ကြၽႏ္ုပ္အခန္းႏွင့္ ကပ္လ်က္မွ ”ဇီဝက” § ဂ်က္ကြမ္းျခံကုန္း

 ကြၽန္ုပ္၏အခန္းႏွင့္ ကပ္လ်က္မွ “ဇီဝက”

•••••••••••••••••••••••••••••••••••••••••


ဂ်က္ကြမ္းျခံကုန္း


(တစ္) 


ကြၽန္ုပ္ဂ်က္ကြမ္းၿခံကုန္းသည္ကား ေမြးဌာေန သပြတ္အူေက်း႐ြာတြင္ ေနလိုက္၊ ရန္ကုန္ၿမိဳ႕သို႔ တက္လာလိုက္ႏွင့္ ဘဝကို က်င္လည္ေနသူျဖစ္သည္ကို အမ်ားအသိပင္ျဖစ္ပါ၏။ သပြတ္အူေက်း႐ြာသည္ကား ေတာ႐ြာဟူသည့္ ဝိေသသႏွင့္အညီ ဘဇာမွ ဖြံ႕ဖြံ႕ၿဖိဳးၿဖိဳး မရွိလွသည္မွာ ဆန္းၾကယ္လွေသာကိစၥ မဟုတ္ေပ။ အနို႔ေသာ္ ရန္ကုန္ဆိုရာတြင္ကား ကြၽန္ုပ္ ဂ်က္ကြမ္းၿခံကုန္းအဖို႔ ေ႐ႊေတာင္ၾကား၊ အင္းလ်ားလမ္း၊ ဝင္ဒါမီယာ အစရွိကုန္သည့္ ခ်မ္းေျမ့ရိပ္ၿမဳံမ်ားတြင္ ေနထိုင္နိုင္သည္ မဟုတ္ဘဲ ၿမိဳ႕စြန္လက္နား ဆင္ေျခဖုံးရပ္ကြက္ ကေလးမ်ား၌သာ ေနထိုင္နိုင္သည့္ ဘဝျဖစ္ေခ်ရာ အညတရ ဂ်က္ကြမ္းၿခံကုန္း ဘဝဟုဆိုေသာ္ ရနိုင္ေကာင္းပါ၏။


ကြၽန္ုပ္ကား မိတ္ေဆြအမ်ားအျပားတို႔ႏွင့္ အကြၽမ္းတဝင္ေနေလ့ရွိသူ ျဖစ္ရာ အႏီွ  အထိုထိုေသာ မိတ္ေဆြမ်ားထဲတြင္ ဆရာဝန္မ်ားသည္လည္း အပါအဝင္ျဖစ္ပါသည္တမုံ႕။


နာမည္ေက်ာ္ စာေရးဆရာမ ဂ်ဴးသည္ကား ေဒါက္တာတင္တင္ဝင္း ျဖစ္၏။ စာေရးဆရာ မင္းခိုက္စိုးစန္သည္ကား ေဒါက္တာေက်ာ္စိုးျဖစ္၏။

စာေရးဆရာကိုတာကား ေဒါက္တာသန႔္လြင္ေမာင္ျဖစ္၏။ အနို႔အျပင္ ဂ်ိဳေဇာ္၊

ေက်ာ္စြာထက္၊ ေအာင္သစ္ေဝ၊ ညီမင္းညိဳ၊ ယဥ္မင္းဦး၊ ခင္ပန္ႏွင္း၊ ေျပလင္း၊ နိုင္ေဇာ္၊ ေအာင္၊ ေဒါက္တာေဇာ္သန္း စသည္ျဖင့္ ေရတြက္ၾကည့္ၾကစတမ္း ဟုဆိုေသာ္ ေဆးပညာစခန္း၌ သူ႕ပန္းႏွင့္သူ ပြင့္ၾကသူေတြခ်ည္းပင္။


အနီ အထိုထိုေသာ ပုဂၢိဳလ္တို႔ကား အလွ်ိဳ အလွ်ိဳဟု ဆိုသလို ကြၽန္ုပ္ထံ သြားလာဝင္ထြက္ဖူးသူမ်ား ျဖစ္ဘိၾကေခ်ရာ ၾကာေသာ္ ေခါင္းငိုက္စိုက္ခ်၍သာ သြားၾကၿမဲျဖစ္ပါ၏။ သူတို႔၏ ပညာမာနကို ခ်ိဳးႏွိမ္လိုက္သည္မွာ “ဇီဝက”။ ဟုတ္ပါသည္ ဇီဝက။ ကြၽန္ုပ္၏အခန္းႏွင့္ကပ္လ်က္မွ “ဇီဝက”။


ဇီဝကသည္ကား ေဆးဆိုင္ကေလး တစ္ဆိုင္မွ်သာ ျဖစ္ပါသည္။ အႏို႔ေသာ္ ဆင္ေျခဖုံးရပ္ကြက္ကေလး တစ္ခုမို႔လားမသိ။ လူဝင္လူထြက္ မျပတ္လွ။ ေဆးေရာင္းေနသူေတြက ပန္းတေနာ္ဘက္ကလား၊ မအူပင္ဘက္ကလား မသိ။ ေက်းေတာေန လင္ကိုယ္မယားႏွစ္ေယာက္။ သူတို႔၏ ရွစ္တန္းအ႐ြယ္ေလာက္ သမီးက တစ္ေယာက္၊ ဆယ္တန္းအ႐ြယ္ေလာက္ သမီးက တစ္ေယာက္။

ေက်ာင္းေနသူမ်ား မဟုတ္ၾက။ မိသားစုေလးေယာက္ တစ္ေယာက္တစ္လွည့္ ထိုင္ေရာင္းသည့္ ဇီဝကေဆးဆိုင္ကေလး။


“ဆီးခ်ိဳရွိတယ္ ထင္တယ္ သမီးေရ၊ ဂလုကိုးမီးတားႀကီး အေမ့ ေပးစမ္း၊ ဒီမွာ တိုင္းေပးမလို႔”


ဆီးခ်ိဳတိုင္းသည့္ Glucometer ကို လွမ္းေတာင္းသည့္ အသံ၊ မိန္းမ တစ္ေယာက္၏ နာမွာလားဟု ေမးေနသည့္အသံ၊ ထို႔ေနာက္ လက္ထိပ္ကို ေဖာက္ကာ ေသြးစက္ကို Glucometer ေပၚသို႔တင္၍ တိုင္းေနသည့္ဟန္ျဖင့္ အတန္ငယ္တိတ္ဆိတ္၍ သြားျပန္၏။


“အဲေတာ့ ၄ဝဝ ေတာင္မွပါလား ဆီးခ်ိဳက၊ ေရာ့ မက္ေဖာ္မင္ (Metformin) တစ္ေန႕ တစ္လုံးေသာက္၊ ဘာရယ္ ေခါင္းမူးလို႔... ေနဦး ဘီစစ္ (B6) နဲ႕ စတက္မစ္ေတး (stemetil) ယူသြားဦး၊ ေခါင္းမူးလာရင္ ေသာက္ထည့္လိုက္”


အႏွီသည္ကား အိမ္ရွင္မိန္းမႀကီး၏ ေဆးကုသခ်က္အသံႏွင့္ ဌာန္။


“ဘာျဖစ္လို႔လဲ အေဒၚ၊ ေခါင္းမူးလို႔ လာျပန္ၿပီလား၊ မုန႔္ဟင္းခါး စားမိလို႔၊ ေၾသာ္ အေဒၚရယ္ အဲဒါ ေသြးတိုးေပါ့ မစားရဘူး၊ ဒီမွာ နဖယ္ဒီပင္း (nefidipine) တစ္ခါေသာက္ တစ္လုံး တစ္ေန႕ ႏွစ္ႀကိမ္ေသာက္၊ ဒံေပါက္ေတြ ဘာေတြ မစားနဲ႕ေနာ္။ အေဒၚတို႔က ပါးစပ္ကို အလိုလိုက္တာကိုး”


အႀကီးမႀကီး၏ ေဆးလာဝယ္သူကို ေငါက္ေန ေျခာက္ေနပုံမွာ တကယ့္ ဝါရင့္သမားေတာ္ႀကီးအတိုင္း။ 


“သားေလး လာစမ္း၊ ေမေမက ေဆးဝယ္ခိုင္းလိုက္တယ္လို႔၊ အီအီးေတြ ပါျပန္ၿပီ၊ သရက္သီးမွည့္ေတြ စားလို႔ေနမွာေပါ့၊ ခက္လိုက္တာ ေရာ့... ေနာ္ဘက္တင္ (Norbactin) ေဆးေပးလိုက္တယ္လို႔၊ တစ္ေန႕ ႏွစ္ခါေသာက္ လို႔၊ ေသခ်ာမွတ္သြားေနာ္... လမ္းမွာ က်ဦးမယ္”


အႏွီကမူ အငယ္မကေလး၏ ကုထုံးကုဟန္။ သို႔ကလို အႏို႔ကလိုတို႔လို အသံဗလံမ်ားသည္ နိစၥဓူဝ အဲဗရီးေဒး ေန႕စဥ္ဆိုသလို ၾကားေနရတတ္သည့္ ဇီဝကေဆးဆိုင္ကေလး၏ အသံဗလံမ်ား ျဖစ္ေတာ့ဘိေခ်ရာ ကြၽန္ုပ္ထံသို႔ ေရာက္ေရာက္လာသည့္ မိတ္ေဆြ ဆရာဝန္ကေလးတို႔မွာ တြန႔္၍တြန႔္၍ သြားၾကကုန္၏။


“ခါးကိုက္လို႔လား၊ အာလူးကို ခပ္ပါးပါးလွီး ခါးပတ္လည္မွာကပ္ အဝတ္နဲ႕စည္းထား ခဏေပါ့ ယူပစ္သလိုကို ေပ်ာက္တာ”


ကြၽန္ုပ္ကား ဇီဝကဖခင္ႀကီးေျပာေသာ စကားသံကိုၾကားလိုက္ရာ ဆရာဝန္ဘြဲ႕ရၿပီးပါလ်က္ ဘြဲ႕လြန္ထပ္တက္ၿပီးမွ အရိုးအထူးကုဘဝကို ခံယူေသာ ကိုတာေခၚ ေဒါက္တာသန႔္လြင္ေမာင္ကို သနားက႐ုဏာပိုသြားမိ၏။


ဤစာစု အစပိုင္းတြင္ ကြၽန္ုပ္ ေဖာ္ျပထားခဲ့ေသာ မိတ္ေဆြဆရာဝန္တို႔ သည္ ဘယ့္ႏွာေၾကာင့္ ေျခာက္ႏွစ္၊ ခုနစ္ႏွစ္ ဆယ္မိုးဆယ္ေႏြ  ဘုတ္အုပ္ႀကီးေတြ ဖတ္၊ လက္ေတြ႕ေတြ ဆင္းႏွင့္ ဒုကၡခံဘိၾကပါသနည္း။ ေဆးပညာ၏ အႏွစ္ကို မဖမ္းမိလို႔သာ ျဖစ္တန္ရာပါ၏။ ဉာဏ္အခံႀကီးသည့္ ဇီဝကေဆးဆိုင္က မိသားစုလို လူေတြအဖို႔မူ ေခါင္းမူးတယ္ဆို ဘာေဆးေသာက္၊ ကိုယ္ပူတယ္ဆို ဘာေဆးေသာက္၊ ဝမ္းသြားတယ္ဆို ဘာေဆးေသာက္၊ ေခ်ာင္းဆိုးတယ္ဆို ဘာေဆးေသာက္ႏွင့္ ဒက္ခနဲ၊ ဒက္ခနဲ ေျပာခ်ေနလိုက္ၾကပုံမ်ားမွာ သြက္လက္လွပါေပ့။


ဪ... ေမြးကတည္းက နတ္ေဆးတုံးႀကီး ကိုင္ကာ ေမြးလာဘိေသာ မေဟာ္သဓာ သတို႔သားႏွယ္ လူပုဂၢိဳလ္မ်ားအတြက္ ေဆးကုသမႈဟူသည္မွာ ဘာမွအပန္းမႀကီးေသာကိစၥ ျဖစ္ေပရာ အားရပါးရ ေနမေကာင္းျဖစ္ခ်င္စရာ ေလာကပါေပတမုံ႕တကား။


Phoenix

၁၉-၆-၂၀၀၉


ဆရာဂ်က္ကြမ္းျခံကုန္း၊ မသိရင္ ခက္မယ္၊

စာမ်က္ႏွာ ၁၀၉ - ၁၁၂။


စာ႐ိုက္ - စေလ ငေနာ့ 


Unicode


ကျွန်ုပ်၏အခန်းနှင့် ကပ်လျက်မှ “ဇီဝက”

•••••••••••••••••••••••••••••••••••••••••


ဂျက်ကွမ်းခြံကုန်း


(တစ်) 


ကျွန်ုပ်ဂျက်ကွမ်းခြံကုန်းသည်ကား မွေးဌာနေ သပွတ်အူကျေးရွာတွင် နေလိုက်၊ ရန်ကုန်မြို့သို့ တက်လာလိုက်နှင့် ဘဝကို ကျင်လည်နေသူဖြစ်သည်ကို အများအသိပင်ဖြစ်ပါ၏။ သပွတ်အူကျေးရွာသည်ကား တောရွာဟူသည့် ဝိသေသနှင့်အညီ ဘဇာမှ ဖွံ့ဖွံ့ဖြိုးဖြိုး မရှိလှသည်မှာ ဆန်းကြယ်လှသောကိစ္စ မဟုတ်ပေ။ အနို့သော် ရန်ကုန်ဆိုရာတွင်ကား ကျွန်ုပ် ဂျက်ကွမ်းခြံကုန်းအဖို့ ရွှေတောင်ကြား၊ အင်းလျားလမ်း၊ ဝင်ဒါမီယာ အစရှိကုန်သည့် ချမ်းမြေ့ရိပ်မြုံများတွင် နေထိုင်နိုင်သည် မဟုတ်ဘဲ မြို့စွန်လက်နား ဆင်ခြေဖုံးရပ်ကွက် ကလေးများ၌သာ နေထိုင်နိုင်သည့် ဘဝဖြစ်ချေရာ အညတရ ဂျက်ကွမ်းခြံကုန်း ဘဝဟုဆိုသော် ရနိုင်ကောင်းပါ၏။


ကျွန်ုပ်ကား မိတ်ဆွေအများအပြားတို့နှင့် အကျွမ်းတဝင်နေလေ့ရှိသူ ဖြစ်ရာ အနှီ  အထိုထိုသော မိတ်ဆွေများထဲတွင် ဆရာဝန်များသည်လည်း အပါအဝင်ဖြစ်ပါသည်တမုံ့။


နာမည်ကျော် စာရေးဆရာမ ဂျူးသည်ကား ဒေါက်တာတင်တင်ဝင်း ဖြစ်၏။ စာရေးဆရာ မင်းခိုက်စိုးစန်သည်ကား ဒေါက်တာကျော်စိုးဖြစ်၏။

စာရေးဆရာကိုတာကား ဒေါက်တာသန့်လွင်မောင်ဖြစ်၏။ အနို့အပြင် ဂျိုဇော်၊

ကျော်စွာထက်၊ အောင်သစ်ဝေ၊ ညီမင်းညို၊ ယဉ်မင်းဦး၊ ခင်ပန်နှင်း၊ ပြေလင်း၊ နိုင်ဇော်၊ အောင်၊ ဒေါက်တာဇော်သန်း စသည်ဖြင့် ရေတွက်ကြည့်ကြစတမ်း ဟုဆိုသော် ဆေးပညာစခန်း၌ သူ့ပန်းနှင့်သူ ပွင့်ကြသူတွေချည်းပင်။


အနီ အထိုထိုသော ပုဂ္ဂိုလ်တို့ကား အလျှို အလျှိုဟု ဆိုသလို ကျွန်ုပ်ထံ သွားလာဝင်ထွက်ဖူးသူများ ဖြစ်ဘိကြချေရာ ကြာသော် ခေါင်းငိုက်စိုက်ချ၍သာ သွားကြမြဲဖြစ်ပါ၏။ သူတို့၏ ပညာမာနကို ချိုးနှိမ်လိုက်သည်မှာ “ဇီဝက”။ ဟုတ်ပါသည် ဇီဝက။ ကျွန်ုပ်၏အခန်းနှင့်ကပ်လျက်မှ “ဇီဝက”။


ဇီဝကသည်ကား ဆေးဆိုင်ကလေး တစ်ဆိုင်မျှသာ ဖြစ်ပါသည်။ အနို့သော် ဆင်ခြေဖုံးရပ်ကွက်ကလေး တစ်ခုမို့လားမသိ။ လူဝင်လူထွက် မပြတ်လှ။ ဆေးရောင်းနေသူတွေက ပန်းတနော်ဘက်ကလား၊ မအူပင်ဘက်ကလား မသိ။ ကျေးတောနေ လင်ကိုယ်မယားနှစ်ယောက်။ သူတို့၏ ရှစ်တန်းအရွယ်လောက် သမီးက တစ်ယောက်၊ ဆယ်တန်းအရွယ်လောက် သမီးက တစ်ယောက်။

ကျောင်းနေသူများ မဟုတ်ကြ။ မိသားစုလေးယောက် တစ်ယောက်တစ်လှည့် ထိုင်ရောင်းသည့် ဇီဝကဆေးဆိုင်ကလေး။


“ဆီးချိုရှိတယ် ထင်တယ် သမီးရေ၊ ဂလုကိုးမီးတားကြီး အမေ့ ပေးစမ်း၊ ဒီမှာ တိုင်းပေးမလို့”


ဆီးချိုတိုင်းသည့် Glucometer ကို လှမ်းတောင်းသည့် အသံ၊ မိန်းမ တစ်ယောက်၏ နာမှာလားဟု မေးနေသည့်အသံ၊ ထို့နောက် လက်ထိပ်ကို ဖောက်ကာ သွေးစက်ကို Glucometer ပေါ်သို့တင်၍ တိုင်းနေသည့်ဟန်ဖြင့် အတန်ငယ်တိတ်ဆိတ်၍ သွားပြန်၏။


“အဲတော့ ၄ဝဝ တောင်မှပါလား ဆီးချိုက၊ ရော့ မက်ဖော်မင် (Metformin) တစ်နေ့ တစ်လုံးသောက်၊ ဘာရယ် ခေါင်းမူးလို့... နေဦး ဘီစစ် (B6) နဲ့ စတက်မစ်တေး (stemetil) ယူသွားဦး၊ ခေါင်းမူးလာရင် သောက်ထည့်လိုက်”


အနှီသည်ကား အိမ်ရှင်မိန်းမကြီး၏ ဆေးကုသချက်အသံနှင့် ဌာန်။


“ဘာဖြစ်လို့လဲ အဒေါ်၊ ခေါင်းမူးလို့ လာပြန်ပြီလား၊ မုန့်ဟင်းခါး စားမိလို့၊ သြော် အဒေါ်ရယ် အဲဒါ သွေးတိုးပေါ့ မစားရဘူး၊ ဒီမှာ နဖယ်ဒီပင်း (nefidipine) တစ်ခါသောက် တစ်လုံး တစ်နေ့ နှစ်ကြိမ်သောက်၊ ဒံပေါက်တွေ ဘာတွေ မစားနဲ့နော်။ အဒေါ်တို့က ပါးစပ်ကို အလိုလိုက်တာကိုး”


အကြီးမကြီး၏ ဆေးလာဝယ်သူကို ငေါက်နေ ခြောက်နေပုံမှာ တကယ့် ဝါရင့်သမားတော်ကြီးအတိုင်း။ 


“သားလေး လာစမ်း၊ မေမေက ဆေးဝယ်ခိုင်းလိုက်တယ်လို့၊ အီအီးတွေ ပါပြန်ပြီ၊ သရက်သီးမှည့်တွေ စားလို့နေမှာပေါ့၊ ခက်လိုက်တာ ရော့... နော်ဘက်တင် (Norbactin) ဆေးပေးလိုက်တယ်လို့၊ တစ်နေ့ နှစ်ခါသောက် လို့၊ သေချာမှတ်သွားနော်... လမ်းမှာ ကျဦးမယ်”


အနှီကမူ အငယ်မကလေး၏ ကုထုံးကုဟန်။ သို့ကလို အနို့ကလိုတို့လို အသံဗလံများသည် နိစ္စဓူဝ အဲဗရီးဒေး နေ့စဉ်ဆိုသလို ကြားနေရတတ်သည့် ဇီဝကဆေးဆိုင်ကလေး၏ အသံဗလံများ ဖြစ်တော့ဘိချေရာ ကျွန်ုပ်ထံသို့ ရောက်ရောက်လာသည့် မိတ်ဆွေ ဆရာဝန်ကလေးတို့မှာ တွန့်၍တွန့်၍ သွားကြကုန်၏။


“ခါးကိုက်လို့လား၊ အာလူးကို ခပ်ပါးပါးလှီး ခါးပတ်လည်မှာကပ် အဝတ်နဲ့စည်းထား ခဏပေါ့ ယူပစ်သလိုကို ပျောက်တာ”


ကျွန်ုပ်ကား ဇီဝကဖခင်ကြီးပြောသော စကားသံကိုကြားလိုက်ရာ ဆရာဝန်ဘွဲ့ရပြီးပါလျက် ဘွဲ့လွန်ထပ်တက်ပြီးမှ အရိုးအထူးကုဘဝကို ခံယူသော ကိုတာခေါ် ဒေါက်တာသန့်လွင်မောင်ကို သနားကရုဏာပိုသွားမိ၏။


ဤစာစု အစပိုင်းတွင် ကျွန်ုပ် ဖော်ပြထားခဲ့သော မိတ်ဆွေဆရာဝန်တို့ သည် ဘယ့်နှာကြောင့် ခြောက်နှစ်၊ ခုနစ်နှစ် ဆယ်မိုးဆယ်နွေ  ဘုတ်အုပ်ကြီးတွေ ဖတ်၊ လက်တွေ့တွေ ဆင်းနှင့် ဒုက္ခခံဘိကြပါသနည်း။ ဆေးပညာ၏ အနှစ်ကို မဖမ်းမိလို့သာ ဖြစ်တန်ရာပါ၏။ ဉာဏ်အခံကြီးသည့် ဇီဝကဆေးဆိုင်က မိသားစုလို လူတွေအဖို့မူ ခေါင်းမူးတယ်ဆို ဘာဆေးသောက်၊ ကိုယ်ပူတယ်ဆို ဘာဆေးသောက်၊ ဝမ်းသွားတယ်ဆို ဘာဆေးသောက်၊ ချောင်းဆိုးတယ်ဆို ဘာဆေးသောက်နှင့် ဒက်ခနဲ၊ ဒက်ခနဲ ပြောချနေလိုက်ကြပုံများမှာ သွက်လက်လှပါပေ့။


ဪ... မွေးကတည်းက နတ်ဆေးတုံးကြီး ကိုင်ကာ မွေးလာဘိသော မဟော်သဓာ သတို့သားနှယ် လူပုဂ္ဂိုလ်များအတွက် ဆေးကုသမှုဟူသည်မှာ ဘာမှအပန်းမကြီးသောကိစ္စ ဖြစ်ပေရာ အားရပါးရ နေမကောင်းဖြစ်ချင်စရာ လောကပါပေတမုံ့တကား။


Phoenix

၁၉-၆-၂၀၀၉


ဆရာဂျက်ကွမ်းခြံကုန်း၊ မသိရင် ခက်မယ်၊

စာမျက်နှာ ၁၀၉ - ၁၁၂။


စာရိုက် - စလေ ငနော့ 




Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်