချင်း စိန်ဦး၏ အိမ်ခန်းတွင် လာရောက်နေထိုင်သူဖြစ်လေသည်။    စိန်ဦးတို့ လင်မယားနှစ်ယောက်စလုံးမှာ ကလေးမရှိသူများ ဖြစ်သည့်အပြင် နှစ်ယောက်လုံး ရုံးအလုပ်သမားများဖြစ်ကြ၍  ယခုကဲ့သို့ ကြာသပတေးနေ့မျိုးတွင် ညိမ်းမောင်တစ်ယောက်တည်း အခန်းထဲတွင် ရှိနေသည်မှာ မဆန်းပေ။ မနုရီ မက်ထရစ်ဖြေရန်အတွက် ပညာသင်ကျောင်းတစ်ကျောင်း၌ နေသည်ကိုလည်း ညိမ်းမောင်သိ၏။ ညနေသုံးနာရီခန့် ကျောင်းဆင်း၍ လေးနာရီမထိုးမီ ဆယ့်ငါးမိနစ်ခန့်တွင် လှေကား၌ တွေ့ဆုံနိုင်သည်ကိုလည်း သိ၏။ ထို့ကြောင့်ပင် ညနေပိုင်း တက်စရာရှိသော ပါဠိကိုပင် မတက်တော့ဘဲ ́ စာတစ်စောင်ရေးကာ မနုရီ၏အပြန်ကို စောင့်လျက်ရှိသည်။  သူ့အကြံကား တော်တော်ပိုင်သည်ဟု ဆိုရပေမည်။ လမ်းမ၌ စာပေးလျှင် လူများမြင်ကြမည်။ ကျောင်း၌စာပေးလ...