Posts

Showing posts from December, 2018

သူငယ်ပြန်အလှ ၁ + ၂ + ၃ 🖋 အောင်သင်း

Image
သူငယ်ပြန်အလှ ************* အောင်သင်း မျိုးဆက်သစ်လူငယ်တွေ အတွက် ငါစာရေးနေတာ တော်တော် များပြီ။ ဒါပေမယ့်စိတ်ထဲမှာသာ ရေးနေတာ။ လက်ကမပါနိုင်ခဲ့ဘူး။   ဘာကြောင့်လဲဆိုတော့ကျန်းမာရေး ယိုင်ပြီး မစားနိုင်၊ မသောက်နိုင်၊ မသွားနိုင်၊ မလျှောက်နိုင် ဖြစ်နေတာ သုံးလေးလကြာနေပြီ။ ထိုင်ရာကထ ရင်တောင်မှ လူတွဲပြီး ကူဆွဲပေးမှ ထူနိုင်ထနိုင်တဲ့အဖြစ်မျိုး ဆိုပါတော့ ကွယ်။ ၈၆ နှစ်တိုင်တိုင် အမှုထမ်းပေး ခဲ့တဲ့ ခန္ဓာကိုယ်ကြီးကလည်း ပင်ပန်း ရှာပြီပေါ့။ ဒါကြောင့် အိပ်ရာထဲမှာ လှည့်လိုက်၊ စောင်းလိုက်၊ ကွေးလိုက်၊ ဆန့်လိုက်နေရတာ ပိုများလာတယ်။ လူကသာ အိပ်ရာထဲမှာလဲနေတာ။ စိတ်ကတော့ ငြိမ်နေတာမဟုတ်ဘူး။ ပြေးလိုက်လွှားလိုက် ပြန်လိုက်သွား လိုက် တရစပ်မရပ်မနား လှုပ်ရှားနေ တော့တာပဲ။ ဒီတော့ သူငယ်ပြန်တာ တစ်မျိုး ဖြစ်လာတယ်။ ရိုးရိုးသူငယ်ပြန်တာက သတိလက်လွတ် စိတ်ဖောက်ပြန်သွား တာ။ ငါသူငယ်ပြန် ပုံက ကလေး သာသာ သိတတ်မှတ်တတ်တဲ့အရွယ် မှာ ကြုံခဲ့တဲ့အရာ၊ တွေ့ဆုံခဲ့တဲ့ကဗျာ တွေကို စိတ်ထဲမှာပြန်ပြီး ရွတ်နေမိ တာပါ။ ဒါကြောင့် စာပေသူငယ်ပြန်မှု လို့ဆိုရလေမလား မသိတော့ဘူး။ ငါ့မှာလေ ဆယ်နှစ်၊ ဆယ့်တစ်နှစ် သာသာလောက်ဆီက ကြားဖူးနားဝ မှတ်သားခဲ့ရတဲ့ အချိုးကဗျာတိုတို ထွာ...

ငှါးဖို့ ချိန်တဲ့ သားတို့အိမ် 🖋 မောင်သာချို

Image
ငှားဖို့ ချိန်တဲ့ သားတို့အိမ် ******************* မောင်သာချို 7Day Fri, 2018-12-21 09:05 Issue No. အတွဲ(၁၇)၊ အမှတ်(၄၁) (တစ်) ကိုယ့်ရေ၊ ကိုယ့်မြေပေါ်ရှိ စိုက်၍ ပျိုး၍ ကောင်းသော မြေများကို ငှားရမ်းကာ သူတို့စိတ်ကြိုက်သီးနှံ များကို စိုက်ပျိုးပြီးသည့်နောက် အသီးအပွင့်အခက်အရွက်များကို လက်ရွေးစင် ခူးဆွတ်ယူငင်ကာ အချိန်တန်တော့ ကိုယ့်အိမ်ကို ကိုယ်ပြန်သွားကြသူတို့၏ မြင် ကွင်းကို ကြည့်ကာ နိုင်ငံကျော် ကာတွန်းဆရာ ကိုအော်ပီကျယ် က ကိုယ့်သားအိမ်ထဲမှာ ကိုယ်ဝန် လာအဆောင်ခိုင်းပြီး ကလေးမွေး လာတော့ ကလေးကို ယူဆောင် သွားကာ ခြေကုန်လက်ပန်းကျ သွားသည့် မိခင်ကို ပစ်ထားခဲ့ သည့်အဖြစ်နှင့် တင်စား၍ မကြာ ခဏပြောတတ်ပါသည်။  မှန်ပါသည်။ မြန်မာနိုင်ငံ အနှံ့အပြား၌ ခြေကုန်လက်ပန်း ကျနေသည့် စိုက်ပျိုးမြေတို့ကို အနှံ့အပြားတွေ့ရတတ်ပါသည်။ ပလတ်စတစ်အဟောင်းအမြင်း အတိုအစအပိုင်းအပြတ်များ ရှုပ် ပွလျက်။ မည်သည့်သီးပင်စားပင် မှ စိုက်မရတော့။ မြေပျက်မြေသုဉ်းကြီးများ။ မူလမြေဆီမြေနှစ်ပြည့်ဝ သည့် အနေအထားသို့ ပြန်ရောက် ရန် ဘယ်နှနှစ်စောင့်ရလေမလဲ မသိ။ ထိုမြေများကို ငှားရမ်းစဉ်က တစ်ဧကကို နှစ်သိန်း၊ သုံးသိန်း နှုန်းဖြစ်လေရာ စိုက်ပျိုးမြေဆယ် ဧကရှိလျှ...

မရဲ့ အကြောင်း 🖋 ငွေဇင်ယော်ဦး(မိုးကုတ်)

Image
မရဲ့ အကြောင်း ************* ငွေဇင်ယော်ဦး(မိုးကုတ်) State ကျောင်းသူ ဘ၀က မ ကျောင်းတက် ကျောင်းဆင်းချိန်တိုင်း သဲသဲမဲမဲ လိုက်စကား ပြောတတ်သော၊ စာသင်ချိန် အားလျှင် မ အခန်းရှေ့ ကော်ရစ်တာမှာ စွဲစွဲမြဲမြဲ လာရပ်ကြည့်လေ့ ရှိသော ကောင်လေးသည် မ၏ ပထမ ဆုံးသော ရင်ခုန်သံကို မွေးဖွား ပေးခဲ့သူ ဖြစ်သည်။ ထိုစဉ်က ပထမဆုံး အတွေ့ အကြုံမို့ စိတ်လှုပ်ရှားကာ သူ့ထံမှ ရေမွှေးနံ့ သင်းသင်း ရလျှင်ပင် ခေါင်းငုံ့ ဒူးတုန် နေမိပြီ ဖြစ်သော မ အတွက်တော့ ထိုခံစားချက် အတွေ့အကြုံသည် ချစ်ခြင်း၏ တမန်တော် ရင်ခုန်သံဟု ယိုးမှား လောက်ဖွယ်ပင်။ ဆယ်တန်း ကျောင်းသူအရွယ် မိန်းကလေး တစ်ယောက် အနေနှင့် ရင်ခုန်သံကို ခံစားကောင်း ခံစားဖူး နိုင်ပေသော်လည်း မ အတွေ့အကြုံအရ ဆိုလျှင် ထိုရင်ခုန် သံသည် ကာယကံရှင် မိန်းကလေး၏ အတွေးအခေါ် ရင့်ကျက်မှု အပေါ် မူတည်ပြီးလည်း ခံစားချက် အမျိုးမျိုး ပြောင်းလဲသွား နိုင်ပါသည်။ မ သည် သက်တူ ရွယ်တူတွေထက် ပိုမိုအတွေး ခေါင်တတ်သူ မို့ပဲလားတော့ မသိချေ။ “သူတို့ အမျိုးက လူပျင်းမျိုးတဲ့။ အဘိုး၊ အဖေ၊ ဦးလေး၊ အစ်ကိုက အစ မိန်းမလုပ်စာ ထိုင်စားကြတဲ့ အမျိုး” ဟူသည့် သူငယ်ချင်းမ တစ်ယောက်၏ အမှုမဲ့ အမှတ်မဲ့ ဝေဖန်စကား တစ်ခွန်းက မ ရင်ထဲအထိ စူးနစ်...

ဆရာ နေဝင်းမြင့်နှင့်မောင်သာချို အတ္ထုပ္ပတ္တိများ

Image
ဒီမနက် ပေ့ဂ်ျမှာ Message Box ကနေ အကူအညီတောင်းလာသူတဦးကို ဆရာ နေဝင်းမြင့်နဲ့ မောင်သာချိုတို့ရဲ့ အတ္ထုပ္ပတ္တိတွေ ရှာပြီး ပေးလိုက်ရပါတယ်။ စာရိုက် စာစီထားတဲ့ အားထုတ်မှုလေး အပိုဖြစ်မသွားရအောင် တင်လိုက်ပါရစေနော်။ အမျိုးတွေထဲက လိုအပ်သူရှိရင်လည်း ယူရတာပေါ့။ ဆရာနေဝင်းမြင့်၏ အတ္ထုပ္ပတ္တိ ********************** နေဝင်းမြင့် (၁၉၅၂ -     ) ၁၉၅၂ - ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ၌ အဖ-ဦးဘရွှေ၊ အမိ-ဒေါ်သိန်းတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဝင်းမြင့်(ခ)ခင်မောင်ဝင်းဖြစ်သည်။ ၁၉၅၇ - ငယ်စဉ်က ကုန်းဇောင်းကျေးရွာ အလယ်တန်းကျောင်းတွင် ပဉ္စမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၆၂ - ထို့နောက် အင်းစိန်သို့ ပြောင်းရွှေ့လာခဲ့သည်။ အင်းစိန်မြို့-အစိုးရအထက်တန်းကျောင်း အမှတ်(၄)တွင် ဒဿမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၆၈ - အင်းစိန် ဒညင်းကုန်းအုတ်စက်ရုံအမှတ်(၁)တွင် ဝန်ထမ်းအဖြစ် အမှူထမ်းခဲ့သည်။ ပညာသည်(ထုတ်လုပ်ရေး)အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၅ - ဗျိုင်းမည်းနှင့်အခြားဝတ္ထုတိုများ စာမူဖြင့် စာပေဗိမာန် စာမူဆုဝတ္ထုတိုပေါင်းချုပ်(တတိယ)ဆုရရှိခဲ့သည်။ ၁၉၈၇ - စာပေဗိမာန်မှ ဗျိုင်းမည်းနှင့်အခြားဝတ္ထုတိုမျ...

စေတနာရှင် ဓာတ်ခဲ 🖋 မင်းလူ

Image
စေတနာရှင် ဓာတ်ခဲ **************** မင်းလူ ဓာတ်ခဲသည် ကလေးလည်းမက လူပျိုကြီး ဖားဖားလည်း မဖြစ်သေးသော “ကြီးကောင်ဝင်” သည့် အရွယ်ရောက်လာပြီ။ ထို့ကြောင့် တစ်ခါတစ်ခါ ကလေးလိုဆိုးပြီး တစ်ခါတစ်ခါ လူကြီးလို ဆိုးချင်သည်။ ဓာတ်ခဲဆိုးတယ်ဆိုတာကတော့ လူတိုင်းသိပြီးသားပင်ဖြစ်၏။ ငယ်ငယ်က သူများမွေးထားတဲ့ ကြက်ကို လေးခွနဲ့ လက်စွမ်းပြသဖြင့် လျော်ရတာ၊ သူ့အဖေလှူထားသော ရေချမ်းစင်က ရေအိုးကို လက်တည့်စမ်းခဲ့တာ၊ ကျောင်းအုပ်ဆရာကြီး၏ စက်ဘီးကို လေလျော့ထားခဲ့တာတို့မှာ သာမန် လုပ်ရိုးလုပ်စဉ်သာဖြစ်၏။ သူဆိုးသမျှ လိုက်တောင်းပန်ဖို့၊ သူဖျက်ဆီးသမျှ လိုက်လျော်ဖို့အတွက်လည်း သူ့အဖေနှင့် အမေဖြစ်သော ဦးကုလားနှင့် ဒေါ်ခင်တီတို့က အဆင်သင့် ရှိ၏။ ရှင်ပြုတုန်းကတော့ ကိုရင်ဘ၀နှင့် ကျောင်းမှာ မွှေခဲ့သေးသည်။ ဒါကျတော့ သူ့အဖေနှင့် အမေက ခွင့်မလွှတ်။ မှတ်လောက်သားလောက်အောင် မရိုက်စဖူး ရိုက်ခဲ့သည်။ ဒီနောက်မှာ ဓာတ်ခဲ နည်းနည်း ငြိမ်သွားသည်။ သို့တိုင်အောင် ကုန်ပစ္စည်းဈေးနှုန်း တက်ချင်ပါလျက် အခြေအနေအရ အောင့်ထားရသော ကုန်သည်လိုသာ ဖြစ်၏။ ဓာတ်ခဲသည် အရင်ကလို ခဏခဏ စိတ်မဆိုးတော့။ တစ်နည်းအားဖြင့် လေးခွလက်တည့်စမ်းတာမျိုးလောက်ကို မလုပ်တော့။  အရွယ်ကလေး လည်းရလာတော့ ...

မောင်သစ်ဆင်း ကွမ်းစာ 🖋 မောင်သစ်ဆင်း

Image
မောင်သစ်ဆင်း ကွမ်းစာ ******************* မောင်သစ်ဆင်း အောက်တိုဘာ ၂၆၊ ၂၀၀၉ (ဒီမနက် အီးမေးလ်ဖွင့်ကြည့်တော့ အရင် သင့်ဘ၀မဂ္ဂဇင်းက အယ်ဒီတာ ဆရာမောင်သစ်ဆင်းဆီက နီကိုရဲအကြောင်း ရေးထားတဲ့ အီးမေးလ်တစောင် ရောက်နေပါတယ်။ စာထဲမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ပါတာမို့ ဆရာ့ကို ခွင့်တောင်းပြီး စာလာဖတ်သူများကို ပြန် မျှဝေလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး - မိုးချိုသင်း) ချိုသင်းရေ … နီကိုရဲ ဆုံးတဲ့အကြောင်း နင့်ဆီက အီးမေး ရမှ သိရတယ်၊ သိရတာကလည်း မနေ့မနက် အိပ်ယာက အထ၊ အီးမေးဖွင့်ကြည့်မှ သိရတာပါ၊ နီကိုရဲ ဆုံးပြီလို့ ဖတ်လိုက်ရတာနဲ့ ခေါင်းထဲမိုက်ခနဲ ဖြစ်သွားရ ပါတယ်၊ ဖြစ်လို့သာ ဖြစ်တာပါဟယ်၊ တကယ်တော့ ကြိုတင်စိုးရိမ်မိ ပြီးသားပါ၊ တာရာမင်းဝေ ဆုံးပြီ ဆိုကတည်းက နီကိုရဲ ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်၊ မအောင်မြင်ခဲ့ပါဘူး၊ သူ ဖုန်းမကိုင်ဘူး။ ဟုတ်ပါတယ်၊ သူဆုံးရတာ အရက်ကြောင့်ဖြစ်ဖို့ ပိုများပါတယ်၊ အဲဒါကြောင့်ပဲ ငါ့မှာ အပြစ်ရှိသလို ခံစားရတာပါ၊ ဘာကြောင့်လည်းဆိုတော့ သူ အရက်စသောက်ဖြစ်အောင် ဖန်တီးသူတွေထဲမှာ ကိုယ်က ပထမဖြစ်ခဲ့တယ်လို့ ခံစားမိလို့ပါ။ နင်ရဲ့ ဘလော့ထဲမှာလည်း ဖတ်ရပါတယ်၊ အယ်ဒီတာတွေကို ခင်မင်အောင် လဘက်ရည်တိုက်၊ အရက်တိုက်ခဲ့ပြီ...

ကလေးကဗျာ ၁ + ၂ 🖋 အောင်သင်း

Image
ကလေးကဗျာ – ၁ ***************** အောင်သင်း လွန်ခဲ့တဲ့ ၃၊ ၄ ရက်က ရန်အောင်စာပေတိုက်က သူတို့ထုတ်ဝေတဲ့စာအုပ်သုံး၊ လေးအုပ်နဲ့အတူ စာလေးတစ်စောင်ပါလာပါတယ်။ ဖတ်ကြည့်လိုက်တော့ ကဗျာဆရာ မောင်ယဉ်မှူးရဲ့စာလေး ဖြစ်နေတယ်။ မောင်ယဉ်မှူးဆိုတဲ့ ကလောင်နာမည်ကို ဒီခေတ်လူ ငယ်တွေအဖို့မှာ နားစိမ်းကောင်း စိမ်းနေလိမ့်မယ်။ ဒါပေမယ့် သူတို့ ကလောင်တွေက ငါတို့ထက် ရှေးကျ တယ်။ စာပေလောက ထဲကိုဝင်တာ တို့များထက်စောသေးတယ်ဆိုပါတော့။ စာထဲမှာပါလာတဲ့ ပဓာနအချက်ကတော့ သူရေးတဲ့ မောင်ရေခဲ၊ မရွှေဖဲ ကလေးကဗျာ များ စာအုပ်လေးကို ရန်အောင်စာပေတိုက်က ထုတ်ဝေဖြန့်ချိလိုက်တယ်။ ဝယ်တဲ့သူမရှိဘူး။ ကလေး ကဗျာကို မူကြိုကလေးတွေကတောင် ချစ်ချစ်ခင်ခင် အော်ကာ၊ ဟစ်ကာ ရွတ်ဆိုလေ့မရှိကြတော့ဘူး။ ဆရာ ဦးအောင်သင်း ဒီအကြောင်းတွေ ကို စာမရေးချင်တော့ဘူး လား။ ကလေးကဗျာဘက်ကို လှည့်မကြည့်တော့ဘူးလား ရယ်လို့ ငါ့ကို ငိုသံပါကြီးနဲ့ တိုင်တည်လိုက် တဲ့စကားပါပဲ။ အဲဒီစာဖတ်ပြီးတော့ ငါလည်း တော်တော်လေး ငိုင်သွားမိတယ်။ ဘာကြောင့်လဲဆိုတော့ ငါကိုယ်တိုင်က မူကြိုသင်တန်းတွေ၊ မူကြိုကလေးထိန်းကျောင်းသား၊ ကျောင်းသူလေးတွေအကြောင်းတွေကို အတော်လေး အာရုံပြုနေမိတာကြောင့် ဖြစ်ပါတယ်။ သို့သော် လည်း ကလေးကဗ...

စာအုပ်နဲ့ လူ 🖋 သစ္စာနီ

Image
စာအုပ်နဲ့ လူ ********** သစ္စာနီ သူ့ပုံပန်းကအငြိမ်းစား ပါမောက္ခကြီးတစ်ဦး အသွင်နှင့်တူ၏။ ဖွေးဖွေးဖြူ ၍ ဖြီးသင်လေ့ရှိဟန်မတူသော ဆံပင်များက ကုပ်ထိလုနီး ရှည်လျားစွာပြန့်ကျ နေသည်။ ရှုံ့တွတွသူ့မျက်နှာ နီစပ်စပ်ပေါ်တွင်လည်း မှဲ့ခြောက်နှင့်အရေးအ ကြောင်းအတွန့်များပြည့်နှက်နေ၏။ သူ့နှာခေါင်းချွန်ချွန်ပေါ်တွင် အမြဲရှိနေတတ်သည့် အဝေးအနီးကြည့်နိုင်သော အနက်ရောင် ကော်ကိုင်းမျက်မှန်သည်လည်း သူ့နည်းတူ အိုမင်းနေလေပြီ။ သူ့ခေါင်းတွင် စွပ်ထားရာတွင် မြဲမြံစေရန် ထိုမျက်မှန်၏ ကားနေသော ကိုင်းနှစ်ဖက်အဖျားကို သားရေကြိုးနှင့် ချည်နှောင် ဆက်သွယ်ထား၏။ အစိမ်းရောင် ဘန်ကောက်လုံချည်တစ်ထည်နှင့် အရောင်လွင့်ပျယ်စပြုနေ သော တိုက်ပုံအင်္ကျီ အနက်ကြီးတစ်ထည်တို့မှာ သူဝတ်နေကျ အဆင်အယင်များ ဖြစ်၏။ ကိုင်းနေသော သူ့ခါးကြောင့် ရှေ့ကိုငိုက်တွဲကျနေသည့် တိုက်ပုံ အင်္ကျီအနက်ကြီးမှာ သူ့ကိုယ်နှင့်စာလျှင် အတော်ပင် ဖားလျားပွယောင်းနေသည်ဟု ထင်စရာရှိ၏။ သူ့ပခုံးပေါ်မှာ လွယ်လာတက်သော တွဲအိနေသည့် လွယ်အိတ်အနက်ကြီး၏ အလေးချိန်ကြောင့်လည်း သူ့ခါးမှာ ပို၍ ပိကိုင်း သယောင်ရှိ၏။ ခါးကိုင်းကိုင်းဖြင့် ထိုလွယ်အိတ်အနက်ကြီးအား တနင့်တပိုးထမ်း သည်ကို မြင်လျှင် ပန်းဆိုးတန်းလမ်းထ...