ၿမိဳ႕ျပသစ္ရြက္ § ေမာင္သာခ်ိဳ
ေမာင္သင္းခိုင္ (ၿမိဳ႕ျပသစ္႐ြက္)
••••••••••••••••••••••••••••••••••
ေမာင္သာခ်ိဳ
“ကြၽန္ေတာ္တို႔ ျမန္မာစာေပေလာကမွာ ဆရာႀကီးသခင္ကိုယ္ေတာ္မွိဳင္း ၿပီးတဲ့အခါ ဆရာဒဂုန္တာရာ၊ ေနာက္ ဆရာတာရာၿပီးေတာ့ ကိုသင္းခိုင္ေပါ့။ အဲသလိုမ်ား ဆိုခဲ့ရင္ ခင္ဗ်ား ဘယ္လို ယူဆမလဲ”
ထိုစဥ္က ရႈပ္ေထြးေနေသာ ခ်ည္ထုံးႀကီး၏ အစကို စၿပီးဆြဲထုတ္ လိုက္သူ၊ ေလာင္စာေတြႏွင့္ အျပည့္ျဖစ္ေနေသာ ယမ္းအိုးႀကီး၏ စနက္တံကို မီးတို႔ ေပးလိုက္သူ၊ အေျဖရွာရန္ ေစာလြန္းေသးသည့္ ပုစၧာတစ္ပုဒ္ကို ေမးခြန္း ထုတ္လိုက္သူမွာ ကြၽန္ေတာ္တို႔၏ ကဗ်ာဆရာ ေမာင္ေအာင္ပြင့္ပဲ ျဖစ္ပါသည္။
အခ်ိန္မွာ ၁၉၈၉ ခုႏွစ္၏ ႏွစ္ဦးပိုင္းကာလမ်ား တစ္ဝိုက္ျဖစ္ၿပီး ဧရာဝတီ တိုင္းကို ေက်ာခိုင္းခဲ့ကာ ရန္ကုန္ရွိ ကြၽန္ေတာ့္အိမ္ကေလးမွာ ဘဝခရီး တစ္ေထာက္ လာေရာက္ ခိုနားေနစဥ္ ကာလမ်ားအတြင္း ကိုေအာင္ပြင့္က ကြၽန္ေတာ့္ကို ေျပာခဲ့ျခင္း ျဖစ္ပါသည္။
ထိုစကားကို ကြၽန္ေတာ္ ၾကားခြင့္ရခဲ့ျခင္းမွာလည္း ကိုေအာင္ပြင့္ႏွင့္ အနီးဆုံးလူျဖစ္ေန၍ အေစာဆုံး ၾကားခြင့္ရခဲ့ျခင္းဟုပင္ ကြၽန္ေတာ္က မွတ္ထင္
ယူဆမိပါသည္။ သည့္ေနာက္ပိုင္းမွာေတာ့ ကိုၿဖိဳးထိန္၊ ကိုသစ္စိုး၊ ေနစိမ့္ စသည္ စသည္ျဖင့္။
စင္စစ္ ကိုေအာင္ပြင့္၏ စကားက ေမးခြန္းသက္သက္ မဟုတ္ပါ။ သူ၏ ဆုံးျဖတ္ခ်က္လည္း မဟုတ္ပါ။ ျဖစ္နိုင္ေလာက္သည့္ အဆိုတစ္ခုကို အစမ္း တင္သြင္းၾကည့္သည့္ သေဘာဟု ကြၽန္ေတာ္ ထင္ပါသည္။ ဆရာႀကီးမွိဳင္း ၿပီးတဲ့အခါ ဆရာဒဂုန္တာရာ။ ဆရာဒဂုန္တာရာ ၿပီးတဲ့အခါ ကိုသင္းခိုင္။ ကိုေအာင္ပြင့္၏ အေမးကို ကြၽန္ေတာ္ ဘယ္လို ျပန္ေျဖရမည္ မသိတတ္နိုင္ဘဲ စိတ္ထဲမွာ ေလးလံေနာက္က်ိဳ၍ သြားသည္။
ျမန္မာစာေပေလာက၌ “ေမာင္သင္းခိုင္” ဟူေသာ ကဗ်ာဆရာ တစ္ေယာက္အျဖစ္ အခိုင္အမာ အထင္အရွား မွတ္တိုင္တစ္တိုင္ စိုက္ထူ ထားၿပီးသား ျဖစ္သည္ကို ကြၽန္ေတာ္ မျငင္းနိုင္ပါ။ ၿပီးေတာ့ သူသည္ ကြၽန္ေတာ္တို႔ ေရွ႕က လူတစ္ေယာက္။ ကြၽန္ေတာ္တို႔ဘက္က လူတစ္ေယာက္။ ကြၽန္ေတာ္တို႔၏ ကဗ်ာေနာင္ေတာ္ႀကီး။
သူႏွင့္ ကြၽန္ေတာ္တို႔ၾကားထဲမွာ ေႏြးေထြးေလးနက္ေသာ ေပါင္းသင္း ဆက္ဆံေရးတရား အခိုင္အမာပင္ တည္ရွိခဲ့သည္။ သူ၏ ပုဂၢလိက စြန႔္လႊတ္ စြန႔္စားနိုင္မႈမ်ားကိုလည္း ကြၽန္ေတာ္တို႔က အေလးအနက္ပင္ အသိအမွတ္ ျပဳထားၿပီး ျဖစ္သည္။
သို႔ေသာ္ ဆရာႀကီးမွိဳင္း၊ ဆရာဒဂုန္တာရာ စသည္တို႔ႏွင့္ မ်ဥ္း တစ္ေၾကာင္းတည္းထားကာ ဆြဲခ်ပစ္လိုက္ဖို႔ ဆိုတာမ်ိဳးကေတာ့ နည္းနည္းမ်ား တြန႔္ေကြးသြားေလမလားဟု ကြၽန္ေတာ္ စဥ္းစားမိသည္။ ဒါေၾကာင့္လည္း ကိုေအာင္ပြင့္က ထိုစကားကို ေျပာလာေသာအခါ ဘယ္လို အေျဖ ျပန္လည္ ေပးရမည္ မသိတတ္နိုင္ဘဲ ကြၽန္ေတာ့္ႏႈတ္ခမ္းတို႔ တြန႔္ဆုတ္ေနခဲ့ျခင္း ျဖစ္ပါသည္။ ဒါေပမဲ့ အခ်ိဳ႕ အခ်ိဳ႕ေသာ စာေပမိတ္ေဆြမ်ားကေတာ့ ႏႈတ္ခမ္းတုံ႕ေႏွး မေနၾက။ ခပ္သြက္သြက္ ခပ္ျပတ္ျပတ္ဆိုသလိုပင္ ျပန္လည္ တုံ႕ျပန္လိုက္ၾက ေလသည္။
“ကြၽန္ေတာ္တို႔ကေတာ့ ဒါကို လုံးဝ လက္မခံနိုင္ဘူးဗ်ာ”
ဒါကေတာ့ ကဗ်ာဆရာ ကိုၿဖိဳးထိန္၏ သေဘာထားပင္ ျဖစ္သည္။
“ဒီမယ္ ကိုေအာင္ပြင့္၊ ဒဂုန္တာရာၿပီးရင္ ကိုသင္းခိုင္ဆိုတာကို ကြၽန္ေတာ္ သေဘာမတူရျခင္းရဲ႕ အေရးႀကီးဆုံး အခ်က္တစ္ခ်က္ကို ကြၽန္ေတာ္ ေျပာလိုက္မယ္၊ အဲဒါသိလား၊ သူ႕ရဲ႕ ပုဂၢလိကေနထိုင္မႈ စရိုက္ ေၾကာင့္ပဲဗ်ာ”
ဒါကေတာ့ လပြတၱာၿမိဳ႕ကေလးမွာ က်ဴရွင္ျပစားေနသည့္ စက္မႈ တကၠသိုလ္ တစ္ပိုင္းတစ္စ ေက်ာင္းသားေဟာင္းႀကီး ကိုစိုးျမင့္(ေခၚ) ကိုသစ္စိုး၏ ရင္ဖြင့္ခ်က္ပဲ ျဖစ္ပါသည္။
ဤသို႔ ဤသို႔ အမ်ားက ခပ္ကန္ကန္ ျငင္းဆန္လာေလေသာ အခါတြင္ေတာ့ ဒဂုန္တာရာၿပီးေတာ့ ဆရာကိုသင္းခိုင္ဆိုေသာ စကားကို ကိုေအာင္ပြင့္က တစ္စ တစ္စ ျပန္လည္ ႐ုပ္သိမ္းသြားခဲ့ပါေတာ့သည္။
“တကယ္ေတာ့ဗ်ာ၊ ကိုသင္းခိုင္ဘဝကိုၾကည့္၊ တကယ့္ကို ဟာလာ ဟင္းလင္းႀကီး၊ သူ႕မွာ ဘာအကာအကြယ္မွ မရွိဘူး၊ အဲဒါေၾကာင့္လည္း ခက္ေနတာ”
ကိုေအာင္ပြင့္ကေတာ့ ေနာက္ဆုံးအခ်ိန္အထိ သံေယာဇဥ္လက္က်န္ တစ္စြန္းတစ္စျဖင့္ သူ႕စကားကို အနားသတ္ေနဆဲ ျဖစ္ပါသည္။ မွန္သည္။ ဘဝမွာ ဘာအကာအကြယ္မွ မရွိဘဲ ဟာလာဟင္းလင္းႀကီး ျဖစ္ေနေသာ ကိုသင္းခိုင္ဆိုသည့္ အခ်က္ကေတာ့ တကယ့္ကို မွန္ေသာအခ်က္ ျဖစ္ပါသည္။
ကဗ်ာဆရာ ေမာင္သင္းခိုင္ဆိုသည့္ အခ်က္မွလြဲၿပီး သူ႕မွာ ဘာမွ်မရွိ။ ရာထူးရာခံ အကာအကြယ္ မရွိ။ ဥစၥာဓန လုပ္ငန္းကိုင္ငန္း အကာအကြယ္ မရွိ။ အစုအေဝး ဂိုဏ္းဂဏ အကာအကြယ္မရွိ။ ဟန္ေတြမာန္ေတြႏွင့္ အဟန႔္ အတား အကာအကြယ္မရွိ။ ဟင္းလင္းႀကီးပြင့္ေနသည့္ သူ႕ဆီကို ဘယ္သူမဆို ဘာအခက္အခဲ တစ္စုံတစ္ရာမရွိဘဲ ေရာက္ရွိသြားနိုင္သလို သူကလည္း ဘယ္သူ႕ဆီကိုျဖစ္ျဖစ္ ဟင္းလင္းႀကီးဖြင့္ၿပီး ဝင္ေရာက္လာတတ္သည္။
တကယ္ေတာ့ ၁၉၄ဝ ျပည့္ႏွစ္မွာ ေမြးဖြားခဲ့ေသာ အစ္ကိုတစ္ေယာက္ ခုဆို အသက္ ၆၀ နီးၿပီ။ ၁၉၅၆ ခုႏွစ္ကပင္ ကဗ်ာ စေရးခဲ့သည္ဆိုေတာ့ ကြၽန္ေတာ္ မေမြးခင္ကပင္ ကဗ်ာေရးခဲ့ေသာ ကဗ်ာဆရာႀကီးတစ္ေယာက္။ သည္ေတာ့ ကြၽန္ေတာ္တို႔က အစ္ကို႔ကို ဆရာဟု ေခၚသင့္ၾကသည္။ ဒါေပမဲ့ ဆရာဟု ဘယ္လိုမွ ေခၚ၍ မထြက္။ အစ္ကို၊ ဒါပဲ ျဖစ္သည္။
ကိုေအာင္ပြင့္ကလည္း ကိုသင္းခိုင္။ ကိုညီၫြတ္ကလည္း ကိုသင္းခိုင္။ ေအာင္ဘညိဳကလည္း ကိုသင္းခိုင္။ အားလုံးက ကိုသင္းခိုင္ခဲ့ၾကသည္ပဲ ျဖစ္ပါသည္။ ဟာလာဟင္းလင္းႀကီး။
သူ႕ကို “အစ္ကို” ဟုေခၚလိုက္ဖို႔အေရး ႏႈတ္တြန႔္ေလးေကြးသြားေစမည့္ အဆီးအတားမ်ားအျဖစ္ ရာထူးရာခံ ဥစၥာေငြေၾကး အစုအဖြဲ႕ ဟန္တစ္လုံး ပန္တစ္လုံး ဘာဆိုဘာမွ် သူ႕မွာမရွိ။ တကယ့္ကို ဟာလာဟင္းလင္းႀကီး။
တစ္ခါတစ္ခါေတာ့လည္း အဲသလို ဟာလာဟင္းလင္း လြတ္လြတ္ ခါခါႀကီး ေနတတ္သည့္ စရိုက္ေၾကာင့္မ်ား အစ္ကို႔အေပၚမွာ ထိုက္တန္ သေလာက္ ေနရာမထားၾကေလေရာ့သလားဟု စဥ္းစားခ်င္စရာ ျဖစ္လာေပ သည္။
◾
ကတၱီပါညွပ္ဖိနပ္ တစ္ရန္ကို သပ္သပ္ရပ္ရပ္ ဝတ္ထားရမည္။ ခ်ည္ လုံခ်ည္၊ ခ်ည္အကၤ်ီႏွင့္ တိုက္ပုံအကၤ်ီ အသင့္အတင့္ကိုလည္း ဝတ္ဆင္ထားရ မည္။ လမ္းေလွ်ာက္ေသာအခါ ေႏွးေႏွးေလးေလး။ စကားေျပာေသာအခါ တမင္ ေ႐ြးခ်ယ္ထားသည့္ စကားလုံး အလွအပေလးမ်ားျဖင့္ ျဖည္းျဖည္း ေဆးေဆး။ မ်က္လုံးမ်ားက ထာဝရ ေငးရီကြဲေၾကလ်က္။
ဤသို႔ဤသို႔ေသာ သ႐ုပ္သကန္မ်ားျဖင့္ ျပည့္စုံေနသူတို႔မွ ကဗ်ာဆရာ ဟု ဆိုခဲ့လွ်င္ေတာ့ ကြၽန္ေတာ္တို႔ ကိုသင္းခိုင္ကို ကဗ်ာဆရာဟုေခၚရန္ ခက္ပါလိမ့္မည္။
ဟိုး ၁၉၈၀ ျပည့္ႏွစ္လြန္စ ၅၅လမ္း အရက္ဆိုင္ေတြ ေခတ္ေကာင္းစဥ္ ကာလမွစကာ ယေန႕အထိ အစ္ကို႔ကို ကြၽန္ေတာ္ေတြ႕ဖူးသမွ်မွာ တစ္ပုံစံတည္း။ ကိုသင္းခိုင္က အရပ္အနည္းငယ္ ပုပ်ပ္သည္။ ထို႔ေၾကာင့္ ဂ်င္းေဘာင္းဘီ ခပ္ပြပြမွာ သူႏွင့္ ရွည္ေနရာ ေအာက္မွ ျဖတ္ဝတ္ခ်င္ ျဖတ္ဝတ္ထားတတ္ၿပီး ေခါက္ခ်င္လည္း ေခါက္ဝတ္ထားတတ္သည္။ အတန္ငယ္ ႏြမ္းေနသည့္ Walking Shoes၊ ဂ်င္းဂ်ာကင္ အေရာင္လြင့္လြင့္။ ႀကိဳးႏွင့္သိုင္းထားသည့္ ပါဝါမ်က္မွန္ တစ္လက္။ ေက်ာပိုးအိတ္ တစ္လုံး။ ဒါပဲ ျဖစ္ပါသည္။
ကိုသင္းခိုင္က ထာဝရ လြယ္ထားတတ္ေသာ သူ၏ ေက်ာပိုးအိတ္ထဲ ၌ သူ႕ဘဝတစ္ခုလုံးကို ထိုးသိပ္ခ်ိဳးေခါက္ကာ ထည့္ထားဟန္တူသည္။ အဝတ္ အစားတစ္စုံႏွစ္စုံ။ ကဗ်ာစာအုပ္ တစ္အုပ္စ ႏွစ္အုပ္စ။ ပလတ္စတစ္ျဖင့္ ပတ္ထားသည့္ မွတ္ပုံတင္ စာမူစာ႐ြက္ အတိုအထြာမ်ား။ ယင္းသည္ပင္ ကိုသင္းခိုင္ ၏ “ေသ” ေနေသာဟန္ ျဖစ္ေလသည္။ မိုး႐ြာ႐ြာေနပူပူ ဘယ္ေတာ့မွ မေျပာင္းလဲစတမ္း။
“ေဟ့လူ... ကိုသင္းခိုင္ ပုဆိုးနဲ႕ ေနတာကို ခင္ဗ်ားေတြ႕ဖူးလားဗ်။ သူ ဘယ္တုန္းေလာက္က ေဘာင္းဘီ စဝတ္တယ္ထင္လဲ”
တစ္ခါေတာ့ ကိုသင္းခိုင္ႏွင့္ အလြန္ရင္းႏွီးေသာ ကဗ်ာဆရာ တစ္ေယာက္ကို ကြၽန္ေတာ္က ေမးၾကည့္မိသည္။ ဤတြင္ ထိုကဗ်ာဆရာ ေတြသြားသည္။
“အင္း... ကြၽန္ေတာ္ စသိကတည္းက ေဘာင္းဘီနဲ႕ပဲဗ်”
မွန္ပါသည္၊ အစ္ကိုနဲ႕ကြၽန္ေတာ္ သိကြၽမ္းခင္မင္ခဲ့တာ အႏွစ္၂၀ ျပည့္ ေတာ့မည္။ တစ္ခါမွ ပုဆိုးႏွင့္ မေတြ႕ဖူးဘူး၊ ညွပ္ဖိနပ္ႏွင့္ မေတြ႕ဖူးဘူး။တိုက္ပုံအကၤ်ီႏွင့္ မေတြ႕ဖူးဘူး။ လြယ္အိတ္ႏွင့္ မေတြ႕ဖူးဘူး။ Princess and Photographer ႐ုပ္ရွင္ကားထဲက ဂ်ပန္မင္းသားမ်ားလို ဆံပင္မ်ား ဖြားခနဲ ဖြားခနဲ ျဖစ္လာေအာင္ လမ္းကို ခပ္ခုန္ခုန္ေလွ်ာက္၍ လာတတ္ၿမဲ။
ဘယ္လက္ဖက္ရည္ဝိုင္း၊ ဘယ္အရက္ဝိုင္းကိုမဆို အကြၽမ္းတဝင္ ရွိၿပီးေသာ ရယ္သံႀကီးျဖင့္ ေရာက္လာတတ္ၿမဲ။ ဘယ္ေတာ့မွ မၿပိဳလဲဟန္ တူေသာ စိတ္ဓာတ္ျဖင့္ အႏုပညာလည္ဆံေမြးေတြ တဖြားဖြား ေထာင္ေနၿမဲ။
တစ္ခုေသာ ေႏြရက္မွာေတာ့ ထုံးစံအတိုင္း ဂ်င္းဂ်ာကင္ႀကီး၊ ဂ်င္း ေဘာင္းဘီ ပြေရာင္းေရာင္း၊ Walking Shoes မ်ားျဖင့္ ေလထန္ကုန္းသို႔ ေရာက္ လာေသာ ကိုသင္းခိုင္ကို ၾကည့္ကာ ကြၽန္ေတာ္က ေမးမိသည္။
"အစ္ကို မအိုက္ဘူးလားဗ်ာ”
“အက်င့္ျဖစ္သြားၿပီကြ ေမာင္သာခ်ိဳရ၊ ငါ့ညီရ၊ ေအး... ဟား ဟား ဟား ဟား ဟား ဟား”
လိုဏ္ေခါင္းထဲမွ ပဲ့တင္ရိုက္ထြက္လာေသာ အသံမ်ိဳးျဖင့္ ကိုသင္းခိုင္က လြတ္လြတ္လပ္လပ္ႀကီးပင္ ရယ္ခ်လိုက္ျပန္ပါေလသည္။
◾
လြန္ခဲ့ေသာ ဆယ္ႏွစ္ မျပည့္တျပည့္ ဝန္းက်င္ခန႔္ေလာက္ကဟု ထင္ပါ သည္။ ကြၽန္ေတာ္တို႔ ျမန္မာစာေပေလာကမွာ နေဘႏွင့္ ပတ္သက္သည့္ ဂယက္ ကေလးေတြ အတန္အသင့္ ရိုက္ခတ္လိုက္ပါေသးသည္။ ထိုစဥ္က ယင္းနေဘ ကိစၥႏွင့္ပတ္သက္၍ တိုက္ရိုက္ ပတ္သက္သူမွာ ကြၽန္ေတာ္တို႔ ကိုခိုင္မာ ျဖစ္ပါ သည္။
ကိုခိုင္မာသည္ ထိုတစ္ေလာက ဘယ္က ဘယ္လို ေမွာ္ထသည္ မသိ။ ကဗ်ာတိုင္းမွာ နေဘေတြႏွင့္ သီးျပြတ္ေနေအာင္ ေရးပါေလေတာ့သည္။
ေကာင္းသည္လည္းရွိ၊ မေကာင္းသည္လည္းရွိ၊ ႀကိဳက္သည္လည္းရွိ၊ မႀကိဳက္ သည္လည္းရွိပင္ ျဖစ္ပါသည္။ ကိုသင္းခိုင္ကေတာ့ နေဘႏွင့္ ပတ္သက္၍ တူးတူးခါးခါးပင္ မုန္းဟန္တူသည္။ ထို႔ေၾကာင့္လည္း ”နေဘဟာ အေဟာင္း လား အသစ္လား” ဆိုေသာ ေဆာင္းပါးျဖင့္ ကိုခိုင္မာကို ထိုးႏွက္လိုက္ပါသည္။
ကြၽန္ေတာ္သေဘာကေတာ့ ေကာင္းေသာ နေဘဆိုလွ်င္ မပစ္ပယ္လိုလွ။ ဇြတ္ နေဘကေတာ့ စကားထဲပင္ ထည့္သြင္းေဆြးေႏြးစရာမလို။ ဒါေပမဲ့အစ္ကိုကေတာ့ နေဘဆို မုန္းမွမုန္း။ ဘာနေဘမွ အႏုပညာအိမ္ရိပ္ မနင္းရ။ မဝင္ရ။
“ေစာဗုဒၶါဘုရား
ေဟာႏႈတ္ကာၾကား
ေလာကုတၱရာတရား
ေဘာပုတ္ကာသြား ..
ဟားဟား ဟားဟား ဟားဟား
ညီေလး ေမာင္သာခ်ိဳေလး လုပ္ပါဦးကြ မင္းကရတယ္...
သြားေခါ အသုပ္မွာစား
ဟားဟား ဟားဟား ဟားဟား”
လိုဏ္သံပါေနေသာ အစ္ကို႔ရယ္သံက ရန္ကုန္၏ မူးယစ္ေဝေသာ ေႏြညမ်ားကို လႈပ္ခါသြားေစေလသည္။
◾
မွတ္မိေနပါေသးသည္။
၁၉၈၈ ခုႏွစ္ လြန္ေသာအခါ ကြၽန္ေတာ္တစ္ေယာက္ အမိရန္ကုန္ တကၠသိုလ္မွ ေဝးရာကို ေျပးခြာခဲ့ရပါသည္။ ကြၽန္ေတာ္ အညာကို မႏၱေလး အျမန္ႏွင့္ သြားမည့္ညက ရန္ကုန္ဘူတာႀကီးကို စာေပမိတ္ေဆြ ေတာ္ေတာ္ မ်ားမ်ားက လိုက္ပို႔ၾကသည္။ သည္ထဲမွာ ကိုသင္းခိုင္တစ္ေယာက္လည္း ပါပါ သည္။ သည္တုန္းက အစ္ကိုသည္ ရန္ကုန္ၿမိဳ႕ျပကို သစ္႐ြက္တစ္႐ြက္ႏွယ္ မုန္တိုင္းျဖင့္ လြင့္ပါလာခဲ့ၿပီးျဖစ္သည္။
ထိုညက ကိုသင္းခိုင္သည္ ဘူတာ႐ုံသို႔ ေတာ္ေတာ္ေနာက္က်မွ ေရာက္ လာခဲ့ၿပီး သူေရာက္လာေတာ့ ကြၽန္ေတာ္ ရထားေပၚ ေရာက္ေနခဲ့ၿပီ ျဖစ္ပါသည္။ ရထားက ထြက္လုထြက္ဆဲ။ ဘူတာစႀကၤ ံ မွ ရထားထြက္ရန္ ငါးမိနစ္အလို ဟူသည့္စာတန္းက မွိတ္လိုက္လင္းလိုက္။ ကိုသင္းခိုင္ကား သံဆန္ခါတစ္ဖက္မွ ေန၍ ဂနာမၿငိမ္ျဖစ္ေနရင္း လွမ္းေအာ္ေျပာလ်က္။
“ေဟ့ ... ေမာင္သာခ်ိဳ ညီေလး.. လုပ္ကြာ... ေဟ့ တစ္လုံးဖိုး ေလာက္ ေပးခဲ့ပါကြ ေမာင္သာခ်ိဳ”
ဘီးစတင္လွိမ့္သြားေနစ ရထားေပၚမွ ဆင္းကာ သံဆန္ခါၾကားမွေန၍ ပိုက္ဆံကို ထိုးထည့္ေပးလိုက္ၿပီး ရထားေပၚသို႔ ကြၽန္ေတာ္ ခပ္သြက္သြက္ ျပန္ေျပးတက္လိုက္ရပါသည္။
သူ႕အသက္၊ သူ႕အ႐ြယ္၊ သူ႕ဂုဏ္ႏွင့္ မမွ်ေလာက္ေအာင္ပင္ ညီေတြ အေပၚမွာ ဆိုးခ်င္လြန္းေသာ အစ္ကို႔ကိုၾကည့္ၿပီး ကြၽန္ေတာ့္ စိတ္ထဲမွာ တႏွင့္ တပိုး ခံစားမိသည္။
တကယ့္ တကယ္တမ္း ဝန္ခံၾကရေၾကးဟုဆိုလွ်င္ ကြၽန္ေတာ္တို႔လည္း အေသာက္အစားႏွင့္ ကင္းကင္းရွင္းရွင္းႀကီး မဟုတ္လွပါ။ ကိုယ့္စိတ္ႀကိဳက္ရာ၊ ကိုယ့္စိတ္ႀကိဳက္ေနရာ၊ ကိုယ့္စိတ္ႀကိဳက္အခ်ိန္ဆိုလွ်င္ စကား ဝိုင္းဖြဲ႕ မိတတ္ၿမဲ ျဖစ္ပါသည္။ သို႔ေသာ္ အစ္ကို ကိုသင္းခိုင္ကေတာ့တစ္မ်ိဳး၊ လူမေ႐ြး၊ အခ်ိန္ မေ႐ြး၊ ေနရာမေ႐ြး။ အမွတ္တရ ေန႕ရက္ေတြကလည္း အစ္ကို႔မွာ ျပကၡဒိန္ႏွစ္ အျပည့္။
“ေဟ... ေမာင္သာခ်ိဳ၊ ဒီေန႕ ဝိုင္းၾကရေအာင္၊ ဒီေန႕ May 19th ေလကြာ၊ တို႔ရဲေဘာ္ ေမာင္ေလးေအာင္ ဆုံးတဲ့ေန႕ကြ”
“ၾကည့္စမ္း၊ ဒီေန႕ July 17th ပဲ၊ ဒါ ကိုယဥ္မြန္ ဆုံးတဲ့ေန႕ကြ၊ ဆုံလိုက္ၾကရေအာင္"
ဤသို႔ ဤသို႔ႏွယ္ျဖင့္ ေတာ္ေတာ္ၾကာ ကားလ္မာ့က္စ္ေမြးေန႕၊ လီနင္ ကြယ္လြန္ေသာေန႕၊ ပါဘလိုနီ႐ူဒါေမြးေန႕၊ ဆရာႀကီးမွိဳင္းေမြးေန႕၊ သခင္ျမသန္း ကြယ္လြန္ေသာေန႕၊ ဗန္းေမာ္တင္ေအာင္ေမြးေန႕၊ ဟိုခ်ီမင္းေမြးေန႕၊ ဥကၠ႒ႀကီး ေမာ္ေမြးေန႕၊ သခင္သန္းထြန္းကြယ္လြန္ေန႕၊ ေခ်ေဂြဗားရားတို႔ က်ဴးဘား ကမ္းေျခကို တက္ေသာေန႕၊ ကဗ်ာဆရာရွယ္လီ ကြယ္လြန္ေသာေန႕။ မဆုံးနိုင္ စတမ္းေသာ အမွတ္တရ ေန႕ရက္မ်ား။ ကြၽန္ေတာ္ကျဖင့္ ကိုသင္းခိုင္၏ မွတ္မိ နိုင္စြမ္းကိုသာ အံ့ၾသေငးေမာေနမိေတာ့သည္။
သို႔ေသာ္ တစ္ခုေကာင္းသည္က ဘယ္ဝိုင္းကို ေရာက္သြားေရာက္သြား အစ္ကိုကေတာ့ ကဗ်ာအႏုပညာ ေမွာ္ဓာတ္မ်ားျဖင့္ ပူးဝင္စီးကပ္လ်က္။ သူ ေျပာလိုရာကို လြတ္လြတ္လပ္လပ္ႀကီး ေျပာခ်လ်က္။ ကဗ်ာတစ္ပုဒ္ကို ရင္ေခါင္းသံႀကီးျဖင့္ ႐ြတ္ဆိုေနလ်က္။
“ညီေလး၊ မင္း စဥ္းစားၾကည့္စမ္းကြာ၊ ကဗ်ာေရးတယ္တဲ့... အျပာ ေရာင္သမ္းေနတဲ့ ေတာင္တန္းမ်ားဆိုလား၊ ေတာင္ျပာတန္းေပါ့ကြ၊ ၿပီးၿပီေပါ့။ဘယ့္ႏွယ္ အျပာေရာင္သမ္းေနတဲ့ ေတာင္တန္းမ်ားဆိုေတာ့ ခက္ ခက္ေန ပါၿပီ၊ ဟား ဟား ဟား ဟား ဟား ဟား”
ဤသို႔ျဖင့္ အစ္ကိုက သူ႕ေခတ္ၿပိဳင္ ကဗ်ာဆရာတစ္ဦး၏ကဗ်ာကို ခပ္စပ္စပ္ ထိုးႏွက္ေဝဖန္သည္။
“ေမာင္သာခ်ိဳ၊ ငါ ကဗ်ာေပါင္းခ်ဳပ္တစ္အုပ္ ရထားတယ္ကြ၊ Austria က ကဗ်ာတစ္ပုဒ္မ်ား လႊတ္လွတယ္ကြာ၊ A tree တဲ့၊ လဲေနတဲ့ သစ္ပင္ေပါ့ ကြာ၊ အဂၤလိပ္လို ခဏထား၊ ျမန္မာလို ငါ႐ြတ္ျပမယ္။ လဲေနတဲ့ သစ္ပင္... သူ႕အ႐ြက္ေတြက
ရွင္သန္ေနတုန္း... သူ႕အသီးေတြက ႐ႊမ္းမွည့္ေနတုန္း... သူ႕အကိုင္းေပၚမွာ ငွက္ေတြက နားေနတုန္း... လဲေနတဲ့သစ္ပင္... ဟားဟား ဟားဟား ဟားဟား လႊတ္လွတယ္၊ ပိုလွတယ္၊ မင္း ေဆာင္းပါး ေရးသင့္တယ္ကြ၊ မင္း Scholar ကြ”
အစ္ကိုက နိုင္ငံရပ္ျခား ကဗ်ာတစ္ပုဒ္ကို လက္တန္းဘာသာျပန္ၿပီး ဌာန္ႏွင့္မာန္ႏွင့္ ႐ြတ္ခ်လိဳက္ရာ ကြၽန္ေတာ့္တစ္ကိုယ္လုံး ျဖန္းခနဲ ေႏြးတက္ သြားသည္။
တစ္ေန႕မွာေတာ့ ကြၽန္ေတာ္တို႔ လူငယ္စာေရးဆရာတစ္စု ကဗ်ာဆရာ ေနစိမ့္၏အိမ္မွာ ဆုံၾကရာ အစ္ကိုပါ ေရာက္လာသည္။ ကြၽန္ေတာ္ ထိုဝိုင္းတြင္ သူရဲေကာင္းက ပထမ၊ သေဘာတရားက ဒုတိယအဆိုကို တင္သြင္းမိသည္။
ငယ္႐ြယ္သူတို႔သဘာဝ သူရဲေကာင္းေတြကို အားက်တတ္ၾကေၾကာင္း၊ ဂ်ိဳေဆးရီေဇာ္၊ ေခ်ေဂြဗားရား၊ ကတ္စထရို၊ ေနာ္မန္ဗက္သြန္း၊ ငုယင္ဗန္ထရြိဳင္း စသည္ စသည္ျဖင့္ စိတ္ဝင္စားမိၾကရာမွ သူတို႔၏ခံယူခ်က္ႏွင့္ သေဘာ တရားကိုပါ ေလးစားသြားမိၾကေၾကာင္း ေျပာမိရာ လူငယ္တစ္ေယာက္က ခြတိုက္ပါေလေတာ့သည္။ သူရဲေကာင္းကိုးကြယ္မႈသည္ အလကား ျဖစ္ပါ
ေၾကာင္း။ ဤတြင္ အစ္ကိုတစ္ေယာက္ လည္ဆံေမြးမ်ား ဖြားခနဲ ေထာင္ထ လာပါေတာ့သည္။
“ေဟ့ေကာင္၊ မင္းဘယ္ၿမိဳ႕ကလဲ”
“မအူပင္ကပါ”
“မင္းအေဖ ဘယ္သူလဲ”
“လွၾကည္ပါ”
“ေအး ... လွၾကည္ကို ငါက...”
ဟုဆိုကာ အစ္ကိုက ဘာထင္ေၾကာင္း ပက္ပက္စက္စက္ ဆဲခ်လိဳက္ ပါေတာ့သည္။
အစ္ကို စိတ္ဆိုးေတာ့ တစ္ဝိုင္းလုံး တိတ္က်သြားပါေတာ့သည္။ အျပန္ လမ္းမွာေတာ့ ကြၽန္ေတာ္က ဖေအနာမည္ေမးၿပီး ဆဲျခင္းကို နားမလည္နိုင္ ေၾကာင္း ေျပာမိပါသည္။
“ဟ... ငါ့ညီရ၊ ဖေအေလာက္ကို ဖမ္းဆဲထားမွ သားက ၿငိမ္မွာကြ၊ မင္းႏွယ္ ခက္ ခက္ေနၿပီ၊ ဟားဟား ဟားဟား ဟားဟား”
တစ္ရပ္ကြက္လုံး အိပ္ေမာက်ေနသည့္ညကို အစ္ကိုရယ္သံက လႈပ္ႏွိုး ပစ္လိုက္ေပသည္။
◾
၁၉၈၉ ခုႏွစ္မွာေတာ့ ကိုသင္းခိုင္တစ္ေယာက္ ၿမိဳ႕ေတာ္ကို သစ္႐ြက္လို လြင့္က်လာခဲ့သည္။ ကိုသင္းခိုင္က ကြၽန္ေတာ့္ဆီမွာ ေနလိုပါေၾကာင္း စကား ကမ္းလွမ္းလာပါေသးသည္။ သို႔ေသာ္ ကြၽန္ေတာ့္ဆီမွာက ကိုေအာင္ပြင့္ရွိေနၿပီး ျဖစ္၍ ႏွစ္ေယာက္ဝန္ကို ကြၽန္ေတာ္မတတ္နိုင္သျဖင့္ ျငင္းဆန္ခဲ့ရေပရာ ကိုသင္းခိုင္တစ္ေယာက္ ကိုမင္းသစ္၏အိမ္၊ ကိုစိမ္းနီ၏အိမ္၊ ဘုန္းေတာ္ႀကီး ေက်ာင္း စသည္တို႔၌ အလိုက္သင့္ လြင့္ပါးေနခဲ့ပါသည္။
ထိုအခ်ိန္မွာ မည္မည္ရရ အလုပ္ကေတာ့ ႐ုပ္ရွင္ေတးကဗ်ာ မဂၢဇင္း အယ္ဒီတာ။ တကယ္ေတာ့ ထိုကဗ်ာအယ္ဒီတာအလုပ္ကို ၁၉၆၉ ခုႏွစ္တုန္းက ရႈေထာင့္ဂ်ာနယ္၊ ၁၉၇ဝ ျပည့္ႏွစ္တုန္းက မိုးေဝမဂၢဇင္းမ်ားမွာပါ အစ္ကို တာဝန္ ယူခဲ့ဖူးေပရာ ကဗ်ာတစ္ပုဒ္ကို အကဲျဖတ္နိုင္စြမ္း၌ ကြၽမ္းဝင္ၿပီးသားဟု အားလုံးက ယုံၾကည္ၿပီး ျဖစ္ပါသည္။ ဒါေၾကာင့္လည္း ႐ုပ္ရွင္ေတးကဗ်ာ စာမ်က္ႏွာမ်ားကို ကဗ်ာဖတ္သူတို႔က အေလးအနက္ ဖတ္ရႈၾကရၿမဲ။
သို႔ျဖင့္ ၁၉၉၅ ခုႏွစ္ေလာက္မွာေတာ့ အစ္ကို႔ကဗ်ာစာအုပ္ ထြက္လာ ပါသည္။ ေရးသက္ရင့္ (ကဗ်ာ) ဆရာတစ္ေယာက္အေနျဖင့္ ေတာ္ေတာ္ေႏွာင္းမွ ထြက္လာေသာ စာအုပ္ဟု ဆိုနိုင္ပါသည္။
‘ခ်စ္သူမ်ားကို တမ္းတျခင္း” တဲ့။ စာအုပ္၏ ေနာက္ကြယ္မွာေတာ့ အသံဗလံ တခ်ိဳ႕တစ္ဝက္။
◾
ကိုသင္းခိုင္၏ “ခ်စ္သူမ်ားကို တမ္းတျခင္း” ကဗ်ာစာအုပ္ ထြက္လာ အၿပီးတြင္ အဓိက ထြက္လာသည့္ အသံတစ္ခုကေတာ့ “အရက္” ကို ဖြဲ႕ဆို ခန္းေတြ မ်ားလြန္းသည္ဆိုသည့္ အသံပဲျဖစ္ပါသည္။
”အရက္” ႏွင့္ ပတ္သက္ ဆက္ႏႊယ္သည့္ ကဗ်ာမ်ား ကိုသင္းခိုင္၏ ကဗ်ာစာအုပ္ထဲတြင္ မပါမဟုတ္၊ ပါပါသည္။ သို႔ေသာ္ အျခား အျခားေသာ ဘဝ၏စာမ်က္ႏွာမ်ားကိုလည္း ထိုစာအုပ္မွ တစ္ပုံတစ္ပင္ ေတြ႕ရွိရမည္ ျဖစ္ပါသည္။
“ၿမိဳ႕ကိုသြားတဲ့လွည္း” ကဗ်ာ၌ ဘုရားပ်က္ကိုၿဖိဳၿပီး ရလာသည့္ အုတ္ခဲမ်ားကို ၿမိဳ႕တက္ေရာင္းသည့္ လူတို႔၏ ဘဝမ်ားကို ေတြ႕နိုင္သည္။ “ဟသၤျပဒါးျဖစ္သြားတဲ့ည” ကဗ်ာ၌ ရိုးမထဲတြင္ အမဲလိုက္ရင္း ေတာဝက္ ပက္လိုက္၍ ေသဆုံးသြားသူ၏ ဈာပနတြင္ ထိုေတာဝက္သားျဖင့္ သပိတ္ သြတ္လိုက္ရပုံကို ေတြ႕နိုင္သည္။
“ဖန္ဆင္းရွင္” ကဗ်ာ၌ ေကာ္မက္သာဇင္ကို ဆီအျဖစ္ေျပာင္းၾကေသာ၊ ဒူးယားႏွင့္ သၾကားကို ၾကက္ကင္၊ ဘဲကင္အျဖစ္ ေျပာင္းၾကေသာ၊ ေမႊး၊
ေ႐ႊဝါဆပ္ျပာမ်ားကို ထိုင္းဆစ္အျဖစ္ ေျပာင္းၾကေသာ၊ ဒီဇယ္ ဓာတ္ဆီကို ဟင္နက္ဆီ ေကာ့ညက္အျဖစ္ေျပာင္းၾကေသာ တစ္ခါက စားသုံးသူမ်ား၏ ဘဝကို ေတြ႕နိုင္သည္။
“၂၅ ရာစု မုန္တိုင္း” ကဗ်ာတြင္ ၁၆ ရာစုမွာ ေပၚခဲ့ သည့္ နတ္သွ်င္ေနာင္သည္ သစၥာေဖာက္မေဖာက္ ၂၀ ရာစု မွာ ျငင္းေနၾကရေၾကာင္း၊ ႏြမ္ဂ်ာသိုင္း၊ ျမင့္ေမာင္ေမာင္၊ ၿငိမ္းေက်ာ္၊ ခင္ေဆြဦး၊ ၾကည္ေအး၊ မစႏၵာ၊ မိုးမိုး (အင္းလ်ား)တို႔ ေလာကကို ဘယ္သူသစၥာေဖာက္မေဖာက္ ကို ၂၅ ရာစု လူသားတို႔ ေဝဖန္ ၾကမည့္ အသံ စသည္ျဖင့္တို႔ထိထားသည္ကို ေတြ႕နိုင္သည္။ သို႔ျဖစ္ရာ အစ္ကို ကဗ်ာမ်ားသည္ အရက္ ခ်ည္းပဲေတာ့လည္း မဟုတ္ပါ။
ကိုသင္းခိုင္၏ ဘဝျဖတ္သန္းမႈတစ္စြန္းတစ္စကို အရိပ္အကဲဖမ္းနိုင္ သည့္ ကဗ်ာတစ္ပုဒ္ကေတာ့ “တစ္ေန႕ထဲ(တည္း)” ကဗ်ာျဖစ္သည္။ ...။ ထိုစဥ္ မႏၱေလးမွ ဟဲဟိုး၊ ဟဲဟိုးမွ ရန္ကုန္ ေလယာဥ္ျဖင့္ အေခၚခံလာရျခင္း ျဖစ္ရာ မႏၱေလးမွာ ေႏြ၊ ဟဲဟိုးမွာ ေဆာင္း၊ ရန္ကုန္မွာ မိုး စသည္ျဖင့္ ခံစားလိုက္ရပုံကို ထိုကဗ်ာမွာ အစ္ကိုက ဖြဲ႕ သည္။
ကားကေလး
ေမာႀကီးပန္းႀကီး စက္ကုန္သုတ္
ပ်ားရည္ဆမ္းခရီးေတာ့ မဟုတ္
မႏၱေလးကို ႏႈတ္ဆက္ျခင္း
ခ်မ္းျမသာစည္ ေလယာဥ္ကြင္း
ေႏြနဲ႕ ရန္စစ္ခင္းေနေပါ့။
ဒါက မႏၱေလးအဖြဲ႕ တစ္စြန္းတစ္စ ျဖစ္သည္။
ဟဲဟိုးေလဆိပ္
ေရခိုးေငြ႕ သိပ္သည္းဆ မွိဳင္းတပ်ပ်၊
ေလႏုေအးက တျမျမ
မႏၱေလးတုန္းက ေႏြ၊
ဟဲဟိုးက်ေတာ့ ေဆာင္း
နာရီပိုင္းအတြင္း အလွည့္အေျပာင္း
ကြၽန္ေတာ္တို႔ က်န္းမာေရးေကာင္းေနၾကပါတယ္။
ဒါကေတာ့ ဟဲဟိုးေလဆိပ္ အဖြဲ႕အႏြဲ႕ ျဖစ္သည္။
မဂၤလာဒုံမွာ တဖြဲဖြဲ
အင္းစိန္ ႐ြာမ ေရာက္ေတာ့
တသည္းသည္း
ကိုးခြင္လုံး မွိဳင္းမႈန္မည္း
မိုးပုဆိန္ႀကီး ႐ြာၿပီပဲ
ဂ်ိမ္းခနဲ ဂ်ိမ္းခနဲ
မိုးခ်ဳန္းသံတို႔ ငလ်င္ေတာ္လဲ
တစ္ေန႕ထဲ... တစ္ေန႕ထဲ ... တစ္ေန႕ထဲ။
ဒါကေတာ့ ခရီးလမ္းဆုံး အင္းစိန္ခံစားမႈ။ ဪ... တစ္ခါက ကဗ်ာဆရာ ေမာင္သင္းခိုင္ တစ္ေန႕တည္း ျဖတ္သန္းခဲ့ရသည့္ ခရီးမွန္ကူ ကြက္မ်ား။
◾
ကြၽန္ေတာ္တစ္ေယာက္ ဟသၤာတေကာလိပ္ကို ေရာက္သြားၿပီးသည့္ ေနာက္ပိုင္း ကာလမ်ား၌ ရန္ကုန္ကို မၾကာခဏ ဆိုသလို ေရာက္ျဖစ္သည္။ တစ္ေခါက္မွာေတာ့ ရန္ကုန္ကို ေရာက္သြားစဥ္ မိတ္ေဆြတစ္ဦး၏ အေဖာ္ ဆြယ္မႈေၾကာင့္ ကလ်ာမဂၢဇင္းရွိရာ သုဝဏၰကို လိုက္သြားျဖစ္ရာ ပုဇြန္ေတာင္ကို ျဖတ္သြားရပါသည္။ နာမည္ေက်ာ္ အရက္႐ြာကို လွမ္းၾကည့္ျဖစ္သည္။
ဓနိဆိုင္တန္းႀကီးေတြ အံု႕အုံ႕ဆိုင္းဆိုင္းႏွင့္ တစ္ခါက ပခုံးခ်င္းတိုက္ ေအာင္ လူစည္ကားခဲ့ေသာေနရာမွာ ဟင္းလင္းကို ဝန္ခ်ီစက္ႀကီးမ်ားျဖင့္ တူးကာမကာ လုပ္ေနေသာ ေဆာက္လုပ္ေရးျမင္ကြင္းကို ေတြ႕လိုက္ရသည္။ေၾသာ္... တစ္ခါကေတာ့ ထိုေနရာသည္ ကိုသင္းခိုင္ အပါအဝင္ စာေပ အႏုပညာသည္တခ်ိဳ႕တို႔ ညေနရီ နားခိုခဲ့ရာ ေနရာမ်ားပါတကား။
ခုေတာ့ျဖင့္။
ပုဇြန္ေတာင္၊ ပုဇြန္ေတာင္ ...
ကိုသင္းခိုင္ကေတာ့ ထို ပုဇြန္ေတာင္ခံစားမႈကို သူ၏ ”အရက္ ျဖစ္သြားတဲ့နာရီ” ကဗ်ာထဲမွာ တို႔ထိ ေဖာ္ျပသြားခဲ့ဖူးသည္။
ကက္ဆက္ထဲက စိုင္းထီးဆိုင္အသံ
ပလက္ေဖာင္းေပၚ အန္က်
လူေတြ ခလုတ္တိုက္သြားၾကတယ္။
မုန္တိုင္းဗဟိုခ်က္မ
လက္ဖက္ရည္ဆိုင္ထဲက်ေန
တစ္နာရီ မိုင္ ၆၀ ႏႈန္း
တဝုန္းဝုန္းတိုက္ခတ္ေနေလရဲ႕။
ေရာမေခတ္ဆံပင္နဲ႕လူ
မ်က္မွန္ထူထူနဲ႕လူ
ဗိုက္ေခါက္ထူထူလူ မပါပါ
လူငယ္ လူ႐ြယ္ လူလတ္
ပိန္ကပ္ကပ္ ျပားခ်ပ္ခ်ပ္
ပါးစပ္ေခါင္းေလာင္းသံ တညံညံ
အဖန္တစ္အိုးၿပီးတစ္အိုး
ေသာက္လိုက္တဲ့ အခ်ိဳက
ခ်ိဳးျဖဴကန္ ခန္းေလာက္တယ္။
ဒါေတြကေတာ့ လက္ဖက္ရည္ဆိုင္ ျမင္ကြင္းအဖြဲ႕ေတြျဖစ္သည္။ ဆိုင္ ထဲက ကက္ဆက္မွ သီခ်င္းသံ အျပင္ကို လွ်ံက်လာပုံ၊ မုန္တိုင္းတိုက္သလို စကားဝိုင္း ေကာင္းေနပုံ၊ ေရေႏြး တစ္အိုးၿပီး တစ္အိုး ေသာက္ေနပုံေတြပဲ ျဖစ္သည္။
ဆန္းေသာ္တာ ပ်ားသလက္
ဝက္ဝံလက္က ကုတ္ျခစ္ဖဲ့
ခ်က္ေကာ့စကီ ဒစၥကို
ကိုကာကိုလာ တမ္းခ်င္းသစ္
အလင္းျမစ္ေရဆန္ထဲ
ေမ်ာေနဆဲ ခေရပြင့္ေႂကြ
ေတာင္ႀကီးၿမိဳ႕ရဲ႕ ညေနခင္း
ေမာင္ေလးေအာင္ကို တမ္းတျခင္း
စကၠဴေငြလမင္း ႐ုပ္ရွင္
ဒဂုန္တာရာရဲ႕ အလကၤာ
ႏွစ္ေလးဆယ္ သမၼာက်မ္းစာ
ေမာင္သာနိုးရဲ႕ မလင္းျပာ
ပီကာဆိုရဲ႕ ခရစ္ေတာ္ပန္းခ်ီကား
စကားလွိဳင္းလုံးတအိအိ
ဘဂၤလားေအာ္ထိ ေမွ်ာစီးသြား။
ဒါေတြကေတာ့ လက္ဖက္ရည္ဆိုင္ စကားဝိုင္းအဖြဲ႕အႏြဲ႕။ ပ်ားအုံနဲ႕တူတဲ့ အာဖဂန္နစၥတန္ကို ႐ုရွားဝက္ဝံႀကီး ဝင္ေရာက္ခဲ့တဲ့အေၾကာင္း၊ စက္တင္ဘာမွာ သခင္သန္းထြန္း အနိစၥေရာက္ခဲ့တဲ့အေၾကာင္း၊ ကိုကာကိုလာအေၾကာင္း၊ ကိုေလးေအာင္ အေၾကာင္း၊ စကၠဴေငြလမင္းဆိုတဲ့ ႐ုပ္ရွင္အေၾကာင္း၊ အလကၤာ ဆိုတဲ့ ကဗ်ာစာအုပ္အေၾကာင္း၊ ႏွစ္ေလးဆယ္ ရန္မီးမ်ားအေၾကာင္း၊ ဆရာနိုးရဲ႕ မလင္းျပာ ကဗ်ာအေၾကာင္း၊ ပီကာဆိုအေၾကာင္း စသည္ စသည္ျဖင့္ ကိုသင္းခိုင္က လက္ဖက္ရည္ဆိုင္စကားဝိုင္းရဲ႕ နယ္နိမိတ္ က်ယ္ေျပာလွပုံကို ဖြဲ႕ ျပသည္။
ၿပီးေတာ့မွ တျဖည္းျဖည္း ညေနေစာင္းလာၿပီး ေမွာင္စပ်ိဳးလာေတာ့ ကဗ်ာဆရာတို႔ ပုဇြန္ေတာင္အရက္ဆိုင္ရွိရာကို တစ္စစ အသိုက္ ေျပာင္းသြား ၾကၿမဲျဖစ္ေၾကာင္းကို ခုလို အနားသတ္ ဖြဲ႕ႏြဲ႕လိုက္ပါသည္။
အလင္းဆံစ အုပ္လုံးသိမ္း
ေနလုံးစိမ္းစိမ္းကားကား
ျဖတ္စာေပးသြားတဲ့အခ်ိန္
မုန္တိုင္းၿငိမ္ၿပီ
မာက်ဴရီ အပ်င္းေၾကာဆန႔္
မအိပ္ရာက လန႔္နိုးထကာ
ရႈသိုးသိုးမ်က္ႏွာနဲ႕
ေစာင္းင့ဲ ၾကည့္လိုက္တယ္
ညဆိုတဲ့ ဧည့္သည္ကိုေလ။
နိစၥဓူဝ အလုပ္
အခ်ိန္သစ္သီး ပုပ္ပြေတာ့
ျပန္ေပါ့ ျပန္ေပါ့ ျပန္ေပါ့
ကဗ်ာဆရာတို႔ ျပန္ၾကေတာ့
ငါလည္း တစ္ေယာက္အပါအဝင္ေပါ့ ပုဇြန္ေတာင္မွာ ေမာ့ဖို႔ေလ။
ကိုယ္တိုင္ေရး ပုံတူဟုပင္ ဆိုရမလား မေျပာတတ္ေတာ့ပါ။ ကိုသင္းခိုင္ အဖို႔ အခ်ိန္ ဟူသည္မွာ ကဗ်ာေရးေနဖို႔၊ သို႔မဟုတ္ ကဗ်ာဖတ္ေနဖို႔ပဲ ျဖစ္သည္။ လက္ဖက္ရည္ဆိုင္ႏွင့္ ဘုံဆိုင္ကေလးမ်ားကေတာ့ သူ႕သေဘၤာ ခဏေက်ာက္ခ် ရပ္နားရာ ယာယီဆိပ္ကမ္းကေလးမ်ား။
ဒါေၾကာင့္လည္း သူ ခဏခဏ ဆိုက္ကပ္ခိုနားခဲ့ရသည့္ ပုဇြန္ေတာင္ ဆိပ္ကမ္း ၿပိဳသြားေသာအခါ သူ ခံစားရသည္။ ယင္းကို မၾကာခင္က ဖတ္လိုက္ရသည္။ ၁၉၉၆ ခုႏွစ္၊ ဒီဇင္ဘာလထုတ္ ျမန္မာ့႐ုပ္ရွင္ မဂၢဇင္းထဲမွာ ေတြ႕လိုက္ရသည္။
ပုဇြန္ေတာင္ရဲ႕
ညေနခင္းဆိုေသာ ကဗ်ာ၊
ခ်စ္သူမ်ားကို တမ္းတရတဲ့
အထဲမွာ
ပုဇြန္ေတာင္႐ြာလယ္က
မခင္ေအးအရက္ဆိုင္လည္း
ပါတယ္
လြန္ခဲ့တဲ့
အႏွစ္သုံးဆယ္ေက်ာ္ကစၿပီး
ပုဇြန္ေတာင္ဟာ
ကဗ်ာဆရာေတြရဲ႕
ၿမိဳ႕ျပကႏၱာရထဲ
အိုေအစစ္ျဖစ္တယ္။
အရက္ဆန႔္က်င္ေရး
ပိုစတာေထာင္ျပေနၾကတဲ့
ငွက္ေမြးဦးေႏွာက္ပိုင္ရွင္ေတြရဲ႕
အစာအိမ္ေတြကို
ျပဳတ္တူနဲ႕ ညွပ္လိုက္
ပုဇြန္ေတာင္က မ်ိဳဆို႔ထားတဲ့
အရက္ေတြ
လည္ေခ်ာင္းထဲက ဒလေဟာ
အန္က်လာလိမ့္မယ္။
ကိုသင္းခိုင္က မရွိေတာ့ၿပီျဖစ္ေသာ ပုဇြန္ေတာင္ အရက္႐ြာႀကီးကို တမ္းတရင္းက ထိုအရပ္ကို ေက်ာခိုင္း ဆန႔္က်င္သြားၾကေလေသာ သူ႕မိတ္ေဆြ တခ်ိဳ႕ကို လွမ္း၍ ထိပါးလိုက္သည္။
ငါးပါးသီလထဲမွာ
အရက္ကိုေရွာင္ၾကဥ္ဖို႔
ျပ႒ာန္းတယ္
ၾကည့္လိုက္စမ္း
အရက္ေၾကာ္ျငာ
ဘီယာေၾကာ္ျငာ
တတ္နိုင္ရင္ ေကာင္းကင္ႀကီးကို
တံခါးဖြင့္ၿပီး
ခပ္တည္တည္နဲ႕
ေၾကာ္ျငာကပ္ဦးမယ့္သူေတြ
တစ္ပုံႀကီး။
ဆန႔္က်င္ဘက္တို႔
ေပါင္းစည္းမႈဆိုတာ
သဘာဝတရားရဲ႕
လြတ္လပ္ၿငိမ္းခ်မ္းစြာ
ကြဲလြဲေနထိုင္ျခင္း မဟုတ္လား။
ေသာက္တာလည္း အျပစ္ မဟုတ္။
မေသာက္တာလည္း
ဂုဏ္ျဒပ္ႀကီး မဟုတ္။
တစ္ေယာက္နဲ႕တစ္ေယာက္ မပုတ္ခတ္ၾကဖို႔ အစ္ကိုကဖြဲ႕ သည္။
လူေတြကို ေသာက္တယ္
စကားလုံးေတြကို ေသာက္တယ္
အရက္ကိုေတာ့
အျမည္းလိုပဲ ျမည္းခဲ့။
ဖန္ခြက္ထဲမွာ
မြန္ရိုးနဲ႕ ေခ်ေဂြဗားရားပါတယ္
ၿပီးေတာ့ ေဂ်ာ့သြန္မဆင္၊
ေရွးမာ့စ္ေဟနီ
ေပါ့ ပါး၊ ဟိုးလုဗ္
ေဂၚဘာခ်က္လည္း
အဆစ္ပါေသးတယ္။
မွန္ပါသည္၊ ကဗ်ာဆရာမ်ား စုေဝးသည့္ အရက္ဝိုင္းထဲမွာ အႏုပညာ ကိစၥ၊ ဒါေတြသာလွ်င္ ႀကီးစိုးပါလိမ့္မည္။ ေပါက္တတ္ကရ မပါစတမ္း၊ ေဖေတာ့ ေမာင္ေတာ့ မပါစတမ္း။
အႏွစ္သုံးဆယ္ေက်ာ္
မူးခဲ့ရတဲ့ေနရာ
ပုဇြန္ေတာင္ ညေနခင္း
ငါတို႔ကိုစြန႔္ခြာ
အသံေတြကြယ္ေပ်ာက္
သခၤ်ိဳင္းလို ၿငိမ္သက္
ထုပ္ေလ်ာက္ ဒိုင္းျမား
အုတ္က်ိဳးအုတ္ပဲ့ေတြစုပုံ
ဝတ္လစ္စလစ္ ဟင္းလင္းျပင္
ျပန္မရေတာ့တဲ့ ပုဇြန္ေတာင္ရသ
အခ်စ္ရယ္
ပတ္ဝန္းက်င္ကို
ျပန္ၾကည့္လိုက္ေတာ့
ဘယ္ကိုေရာက္ေနမွန္းမသိ
ႏွင္းခါးေတြက်ေနတဲ့
ကႏၱာရတစ္ေနရာမွာ
ေမ့ေဆးေပးခံေနရတဲ့ လူမမာလို
ငါတစ္ေယာက္တည္း ငူငူႀကီး
ရပ္လို႔။
အၿမဲလိုလို သြားေရာက္ ဆိုက္ကပ္တတ္သည့္ ကိုသင္းခိုင္သာမက တစ္ခါႏွစ္ခါေလာက္ သြားေရာက္ခိုနားဖူးသည့္ ကြၽန္ေတာ္ပင္လွ်င္ ပုဇြန္ေတာင္ ၏ အသြင္ကူးေျပာင္းစ ျမင္ကြင္းကိုၾကည့္ကာ ဘယ္ဆီလြမ္းမိတယ္ မသိ ျဖစ္သြားခဲ့ရေပသည္။
◾
မၾကာခင္ ရက္မ်ားအတြင္းက ကြၽန္ေတာ္ ရန္ကုန္ကို တစ္ေခါက္ ေရာက္သြားသည္။ ၃၃ လမ္းထိပ္မွာ ေပတူးႏွင့္ေတြ႕သည္။ ေပတူး ဆိုတာ ကိုသင္းခိုင္၏သမီး၊ မႏၱေလးတကၠသိုလ္မွ ဘြဲ႕ရၿပီးစ။ သူ႕နာမည္ရင္းကို ကြၽန္ေတာ္ မသိ။
“ဟယ္... ဦးသာခ်ိဳ၊ ေပတူး အခု အလုပ္ဝင္ေနၿပီ၊ ရန္ကုန္မွာ”
“ဘယ္မွာလဲ”
“ကုမၸဏီတစ္ခုမွာ”
“ညည္းအေဖေကာ”
“ေနျပည္ေတာ္မွာ ခဏျပန္နားေနတယ္”
ေၾသာ္... ဘာလိုလိုႏွင့္ အစ္ကို႔သမီးပင္ အလုပ္ႏွင့္အကိုင္ႏွင့္ ျဖစ္ေနၿပီ။ အစ္ကို႔အသက္လည္း မငယ္လွေတာ့။ တစ္ခါက ေရွ႕သြားေတြပင္ က်ိဳးေနၿပီျဖစ္ ေသာ အစ္ကို႔ကိုၾကည့္ကာ ကြၽန္ေတာ္က သတိေပးဖူးသည္။
“ေအး... အသက္ေတြလည္း ႀကီးၿပီကြ ငါ့ညီရ”
ကိုသင္းခိုင္က ေတြးေတြးဆဆေျပာသည္။ သည္ဘက္ပိုင္းကာလေတြ ထဲမွာ အစ္ကိုလည္း အမ်ားႀကီး ေျပာင္းလဲသြားခဲ့သည္။ တစ္ခါက “ေတာ္လွန္ ကဗ်ာ” ျဖင့္ အႏုပညာဆိုတာ ပုဂၢလိကကိစၥပါပဲဟု ျဖစ္လာခဲ့ၿပီ။
ဆရာ ဒဂုန္တာရာကို ဥကၠ႒၊ ဥကၠ႒ႏွင့္ ဥကၠ႒ခ်င္းထပ္၊ ဆရာ့ဆီကို ေျခရာခ်င္းထပ္ေအာင္ သြားခဲ့ရာမွ -
“အဘိုးႀကီးက Duelism ကြ ေမာင္သာခ်ိဳရ၊ ႏွစ္ခြ၊ ဘယ္ေတာ့မွ မျပတ္သားဘူး၊ မုဆိုးစိုင္သင္တဲ့၊ ကဗ်ာဆိုတာ ေရးရင္း တတ္သြားတာပဲတဲ့။ ေဟာ... ေနာက္ေတာ့ ဂႏၱဝင္ကို ေလ့လာသင့္တယ္တဲ့။ ဘာလဲကြာ ရွိေသးတယ္။ ကာရန္မဲ့တာ မမဲ့တာထက္ အဘိဓမၼာမမဲ့ဖို႔ လိုတယ္တဲ့။ ေဟာ... ေတာ္ၾကာ ကဗ်ာဟာ စကားေျပေလာက္ေတာ့ ေလွ်ာက်သြားဖို႔ မေကာင္းတဲ့၊ ခက္ ခက္ေနပါၿပီ” ဟု ျဖစ္လာခဲ့သည္။
အင္း ... ခုေတာ့ သူ႕ၿမိဳ႕ ေနျပည္ေတာ္ကို ျပန္ေရာက္ေနျပန္ၿပီ။ ဘယ္ေတာ့ ရန္ကုန္ကမ္းပါးကို ဆိုက္ကပ္ ခိုနားလာဦးမည္ မသိ။
"ကိုသင္းခိုင္က ေတြ႕ကရာဆိပ္ကမ္း ဝင္ကပ္တာဗ်။ သူ႕ကို ထိုးမထုတ္လိုက္မခ်င္း အဲဒီကမ္းက မခြာေတာ့ဘူး”
ကိုေအာင္ပြင့္၏ ေကာက္ခ်က္ကေလးကို အမွတ္ရရင္း ကြၽန္ေတာ္ ၿပဳံးလိုက္မိေလသည္။
ေ႐ႊဝတ္ရည္မဂၢဇင္း
ေအာက္တိုဘာလ၊ နိုဝင္ဘာလ၊ ၁၉၉၇။
◾
ဆရာေမာင္သာခ်ိဳ၊ ေခတ္ၿပိဳင္ခဲျခစ္ေကာက္ေၾကာင္းမ်ား၊
စာမ်က္ႏွာ ၂၁ - ၄၀။
သ႐ုပ္ေဖာ္ - ေမာင္ႏိုး
စာ႐ိုက္ - စေလ ငေနာ့
Unicode
မောင်သင်းခိုင် (မြို့ပြသစ်ရွက်)
••••••••••••••••••••••••••••••••••
မောင်သာချို
“ကျွန်တော်တို့ မြန်မာစာပေလောကမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြီးတဲ့အခါ ဆရာဒဂုန်တာရာ၊ နောက် ဆရာတာရာပြီးတော့ ကိုသင်းခိုင်ပေါ့။ အဲသလိုများ ဆိုခဲ့ရင် ခင်ဗျား ဘယ်လို ယူဆမလဲ”
ထိုစဉ်က ရှုပ်ထွေးနေသော ချည်ထုံးကြီး၏ အစကို စပြီးဆွဲထုတ် လိုက်သူ၊ လောင်စာတွေနှင့် အပြည့်ဖြစ်နေသော ယမ်းအိုးကြီး၏ စနက်တံကို မီးတို့ ပေးလိုက်သူ၊ အဖြေရှာရန် စောလွန်းသေးသည့် ပုစၧာတစ်ပုဒ်ကို မေးခွန်း ထုတ်လိုက်သူမှာ ကျွန်တော်တို့၏ ကဗျာဆရာ မောင်အောင်ပွင့်ပဲ ဖြစ်ပါသည်။
အချိန်မှာ ၁၉၈၉ ခုနှစ်၏ နှစ်ဦးပိုင်းကာလများ တစ်ဝိုက်ဖြစ်ပြီး ဧရာဝတီ တိုင်းကို ကျောခိုင်းခဲ့ကာ ရန်ကုန်ရှိ ကျွန်တော့်အိမ်ကလေးမှာ ဘဝခရီး တစ်ထောက် လာရောက် ခိုနားနေစဉ် ကာလများအတွင်း ကိုအောင်ပွင့်က ကျွန်တော့်ကို ပြောခဲ့ခြင်း ဖြစ်ပါသည်။
ထိုစကားကို ကျွန်တော် ကြားခွင့်ရခဲ့ခြင်းမှာလည်း ကိုအောင်ပွင့်နှင့် အနီးဆုံးလူဖြစ်နေ၍ အစောဆုံး ကြားခွင့်ရခဲ့ခြင်းဟုပင် ကျွန်တော်က မှတ်ထင်
ယူဆမိပါသည်။ သည့်နောက်ပိုင်းမှာတော့ ကိုဖြိုးထိန်၊ ကိုသစ်စိုး၊ နေစိမ့် စသည် စသည်ဖြင့်။
စင်စစ် ကိုအောင်ပွင့်၏ စကားက မေးခွန်းသက်သက် မဟုတ်ပါ။ သူ၏ ဆုံးဖြတ်ချက်လည်း မဟုတ်ပါ။ ဖြစ်နိုင်လောက်သည့် အဆိုတစ်ခုကို အစမ်း တင်သွင်းကြည့်သည့် သဘောဟု ကျွန်တော် ထင်ပါသည်။ ဆရာကြီးမှိုင်း ပြီးတဲ့အခါ ဆရာဒဂုန်တာရာ။ ဆရာဒဂုန်တာရာ ပြီးတဲ့အခါ ကိုသင်းခိုင်။ ကိုအောင်ပွင့်၏ အမေးကို ကျွန်တော် ဘယ်လို ပြန်ဖြေရမည် မသိတတ်နိုင်ဘဲ စိတ်ထဲမှာ လေးလံနောက်ကျို၍ သွားသည်။
မြန်မာစာပေလောက၌ “မောင်သင်းခိုင်” ဟူသော ကဗျာဆရာ တစ်ယောက်အဖြစ် အခိုင်အမာ အထင်အရှား မှတ်တိုင်တစ်တိုင် စိုက်ထူ ထားပြီးသား ဖြစ်သည်ကို ကျွန်တော် မငြင်းနိုင်ပါ။ ပြီးတော့ သူသည် ကျွန်တော်တို့ ရှေ့က လူတစ်ယောက်။ ကျွန်တော်တို့ဘက်က လူတစ်ယောက်။ ကျွန်တော်တို့၏ ကဗျာနောင်တော်ကြီး။
သူနှင့် ကျွန်တော်တို့ကြားထဲမှာ နွေးထွေးလေးနက်သော ပေါင်းသင်း ဆက်ဆံရေးတရား အခိုင်အမာပင် တည်ရှိခဲ့သည်။ သူ၏ ပုဂ္ဂလိက စွန့်လွှတ် စွန့်စားနိုင်မှုများကိုလည်း ကျွန်တော်တို့က အလေးအနက်ပင် အသိအမှတ် ပြုထားပြီး ဖြစ်သည်။
သို့သော် ဆရာကြီးမှိုင်း၊ ဆရာဒဂုန်တာရာ စသည်တို့နှင့် မျဉ်း တစ်ကြောင်းတည်းထားကာ ဆွဲချပစ်လိုက်ဖို့ ဆိုတာမျိုးကတော့ နည်းနည်းများ တွန့်ကွေးသွားလေမလားဟု ကျွန်တော် စဉ်းစားမိသည်။ ဒါကြောင့်လည်း ကိုအောင်ပွင့်က ထိုစကားကို ပြောလာသောအခါ ဘယ်လို အဖြေ ပြန်လည် ပေးရမည် မသိတတ်နိုင်ဘဲ ကျွန်တော့်နှုတ်ခမ်းတို့ တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်ပါသည်။ ဒါပေမဲ့ အချို့ အချို့သော စာပေမိတ်ဆွေများကတော့ နှုတ်ခမ်းတုံ့နှေး မနေကြ။ ခပ်သွက်သွက် ခပ်ပြတ်ပြတ်ဆိုသလိုပင် ပြန်လည် တုံ့ပြန်လိုက်ကြ လေသည်။
“ကျွန်တော်တို့ကတော့ ဒါကို လုံးဝ လက်မခံနိုင်ဘူးဗျာ”
ဒါကတော့ ကဗျာဆရာ ကိုဖြိုးထိန်၏ သဘောထားပင် ဖြစ်သည်။
“ဒီမယ် ကိုအောင်ပွင့်၊ ဒဂုန်တာရာပြီးရင် ကိုသင်းခိုင်ဆိုတာကို ကျွန်တော် သဘောမတူရခြင်းရဲ့ အရေးကြီးဆုံး အချက်တစ်ချက်ကို ကျွန်တော် ပြောလိုက်မယ်၊ အဲဒါသိလား၊ သူ့ရဲ့ ပုဂ္ဂလိကနေထိုင်မှု စရိုက် ကြောင့်ပဲဗျာ”
ဒါကတော့ လပွတ္တာမြို့ကလေးမှာ ကျူရှင်ပြစားနေသည့် စက်မှု တက္ကသိုလ် တစ်ပိုင်းတစ်စ ကျောင်းသားဟောင်းကြီး ကိုစိုးမြင့်(ခေါ်) ကိုသစ်စိုး၏ ရင်ဖွင့်ချက်ပဲ ဖြစ်ပါသည်။
ဤသို့ ဤသို့ အများက ခပ်ကန်ကန် ငြင်းဆန်လာလေသော အခါတွင်တော့ ဒဂုန်တာရာပြီးတော့ ဆရာကိုသင်းခိုင်ဆိုသော စကားကို ကိုအောင်ပွင့်က တစ်စ တစ်စ ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတော့သည်။
“တကယ်တော့ဗျာ၊ ကိုသင်းခိုင်ဘဝကိုကြည့်၊ တကယ့်ကို ဟာလာ ဟင်းလင်းကြီး၊ သူ့မှာ ဘာအကာအကွယ်မှ မရှိဘူး၊ အဲဒါကြောင့်လည်း ခက်နေတာ”
ကိုအောင်ပွင့်ကတော့ နောက်ဆုံးအချိန်အထိ သံယောဇဉ်လက်ကျန် တစ်စွန်းတစ်စဖြင့် သူ့စကားကို အနားသတ်နေဆဲ ဖြစ်ပါသည်။ မှန်သည်။ ဘဝမှာ ဘာအကာအကွယ်မှ မရှိဘဲ ဟာလာဟင်းလင်းကြီး ဖြစ်နေသော ကိုသင်းခိုင်ဆိုသည့် အချက်ကတော့ တကယ့်ကို မှန်သောအချက် ဖြစ်ပါသည်။
ကဗျာဆရာ မောင်သင်းခိုင်ဆိုသည့် အချက်မှလွဲပြီး သူ့မှာ ဘာမျှမရှိ။ ရာထူးရာခံ အကာအကွယ် မရှိ။ ဥစ္စာဓန လုပ်ငန်းကိုင်ငန်း အကာအကွယ် မရှိ။ အစုအဝေး ဂိုဏ်းဂဏ အကာအကွယ်မရှိ။ ဟန်တွေမာန်တွေနှင့် အဟန့် အတား အကာအကွယ်မရှိ။ ဟင်းလင်းကြီးပွင့်နေသည့် သူ့ဆီကို ဘယ်သူမဆို ဘာအခက်အခဲ တစ်စုံတစ်ရာမရှိဘဲ ရောက်ရှိသွားနိုင်သလို သူကလည်း ဘယ်သူ့ဆီကိုဖြစ်ဖြစ် ဟင်းလင်းကြီးဖွင့်ပြီး ဝင်ရောက်လာတတ်သည်။
တကယ်တော့ ၁၉၄ဝ ပြည့်နှစ်မှာ မွေးဖွားခဲ့သော အစ်ကိုတစ်ယောက် ခုဆို အသက် ၆၀ နီးပြီ။ ၁၉၅၆ ခုနှစ်ကပင် ကဗျာ စရေးခဲ့သည်ဆိုတော့ ကျွန်တော် မမွေးခင်ကပင် ကဗျာရေးခဲ့သော ကဗျာဆရာကြီးတစ်ယောက်။ သည်တော့ ကျွန်တော်တို့က အစ်ကို့ကို ဆရာဟု ခေါ်သင့်ကြသည်။ ဒါပေမဲ့ ဆရာဟု ဘယ်လိုမှ ခေါ်၍ မထွက်။ အစ်ကို၊ ဒါပဲ ဖြစ်သည်။
ကိုအောင်ပွင့်ကလည်း ကိုသင်းခိုင်။ ကိုညီညွတ်ကလည်း ကိုသင်းခိုင်။ အောင်ဘညိုကလည်း ကိုသင်းခိုင်။ အားလုံးက ကိုသင်းခိုင်ခဲ့ကြသည်ပဲ ဖြစ်ပါသည်။ ဟာလာဟင်းလင်းကြီး။
သူ့ကို “အစ်ကို” ဟုခေါ်လိုက်ဖို့အရေး နှုတ်တွန့်လေးကွေးသွားစေမည့် အဆီးအတားများအဖြစ် ရာထူးရာခံ ဥစ္စာငွေကြေး အစုအဖွဲ့ ဟန်တစ်လုံး ပန်တစ်လုံး ဘာဆိုဘာမျှ သူ့မှာမရှိ။ တကယ့်ကို ဟာလာဟင်းလင်းကြီး။
တစ်ခါတစ်ခါတော့လည်း အဲသလို ဟာလာဟင်းလင်း လွတ်လွတ် ခါခါကြီး နေတတ်သည့် စရိုက်ကြောင့်များ အစ်ကို့အပေါ်မှာ ထိုက်တန် သလောက် နေရာမထားကြလေရော့သလားဟု စဉ်းစားချင်စရာ ဖြစ်လာပေ သည်။
◾
ကတ္တီပါညှပ်ဖိနပ် တစ်ရန်ကို သပ်သပ်ရပ်ရပ် ဝတ်ထားရမည်။ ချည် လုံချည်၊ ချည်အင်္ကျီနှင့် တိုက်ပုံအင်္ကျီ အသင့်အတင့်ကိုလည်း ဝတ်ဆင်ထားရ မည်။ လမ်းလျှောက်သောအခါ နှေးနှေးလေးလေး။ စကားပြောသောအခါ တမင် ရွေးချယ်ထားသည့် စကားလုံး အလှအပလေးများဖြင့် ဖြည်းဖြည်း ဆေးဆေး။ မျက်လုံးများက ထာဝရ ငေးရီကွဲကြေလျက်။
ဤသို့ဤသို့သော သရုပ်သကန်များဖြင့် ပြည့်စုံနေသူတို့မှ ကဗျာဆရာ ဟု ဆိုခဲ့လျှင်တော့ ကျွန်တော်တို့ ကိုသင်းခိုင်ကို ကဗျာဆရာဟုခေါ်ရန် ခက်ပါလိမ့်မည်။
ဟိုး ၁၉၈၀ ပြည့်နှစ်လွန်စ ၅၅လမ်း အရက်ဆိုင်တွေ ခေတ်ကောင်းစဉ် ကာလမှစကာ ယနေ့အထိ အစ်ကို့ကို ကျွန်တော်တွေ့ဖူးသမျှမှာ တစ်ပုံစံတည်း။ ကိုသင်းခိုင်က အရပ်အနည်းငယ် ပုပျပ်သည်။ ထို့ကြောင့် ဂျင်းဘောင်းဘီ ခပ်ပွပွမှာ သူနှင့် ရှည်နေရာ အောက်မှ ဖြတ်ဝတ်ချင် ဖြတ်ဝတ်ထားတတ်ပြီး ခေါက်ချင်လည်း ခေါက်ဝတ်ထားတတ်သည်။ အတန်ငယ် နွမ်းနေသည့် Walking Shoes၊ ဂျင်းဂျာကင် အရောင်လွင့်လွင့်။ ကြိုးနှင့်သိုင်းထားသည့် ပါဝါမျက်မှန် တစ်လက်။ ကျောပိုးအိတ် တစ်လုံး။ ဒါပဲ ဖြစ်ပါသည်။
ကိုသင်းခိုင်က ထာဝရ လွယ်ထားတတ်သော သူ၏ ကျောပိုးအိတ်ထဲ ၌ သူ့ဘဝတစ်ခုလုံးကို ထိုးသိပ်ချိုးခေါက်ကာ ထည့်ထားဟန်တူသည်။ အဝတ် အစားတစ်စုံနှစ်စုံ။ ကဗျာစာအုပ် တစ်အုပ်စ နှစ်အုပ်စ။ ပလတ်စတစ်ဖြင့် ပတ်ထားသည့် မှတ်ပုံတင် စာမူစာရွက် အတိုအထွာများ။ ယင်းသည်ပင် ကိုသင်းခိုင် ၏ “သေ” နေသောဟန် ဖြစ်လေသည်။ မိုးရွာရွာနေပူပူ ဘယ်တော့မှ မပြောင်းလဲစတမ်း။
“ဟေ့လူ... ကိုသင်းခိုင် ပုဆိုးနဲ့ နေတာကို ခင်ဗျားတွေ့ဖူးလားဗျ။ သူ ဘယ်တုန်းလောက်က ဘောင်းဘီ စဝတ်တယ်ထင်လဲ”
တစ်ခါတော့ ကိုသင်းခိုင်နှင့် အလွန်ရင်းနှီးသော ကဗျာဆရာ တစ်ယောက်ကို ကျွန်တော်က မေးကြည့်မိသည်။ ဤတွင် ထိုကဗျာဆရာ တွေသွားသည်။
“အင်း... ကျွန်တော် စသိကတည်းက ဘောင်းဘီနဲ့ပဲဗျ”
မှန်ပါသည်၊ အစ်ကိုနဲ့ကျွန်တော် သိကျွမ်းခင်မင်ခဲ့တာ အနှစ်၂၀ ပြည့် တော့မည်။ တစ်ခါမှ ပုဆိုးနှင့် မတွေ့ဖူးဘူး၊ ညှပ်ဖိနပ်နှင့် မတွေ့ဖူးဘူး။တိုက်ပုံအင်္ကျီနှင့် မတွေ့ဖူးဘူး။ လွယ်အိတ်နှင့် မတွေ့ဖူးဘူး။ Princess and Photographer ရုပ်ရှင်ကားထဲက ဂျပန်မင်းသားများလို ဆံပင်များ ဖွားခနဲ ဖွားခနဲ ဖြစ်လာအောင် လမ်းကို ခပ်ခုန်ခုန်လျှောက်၍ လာတတ်မြဲ။
ဘယ်လက်ဖက်ရည်ဝိုင်း၊ ဘယ်အရက်ဝိုင်းကိုမဆို အကျွမ်းတဝင် ရှိပြီးသော ရယ်သံကြီးဖြင့် ရောက်လာတတ်မြဲ။ ဘယ်တော့မှ မပြိုလဲဟန် တူသော စိတ်ဓာတ်ဖြင့် အနုပညာလည်ဆံမွေးတွေ တဖွားဖွား ထောင်နေမြဲ။
တစ်ခုသော နွေရက်မှာတော့ ထုံးစံအတိုင်း ဂျင်းဂျာကင်ကြီး၊ ဂျင်း ဘောင်းဘီ ပွရောင်းရောင်း၊ Walking Shoes များဖြင့် လေထန်ကုန်းသို့ ရောက် လာသော ကိုသင်းခိုင်ကို ကြည့်ကာ ကျွန်တော်က မေးမိသည်။
"အစ်ကို မအိုက်ဘူးလားဗျာ”
“အကျင့်ဖြစ်သွားပြီကွ မောင်သာချိုရ၊ ငါ့ညီရ၊ အေး... ဟား ဟား ဟား ဟား ဟား ဟား”
လိုဏ်ခေါင်းထဲမှ ပဲ့တင်ရိုက်ထွက်လာသော အသံမျိုးဖြင့် ကိုသင်းခိုင်က လွတ်လွတ်လပ်လပ်ကြီးပင် ရယ်ချလိုက်ပြန်ပါလေသည်။
◾
လွန်ခဲ့သော ဆယ်နှစ် မပြည့်တပြည့် ဝန်းကျင်ခန့်လောက်ကဟု ထင်ပါ သည်။ ကျွန်တော်တို့ မြန်မာစာပေလောကမှာ နဘေနှင့် ပတ်သက်သည့် ဂယက် ကလေးတွေ အတန်အသင့် ရိုက်ခတ်လိုက်ပါသေးသည်။ ထိုစဉ်က ယင်းနဘေ ကိစ္စနှင့်ပတ်သက်၍ တိုက်ရိုက် ပတ်သက်သူမှာ ကျွန်တော်တို့ ကိုခိုင်မာ ဖြစ်ပါ သည်။
ကိုခိုင်မာသည် ထိုတစ်လောက ဘယ်က ဘယ်လို မှော်ထသည် မသိ။ ကဗျာတိုင်းမှာ နဘေတွေနှင့် သီးပြွတ်နေအောင် ရေးပါလေတော့သည်။
ကောင်းသည်လည်းရှိ၊ မကောင်းသည်လည်းရှိ၊ ကြိုက်သည်လည်းရှိ၊ မကြိုက် သည်လည်းရှိပင် ဖြစ်ပါသည်။ ကိုသင်းခိုင်ကတော့ နဘေနှင့် ပတ်သက်၍ တူးတူးခါးခါးပင် မုန်းဟန်တူသည်။ ထို့ကြောင့်လည်း ”နဘေဟာ အဟောင်း လား အသစ်လား” ဆိုသော ဆောင်းပါးဖြင့် ကိုခိုင်မာကို ထိုးနှက်လိုက်ပါသည်။
ကျွန်တော်သဘောကတော့ ကောင်းသော နဘေဆိုလျှင် မပစ်ပယ်လိုလှ။ ဇွတ် နဘေကတော့ စကားထဲပင် ထည့်သွင်းဆွေးနွေးစရာမလို။ ဒါပေမဲ့အစ်ကိုကတော့ နဘေဆို မုန်းမှမုန်း။ ဘာနဘေမှ အနုပညာအိမ်ရိပ် မနင်းရ။ မဝင်ရ။
“စောဗုဒ္ဓါဘုရား
ဟောနှုတ်ကာကြား
လောကုတ္တရာတရား
ဘောပုတ်ကာသွား ..
ဟားဟား ဟားဟား ဟားဟား
ညီလေး မောင်သာချိုလေး လုပ်ပါဦးကွ မင်းကရတယ်...
သွားခေါ အသုပ်မှာစား
ဟားဟား ဟားဟား ဟားဟား”
လိုဏ်သံပါနေသော အစ်ကို့ရယ်သံက ရန်ကုန်၏ မူးယစ်ဝေသော နွေညများကို လှုပ်ခါသွားစေလေသည်။
◾
မှတ်မိနေပါသေးသည်။
၁၉၈၈ ခုနှစ် လွန်သောအခါ ကျွန်တော်တစ်ယောက် အမိရန်ကုန် တက္ကသိုလ်မှ ဝေးရာကို ပြေးခွာခဲ့ရပါသည်။ ကျွန်တော် အညာကို မန္တလေး အမြန်နှင့် သွားမည့်ညက ရန်ကုန်ဘူတာကြီးကို စာပေမိတ်ဆွေ တော်တော် များများက လိုက်ပို့ကြသည်။ သည်ထဲမှာ ကိုသင်းခိုင်တစ်ယောက်လည်း ပါပါ သည်။ သည်တုန်းက အစ်ကိုသည် ရန်ကုန်မြို့ပြကို သစ်ရွက်တစ်ရွက်နှယ် မုန်တိုင်းဖြင့် လွင့်ပါလာခဲ့ပြီးဖြစ်သည်။
ထိုညက ကိုသင်းခိုင်သည် ဘူတာရုံသို့ တော်တော်နောက်ကျမှ ရောက် လာခဲ့ပြီး သူရောက်လာတော့ ကျွန်တော် ရထားပေါ် ရောက်နေခဲ့ပြီ ဖြစ်ပါသည်။ ရထားက ထွက်လုထွက်ဆဲ။ ဘူတာစင်္ကြ ံ မှ ရထားထွက်ရန် ငါးမိနစ်အလို ဟူသည့်စာတန်းက မှိတ်လိုက်လင်းလိုက်။ ကိုသင်းခိုင်ကား သံဆန်ခါတစ်ဖက်မှ နေ၍ ဂနာမငြိမ်ဖြစ်နေရင်း လှမ်းအော်ပြောလျက်။
“ဟေ့ ... မောင်သာချို ညီလေး.. လုပ်ကွာ... ဟေ့ တစ်လုံးဖိုး လောက် ပေးခဲ့ပါကွ မောင်သာချို”
ဘီးစတင်လှိမ့်သွားနေစ ရထားပေါ်မှ ဆင်းကာ သံဆန်ခါကြားမှနေ၍ ပိုက်ဆံကို ထိုးထည့်ပေးလိုက်ပြီး ရထားပေါ်သို့ ကျွန်တော် ခပ်သွက်သွက် ပြန်ပြေးတက်လိုက်ရပါသည်။
သူ့အသက်၊ သူ့အရွယ်၊ သူ့ဂုဏ်နှင့် မမျှလောက်အောင်ပင် ညီတွေ အပေါ်မှာ ဆိုးချင်လွန်းသော အစ်ကို့ကိုကြည့်ပြီး ကျွန်တော့် စိတ်ထဲမှာ တနှင့် တပိုး ခံစားမိသည်။
တကယ့် တကယ်တမ်း ဝန်ခံကြရကြေးဟုဆိုလျှင် ကျွန်တော်တို့လည်း အသောက်အစားနှင့် ကင်းကင်းရှင်းရှင်းကြီး မဟုတ်လှပါ။ ကိုယ့်စိတ်ကြိုက်ရာ၊ ကိုယ့်စိတ်ကြိုက်နေရာ၊ ကိုယ့်စိတ်ကြိုက်အချိန်ဆိုလျှင် စကား ဝိုင်းဖွဲ့ မိတတ်မြဲ ဖြစ်ပါသည်။ သို့သော် အစ်ကို ကိုသင်းခိုင်ကတော့တစ်မျိုး၊ လူမရွေး၊ အချိန် မရွေး၊ နေရာမရွေး။ အမှတ်တရ နေ့ရက်တွေကလည်း အစ်ကို့မှာ ပြက္ခဒိန်နှစ် အပြည့်။
“ဟေ... မောင်သာချို၊ ဒီနေ့ ဝိုင်းကြရအောင်၊ ဒီနေ့ May 19th လေကွာ၊ တို့ရဲဘော် မောင်လေးအောင် ဆုံးတဲ့နေ့ကွ”
“ကြည့်စမ်း၊ ဒီနေ့ July 17th ပဲ၊ ဒါ ကိုယဉ်မွန် ဆုံးတဲ့နေ့ကွ၊ ဆုံလိုက်ကြရအောင်"
ဤသို့ ဤသို့နှယ်ဖြင့် တော်တော်ကြာ ကားလ်မာ့က်စ်မွေးနေ့၊ လီနင် ကွယ်လွန်သောနေ့၊ ပါဘလိုနီရူဒါမွေးနေ့၊ ဆရာကြီးမှိုင်းမွေးနေ့၊ သခင်မြသန်း ကွယ်လွန်သောနေ့၊ ဗန်းမော်တင်အောင်မွေးနေ့၊ ဟိုချီမင်းမွေးနေ့၊ ဥက္ကဋ္ဌကြီး မော်မွေးနေ့၊ သခင်သန်းထွန်းကွယ်လွန်နေ့၊ ချေဂွေဗားရားတို့ ကျူးဘား ကမ်းခြေကို တက်သောနေ့၊ ကဗျာဆရာရှယ်လီ ကွယ်လွန်သောနေ့။ မဆုံးနိုင် စတမ်းသော အမှတ်တရ နေ့ရက်များ။ ကျွန်တော်ကဖြင့် ကိုသင်းခိုင်၏ မှတ်မိ နိုင်စွမ်းကိုသာ အံ့သြငေးမောနေမိတော့သည်။
သို့သော် တစ်ခုကောင်းသည်က ဘယ်ဝိုင်းကို ရောက်သွားရောက်သွား အစ်ကိုကတော့ ကဗျာအနုပညာ မှော်ဓာတ်များဖြင့် ပူးဝင်စီးကပ်လျက်။ သူ ပြောလိုရာကို လွတ်လွတ်လပ်လပ်ကြီး ပြောချလျက်။ ကဗျာတစ်ပုဒ်ကို ရင်ခေါင်းသံကြီးဖြင့် ရွတ်ဆိုနေလျက်။
“ညီလေး၊ မင်း စဉ်းစားကြည့်စမ်းကွာ၊ ကဗျာရေးတယ်တဲ့... အပြာ ရောင်သမ်းနေတဲ့ တောင်တန်းများဆိုလား၊ တောင်ပြာတန်းပေါ့ကွ၊ ပြီးပြီပေါ့။ဘယ့်နှယ် အပြာရောင်သမ်းနေတဲ့ တောင်တန်းများဆိုတော့ ခက် ခက်နေ ပါပြီ၊ ဟား ဟား ဟား ဟား ဟား ဟား”
ဤသို့ဖြင့် အစ်ကိုက သူ့ခေတ်ပြိုင် ကဗျာဆရာတစ်ဦး၏ကဗျာကို ခပ်စပ်စပ် ထိုးနှက်ဝေဖန်သည်။
“မောင်သာချို၊ ငါ ကဗျာပေါင်းချုပ်တစ်အုပ် ရထားတယ်ကွ၊ Austria က ကဗျာတစ်ပုဒ်များ လွှတ်လှတယ်ကွာ၊ A tree တဲ့၊ လဲနေတဲ့ သစ်ပင်ပေါ့ ကွာ၊ အင်္ဂလိပ်လို ခဏထား၊ မြန်မာလို ငါရွတ်ပြမယ်။ လဲနေတဲ့ သစ်ပင်... သူ့အရွက်တွေက
ရှင်သန်နေတုန်း... သူ့အသီးတွေက ရွှမ်းမှည့်နေတုန်း... သူ့အကိုင်းပေါ်မှာ ငှက်တွေက နားနေတုန်း... လဲနေတဲ့သစ်ပင်... ဟားဟား ဟားဟား ဟားဟား လွှတ်လှတယ်၊ ပိုလှတယ်၊ မင်း ဆောင်းပါး ရေးသင့်တယ်ကွ၊ မင်း Scholar ကွ”
အစ်ကိုက နိုင်ငံရပ်ခြား ကဗျာတစ်ပုဒ်ကို လက်တန်းဘာသာပြန်ပြီး ဌာန်နှင့်မာန်နှင့် ရွတ်ချလိုက်ရာ ကျွန်တော့်တစ်ကိုယ်လုံး ဖြန်းခနဲ နွေးတက် သွားသည်။
တစ်နေ့မှာတော့ ကျွန်တော်တို့ လူငယ်စာရေးဆရာတစ်စု ကဗျာဆရာ နေစိမ့်၏အိမ်မှာ ဆုံကြရာ အစ်ကိုပါ ရောက်လာသည်။ ကျွန်တော် ထိုဝိုင်းတွင် သူရဲကောင်းက ပထမ၊ သဘောတရားက ဒုတိယအဆိုကို တင်သွင်းမိသည်။
ငယ်ရွယ်သူတို့သဘာဝ သူရဲကောင်းတွေကို အားကျတတ်ကြကြောင်း၊ ဂျိုဆေးရီဇော်၊ ချေဂွေဗားရား၊ ကတ်စထရို၊ နော်မန်ဗက်သွန်း၊ ငုယင်ဗန်ထရွိုင်း စသည် စသည်ဖြင့် စိတ်ဝင်စားမိကြရာမှ သူတို့၏ခံယူချက်နှင့် သဘော တရားကိုပါ လေးစားသွားမိကြကြောင်း ပြောမိရာ လူငယ်တစ်ယောက်က ခွတိုက်ပါလေတော့သည်။ သူရဲကောင်းကိုးကွယ်မှုသည် အလကား ဖြစ်ပါ
ကြောင်း။ ဤတွင် အစ်ကိုတစ်ယောက် လည်ဆံမွေးများ ဖွားခနဲ ထောင်ထ လာပါတော့သည်။
“ဟေ့ကောင်၊ မင်းဘယ်မြို့ကလဲ”
“မအူပင်ကပါ”
“မင်းအဖေ ဘယ်သူလဲ”
“လှကြည်ပါ”
“အေး ... လှကြည်ကို ငါက...”
ဟုဆိုကာ အစ်ကိုက ဘာထင်ကြောင်း ပက်ပက်စက်စက် ဆဲချလိုက် ပါတော့သည်။
အစ်ကို စိတ်ဆိုးတော့ တစ်ဝိုင်းလုံး တိတ်ကျသွားပါတော့သည်။ အပြန် လမ်းမှာတော့ ကျွန်တော်က ဖအေနာမည်မေးပြီး ဆဲခြင်းကို နားမလည်နိုင် ကြောင်း ပြောမိပါသည်။
“ဟ... ငါ့ညီရ၊ ဖအေလောက်ကို ဖမ်းဆဲထားမှ သားက ငြိမ်မှာကွ၊ မင်းနှယ် ခက် ခက်နေပြီ၊ ဟားဟား ဟားဟား ဟားဟား”
တစ်ရပ်ကွက်လုံး အိပ်မောကျနေသည့်ညကို အစ်ကိုရယ်သံက လှုပ်နှိုး ပစ်လိုက်ပေသည်။
◾
၁၉၈၉ ခုနှစ်မှာတော့ ကိုသင်းခိုင်တစ်ယောက် မြို့တော်ကို သစ်ရွက်လို လွင့်ကျလာခဲ့သည်။ ကိုသင်းခိုင်က ကျွန်တော့်ဆီမှာ နေလိုပါကြောင်း စကား ကမ်းလှမ်းလာပါသေးသည်။ သို့သော် ကျွန်တော့်ဆီမှာက ကိုအောင်ပွင့်ရှိနေပြီး ဖြစ်၍ နှစ်ယောက်ဝန်ကို ကျွန်တော်မတတ်နိုင်သဖြင့် ငြင်းဆန်ခဲ့ရပေရာ ကိုသင်းခိုင်တစ်ယောက် ကိုမင်းသစ်၏အိမ်၊ ကိုစိမ်းနီ၏အိမ်၊ ဘုန်းတော်ကြီး ကျောင်း စသည်တို့၌ အလိုက်သင့် လွင့်ပါးနေခဲ့ပါသည်။
ထိုအချိန်မှာ မည်မည်ရရ အလုပ်ကတော့ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း အယ်ဒီတာ။ တကယ်တော့ ထိုကဗျာအယ်ဒီတာအလုပ်ကို ၁၉၆၉ ခုနှစ်တုန်းက ရှုထောင့်ဂျာနယ်၊ ၁၉၇ဝ ပြည့်နှစ်တုန်းက မိုးဝေမဂ္ဂဇင်းများမှာပါ အစ်ကို တာဝန် ယူခဲ့ဖူးပေရာ ကဗျာတစ်ပုဒ်ကို အကဲဖြတ်နိုင်စွမ်း၌ ကျွမ်းဝင်ပြီးသားဟု အားလုံးက ယုံကြည်ပြီး ဖြစ်ပါသည်။ ဒါကြောင့်လည်း ရုပ်ရှင်တေးကဗျာ စာမျက်နှာများကို ကဗျာဖတ်သူတို့က အလေးအနက် ဖတ်ရှုကြရမြဲ။
သို့ဖြင့် ၁၉၉၅ ခုနှစ်လောက်မှာတော့ အစ်ကို့ကဗျာစာအုပ် ထွက်လာ ပါသည်။ ရေးသက်ရင့် (ကဗျာ) ဆရာတစ်ယောက်အနေဖြင့် တော်တော်နှောင်းမှ ထွက်လာသော စာအုပ်ဟု ဆိုနိုင်ပါသည်။
‘ချစ်သူများကို တမ်းတခြင်း” တဲ့။ စာအုပ်၏ နောက်ကွယ်မှာတော့ အသံဗလံ တချို့တစ်ဝက်။
◾
ကိုသင်းခိုင်၏ “ချစ်သူများကို တမ်းတခြင်း” ကဗျာစာအုပ် ထွက်လာ အပြီးတွင် အဓိက ထွက်လာသည့် အသံတစ်ခုကတော့ “အရက်” ကို ဖွဲ့ဆို ခန်းတွေ များလွန်းသည်ဆိုသည့် အသံပဲဖြစ်ပါသည်။
”အရက်” နှင့် ပတ်သက် ဆက်နွှယ်သည့် ကဗျာများ ကိုသင်းခိုင်၏ ကဗျာစာအုပ်ထဲတွင် မပါမဟုတ်၊ ပါပါသည်။ သို့သော် အခြား အခြားသော ဘဝ၏စာမျက်နှာများကိုလည်း ထိုစာအုပ်မှ တစ်ပုံတစ်ပင် တွေ့ရှိရမည် ဖြစ်ပါသည်။
“မြို့ကိုသွားတဲ့လှည်း” ကဗျာ၌ ဘုရားပျက်ကိုဖြိုပြီး ရလာသည့် အုတ်ခဲများကို မြို့တက်ရောင်းသည့် လူတို့၏ ဘဝများကို တွေ့နိုင်သည်။ “ဟင်္သပြဒါးဖြစ်သွားတဲ့ည” ကဗျာ၌ ရိုးမထဲတွင် အမဲလိုက်ရင်း တောဝက် ပက်လိုက်၍ သေဆုံးသွားသူ၏ ဈာပနတွင် ထိုတောဝက်သားဖြင့် သပိတ် သွတ်လိုက်ရပုံကို တွေ့နိုင်သည်။
“ဖန်ဆင်းရှင်” ကဗျာ၌ ကော်မက်သာဇင်ကို ဆီအဖြစ်ပြောင်းကြသော၊ ဒူးယားနှင့် သကြားကို ကြက်ကင်၊ ဘဲကင်အဖြစ် ပြောင်းကြသော၊ မွှေး၊
ရွှေဝါဆပ်ပြာများကို ထိုင်းဆစ်အဖြစ် ပြောင်းကြသော၊ ဒီဇယ် ဓာတ်ဆီကို ဟင်နက်ဆီ ကော့ညက်အဖြစ်ပြောင်းကြသော တစ်ခါက စားသုံးသူများ၏ ဘဝကို တွေ့နိုင်သည်။
“၂၅ ရာစု မုန်တိုင်း” ကဗျာတွင် ၁၆ ရာစုမှာ ပေါ်ခဲ့ သည့် နတ်သျှင်နောင်သည် သစ္စာဖောက်မဖောက် ၂၀ ရာစု မှာ ငြင်းနေကြရကြောင်း၊ နွမ်ဂျာသိုင်း၊ မြင့်မောင်မောင်၊ ငြိမ်းကျော်၊ ခင်ဆွေဦး၊ ကြည်အေး၊ မစန္ဒာ၊ မိုးမိုး (အင်းလျား)တို့ လောကကို ဘယ်သူသစ္စာဖောက်မဖောက် ကို ၂၅ ရာစု လူသားတို့ ဝေဖန် ကြမည့် အသံ စသည်ဖြင့်တို့ထိထားသည်ကို တွေ့နိုင်သည်။ သို့ဖြစ်ရာ အစ်ကို ကဗျာများသည် အရက် ချည်းပဲတော့လည်း မဟုတ်ပါ။
ကိုသင်းခိုင်၏ ဘဝဖြတ်သန်းမှုတစ်စွန်းတစ်စကို အရိပ်အကဲဖမ်းနိုင် သည့် ကဗျာတစ်ပုဒ်ကတော့ “တစ်နေ့ထဲ(တည်း)” ကဗျာဖြစ်သည်။ ...။ ထိုစဉ် မန္တလေးမှ ဟဲဟိုး၊ ဟဲဟိုးမှ ရန်ကုန် လေယာဉ်ဖြင့် အခေါ်ခံလာရခြင်း ဖြစ်ရာ မန္တလေးမှာ နွေ၊ ဟဲဟိုးမှာ ဆောင်း၊ ရန်ကုန်မှာ မိုး စသည်ဖြင့် ခံစားလိုက်ရပုံကို ထိုကဗျာမှာ အစ်ကိုက ဖွဲ့ သည်။
ကားကလေး
မောကြီးပန်းကြီး စက်ကုန်သုတ်
ပျားရည်ဆမ်းခရီးတော့ မဟုတ်
မန္တလေးကို နှုတ်ဆက်ခြင်း
ချမ်းမြသာစည် လေယာဉ်ကွင်း
နွေနဲ့ ရန်စစ်ခင်းနေပေါ့။
ဒါက မန္တလေးအဖွဲ့ တစ်စွန်းတစ်စ ဖြစ်သည်။
ဟဲဟိုးလေဆိပ်
ရေခိုးငွေ့ သိပ်သည်းဆ မှိုင်းတပျပျ၊
လေနုအေးက တမြမြ
မန္တလေးတုန်းက နွေ၊
ဟဲဟိုးကျတော့ ဆောင်း
နာရီပိုင်းအတွင်း အလှည့်အပြောင်း
ကျွန်တော်တို့ ကျန်းမာရေးကောင်းနေကြပါတယ်။
ဒါကတော့ ဟဲဟိုးလေဆိပ် အဖွဲ့အနွဲ့ ဖြစ်သည်။
မင်္ဂလာဒုံမှာ တဖွဲဖွဲ
အင်းစိန် ရွာမ ရောက်တော့
တသည်းသည်း
ကိုးခွင်လုံး မှိုင်းမှုန်မည်း
မိုးပုဆိန်ကြီး ရွာပြီပဲ
ဂျိမ်းခနဲ ဂျိမ်းခနဲ
မိုးချုန်းသံတို့ ငလျင်တော်လဲ
တစ်နေ့ထဲ... တစ်နေ့ထဲ ... တစ်နေ့ထဲ။
ဒါကတော့ ခရီးလမ်းဆုံး အင်းစိန်ခံစားမှု။ ဪ... တစ်ခါက ကဗျာဆရာ မောင်သင်းခိုင် တစ်နေ့တည်း ဖြတ်သန်းခဲ့ရသည့် ခရီးမှန်ကူ ကွက်များ။
◾
ကျွန်တော်တစ်ယောက် ဟင်္သာတကောလိပ်ကို ရောက်သွားပြီးသည့် နောက်ပိုင်း ကာလများ၌ ရန်ကုန်ကို မကြာခဏ ဆိုသလို ရောက်ဖြစ်သည်။ တစ်ခေါက်မှာတော့ ရန်ကုန်ကို ရောက်သွားစဉ် မိတ်ဆွေတစ်ဦး၏ အဖော် ဆွယ်မှုကြောင့် ကလျာမဂ္ဂဇင်းရှိရာ သုဝဏ္ဏကို လိုက်သွားဖြစ်ရာ ပုဇွန်တောင်ကို ဖြတ်သွားရပါသည်။ နာမည်ကျော် အရက်ရွာကို လှမ်းကြည့်ဖြစ်သည်။
ဓနိဆိုင်တန်းကြီးတွေ အုံ့အုံ့ဆိုင်းဆိုင်းနှင့် တစ်ခါက ပခုံးချင်းတိုက် အောင် လူစည်ကားခဲ့သောနေရာမှာ ဟင်းလင်းကို ဝန်ချီစက်ကြီးများဖြင့် တူးကာမကာ လုပ်နေသော ဆောက်လုပ်ရေးမြင်ကွင်းကို တွေ့လိုက်ရသည်။သြော်... တစ်ခါကတော့ ထိုနေရာသည် ကိုသင်းခိုင် အပါအဝင် စာပေ အနုပညာသည်တချို့တို့ ညနေရီ နားခိုခဲ့ရာ နေရာများပါတကား။
ခုတော့ဖြင့်။
ပုဇွန်တောင်၊ ပုဇွန်တောင် ...
ကိုသင်းခိုင်ကတော့ ထို ပုဇွန်တောင်ခံစားမှုကို သူ၏ ”အရက် ဖြစ်သွားတဲ့နာရီ” ကဗျာထဲမှာ တို့ထိ ဖော်ပြသွားခဲ့ဖူးသည်။
ကက်ဆက်ထဲက စိုင်းထီးဆိုင်အသံ
ပလက်ဖောင်းပေါ် အန်ကျ
လူတွေ ခလုတ်တိုက်သွားကြတယ်။
မုန်တိုင်းဗဟိုချက်မ
လက်ဖက်ရည်ဆိုင်ထဲကျနေ
တစ်နာရီ မိုင် ၆၀ နှုန်း
တဝုန်းဝုန်းတိုက်ခတ်နေလေရဲ့။
ရောမခေတ်ဆံပင်နဲ့လူ
မျက်မှန်ထူထူနဲ့လူ
ဗိုက်ခေါက်ထူထူလူ မပါပါ
လူငယ် လူရွယ် လူလတ်
ပိန်ကပ်ကပ် ပြားချပ်ချပ်
ပါးစပ်ခေါင်းလောင်းသံ တညံညံ
အဖန်တစ်အိုးပြီးတစ်အိုး
သောက်လိုက်တဲ့ အချိုက
ချိုးဖြူကန် ခန်းလောက်တယ်။
ဒါတွေကတော့ လက်ဖက်ရည်ဆိုင် မြင်ကွင်းအဖွဲ့တွေဖြစ်သည်။ ဆိုင် ထဲက ကက်ဆက်မှ သီချင်းသံ အပြင်ကို လျှံကျလာပုံ၊ မုန်တိုင်းတိုက်သလို စကားဝိုင်း ကောင်းနေပုံ၊ ရေနွေး တစ်အိုးပြီး တစ်အိုး သောက်နေပုံတွေပဲ ဖြစ်သည်။
ဆန်းသော်တာ ပျားသလက်
ဝက်ဝံလက်က ကုတ်ခြစ်ဖဲ့
ချက်ကော့စကီ ဒစ္စကို
ကိုကာကိုလာ တမ်းချင်းသစ်
အလင်းမြစ်ရေဆန်ထဲ
မျောနေဆဲ ခရေပွင့်ကြွေ
တောင်ကြီးမြို့ရဲ့ ညနေခင်း
မောင်လေးအောင်ကို တမ်းတခြင်း
စက္ကူငွေလမင်း ရုပ်ရှင်
ဒဂုန်တာရာရဲ့ အလင်္ကာ
နှစ်လေးဆယ် သမ္မာကျမ်းစာ
မောင်သာနိုးရဲ့ မလင်းပြာ
ပီကာဆိုရဲ့ ခရစ်တော်ပန်းချီကား
စကားလှိုင်းလုံးတအိအိ
ဘင်္ဂလားအော်ထိ မျှောစီးသွား။
ဒါတွေကတော့ လက်ဖက်ရည်ဆိုင် စကားဝိုင်းအဖွဲ့အနွဲ့။ ပျားအုံနဲ့တူတဲ့ အာဖဂန်နစ္စတန်ကို ရုရှားဝက်ဝံကြီး ဝင်ရောက်ခဲ့တဲ့အကြောင်း၊ စက်တင်ဘာမှာ သခင်သန်းထွန်း အနိစ္စရောက်ခဲ့တဲ့အကြောင်း၊ ကိုကာကိုလာအကြောင်း၊ ကိုလေးအောင် အကြောင်း၊ စက္ကူငွေလမင်းဆိုတဲ့ ရုပ်ရှင်အကြောင်း၊ အလင်္ကာ ဆိုတဲ့ ကဗျာစာအုပ်အကြောင်း၊ နှစ်လေးဆယ် ရန်မီးများအကြောင်း၊ ဆရာနိုးရဲ့ မလင်းပြာ ကဗျာအကြောင်း၊ ပီကာဆိုအကြောင်း စသည် စသည်ဖြင့် ကိုသင်းခိုင်က လက်ဖက်ရည်ဆိုင်စကားဝိုင်းရဲ့ နယ်နိမိတ် ကျယ်ပြောလှပုံကို ဖွဲ့ ပြသည်။
ပြီးတော့မှ တဖြည်းဖြည်း ညနေစောင်းလာပြီး မှောင်စပျိုးလာတော့ ကဗျာဆရာတို့ ပုဇွန်တောင်အရက်ဆိုင်ရှိရာကို တစ်စစ အသိုက် ပြောင်းသွား ကြမြဲဖြစ်ကြောင်းကို ခုလို အနားသတ် ဖွဲ့နွဲ့လိုက်ပါသည်။
အလင်းဆံစ အုပ်လုံးသိမ်း
နေလုံးစိမ်းစိမ်းကားကား
ဖြတ်စာပေးသွားတဲ့အချိန်
မုန်တိုင်းငြိမ်ပြီ
မာကျူရီ အပျင်းကြောဆန့်
မအိပ်ရာက လန့်နိုးထကာ
ရှုသိုးသိုးမျက်နှာနဲ့
စောင်းင့ဲ ကြည့်လိုက်တယ်
ညဆိုတဲ့ ဧည့်သည်ကိုလေ။
နိစ္စဓူဝ အလုပ်
အချိန်သစ်သီး ပုပ်ပွတော့
ပြန်ပေါ့ ပြန်ပေါ့ ပြန်ပေါ့
ကဗျာဆရာတို့ ပြန်ကြတော့
ငါလည်း တစ်ယောက်အပါအဝင်ပေါ့ ပုဇွန်တောင်မှာ မော့ဖို့လေ။
ကိုယ်တိုင်ရေး ပုံတူဟုပင် ဆိုရမလား မပြောတတ်တော့ပါ။ ကိုသင်းခိုင် အဖို့ အချိန် ဟူသည်မှာ ကဗျာရေးနေဖို့၊ သို့မဟုတ် ကဗျာဖတ်နေဖို့ပဲ ဖြစ်သည်။ လက်ဖက်ရည်ဆိုင်နှင့် ဘုံဆိုင်ကလေးများကတော့ သူ့သငေ်္ဘာ ခဏကျောက်ချ ရပ်နားရာ ယာယီဆိပ်ကမ်းကလေးများ။
ဒါကြောင့်လည်း သူ ခဏခဏ ဆိုက်ကပ်ခိုနားခဲ့ရသည့် ပုဇွန်တောင် ဆိပ်ကမ်း ပြိုသွားသောအခါ သူ ခံစားရသည်။ ယင်းကို မကြာခင်က ဖတ်လိုက်ရသည်။ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလထုတ် မြန်မာ့ရုပ်ရှင် မဂ္ဂဇင်းထဲမှာ တွေ့လိုက်ရသည်။
ပုဇွန်တောင်ရဲ့
ညနေခင်းဆိုသော ကဗျာ၊
ချစ်သူများကို တမ်းတရတဲ့
အထဲမှာ
ပုဇွန်တောင်ရွာလယ်က
မခင်အေးအရက်ဆိုင်လည်း
ပါတယ်
လွန်ခဲ့တဲ့
အနှစ်သုံးဆယ်ကျော်ကစပြီး
ပုဇွန်တောင်ဟာ
ကဗျာဆရာတွေရဲ့
မြို့ပြကန္တာရထဲ
အိုအေစစ်ဖြစ်တယ်။
အရက်ဆန့်ကျင်ရေး
ပိုစတာထောင်ပြနေကြတဲ့
ငှက်မွေးဦးနှောက်ပိုင်ရှင်တွေရဲ့
အစာအိမ်တွေကို
ပြုတ်တူနဲ့ ညှပ်လိုက်
ပုဇွန်တောင်က မျိုဆို့ထားတဲ့
အရက်တွေ
လည်ချောင်းထဲက ဒလဟော
အန်ကျလာလိမ့်မယ်။
ကိုသင်းခိုင်က မရှိတော့ပြီဖြစ်သော ပုဇွန်တောင် အရက်ရွာကြီးကို တမ်းတရင်းက ထိုအရပ်ကို ကျောခိုင်း ဆန့်ကျင်သွားကြလေသော သူ့မိတ်ဆွေ တချို့ကို လှမ်း၍ ထိပါးလိုက်သည်။
ငါးပါးသီလထဲမှာ
အရက်ကိုရှောင်ကြဉ်ဖို့
ပြဋ္ဌာန်းတယ်
ကြည့်လိုက်စမ်း
အရက်ကြော်ငြာ
ဘီယာကြော်ငြာ
တတ်နိုင်ရင် ကောင်းကင်ကြီးကို
တံခါးဖွင့်ပြီး
ခပ်တည်တည်နဲ့
ကြော်ငြာကပ်ဦးမယ့်သူတွေ
တစ်ပုံကြီး။
ဆန့်ကျင်ဘက်တို့
ပေါင်းစည်းမှုဆိုတာ
သဘာဝတရားရဲ့
လွတ်လပ်ငြိမ်းချမ်းစွာ
ကွဲလွဲနေထိုင်ခြင်း မဟုတ်လား။
သောက်တာလည်း အပြစ် မဟုတ်။
မသောက်တာလည်း
ဂုဏ်ဒြပ်ကြီး မဟုတ်။
တစ်ယောက်နဲ့တစ်ယောက် မပုတ်ခတ်ကြဖို့ အစ်ကိုကဖွဲ့ သည်။
လူတွေကို သောက်တယ်
စကားလုံးတွေကို သောက်တယ်
အရက်ကိုတော့
အမြည်းလိုပဲ မြည်းခဲ့။
ဖန်ခွက်ထဲမှာ
မွန်ရိုးနဲ့ ချေဂွေဗားရားပါတယ်
ပြီးတော့ ဂျော့သွန်မဆင်၊
ရှေးမာ့စ်ဟေနီ
ပေါ့ ပါး၊ ဟိုးလုဗ်
ဂေါ်ဘာချက်လည်း
အဆစ်ပါသေးတယ်။
မှန်ပါသည်၊ ကဗျာဆရာများ စုဝေးသည့် အရက်ဝိုင်းထဲမှာ အနုပညာ ကိစ္စ၊ ဒါတွေသာလျှင် ကြီးစိုးပါလိမ့်မည်။ ပေါက်တတ်ကရ မပါစတမ်း၊ ဖေတော့ မောင်တော့ မပါစတမ်း။
အနှစ်သုံးဆယ်ကျော်
မူးခဲ့ရတဲ့နေရာ
ပုဇွန်တောင် ညနေခင်း
ငါတို့ကိုစွန့်ခွာ
အသံတွေကွယ်ပျောက်
သင်္ချိုင်းလို ငြိမ်သက်
ထုပ်လျောက် ဒိုင်းမြား
အုတ်ကျိုးအုတ်ပဲ့တွေစုပုံ
ဝတ်လစ်စလစ် ဟင်းလင်းပြင်
ပြန်မရတော့တဲ့ ပုဇွန်တောင်ရသ
အချစ်ရယ်
ပတ်ဝန်းကျင်ကို
ပြန်ကြည့်လိုက်တော့
ဘယ်ကိုရောက်နေမှန်းမသိ
နှင်းခါးတွေကျနေတဲ့
ကန္တာရတစ်နေရာမှာ
မေ့ဆေးပေးခံနေရတဲ့ လူမမာလို
ငါတစ်ယောက်တည်း ငူငူကြီး
ရပ်လို့။
အမြဲလိုလို သွားရောက် ဆိုက်ကပ်တတ်သည့် ကိုသင်းခိုင်သာမက တစ်ခါနှစ်ခါလောက် သွားရောက်ခိုနားဖူးသည့် ကျွန်တော်ပင်လျှင် ပုဇွန်တောင် ၏ အသွင်ကူးပြောင်းစ မြင်ကွင်းကိုကြည့်ကာ ဘယ်ဆီလွမ်းမိတယ် မသိ ဖြစ်သွားခဲ့ရပေသည်။
◾
မကြာခင် ရက်များအတွင်းက ကျွန်တော် ရန်ကုန်ကို တစ်ခေါက် ရောက်သွားသည်။ ၃၃ လမ်းထိပ်မှာ ပေတူးနှင့်တွေ့သည်။ ပေတူး ဆိုတာ ကိုသင်းခိုင်၏သမီး၊ မန္တလေးတက္ကသိုလ်မှ ဘွဲ့ရပြီးစ။ သူ့နာမည်ရင်းကို ကျွန်တော် မသိ။
“ဟယ်... ဦးသာချို၊ ပေတူး အခု အလုပ်ဝင်နေပြီ၊ ရန်ကုန်မှာ”
“ဘယ်မှာလဲ”
“ကုမ္ပဏီတစ်ခုမှာ”
“ညည်းအဖေကော”
“နေပြည်တော်မှာ ခဏပြန်နားနေတယ်”
သြော်... ဘာလိုလိုနှင့် အစ်ကို့သမီးပင် အလုပ်နှင့်အကိုင်နှင့် ဖြစ်နေပြီ။ အစ်ကို့အသက်လည်း မငယ်လှတော့။ တစ်ခါက ရှေ့သွားတွေပင် ကျိုးနေပြီဖြစ် သော အစ်ကို့ကိုကြည့်ကာ ကျွန်တော်က သတိပေးဖူးသည်။
“အေး... အသက်တွေလည်း ကြီးပြီကွ ငါ့ညီရ”
ကိုသင်းခိုင်က တွေးတွေးဆဆပြောသည်။ သည်ဘက်ပိုင်းကာလတွေ ထဲမှာ အစ်ကိုလည်း အများကြီး ပြောင်းလဲသွားခဲ့သည်။ တစ်ခါက “တော်လှန် ကဗျာ” ဖြင့် အနုပညာဆိုတာ ပုဂ္ဂလိကကိစ္စပါပဲဟု ဖြစ်လာခဲ့ပြီ။
ဆရာ ဒဂုန်တာရာကို ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌချင်းထပ်၊ ဆရာ့ဆီကို ခြေရာချင်းထပ်အောင် သွားခဲ့ရာမှ -
“အဘိုးကြီးက Duelism ကွ မောင်သာချိုရ၊ နှစ်ခွ၊ ဘယ်တော့မှ မပြတ်သားဘူး၊ မုဆိုးစိုင်သင်တဲ့၊ ကဗျာဆိုတာ ရေးရင်း တတ်သွားတာပဲတဲ့။ ဟော... နောက်တော့ ဂန္တဝင်ကို လေ့လာသင့်တယ်တဲ့။ ဘာလဲကွာ ရှိသေးတယ်။ ကာရန်မဲ့တာ မမဲ့တာထက် အဘိဓမ္မာမမဲ့ဖို့ လိုတယ်တဲ့။ ဟော... တော်ကြာ ကဗျာဟာ စကားပြေလောက်တော့ လျှောကျသွားဖို့ မကောင်းတဲ့၊ ခက် ခက်နေပါပြီ” ဟု ဖြစ်လာခဲ့သည်။
အင်း ... ခုတော့ သူ့မြို့ နေပြည်တော်ကို ပြန်ရောက်နေပြန်ပြီ။ ဘယ်တော့ ရန်ကုန်ကမ်းပါးကို ဆိုက်ကပ် ခိုနားလာဦးမည် မသိ။
"ကိုသင်းခိုင်က တွေ့ကရာဆိပ်ကမ်း ဝင်ကပ်တာဗျ။ သူ့ကို ထိုးမထုတ်လိုက်မချင်း အဲဒီကမ်းက မခွာတော့ဘူး”
ကိုအောင်ပွင့်၏ ကောက်ချက်ကလေးကို အမှတ်ရရင်း ကျွန်တော် ပြုံးလိုက်မိလေသည်။
ရွှေဝတ်ရည်မဂ္ဂဇင်း
အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ၁၉၉၇။
◾
ဆရာမောင်သာချို၊ ခေတ်ပြိုင်ခဲခြစ်ကောက်ကြောင်းများ၊
စာမျက်နှာ ၂၁ - ၄၀။
သရုပ်ဖော် - မောင်နိုး
စာရိုက် - စလေ ငနော့
Comments
Post a Comment