ဆူးေလဘုရားလမ္းေပၚက လူ႐ိုင္းႏွစ္ေယာက္ § ဂ်က္ကြမ္းျခံကုန္း

ဆူးေလဘုရားလမ္းေပၚက
••••••••••••••••••••••••••
လူရိုင္းႏွစ္ေယာက္
••••••••••••••••••••••

ဂ်က္ကြမ္းျခံကုန္း

(တစ္)

အကြၽန္ုပ္တို႔ မွီတင္းေနထိုင္ၾကရာ ေဟာသည့္ မဟာပထဝီေျမလႊာ အထုႀကီးေပၚ၌ အရိုင္းအယဥ္ဟူသည္မွာ အဘယ္သို႔ေသာ အရာမ်ားေပနည္း။ ရိုင္းမႈ၊ ယဥ္မႈအစုစုတို႔ကို မည္သို႔ေသာ ႏႈန္းစံစည္းကမ္းကလနားမ်ားေပၚ၌ အေျခခံကာ ခြဲျခားသတ္မွတ္ၾကေလသနည္း။ မည္သို႔ ျပဳမူေျပာဆိုဆက္ဆံေသာသူက လူရိုင္းျဖစ္၍ မည္သို႔ျပဳမူေျပာဆိုဆက္ဆံေသာ သူက လူယဥ္ျဖစ္ေခ်သနည္း။ ေနရာေဒသ ကာလအေလ်ာက္ လူတစ္ေယာက္ႏွင့္ လူတစ္ေယာက္၊ လူတစ္မ်ိဳးႏွင့္ လူတစ္မ်ိဳး၊ ေက်း႐ြာဇနပုဒ္တိုင္းျပည္နိုင္ငံ သူ႕စံႏွင့္ သူ၊ သူ႕ေပတံႏွင့္သူ မူအမ်ိဳးမ်ိဳးရွိၾကမည္မွာ ဧကန္မုခ် မလြဲမေသြပင္။

အနို႔တစ္မူ ျဖစ္လင့္ကစားေပေပါ့။ အၾကမ္းအားျဖင့္ေသာ္ကား သားစိမ္းငါးစိမ္းေတြကို စား၊ သစ္႐ြက္သစ္ခက္တို႔ကို ဝတ္ဆင္၊ ဂူမ်ားလိုဏ္မ်ားထဲ၌ ေနထိုင္၊ စာေပမရွိ၊ စကားမရွိ၊ ဘုရားမရွိ၊ တရားမရွိ ထိုထိုေသာ ငတိတို႔ ငတိမတို႔ကို ကြၽန္ုပ္တို႔က လူရိုင္းဟုသတ္မွတ္ကာ မိမိတို႔ကိုယ္ မိမိတို႔မူ လူယဥ္ေက်းမ်ားအျဖစ္ ခံယူၾကကုန္၏။ ထား။

ဤေနရာ၌ စကားမစပ္ဟု ဆိုသလို ၾကားဖူးနားဝရွိခဲ့သည့္ လူရိုင္း၊ လူယဥ္ အျငင္းပြားမႈကေလးတစ္ခုကို ကြၽန္ုပ္ သတိရမိလိုက္ပါ၏။ တစ္ေန႕ သ၌ လူသားစားလူရိုင္းတစ္ေယာက္ႏွင့္ ယခုမ်က္ေမွာက္ေခတ္ လူယဥ္ေက်း ဟုဆိုသူ လူတစ္ေယာက္တို႔ ေတာေဟဝန္ႀကီးတစ္ခု၏ အလယ္တြင္ ေတြ႕ဆုံ ၾကသည္ဟူသတတ္။ ဤ၌ မင္းက လူရိုင္း၊ ငါက လူယဥ္ စသည္ျဖင့္ အျပန္အလွန္ စြပ္စြဲျငင္းခုံလ်က္ ရွိၾကေသာဟူ၏။

အသို႔ႏွင့္ ျငင္းခုံေနၾကရင္း မ်က္ေမွာက္လူက ေရွးဦးလူအား အသင္တို႔က လူသတ္သည္ဟူ၍ စြဲခ်က္တင္လိုက္၏။ ထိုအခါ ေရွးဦးလူကလည္း မ်က္ေမွာက္လူကို အသင္တို႔ကေကာ လူမသတ္ေခ်သေလာဟု ျပန္၍ ေမးခြန္းထုတ္လိုက္ပါ၏။ မ်က္ေမွာက္လူကား မျငင္းေခ်။

ဤတြင္ဝယ္ ေရွးဦးလူက မ်က္ေမွာက္လူအား အသင္တို႔သတ္ထား ေသာ လူကို စားသေလာဟု ထပ္ဆင့္ကာ ေမးခြန္းထုတ္သည္ဟု ဆိုပါ၏။ မ်က္ေမွာက္လူက မစားပါေၾကာင္း ရွင္းရေခ်သည္ဟူလို။

ဤ၌ ေရွးဦးလူက တဟားဟား ရယ္ေမာဟားတိုက္ကာ မိမိတို႔က သတ္ၿပီးေသာ္ စားၾကပါေၾကာင္း၊ အေဆြတို႔ ေခတ္သစ္လူမ်ားက မစားဘဲ ႏွင့္ သတ္ၾကေၾကာင္း၊ အနို႔ျဖစ္ပါ၍ အေဆြတို႔က ပိုမိုရိုင္းစိုင္းေၾကာင္း စြဲခ်က္တင္ေတာ့ေလရာ မ်က္ေမွာက္လူသည္ ဘဇာသို႔ေသာ စကားကိုမွ မေျပာမဆိုနိုင္ေတာ့ဘဲ ႏႈတ္ဆိတ္၍ ေနလိုက္ရေသာဟူ၏။

(ႏွစ္)

အထက္ေဖာ္ျပပါ အျငင္းပြားပုံကေလး တစ္ခ်က္ကဲ့သို႔ အျခား အျခားေသာ ေပတံစံႏႈန္းမ်ားျဖင့္ ဘယ္သူက လူယဥ္၊ ဘယ္ဝါက လူရိုင္း တိုင္းတာၾကည့္ ၾကသည္မ်ားမွာကား အေထြအေထြအလီလီ ရွိၾကလိမ့္မည္မွာ ဧကန္မုခ်ပင္။ ကြၽန္ုပ္ဆရာႀကီး ဂ်က္ကြမ္းၿခံကုန္းအဖို႔ရာမွာမူကား လူလူခ်င္း အျပန္အလွန္ ေလးစားမႈမျပဳဘဲ တုံ႕ျပန္ျခင္း မရွိသည့္လူမ်ားကို လူရိုင္းမ်ားဟု သတ္ မွတ္လိုပါ၏။ ဥပမာ- သာဓကကေလး တစ္ခုေလာက္ေပးခြင့္ျပဳပါရန္ အကြၽန္ ပန္ၾကားပါ၏။

တစ္ေန႕သ၌ ကြၽန္ုပ္၏ မိတ္ေဆြ ႏွစ္ေယာက္တို႔သည္ ရန္ကုန္ၿမိဳ႕ ဆူးေလဘုရားလမ္းမ တစ္ေနရာဝယ္ အမွတ္မထင္ဆိုသလို ျပန္လည္ေတြ႕ဆုံ မိၾကပါ၏။ ႏွစ္အတန္ၾကာခန႔္ဆိုသလို တစ္ေယာက္ႏွင့္တစ္ေယာက္ မေတြ႕မိၾကဘဲ ႐ုတ္တရက္ ရင္ဆိုင္ေတြ႕ၾကျခင္းျဖစ္ရာ လိပ္စာေတြ အျပန္အလွန္ ေပးၾက၊ သာေၾကာင္း မာေၾကာင္းေတြ အျပန္အလွန္ေစ့ငုၾက၊ လုပ္ငန္းကိုင္ ငန္းေတြ အျပန္အလွန္ တီးေခါက္ၾကႏွင့္ ေနာက္ဆုံးတြင္ကား အႏွီပုဂၢိဳလ္ ႏွစ္ဦးသားတို႔သည္ မိမိတို႔လက္ထဲရွိ လက္ကိုင္ဖုန္းေခၚ Mobile Phone ေခၚ Hand Phone ကေလးမ်ားကို ကိုယ္စီ ကိုယ္စီ ငုံ႕ၾကည့္ၾကၿပီးသည့္ သကာလ တစ္ေယာက္၏ဖုန္းကို တစ္ေယာက္က စမ္းသပ္ေခၚဆိုၾကည့္ၾက ဘိပါေလေတာ့၏။

ပထမတစ္ေယာက္က

“ေဟာဗ်ာ... ၾကည့္ပါဦး no answer တဲ့”

ဟုဆိုကာ သူ၏ဖုန္းကို ဒုတိယလူကို ထိုးျပ၏။ မွန္ပါသည္။ ဖုန္း မ်က္ႏွာျပင္ေပၚ၌ no answer ဟူ၏။

တစ္ဖန္ ဒုတိယလူက ပထမလူ၏ ဖုန္းကိုေခၚျပန္၏။ ဤတြင္လည္း...

“ေဟာဗ်ာ... ဒါလည္း no answer တဲ့”

ဟုဆိုျပန္ကာ ဒုတိယလူက ပထမလူထံ သူ၏ဖုန္းကေလးကို ထိုး ျပ၏။ မွန္ပါသည္။ no answer ဟူ၍ပင္။

ဤ၌ ႏွစ္ဦးလုံးႏွင့္ ရင္းႏွီးေနေသာ ကြၽန္ုပ္က သူတို႔၏အပါးတြင္ ရွိေနသည္ႏွင့္ ႀကဳံႀကိဳက္ေနေပရာ ေအာက္ေဖာ္ျပပါအတိုင္း ဝင္၍ မိန႔္ၾကား လိုက္မိပါ၏။

“အေဆြတို႔က လူရိုင္းေတြပဲဗ်ာ၊ တစ္ေယာက္က ဖုန္းေခၚေနတာ ကို တစ္ေယာက္က ျပန္မေျဖၾကဘူး၊ လြန္စြာမယဥ္ေက်းေသာ လုပ္ရပ္ေပပ”

ဤတြင္၌ ႏွစ္ဦးစလုံးက ၿပဳံးၾက၏။

သို႔ကလို ရိုင္းသူေတြ မည္ေ႐ြ႕မည္မွ် ရွိေနၾကဘိဟူသည္ကို ကြၽန္ုပ္ မသိနိုင္ေတာ့ပါေပၿပီ တမုံ႕တကား။

ေပၚျပဴလာ၊ ၂၂ - ၆ - ၂ဝ၁ဝ။

ဆရာဂ်က္ကြမ္းျခံကုန္း၊ မသိရင္ ခက္မယ္၊
စာမ်က္ႏွာ ၇၉ - ၈၂။

စာ႐ိုက္ - စေလ ငေနာ့

Unicode

ဆူးလေဘုရားလမ်းပေါ်က
••••••••••••••••••••••••••
လူရိုင်းနှစ်ယောက်
••••••••••••••••••••••

ဂျက်ကွမ်းခြံကုန်း

(တစ်)

အကျွန်ုပ်တို့ မှီတင်းနေထိုင်ကြရာ ဟောသည့် မဟာပထဝီမြေလွှာ အထုကြီးပေါ်၌ အရိုင်းအယဉ်ဟူသည်မှာ အဘယ်သို့သော အရာများပေနည်း။ ရိုင်းမှု၊ ယဉ်မှုအစုစုတို့ကို မည်သို့သော နှုန်းစံစည်းကမ်းကလနားများပေါ်၌ အခြေခံကာ ခွဲခြားသတ်မှတ်ကြလေသနည်း။ မည်သို့ ပြုမူပြောဆိုဆက်ဆံသောသူက လူရိုင်းဖြစ်၍ မည်သို့ပြုမူပြောဆိုဆက်ဆံသော သူက လူယဉ်ဖြစ်ချေသနည်း။ နေရာဒေသ ကာလအလျောက် လူတစ်ယောက်နှင့် လူတစ်ယောက်၊ လူတစ်မျိုးနှင့် လူတစ်မျိုး၊ ကျေးရွာဇနပုဒ်တိုင်းပြည်နိုင်ငံ သူ့စံနှင့် သူ၊ သူ့ပေတံနှင့်သူ မူအမျိုးမျိုးရှိကြမည်မှာ ဧကန်မုချ မလွဲမသွေပင်။

အနို့တစ်မူ ဖြစ်လင့်ကစားပေပေါ့။ အကြမ်းအားဖြင့်သော်ကား သားစိမ်းငါးစိမ်းတွေကို စား၊ သစ်ရွက်သစ်ခက်တို့ကို ဝတ်ဆင်၊ ဂူများလိုဏ်များထဲ၌ နေထိုင်၊ စာပေမရှိ၊ စကားမရှိ၊ ဘုရားမရှိ၊ တရားမရှိ ထိုထိုသော ငတိတို့ ငတိမတို့ကို ကျွန်ုပ်တို့က လူရိုင်းဟုသတ်မှတ်ကာ မိမိတို့ကိုယ် မိမိတို့မူ လူယဉ်ကျေးများအဖြစ် ခံယူကြကုန်၏။ ထား။

ဤနေရာ၌ စကားမစပ်ဟု ဆိုသလို ကြားဖူးနားဝရှိခဲ့သည့် လူရိုင်း၊ လူယဉ် အငြင်းပွားမှုကလေးတစ်ခုကို ကျွန်ုပ် သတိရမိလိုက်ပါ၏။ တစ်နေ့ သ၌ လူသားစားလူရိုင်းတစ်ယောက်နှင့် ယခုမျက်မှောက်ခေတ် လူယဉ်ကျေး ဟုဆိုသူ လူတစ်ယောက်တို့ တောဟေဝန်ကြီးတစ်ခု၏ အလယ်တွင် တွေ့ဆုံ ကြသည်ဟူသတတ်။ ဤ၌ မင်းက လူရိုင်း၊ ငါက လူယဉ် စသည်ဖြင့် အပြန်အလှန် စွပ်စွဲငြင်းခုံလျက် ရှိကြသောဟူ၏။

အသို့နှင့် ငြင်းခုံနေကြရင်း မျက်မှောက်လူက ရှေးဦးလူအား အသင်တို့က လူသတ်သည်ဟူ၍ စွဲချက်တင်လိုက်၏။ ထိုအခါ ရှေးဦးလူကလည်း မျက်မှောက်လူကို အသင်တို့ကကော လူမသတ်ချေသလောဟု ပြန်၍ မေးခွန်းထုတ်လိုက်ပါ၏။ မျက်မှောက်လူကား မငြင်းချေ။

ဤတွင်ဝယ် ရှေးဦးလူက မျက်မှောက်လူအား အသင်တို့သတ်ထား သော လူကို စားသလောဟု ထပ်ဆင့်ကာ မေးခွန်းထုတ်သည်ဟု ဆိုပါ၏။ မျက်မှောက်လူက မစားပါကြောင်း ရှင်းရချေသည်ဟူလို။

ဤ၌ ရှေးဦးလူက တဟားဟား ရယ်မောဟားတိုက်ကာ မိမိတို့က သတ်ပြီးသော် စားကြပါကြောင်း၊ အဆွေတို့ ခေတ်သစ်လူများက မစားဘဲ နှင့် သတ်ကြကြောင်း၊ အနို့ဖြစ်ပါ၍ အဆွေတို့က ပိုမိုရိုင်းစိုင်းကြောင်း စွဲချက်တင်တော့လေရာ မျက်မှောက်လူသည် ဘဇာသို့သော စကားကိုမှ မပြောမဆိုနိုင်တော့ဘဲ နှုတ်ဆိတ်၍ နေလိုက်ရသောဟူ၏။

(နှစ်)

အထက်ဖော်ပြပါ အငြင်းပွားပုံကလေး တစ်ချက်ကဲ့သို့ အခြား အခြားသော ပေတံစံနှုန်းများဖြင့် ဘယ်သူက လူယဉ်၊ ဘယ်ဝါက လူရိုင်း တိုင်းတာကြည့် ကြသည်များမှာကား အထွေအထွေအလီလီ ရှိကြလိမ့်မည်မှာ ဧကန်မုချပင်။ ကျွန်ုပ်ဆရာကြီး ဂျက်ကွမ်းခြံကုန်းအဖို့ရာမှာမူကား လူလူချင်း အပြန်အလှန် လေးစားမှုမပြုဘဲ တုံ့ပြန်ခြင်း မရှိသည့်လူများကို လူရိုင်းများဟု သတ် မှတ်လိုပါ၏။ ဥပမာ- သာဓကကလေး တစ်ခုလောက်ပေးခွင့်ပြုပါရန် အကျွန် ပန်ကြားပါ၏။

တစ်နေ့သ၌ ကျွန်ုပ်၏ မိတ်ဆွေ နှစ်ယောက်တို့သည် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမ တစ်နေရာဝယ် အမှတ်မထင်ဆိုသလို ပြန်လည်တွေ့ဆုံ မိကြပါ၏။ နှစ်အတန်ကြာခန့်ဆိုသလို တစ်ယောက်နှင့်တစ်ယောက် မတွေ့မိကြဘဲ ရုတ်တရက် ရင်ဆိုင်တွေ့ကြခြင်းဖြစ်ရာ လိပ်စာတွေ အပြန်အလှန် ပေးကြ၊ သာကြောင်း မာကြောင်းတွေ အပြန်အလှန်စေ့ငုကြ၊ လုပ်ငန်းကိုင် ငန်းတွေ အပြန်အလှန် တီးခေါက်ကြနှင့် နောက်ဆုံးတွင်ကား အနှီပုဂ္ဂိုလ် နှစ်ဦးသားတို့သည် မိမိတို့လက်ထဲရှိ လက်ကိုင်ဖုန်းခေါ် Mobile Phone ခေါ် Hand Phone ကလေးများကို ကိုယ်စီ ကိုယ်စီ ငုံ့ကြည့်ကြပြီးသည့် သကာလ တစ်ယောက်၏ဖုန်းကို တစ်ယောက်က စမ်းသပ်ခေါ်ဆိုကြည့်ကြ ဘိပါလေတော့၏။

ပထမတစ်ယောက်က

“ဟောဗျာ... ကြည့်ပါဦး no answer တဲ့”

ဟုဆိုကာ သူ၏ဖုန်းကို ဒုတိယလူကို ထိုးပြ၏။ မှန်ပါသည်။ ဖုန်း မျက်နှာပြင်ပေါ်၌ no answer ဟူ၏။

တစ်ဖန် ဒုတိယလူက ပထမလူ၏ ဖုန်းကိုခေါ်ပြန်၏။ ဤတွင်လည်း...

“ဟောဗျာ... ဒါလည်း no answer တဲ့”

ဟုဆိုပြန်ကာ ဒုတိယလူက ပထမလူထံ သူ၏ဖုန်းကလေးကို ထိုး ပြ၏။ မှန်ပါသည်။ no answer ဟူ၍ပင်။

ဤ၌ နှစ်ဦးလုံးနှင့် ရင်းနှီးနေသော ကျွန်ုပ်က သူတို့၏အပါးတွင် ရှိနေသည်နှင့် ကြုံကြိုက်နေပေရာ အောက်ဖော်ပြပါအတိုင်း ဝင်၍ မိန့်ကြား လိုက်မိပါ၏။

“အဆွေတို့က လူရိုင်းတွေပဲဗျာ၊ တစ်ယောက်က ဖုန်းခေါ်နေတာ ကို တစ်ယောက်က ပြန်မဖြေကြဘူး၊ လွန်စွာမယဉ်ကျေးသော လုပ်ရပ်ပေပ”

ဤတွင်၌ နှစ်ဦးစလုံးက ပြုံးကြ၏။

သို့ကလို ရိုင်းသူတွေ မည်ရွေ့မည်မျှ ရှိနေကြဘိဟူသည်ကို ကျွန်ုပ် မသိနိုင်တော့ပါပေပြီ တမုံ့တကား။

ပေါ်ပြူလာ၊ ၂၂ - ၆ - ၂ဝ၁ဝ။

ဆရာဂျက်ကွမ်းခြံကုန်း၊ မသိရင် ခက်မယ်၊
စာမျက်နှာ ၇၉ - ၈၂။

စာရိုက် - စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်