7Day Daily ဆောင်းပါး ၅ ပုဒ်
7Day Daily နေ့စဉ်သတင်းစာရဲ့ Views & Opinions ကဏ္႑ထဲက ဆောင်းပါးရှင်ငါးဦးရဲ့ မျက်မှောက်ရေးရာ ဆောင်းပါးငါးပုဒ်ကို စုပေါင်းတင်ဆက်လိုက်ပါတယ်။
သတိ စနိုက်မကြော်ရ
••••••••••••••••••••••••
တင်ဇာဇော်
7Day Daily
Thursday, June 25, 2020 - 01:30
(ပုံစာ - စနိုက်ငှက်သည် လုံးဝကာကွယ်ထားသော တောရိုင်းတိရစ်ဆာန် ဖြစ်သည်။ ။ ဓာတ်ပုံ - နိုင်လင်း(WCS))
စနိုက်ကြော်စားရင်ထောင် ကျနိုင်တယ်ဆိုတာ သင်သိပါသလား။
စနိုက်ကြော်ဆိုလို့ လူစနိုက် ကြော်ကိုပြောတာလို့ မထင်လိုက် ပါနဲ့။ ဒီခေတ်မှာက ရည်းစားဖြတ် ခုတ်၊ ဖြတ်လုသွားတဲ့သူကိုလည်း စနိုက်ကြော်လို့ သွယ်ဝိုက်ပြီး သုံး နှုန်းလေ့ရှိတာကိုး။ အခုပြောတာ က နှုတ်သီးရှည်ရှည်၊ ချွန်ချွန်နဲ့ တကယ့် စနိုက်ငှက်ကြော်ကို ပြောတာပါ။
ခရီးသွားလာနေတဲ့ မိတ် ဆွေတွေအဖို့ ချိုးကြော်ရမယ်၊ စနိုက်ကြော်ရမယ်ဆိုပြီး အော် ရောင်းနေတာမျိုးကို ကြားဖူး၊ မြင် ဖူးကြမှာပါ။ တချို့ဆို ဘီယာလေးနဲ့တောင်တွဲပြီး မြည်းစမ်းချင် မြည်းစမ်းဖူးမှာ။
ဘုရားတွေ၊ ဈေးတွေနဲ့ လမ်းမကြီးဘေးတွေမှာ အဲဒီငှက် တွေကို အရှင်ရော၊ အသေပါ ပုံစံ မျိုးစုံနဲ့ ရောင်းနေလေ့ရှိတယ်။ ဒီ လိုရောင်းနေတာဟာ အခုမှ မဟုတ်ပါဘူး၊ အချိန်အတော်ကြာ ကတည်းက ရှိခဲ့တာပါ။ ဒါပေမဲ့ စနိုက်ငှက်ကို ဖမ်းပြီး ရောင်းချ၊ စားသောက်နေတာဟာ ထောင် ကျနိုင်တဲ့ပြစ်မှုကို ကျူးလွန်နေ တယ်ဆိုတာကိုတော့ ရောင်းတဲ့ သူရော စားတဲ့သူတွေပါ သိပ်မ သိကြပါဘူး။
ဘာကြောင့် ထောင်ကျနိုင် တာလဲဆိုတော့ ဥပဒေနဲ့ ငြိစွန်း နေလို့ပါ။ လွန်ခဲ့တဲ့ ၂ နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဇီဝမျိုးကွဲနဲ့ သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာ ကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ စနိုက်ငှက်ဟာ လုံးဝ ကာကွယ်ထားတဲ့ တောရိုင်းတိရစာၧန် ဖြစ်ပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံတစ် ဝန်းရှိနေတဲ့ တောရိုင်းတိရစာၧန်တွေကို အဆင့် သုံးဆင့်ခွဲပြီး ကာ ကွယ်ပေးထားတဲ့အကြောင်း အ နည်းငယ်ပြောပြချင်ပါတယ်။ ရှား ပါးပြီး မျိုးဆက်ပျက်သုဉ်းတဲ့ အန္တရာယ်ထဲ ကျရောက်နေရင် လုံးဝ ကာကွယ်ထားတဲ့ တောရိုင်းတိရစာၧန်၊ မျိုးဆက်ပျက်သုဉ်းမယ့် အန္တရာယ် ခြိမ်းခြောက်ခံနေရတာ ဆိုရင် သာမန်ကာကွယ်ထားတဲ့ တောရိုင်းတိရစာၧန်
အဖြစ် သတ် မှတ်ထားတယ်။ ဒါ့အပြင် မျိုး ဆက်ပျက်သုဉ်းတဲ့ အန္တရာယ် လည်းမရှိ၊ အရေအတွက်လည်း ပေါများနေတဲ့ မျိုးစိတ်တွေကို တော့ သဘာဝအတိုင်း ရှင်သန် ပေါက်ဖွားတဲ့နေရာမှာ ထိခိုက်မှု မရှိအောင်လို့ အချိန်ကာလနဲ့ ရာသီအလိုက် ကာကွယ်ထားတဲ့ တောရိုင်းတိရစာၧန်အဖြစ် ခွဲခြား ထားတယ်။
ကာကွယ်မှုတွေကို ကြည့် မယ်ဆိုရင် စနိုက်ငှက်က အမြင့်ဆုံးအဆင့် ကာကွယ်ထားတယ်ဆို တာ မြင်နိုင်ပါတယ်။ စနိုက်ငှက် မျိုးစိတ် ကိုးမျိုးအပါအဝင် တောရိုင်းတိရစာၧန် မျိုးစိတ် ၆၀၀ နီးပါး ဟာ လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရစာၧန် စာရင်းဝင်တယ်။
ဥပဒေမှာတော့ ရှားပါးပြီး မျိုးဆက်ပျက်သုဉ်းတဲ့ အန္တရာယ် ထဲရောက်နေတဲ့ တောရိုင်းတိရစာၧန်တွေကို အကောင်လိုက် တောင်မဟုတ်ဘဲ သူတို့ရဲ့အစိတ် အပိုင်း၊ ဆင့်ပွားထုတ်လုပ်ထားတဲ့ ပစ္စည်းကအစ ကာကွယ်ထား တယ်လို့ ရေးထားတယ်။ ဒါပေမဲ့ စနိုက်ငှက်အပါအဝင် တောရိုင်းတိရစာၦန်
တချို့ကတော့ ထူးခြား တဲ့ ဟင်းလျာအနေနဲ့ လမ်းဘေး ထမင်းဆိုင်ငယ်လေးကအစ စား သောက်ဆိုင်ကြီးတွေမှာပါရောင်း ချ၊ စားသောက်နေကြပါတယ်။
တချို့ဆို ဆိုင်ရှေ့မှာ ဘုတ် ထောင်ပြီး အထူးဟင်းလျာအနေနဲ့ တောင် ဂုဏ်ယူဝင့်ကြွားစွာ ရေး သားကြော်ငြာ ထားပါသေးတယ်။ အဲဒီလို ကြော်ငြာထားတဲ့ ဟင်း လျာစာရင်းတွေထဲမှာ လုံးဝကာ ကွယ်ထားတဲ့စာရင်းဝင် တောင်ဆိတ်နဲ့ တောကြောင်အမည်တွေ ကိုပါ တွေ့ရတတ်တယ်။
လုံးဝ ကာကွယ်ထားတဲ့ တောရိုင်းတိရစာၧန် မျိုးစိတ် ၉၀ ကို စီးပွားရေးအရ အလှပြဖို့၊ တိရစာၦန်ရုံနဲ့ မွေးမြူဖို့၊ အသား ထုတ်လုပ်ရောင်းချဖို့စတဲ့ တော ကောင်တစ်ကောင်းချင်းအလိုက် သီးသန့် ကန့်သတ်ချက်တွေနဲ့ အစိုးရက မကြာသေးခင်ကပဲ ခွင့် ပြုပေးခဲ့တယ်။ အဲဒီ စာရင်းထဲမှာ စနိုက်ငှက် လုံးဝ မပါပါဘူး။ တောင်ဆိတ်တို့၊ တောကြောင်တို့ ကတော့ တိရစာၦန်ဥယျာဉ်နဲ့ စီး ပွားဖြစ်ပြသဖို့ ခွင့်ပြုခဲ့ပေမယ့် သတ်ဖြတ်၊ စားသောက်ခွင့်တော့ မပေးထားပါဘူး။
သတ်မှတ်ချက်တွေနဲ့ ခွင့်ပြု ထားတဲ့စာရင်းမှာမပါဘဲ လုံးဝ ကာကွယ်ထားတဲ့ တောရိုင်းတိရစာၧန်ကို ပစ်ခတ်၊ ဖမ်းဆီးမယ်၊ ရောင်းဝယ်၊ စားသောက်မယ်ဆို ရင် အနည်းဆုံးထောင်ဒဏ် သုံး နှစ်ကနေ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးခံရမှာပါ။ ဒါ့အပြင် ငွေဒဏ်လည်း ချမှတ်ခံရ နိုင်ပါသေးတယ်။
ပြစ်ဒဏ်က အတော်များတဲ့ ပြစ်ဒဏ်မို့ ကျေးလက်ဒေသတွေ မှာ ဟင်းတစ်နပ်အတွက် ငှက်နဲ့ တောကောင်တချို့ကို ပစ်ခတ်၊ ဖမ်းဆီး၊ စားသောက်ရုံနဲ့ အဲဒီ လောက် ထောင်ချ၊ အပြစ်ပေး သင့်သလားဆိုတာမျိုး မေးခွန်း ထုတ်နေကြတာတွေလည်း ရှိပါ တယ်။ ဒီတောကောင်တွေကို ဘာကြောင့် ဥပဒေနဲ့ အမြင့်ဆုံးအ ဆင့် ကာကွယ်၊ စောင့်ရှောက်မှု ပေးထားရသလဲဆိုတာကို စနိုက် ငှက် နမူနာထား ပြောပြပါမယ်။
အလွယ်တကူ ဖမ်းဆီး၊ သတ်ဖြတ်၊ စားသောက်တဲ့ဒဏ် ခံနေရတဲ့ဒီငှက်ဟာ တခြားဒေသ ကနေ တကူတက ပျံသန်းရောက် ရှိလာတဲ့ ဆောင်းခိုငှက်ဖြစ်ပါ တယ်။ မြန်မာရဲ့ လုံးဝကာကွယ် ထားတဲ့ တောရိုင်းတိရစာၧန်
စာရင်း ဝင် စနိုက်ငှက် ကိုးမျိုးမှာ ရောင်စုံ စနိုက်တစ်မျိုးတည်းသာ ဒီနိုင်ငံ မှာ ဥအု၊ သားပေါက်တဲ့ ဌာနေ ငှက်ပါ။
ယူနိုက်တက်ကင်းဒမ်းရဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေး တကြီးလိုအပ်နေတဲ့ Amber List ငှက်စာရင်းမှာလည်း စနိုက်ငှက် ပါပါတယ်။ မျိုးစိတ်ပေါက်ဖွားမှု ဟာ လေးပုံတစ်ပုံကနေ ထက် ဝက်ခန့်အထိ ရာခိုင်နှုန်းကျဆင်း နေတဲ့အတွက် နိုင်ငံတကာမှာပါ အရေးတကြီး ကာကွယ်ထားတဲ့ မျိုးစိတ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ကြီး ကြီးမားမား ပြစ်ဒဏ်ပေးလို့ရတဲ့ ဥပဒေပြဋ္ဌာန်းထားပေမယ့်လည်း ရှားပါးပြီး မျိုးဆက်ပျက်သုဉ်းတဲ့ အန္တရာယ်ထဲကျနေတဲ့ တောရိုင်းတိရစာၧန်တွေဟာ အကာကွယ် ပေးမှုကို လျစ်လျူရှုခံနေကြရပါ တယ်။ ငှက်တွေကို ဆယ်စုနှစ် တစ်ခုကျော်ကြာ စောင့်ကြည့်လေ့ လာနေတဲ့ မြန်မာငှက်နဲ့ သဘာဝ ဝန်းကျင်ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင်က တော့ စနိုက်ငှက်တွေကို ဖမ်းလို့၊ ရောင်းလို့ ဖမ်းဆီး၊ အရေးယူတာ မျိုး ထိထိရောက်ရောက်လုပ်တာ မတွေ့ဖူးဘူးလို့ ပြောပြတယ်။
ထိန်းသိမ်းစောင့်ရှောက်မှု မပေးဘဲ လျစ်လျူရှုထားရင်၊ စီး ပွားဖြစ် ထုတ်ယူသုံးစွဲတာတွေ များလာရင် တစ်နေ့ သူတို့တွေ မျိုးသုဉ်းပျောက်ကွယ်သွားကြမှာပါ။ ရှေးမှာလည်း မျိုးသုဉ်းပျောက် ကွယ်သွားတဲ့ တိရစာၦန် မျိုးစိတ် နမူနာတွေ ရှိခဲ့တယ်။ မျိုးစိတ်တွေ လျော့နည်း၊ ပျက်သုဉ်းလာတာ ဟာ ဂေဟစနစ်ကို ပျက်စေပါ တယ်။ ဂေဟစနစ်ပျက်ရင် ဘာ တွေဖြစ်နိုင်သလဲဆိုတာ မိတ်ဆွေ တို့ကို မြင်သာတဲ့ နမူနာလေးတစ် ခုပြောပြပါမယ်။
နာဂစ်မုန်တိုင်းအပြီး ဧရာ ဝတီတိုင်းဘက်က စပါးခင်းနဲ့ သီး နှံခင်းတွေမှာ ကြွက်ကျလို့ စိုက် ပျိုးသီးနှံတွေ ပျက်ခဲ့တဲ့သတင်း တွေ ဖတ်ဖူးကြမှာပါ။ ကြွက်တွေ ကို စားလေ့ရှိတဲ့ မြွေတွေဟာ မုန် တိုင်းကြောင့် သေသွား၊ ရှားပါး သွားတဲ့အခါမှာ ကြွက်တွေပေါ လာခဲ့တယ်။ ရှိသင့်တာထက်ပို လာတဲ့ ကြွက်တွေကို ထိန်းညှိပေး မယ့်စနစ်တစ်ခု မရှိတဲ့အခါမှာ စိုက်ပျိူးရေးလုပ်ငန်းကို ဒုက္ခပေး တော့တာပါပဲ။
မျိုးစိတ်တစ်ခု ပျောက်ကွယ် သွားတာဟာ တခြားမျိုးစိတ်တွေ အပေါ်လည်း သက်ရောက်မှုရှိတာ မို့ ရှားပါးပြီး ပျောက်ကွယ်သွား တော့မယ့် အန္တရာယ်ရှိနေပြီလို့ ပြောလာတဲ့ တောရိုင်းတိရစာၧန် တွေကို လက်လွတ်စပယ် ဖမ်း ဆီး၊ စားသောက်တာမျိုး မလုပ်မိ အောင် သတိထားဖို့လိုပါတယ်။ ရောင်းချနေတာ တွေ့ရင်လည်း ဒါဟာ ဥပဒေနဲ့ မလွတ်ကင်းပါ လားဆိုတာ သတိချပ်စေချင်ပါ တယ်။
မိတ်ဆွေတို့ကို ထပ်သတိ ပေးပါမယ်၊ စနိုက်မကြော်ကြ ပါနဲ့။
(မတင်ဇာဇော်သည် ရန်ကုန်သတင်းစာပညာကျောင်း၏ သင်တန်းဆရာမတစ်ဦးဖြစ်ပြီး သတင်းစာဆရာမတစ်ဦးဖြစ်ပါသည်)
_________________________
အင်တာနက်သည် လိုအပ်ချက်
••••••••••••••••••••••••••••••
ဟန်ဇော်
7Day Daily
Friday, June 26, 2020 - 01:30
(ပုံစာ - အင်တာနက်ဖြတ်တောက်ခံထားရသော မင်းပြားမြို့နယ်ရှိကျိန်းတောင်ပေါ်တွင် အင်တာနက်ရ၊ မရ စမ်းသပ်အသုံးပြုနေသောဒေသခံအချို့ကို ၂၀၁၉ ဇွန်လကတွေ့ရစဉ်။ ။ ဓာတ်ပုံ-စောမိုးကျော်)
အင်တာနက်လက်လှမ်းမီရေးနှင့်ကောင်းမွန်မှန်ကန်စွာ အသုံးပြုနိုင်ရေးသည် လူတိုင်း၏ အ ခြေခံရပိုင်ခွင့်တစ်ခုအဖြစ်လည်း ကောင်း၊ နေ့စဉ်ဘဝအတွက် လို အပ်ချက် တစ်ခုအဖြစ်လည်း ကောင်း ယနေ့ကမ်ဘာတွင် ဖြစ်လာ သည်။ ဒစ်ဂျစ်တယ်အသုံးအ ဆောင်တစ်ခုကို လူတစ်ဦးသည် အနည်းဆုံးပိုင်ဆိုင်နေရန် လိုအပ် လာသည်။ အင်တာနက်အသုံး ပြုခြင်းဆိုသည်မှာ ဖေ့စ်ဘွတ်ခ်ကဲ့ သို့လူမှုကွန်ရက်တစ်ခုကို အသုံး ပြုခြင်းသက်သက်ဟု မဆိုနိုင်ပါ ဘဲ နိုင်ငံအတွင်းအပြင် အစည်းအ ဝေးကြီးများကအစ ရောင်းရေး ဝယ်ရေးကိစ္စအလယ်နှင့် ပညာ သင်ကြားရေးအပါအဝင် နေ့စဉ် လူမှုဘဝအတွင်း မိသားစုရေးရာ ကိစ္စများတွင်ပါ အရေးပါလာ သည်မှာ သိသာထင်ရှားလာခဲ့ သည်။ ယင်းအချက်ကို အထင် အရှားသက်သေပြနိုင်သည်မှာ ကို ဗစ်-၁၉ ဖြစ်သည်။ လူငယ်နှင့် လူလတ်ပိုင်းတို့၏ ကိစ္စအဖြစ် တစ်ချိန်က တွေးမှတ်ထားသော အင်တာနက်အသုံးပြုခြင်းကိစ္စ သည် လူကြီးသူမများ၏ အနီး အပါးကိုပါ ရောက်ရှိလာသည်။ ထိုအခြေအနေကို အွန်လိုင်းနှင့် အော့ဖ်လိုင်းဟူ၍ ခွဲခြားမရနိုင် တော့သည့်အခြေအနေဟု သုံး သပ်၍လည်း ပြောဆိုလာကြ သည်။
၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၁ ရက်တွင် ဒစ်ဂျစ်တယ်ပူးပေါင်း ဆောင်ရွက်ခြင်းလမ်းပြမြေပုံ(Roadmap for Digital Cooperation)ကို ကမ်ဘာ့ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးက တင်ပြလာ သည်။ ကမ်ဘာကြီးသည် ဒစ်ဂျစ် တယ်ခေတ်သို့ အလျင်အမြန် ပြောင်းလဲနေကြောင်း၊ ပြောင်းလဲ ခြင်းနှင့်အတူ ဒစ်ဂျစ်တယ်အသုံး ပြုခြင်းဆိုင်ရာ ခွဲခြားခြင်းများ လည်းရှိကြောင်း၊ ဆိုက်ဘာတိုက် ခိုက်ခြင်း၊ အွန်လိုင်းအခြေပြု လူ့ ရပိုင်ခွင့်ချိုးဖောက်ခံရခြင်း အစရှိ သည်တို့မှာလည်း ဆိုးကျိုးများအ နေဖြင့် ပါဝင်လာကြောင်းနှင့် ကမ်ဘာကြီးအတွင်းမှ မညီမျှမှုများ သည် ဒစ်ဂျစ်တယ်ကမ်ဘာတွင် ကြီးထွားလာနေကြောင်းတို့ကို အ စီရင်ခံစာအကြောင်း တင်ပြရာ တွင် ထည့်သွင်းပြောဆိုထားသည်။ ဒစ်ဂျစ်တယ်ပူးပေါင်း ဆောင်ရွက်ခြင်းလမ်းပြမြေပုံ(Roadmap for Digital Cooperation) ၌ ၂၀၃၀ ပြည့်နှစ်တွင် ကမ်ဘာလုံးအတိုင်းအတာဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်ရေး၊ လူတိုင်းအညီအမျှ ဒစ်ဂျစ် တယ်ထုတ်ကုန်များ အသုံးပြုနိုင် ရေး၊ ကျားမနှင့်လိင်ဝိသေသကွဲပြားသူများ၊ မသန်စွမ်းသူများ၊ အင်အားနည်းပါးသော အစုအဖွဲ့များအပါအဝင် လူတိုင်း၏ ဒစ်ဂျစ်တယ်ပါဝင်နိုင်မှု သေချာစေနိုင်ရေး၊ ဒစ်ဂျစ်တယ်စွမ်းဆောင်နိုင်ရည် မြှင့်တင်မှုခိုင်မာစေရေး၊ ဒစ်ဂျစ်တယ်ခေတ်အတွင်း အခြေခံလူ့ရပိုင်ခွင့်များကို ရရှိနေစေရန် အာမခံနိုင်ရေး၊ ဒစ်ဂျစ်တယ်လုံခြုံဘေးကင်းရေးနှင့် ကမ်ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်ရေး အစရှိသည့်အကြောင်းအရာနယ်ပယ် ရှစ်ခုကိုလွှမ်းခြုံနိုင်ရေးများ ပါဝင်သည်။
ထို့အတူ ယူနက်စကိုမှ ထုတ်ပြန်ထားသည့် ကမ်ဘာလုံး ဆိုင်ရာ အင်တာနက်အညွှန်း ကိန်း(Internet Universality Indicators, IUIs) တွင် လူတိုင်းအင် တာနက်လက်လှမ်းမီအသုံးပြုနိုင် ရေးကို ညွှန်းကိန်းများဖြင့် တင်ပြ ထားသည်။ ယင်းတွင် အင်တာ နက် ချိတ်ဆက်အသုံးပြုနိုင်ရေး ကိစ္စများအပါအဝင် တန်းတူညီမျှ ရေးကိစ္စများကိုပါ ထည့်သွင်းဖော် ပြထားသည်။ မြို့ပြဖြစ်စေ၊ ကျေး လက်ဖြစ်စေ တူညီသော အင်တာ နက်သုံးခွင့်ရှိစေရေး၊ လိင်စိတ်ခံ ယူမှုဝိသေသ ကွဲပြားသူများနှင့် မသန်စွမ်းသူများလည်း အင်တာ နက်အသုံးပြုနိုင်မှု လက်လှမ်းမီ ရေး၊ ဒေသတွင်းအကြောင်းအရာ၊ ဒေသသုံး ဘာသာစကားတို့ဖြင့် အင်တာနက်အသုံးပြုနိုင်ရေး အစ ရှိသည်တို့ကို တိုင်းတာညွှန်းထား သည်။ ယူနက်စကို၏ မီဒီယာဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ ညွှန်း ကိန်းတွင်လည်း အင်တာနက်ဆင် ဆာဖြတ်တောက်ခြင်း၊ ဝဘ်က် ဆိုက်များကို ပိတ်ပင်တားဆီးခြင်း နှင့် အွန်လိုင်းမှတစ်ဆင့် ထုတ် ဖော်ပြောဆိုကြသည်များကို ကန့် သတ်ထိန်းချုပ်ခြင်း မရှိစေရေးကို ဖော်ပြထားသည်။
ထိုသို့ ကမ်ဘာလုံးဆိုင်ရာကိစ္စ ကြီးတစ်ရပ်အနေဖြင့် အင်တာ နက်နှင့် ဒစ်ဂျစ်တယ်လက်လှမ်းမီ ရေးကိစ္စကို လူတိုင်းအတွက် အ ခြေခံလိုအပ်ချက်ဟု ဆိုနေသည့် တိုင်အောင် အင်တာနက်ကို လူ တိုင်းက အသုံးပြုမပြုနိုင်သေးပါ။ ထို့အတူ အသုံးပြုနိုင်ရန် စီမံ ဆောင်ရွက်ထားပြီးကာမှ တား ဆီးပိတ်ပင် ကန့်သတ်ထားခြင်း ကြောင့် အင်တာနက်ကို လက် လှမ်းမမီ ဖြစ်နေရသောသူများ လည်းရှိနေပြန်သည်။ ဒစ်ဂျစ် တယ်ရပိုင်ခွင့်များကို အလေးပေး ဆောင်ရွက်နေသည့် Access Now ၏ ထုတ်ဖော်ပြောဆိုမှုများ အရ အင်တာနက်ဖြတ်တောက် ပိတ်ပင်မှု အရေအတွက်သည် ကမ်ဘာပေါ်တွင် တိုးပွားလျက် ရှိသည်။ ယင်းတို့၏ ၂၀၁၉ ခုနှစ် စာရင်းများအရ အင်တာနက်ဖြတ် တောက်ပိတ်ပင်မှုသည် နိုင်ငံအ ရေအတွက်အားဖြင့် ၃၃ နိုင်ငံရှိ ပြီး မှတ်တမ်းပြုစုထားနိုင်သည့် အင်တာနက်ဖြတ်တောက်ပိတ် ပင်မှုမှာ အရေအတွက်အားဖြင့် ၂၁၃ ကြိမ်ရှိကြောင်း သိရသည်။ ယင်းစာရင်းများတွင် မြန်မာနိုင်ငံ လည်း ပါဝင်နေသည်။ မြန်မာနိုင် ငံဒေသအချို့တွင် အင်တာနက် ဖြတ်တောက်ပိတ်ပင်မှုကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်တွင် စတင် ဆောင်ရွက်ခဲ့သည်။ ယခုလ ၂၁ ရက်တွင် အင်တာနက်ဖြတ် တောက်ပိတ်ပင်မှုသည် တစ်နှစ် တိတိ ပြည့်မြောက်မည်ဖြစ်သည်။ ယင်းအခြေအနေသည် ကမ်ဘာ ပေါ်တွင် အကြာဆုံးအင်တာနက် ဖြတ်တောက် ပိတ်ပင်မှုအဖြစ် မှတ်တမ်းဝင်စေမည့်အခြေအနေ လည်း ဖြစ်နေသည်။ ထိုသို့ အင်တာနက် ဖြတ်တောက်ပိတ်ပင်ထားခြင်းကြောင့် ပဋိပက္ခဒေသများရှိ အရပ်သားများကို ထိခိုက် ခဲ့ကြောင်း၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှု များပေးပို့ခြင်းနှင့်လူ့အခွင့်အရေး စောင့်ကြပ်ကြည့်ရှုမှုအပေါ်လည်း ထိခိုက်ခဲ့ကြောင်း လူ့ရပိုင်ခွင့် စောင့်ကြည့်သူများအဖွဲ့(Human Rights Watch)က အင်တာနက် ဖြတ်တောက်ပိတ် ထားခြင်းအဆုံး သတ်ရန် အစိုးရထံတောင်းဆို သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။ ထို့အတူ ကုလသမဂ္ဂလူ့ရ ပိုင်ခွင့်ကော်မရှင်ကလည်း အင် တာနက်နှင့် တယ်လီဖုန်းဆက် သွယ်ရေး ပိတ်ထားမှုများအားလုံး အဆုံးသတ်ရန် အစိုးရများအား လုံးကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၇ ရက်ကတည်းက တောင်း ဆိုထားသည်။
အရပ်ဘက် လူမှုအဖွဲ့အ စည်းများ၏ ထောက်ပြပြောဆိုမှု များတွင် အစိုးရသည် အင်တာနက် ပိတ်ပင်ဖြတ်တောက်မှုအတွက် လူထုကို တင်ကြိုအသိပေး ခြင်းမရှိကြောင်း၊ လုံခြုံရေးအ ကြောင်းပြကြောင်း၊ ကမ်ဘာ့ကပ် ရောဂါကို ရင်ဆိုင်နေရသည့်ကာ လဖြစ်သဖြင့် ယင်းနှင့်ပတ်သက် သည့် ကျန်းမာရေးဆိုင်ရာအချက် အလက်များနှင့်ရပိုင်ခွင့်များ ဆုံး ရှုံးနေရကြောင်းနှင့် ဒေသခံများ၏ စီးပွားရေး၊ ဆက်သွယ်ရေးနှင့် ပညာရေးကိစ္စများတွင်လည်း ထိ ခိုက်နစ်နာနေရကြောင်းတို့လည်း ပါဝင်သည်။ ထို့အတူ အင်တာ နက် ဖြတ်တောက်ပိတ်ပင်ခြင်း သည် နိုင်ငံသားချင်း တန်းတူအ ခွင့်အရေး မရရှိခြင်းဖြစ်ပြီး ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကို ထိ ခိုက်စေနိုင်ကြောင်း ရခိုင်ပြည် နယ်လွှတ်တော်ဥက္ကဠက ထုတ် ဖော်ပြောဆိုထားသည်ကို ဧရာ၀တီသတင်းဌာန၏ ၂၀၂၀ ပြည့် နှစ် နှစ်ဆန်းပိုင်းက သတင်းတစ် ပုဒ်တွင်ဖော်ပြထားသည်။ 7Day သတင်းဌာန၏ ၂၀၂၀ ပြည့်နှစ် မေလ ၃ ရက် သတင်းဖော်ပြချက် အရ ဆက်သွယ်ရေးညွှန်ကြားမှုဦး စီးဌာနသည် မောင်တောမြို့နယ် ကို မိုဘိုင်းအင်တာနက်အသုံးပြု ခွင့်ပြန်လည်ပေးအပ်ရန် အော်ပ ရေတာများကို ညွှန်ကြားခဲ့သော် လည်း ဘူးသီးတောင်၊ ရသေ့ တောင်၊ မြေပုံနှင့်ပလက်ဝမြို့နယ် တို့ကို ၂၀၂၀ ဩဂုတ် ၁ ရက်အထိ မိုဘိုင်းအင်တာနက်လိုင်း ဆက် လက်ပိတ်ထားရန် ညွှန်ကြားခဲ့ သည်ဟု သိရသည်။
မြန်မာနိုင်ငံဒေသအချို့ကို အင်တာနက်ပိတ်ပင် ဖြတ် တောက်ထားနိုင်ခြင်းသည် တည် ဆဲဥပဒေ အကျပ်အတည်းကြောင့် လည်းဖြစ်သည်။ ဆက်သွယ်ရေး ဥပဒေ(၂၀၁၃)၊ ပုဒ်မ - ၇၇ တွင် ဝန်ကြီးဌာနသည် အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ရန် အခြေအနေပေါ်ပေါက်သည့်အ ခါ အစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းအား ယာယီရပ် ဆိုင်းရေး၊ ဆက်သွယ်မှုအမျိုး အ စားတစ်ရပ်ရပ်ကို မပြုလုပ်ရေး၊ တားဆီးထိန်းသိမ်းထားရှိရေး၊ လို အပ်သည့် သတင်းအချက်အ လက်နှင့် ဆက်သွယ်မှုများကို ရ ရှိနိုင်ရေး၊ ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းများနှင့် ဆက် သွယ်ရေးပစ္စည်းများကို ယာယီ ထိန်းချုပ်သုံးစွဲရေးတို့အတွက် လုပ်ငန်းလိုင်စင်ရရှိသူအား ညွှန် ကြားနိုင်သည်ဟု ဖော်ပြထား သည်။ ယင်းပုဒ်မ - ၇၇ ကို လိုက် နာနိုင်ရန် လိုင်စင်ရသူသည် ကြို တင်စီမံထားရမည်ဟု ပုဒ်မ - ၇၈ တွင် ပြဋ္ဌာန်းထားပါသည်။ ဆက် သွယ်ရေးဥပဒေ (၂၀၁၃)သည် ၆၆(ဃ)အဖြစ် အရပ်ဘက်တွင် ထင်ရှားသည့် တည်ဆဲဥပဒေတစ် ရပ်လည်းဖြစ်သည်။ ယင်းဥပဒေ ဖြင့် အင်တာနက်ပိတ်ပင်ဖြတ် တောက်ခြင်းများကို စီမံနေနိုင် ခြင်းဖြစ်သည်။ ထို့ကြောင့် လူ့ရ ပိုင်ခွင့်၊ ဒစ်ဂျစ်တယ်ရပိုင်ခွင့်နှင့် လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်အရေး လှုပ်ရှားသူများ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များသည် ဆက်သွယ်ရေးဥပဒေ (၂၀၁၃)ကို ပြင်ဆင်နိုင်ရေးအ တွက် တိုက်တွန်းနှိုးဆော်တောင်း ဆိုနေကြခြင်းဖြစ်သည်။
ကိုဗစ်အလွန်ကာလ၏ လူမှု ရေးသက်ရောက်မှုများကို မိမိတို့ အနေဖြင့် နားလည်စပြုလာ ကြောင်း၊ ပြန်လည်ထူထောင်ရေး နှင့် တည်ဆောက်ရေးကိစ္စများ တွင် ဒစ်ဂျစ်တယ်နည်းပညာသည် အဓိကကျနေပြီး ယခင်ကထက် ပိုမိုအရေးပါလာပြီ ဆိုသည်မှာ သေချာနေပြီဖြစ်ကြောင်း ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် အန်တိုနီယို ဂူတာရက်စ်က အတိအလင်းဆိုထားသည်။ အင် တာနက်သည် ဇိမ်ခံပစ္စည်း မဟုတ်ဘဲ လိုအပ်ချက်တစ်ခုဖြစ် သည်ဟု အမေရိကန်သမ္မတ ဟောင်း ဘားရက်အိုဘားမားက ၂၀၁၅ ခုနှစ်တွင် ပြောခဲ့ဖူးသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို ကိုယ်တိုင်အသုံးပြု၍ အများပြည် သူဖြင့် တိုက်ရိုက်ထိတွေ့လာခြင်း မှာလည်း လိုအပ်ချက်ကို ဖြည့် ဆည်းခြင်းဖြစ်သည်။ လိုအပ် ချက်များကို ဖြည့်ဆည်းရန် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည် အင် တာနက်ကို အသုံးပြုရသည်။ လူ တိုင်း အင်တာနက်သုံးနိုင်ရေးအ တွက် ဖြည့်ဆည်းပေးရန် အင်တာ နက်ဖြတ်တောက်ပိတ်ပင်မှုများ ကို ပြန်လည်သုံးသပ်သင့်သည်။ လူတိုင်းအင်တာနက်လက်လှမ်း မီနိုင်ရေးကိစ္စကိုလည်း အလေး ထားစဉ်းစားသင့်သည်။
(ဆောင်းပါးရှင် ဟန်ဇော်သည်စာရေးဆရာ၊ အယ်ဒီတာတစ်ဦးဖြစ်သည်။)
_________________________
ရွေးကောက်ပွဲကာလ တစ်နပ်စားဉာဏ်
••••••••••••••••••••••••••••••••••••
လင်းဆက်ငြိမ်းချမ်း
7Day Daily
Wednesday, June 24, 2020 - 01:30
ပြီးခဲ့သည့် တစ်ပတ်၊ ၁၀ ရက်ခန့်က လူမှုကွန်ရက်ပေါ် ပို့စ် တစ်ခုကို ဖတ်လိုက်ရသည်။ NLD သာ ဆက်အာဏာရလျှင် ဘုရား စင်ပျောက်မည်ဆိုလား၊ ဘာသာ ပျောက်သွားမည်ဆိုလား။ ကျွန် တော့် Friends ထဲမှ တစ်ယောက် က ထိုပို့စ်ကိုရှဲပြီး ဟားထားသဖြင့် မြင်မိခြင်းဖြစ်သည်။ မူရင်းပို့စ်ပိုင် ရှင်ကို ကြည့်လိုက်တော့ ပါတီ ကြီးတစ်ခု၏ ယူနီဖောင်းဝတ်ဆင်ထားသူ။ ဇာတ်လမ်းကတော့ စပြီဆိုသည့်သဘောများလား။
ဇာတ်လမ်းက ဘယ်လို ဇာတ်လမ်းမျိုးလဲဆိုတော့ လူမျိုး ဘာသာ အသုံးချနိုင်ငံရေး။ လူမျိုး ဘာသာဆိုတာက ဆူလွယ်ပွက် လွယ် ရင်ခုန်လွယ်ပြီး ပြောရဟော ရစည်းရုံးရ လွယ်ကူတာကြောင့် တစ်နပ်စားနိုင်ငံရေး ဉာဏ်ရည် သာရှိသူတို့ အကြိုက်တွေ့ကြ ခြင်းဖြစ်သည်။
ဖဆပလခေတ်ကတည်းက ရှိခဲ့သည်။ ဗုဒ္ဓဘာသာကို နိုင်ငံ တော်ဘာသာအဖြစ် ပြဋ္ဌာန်းပေး မည်ဆိုတာမျိုး။ အာဏာရှင်များ လက်ထက်ရောက်တော့ ပြည်သူ့ ဘဏ္႑ာနှင့်မဏ္႑ပ်တိုင်တက်ပြကာ ဘုရားတွေ တည်လိုက်ကြတာက အမော။ ပဒေသရာဇ်ခေတ်ဘုရင် များလို ဘုရားဒကာ၊ သာသနာပြု မင်း စသည်ဖြင့် နာမည်တွင်ရစ် ချင်တာလည်းပါသည်။ ပြီးတော့ ထေရဝါဒနှင့် မသက်ဆိုင်သော ယတြာတွေ၊ ဘာတွေလုပ်တာ လည်းပါသည်။ ယတြာဆိုတာက ကိုယ်ကျိုးစီးပွားအတွက် လုပ် သည့်ကိစ္စ။ ကိုယ့်အကျိုးစီးပွားဆို တာကြီးထဲတွင် ပြည်သူ၏ လည် မျိုကို ဓားထောက်လုယက်ထား သောအာဏာ ပြည်သူ့ထံ ပြန် မရောက်ရေးသည်အဓိက။
ထိုသို့ ဗုဒ္ဓဘာသာကို ကိုယ် ကျိုးစီးပွားအတွက် အသုံးချ ကိုး ကွယ်ခြင်းကြောင့်ပင် သူတို့အာ ဏာကို ထိပါးလာသည်ဟုယူဆ သော ရွှေဝါရောင်တော်လှန်ရေး ကာလ၊ သံဃာတော်များကို ကြိုး တုပ်ရိုက်ဖို့ရာလည်း ဝန်မလေး၊ သူတို့ကိုတော်လှန်လျှင် သံဃာ ဟုပင်မမြင်ဘဲ နှိပ်စက်ညှဉ်းပန်း အကျဉ်းစခန်းပို့ခဲ့ခြင်းဖြစ်သည်။
ပြီးတော့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ကမ်ဘာမှာ မြန်မာကွဟု လက်သီးလက် မောင်းတွေတန်းကာ ကမ်ဘာ့အ ဆင်းရဲဆုံးနိုင်ငံစာရင်းဝင် နွံထဲ တွင် လှုပ်တိုင်းကိုမြုပ်လို့။ မိုက် ခွက်ကြီးရှေ့ ရောက်ပြီဆိုလျှင် ကိုယ့်လူမျိုးကိုယ် သူမတူအောင် ချစ်ကြောင်း ရင်ဘတ်ကြီးပုတ်၊ ပုတ်ပြရတာလည်းမောလို့။ ပုံ တောင်ပုံညာ၊ ပရိုင်းမိတ်ရုပ်ကြွင်း တွေအကြောင်းရောက်တော့ လူ သားအစ မြန်မာကဟု မရှက်မ ကြောက် အတည်ပေါက်ပြော ဟောလို့။ တိုင်းပြည်ကို သူတို့က အသက်ပေး ကာကွယ်နေတာ ဆိုတော့ သူတို့လောက်တိုင်းပြည် ကိုချစ်တဲ့သူမရှိဟု သူတို့ ဘာသာ ဖွင့်ဆိုထားသော သီအိုရီဖြင့် မာန်လည်း တက်ကြသေးပြန် သည်။
ဒီလောက် အမျိုးချစ်လှပါ သည်ဆိုသော မျိုးချစ်ပုဂ္ဂိုလ်ကြီး များက သူတို့လုယက်ထားသော အာဏာကို ထိပါးလာသည်ဟုမြင် ရော လက်ချည်းဗလာဖြင့် ကိုယ့် လူမျိုးများကိုပင် ကျည်ဆန်စာ ကျွေး သတ်ပစ်တော့သည်။ အ ကျဉ်းစခန်းများသည် သူတို့အာ ဏာကို ကာကွယ်သည့်လက်နက် များဖြစ်လာသည်။
နည်းနည်းတော့ ကြာခဲ့ပြီ။ အဘတို့သည်သာ ကိုးကွယ်ရာဆိုသည့် ကျွန်တော့်မိတ်ဆွေ အ ကောင်သေးသေးမွှားမွှား အဘ လေးတစ်ဦးနှင့် ညနေခင်းတစ်ခု တွင် စိတ်အေးလက်အေး ဆုံခဲ့ ဖူးသည်။ သူကထုံးစံအတိုင်းအဘ တို့၏ တိုင်းပြည်ချစ်စိတ်အ ကြောင်း လက်ချာရိုက်သည်။
‘‘တိုင်းပြည်ကို ချစ်တယ်ဆို ရင် တိုင်းပြည်အတွက် အနစ်နာခံ ရမှာပေါ့။ အခုတော့ မင်းအဘ တွေက ဘဝပေါင်း ၅၀ လောက် စားမကုန်လောက်အောင် တိုင်း ပြည်ဘဏ္႑ာကို နည်းပေါင်းစုံနဲ့ ဘာလို့ အိတ်ထဲထည့်နေတာလဲ’’ ဟု ကျွန်တော်က မေးလိုက်တော့ အဘတို့လမ်းစဉ်အတိုင်း ကြီးပွား နေသော ကျွန်တော့်မိတ်ဆွေခမျာ ထစ်အလို့။
‘‘မင်းကတော့ အခုချိန်ထိကို အဆိုးမြင်ဝါဒီဖြစ်နေတုန်းပဲ’’ တဲ့။
သြော် အမှန်ကိုပြောမိတော့ ကျွန်တော့်မှာ (၄၀)ကျော်အရွယ် ထိပင် အဆိုးမြင်ဝါဒီသမုတ်ခံရ။ ကျွန်တော် မတတ်နိုင်သော ကျွန် တော့်ဘဝပေးဟု ဆိုရမည်လား မသိ။ ထားတော့။
ဖဆပလခေတ်တွင်ရော အာဏာရှင်ကြီးများခေတ်တွင်ပါ ဘာသာတရားကို သူတို့အာဏာ အတွက် အသုံးချခဲ့ခြင်းမျိုးရှိခဲ့ သော်လည်း တစ်ဖက်သားအပေါ် လူမျိုးဘာသာအကြောင်းပြုတိုက် ခိုက်ခြင်းမျိုးက ထုနဲ့ ထည်နဲ့မရှိ ခဲ့ပေ။
၁၉၉၀ ပြည့်နှစ်ရွေးကောက် ပွဲဆိုလျှင် မဆလတစ်ဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီသည် လူမျိုးဘာသာအ သုံးချနိုင်ငံရေးမျိုးဖြင့် လူထုကို စည်းရုံးခြင်းမရှိဘဲ ရိုးသားစွာ ရှုံးနိမ့်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အာဏာရှင်လက်ထက်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သော်လည်း လွတ်လပ်မျှတသော ရွေးကောက်ပွဲအဖြစ် ဂုဏ်သတင်းမွှေးခဲ့သည်။
အာဏာရှင်လက်ထက် ဒုတိယအကြိမ်ပြုလုပ်သော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကျတော့ မပြိုင်ခင်ကတည်းက ပြည်ခိုင်ဖြိုး နိုင်ပြီးသားရွေးကောက်ပွဲ။ ထို့အ ပြင် မည်သူက မည်သည့်ရာထူးယူ ဟူ၍ အာဏာရှင်ကြီးက ခွဲတမ်း ချပြီးသား။ ပြောရလျှင် စစ်အစိုးရ မှသည် ပြည်ခိုင်ဖြိုးပါတီဆီသို့ အာဏာလွှဲခြင်းကို အများအမြင် ကောင်းအောင် ရွေးကောက်ပွဲပြု လုပ်ပေးလိုက်သည့် သဘောဖြစ် သည်။ ထိုသို့သော ရွေးကောက်ပွဲ ပေမို့ ကျွန်တော်တို့ မီဒီယာများ ရွေးကောက်ပွဲ သတင်းယူတာ တောင် ခိုးကြောင်ခိုးဝှက်သတင်း ယူရသလို စာပေကင်ပေတိုင်အ ဖွဲ့က ခုတ်ထစ်ပြီးမှ စာမျက်နှာ ပေါ်တင်ခွင့်ရခဲ့သည်။ ထိုသို့ ချည် ပြီးတုပ်ပြီးသားရွေးကောက်ပွဲတွင် တောင် ကြိုတင်မဲက ကမ်ဘာကျော် သွားသေးသဖြင့် ပါးစပ်အ ဟောင်းသားဖြစ်ရသေးသည်။
နောက်ထပ် ၂၀၁၅ ရွေး ကောက်ပွဲ ထပ်လာသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြိုတင်မဲ ပြဿနာမရှိ။ မဲမသမာမှုများမရှိ။ ပြည်တွင်းနေ မဲပေးခွင့်ရှိသူတော် တော်များများ လွတ်လပ်စွာမဲပေး ခွင့်လည်းရှိ၊ မီဒီယာများနှင့် ရွေး ကောက်ပွဲ စောင့်ကြည့်အဖွဲ့များ ရှေ့ အရှုပ်အရှင်းကင်းစွာဖြင့် ကျင်းပခဲ့သော ရွေးကောက်ပွဲဖြစ် သည်။ ယင်းအချက်များအပေါ် အခြေခံကာ ရွေးကောက်ပွဲကော် မရှင်သည် လွတ်လပ်မျှတသော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင် ခဲ့ကြောင်း တချို့ကအကဲဖြတ်ကြ သည်။
ကျွန်တော်ကတော့ ထိုသို့ လက်မခံ။ အာဏာရပါတီအနိုင်ရ ရှိရေးအတွက် လူမျိုးဘာသာမှိုင်း တိုက်ခဲ့ကြရုံတင်မက အခြေအ မြစ်မရှိသော လူမျိုးဘာသာစွပ် စွဲချက်များဖြင့် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို ဗြောင်ကျကျထိုးနှက်ခဲ့သည်။ ယင်းသို့သော လူမျိုးဘာသာမှိုင်း တိုက်ထိုးနှက်မှုများမှာ ရွေး ကောက်ပွဲ စည်းရုံးရေးကာလ မတိုင်ခင်ကတည်းက ဖြစ်ပြီး ယင်းအပေါ် အာဏာပိုင်များက ရော ရွေးကောက်ပွဲကော်မရှင်ပါ မမြင်ချင်ယောင် ဆောင်နေခြင်း သည် ဘယ်လိုတရားမျှတသော ရွေးကောက်ပွဲလဲဟု မေးခွန်း ထုတ်ရပေတော့မည်။
အခုဝရမ်းပြေးဖြစ်နေသော ဦးဝီရသူဆိုလျှင် သူထောက်ခံ သောပါတီ အနိုင်ရရှိရေးအတွက် လူမျိုးဘာသာ မှိုင်းတိုက်ခြင်းများ စွာဖြင့် ဗြောင်လှုံ့ဆော်ခဲ့သလို နိုင်ငံအနှံ့ပြုလုပ်ခဲ့သော မျိုးစောင့် ဥပဒေအောင်ပွဲခံ တရားပွဲများ သည် လူမျိုးဘာသာအသုံးချ ပြည်ခိုင်ဖြိုးအနိုင်ရရေးကို ဦး တည်ခဲ့သည်။ အမတ်လောင်းများ စွာ၏ စည်းရုံးရေးမိန့်ခွန်းများ သည်လည်း နိုင်ငံရေးစကား မပြောတတ်သဖြင့် ရင်ဘတ်ကြီး ကော့ကာ၊ ကော့ကာဖြင့် အမျိုး ချစ်ပြခဲ့သည်။ သူတို့ကိုယ်သူတို့ မျိုးချစ်ဟုဆိုသူတို့ကလည်း လက် သီးလက်မောင်းတွေ တန်းလို့ NLD သာ အာဏာရခဲ့လျှင် ဘာ သာလည်းပျောက်၊ လူမျိုးလည်း ပျောက်၊ တိုင်းပြည်လည်းပျောက် မည်ဟူ၍ နံကြားထောက်ဟော ကိန်းထုတ်ကြသည်။
၂၀၁၅ ရွေးကောက်ပွဲမတိုင် ခင်က မျိုးချစ်ဟုဆိုသူတို့၏ အော်ဟစ်သံများကို ပြည်သူကရှိတယ် ဟုမထင်။ ထို့ကြောင့် ပြည်သူတို့ ၏ဆန္ဒကို NLD တောင်ပြိုကမ်းပြိုအနိုင်ရစေခြင်းနည်းဖြင့် သက် သေပြခဲ့သည်။
NLD အစိုးရလက်ထက် ရောက်တော့ လူမျိုးဘာသာအ သုံးချနိုင်ငံရေးမှာ မဲဆွယ်စည်းရုံး ရမည့်အချိန် မဟုတ်သဖြင့် တိုင်း ပြည်မတည်ငြိမ်ရေးဆီသို့ဦးတည် ခဲ့သည်။ မျိုးချစ်ဆိုသူတချို့က ပြည်သူရွေးကောက်ခံ အစိုးရကို ပင် ဖြုတ်ချရေးကြွေးကြော်သံဖြင့် သပိတ်စခန်း ဖွင့်ခဲ့သေးသည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရသည်။ NLD အစိုးရ သက်တမ်းတောက်လျှောက် အစိုးရ ဆန့်ကျင်ရေး၊ အဓိကရုဏ်း များ ဖော်ဆောင်ရေး။ မျိုးချစ်ဟု ဆိုလျှင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့ကလည်း မမြင်သဖြင့် မျိုး ချစ်တို့ အလုပ်တွင်ခဲ့သည်။
ယခုဦးဝီရသူနှင့်ဘူးလက်တို့ ဝရမ်းပြေး ဖြစ်သွားပြီးနောက်တွင် မျိုးချစ်ဆိုသူတို့၏အသံ တိမ်ဝင် သွားခဲ့သည်။ ကိုဗစ်ကာလ တစ် တိုင်းပြည်လုံးကတတ်အားသရွေ့ ကူညီထမ်းပိုးကြသည့်အချိန်တွင် အမျိုးချစ်လှပါသည်ဆိုသော မျိုး ချစ်တို့မှာ ကြက်ပျောက်ငှက် ပျောက်။ ယခုအစိုးရလက်ထက် တွင် ပျောက်ချိန်တန်လျှင် အစ အနပင် ရှာမတွေ့အောင် ပျောက် တတ်ပြီး ပေါ်ချိန်တန်လို့ ခရာမှုတ် သံကြားလိုက်တာနဲ့ ဝုန်းဒိုင်းကြဲ ထပေါ်လေ့ရှိသည်။ ထို့ကြောင့် ရွေးကောက်ပွဲလည်းနီးပြီမို့ ဘယ် အချိန် ဘယ်လိုအကြာင်းပြချက် မျိုးဖြင့် ပေါ်လာမလဲဆိုသည်ကို မျက်စိရှင်ရှင်ထား စောင့်ကြည့်ရန် လိုပြီဖြစ်သည်။
ရွေးကောက်ပွဲနား နီးလာ လျှင် တိုင်းပြည်မတည်ငြိမ်အောင် မီးမွှေးနိုင်သည်။ လူမျိုးဘာသာ အသုံးချနိုင်ငံရေးဖြင့် လွတ်လပ်မျှ တသောရွေးကောက်ပွဲဖြစ်ရေးကို စိန်ခေါ်နိုင်သည်။ ဇွန် ၁၀ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးကြည်မင်းက ရွေးကောက်ပွဲနီးလာသည့် အချိန်တွင် ဘာသာရေးမှတစ်ဆင့် နိုင်ငံရေးပဋိပက္ခ မရှိစေရန် စောင့်ကြည့်နေပြီး စိုးရိမ်မှုမရှိကြရန် ပြောကြားခဲ့သည်။
သို့သော် ယခုအစိုးရလက် ထက် အတွေ့အကြုံများအရ လူ မျိုးဘာသာအခြေပြု မီးမွှေးနေမှုများကို သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနအနေနှင့် လုံးဝချုပ် ငြိမ်းအောင် ငြှိမ်းသတ်နိုင်စွမ်းမရှိ ခဲ့ပေ။ မမှန်သတင်းများကို အမြန် ဖြေရှင်းခြင်း၊ အဓိကရုဏ်းများ မဖြစ်စေရေးနှင့် အဓိကရုဏ်းများ မကျယ်ပြန့်စေရေးအတွက် ဘာ သာရေးအဖွဲ့အစည်းများ၏ အင် အားဖြင့် ရပ်ခံပေးခြင်းနှင့်လှုံ့ဆော် သူအချို့ကို တရားစွဲခြင်းတို့သာ လျှင် ဝန်ကြီးဌာနအနေနှင့် တတ် နိုင်ခဲ့သည်။
ဥပမာ- လူမှုကွန်ရက်ပေါ် အမုန်းစကား ဖြန့်ချိနေသူများကို ထောက်လှမ်း အရေးယူနိုင်စွမ်း သောအာဏာ ဝန်ကြီးဌာနတွင် မရှိသလို အဓိကရုဏ်းများကို ပြတ်သားစွာ နှိမ်နင်းနိုင်သောအာ ဏာလည်း ဝန်ကြီးဌာနတွင် မရှိ ပေ။ ထို့သို့သော အကန့်အသတ် အာဏာကြောင့်ပင် မျိုးချစ်ဆို သူတို့၏ ဒုက္ခပေးမှုမှာ ပေါ်လိုက် ပျောက်လိုက်ဖြင့် အတောမသတ် နိုင်အောင်ပင်ဖြစ်သည်။
ယင်းသို့သော အခြေအနေ တွင် ၂၀၂၀ ရွေးကောက်ပွဲကာလ တည်ငြိမ်ရေးနှင့် လူမျိုးဘာသာ မှိုင်းတိုက်မှုမပါသော လွတ်လပ် မျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ထွန်းလာရေးအတွက် ဝန်ကြီး ဌာနတစ်ခုတည်းက တာဝန်ယူ နိုင်ရန် မည်သို့မျှမဖြစ်နိုင်ပေ။
ကြီးလေးလှသော ယင်းတာ ဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင် ဖို့ဆိုလျှင် သမ္မတရုံး၏ဦးဆောင်မှု ဖြင့် ဘက်အသီးသီးတို့ပါဝင်သော အဖွဲ့အစည်းတစ်ရပ်နှင့် မာစတာ ပလန် လိုအပ်မည်ဖြစ်သည်။
(ဆောင်းပါးရှင် လင်းဆက်ငြိမ်းချမ်းသည် နိုင်ငံရေးနှင့် မျက် မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်။)
___________________
ဒသမတန်းသင်ရိုးသစ်ထဲက အတွေးတစ်စ
•••••••••••••••••••••••••••••••••••••••
ဗညားလှိုင်ဦး
7Day Daily
Wednesday, June 24, 2020 - 01:30
(ပုံစာ - ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စလက်ခံသောနေ့တွင် ကျောင်းအပ်ပြီး ကျောင်းသင်ရိုးစာအုပ်များကို ကြည့်ရှုနေသော ကျောင်းသူတစ်ဦး။ ။ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
မကြာမီက အခြေခံပညာ မူလတန်း၊ အလယ်တန်းကျောင်း သားများ၏ စာမေးပွဲအောင်စာ ရင်းထုတ်ပြန်ကြေညာရာ အိမ်က သားတော်မောင်က အဋ္ဌမတန်း အောင်မြင်ခဲ့သည်။ ယခင်ပုံစံအ တိုင်းဆိုပါက အဋ္ဌမတန်းအောင် မြင်ပြီးလျှင် နဝမတန်းသို့ တက် ရောက်ရမည်ဖြစ်သော်လည်း ယ ခု စနစ်သစ်ပညာရေးအရ ဒသမ တန်း(Grade-10) သင်ရိုးသစ်ကို တက်ရောက် သင်ကြားရမည်ဟု ဆိုသည်။ ယခုနှစ် အဋ္ဌမတန်း အောင်မြင်သူ အားလုံးသည် Grade 10, Grade 11, Grade 12 အထိ အထက်တန်းပညာကို သင်ကြားရမည်ဟုလည်း ဆို သည်။
အထက်တန်းပညာ သင်ရိုး သစ်နှင့် စသည့်နှစ်ရောက်ခါမှ ကျောင်းတွေကိုလည်း ပုံမှန်အ တိုင်း ဇွန်လဆန်းတွင် မဖွင့်နိုင် သည့်အခြေအနေနှင့် ရင်ဆိုင်ရ သည်။ လာမည့် ဇူလိုင်လ ၂၀ ရက်ကျော်တွင် ဖွင့်လှစ်နိုင်ပါက စာသင်ချိန် တစ်လခွဲခန့် နောက် ကျရဦးမည်ဖြစ်၏။ ထို့အပြင် ထို သင်ရိုးသစ်များကို သင်ကြားပေး မည့် ဆရာများအား ပြီးခဲ့သည့် နွေရာသီကျောင်းပိတ်ရက်တွင် သင် ရိုးသစ်နှင့် ပတ်သက်သည့် သင် ကြားရေးဆိုင်ရာ သင်တန်းများ မဖွင့်လှစ်နိုင်ခဲ့ခြင်းကလည်း သင် ရိုးသစ်သင်ကြားရာတွင် တစ်စုံ တစ်ရာ အခက်အခဲရှိနိုင်မည်ဟု ထင်သည်။ သို့သော်လည်း ဆရာ များကို အွန်လိုင်းမှ သင်တန်းပေး မည်ဟုဆိုသဖြင့် ထိုအခက်အခဲ များကို အထိုက်အလျောက် ကျော်လွှားနိုင်ပေလိမ့်မည်။
ကျောင်းသား မိဘများက တော့ သင်ရိုးသစ်ဖြင့် ရင်ဆိုင်ရ မည့် မိမိတို့၏ သားသမီးများအ တွက် ကြိုတင်ပြင်ဆင်ရန် စိတ် မောနေကြသည်။ အမြဲတမ်းအား ကိုးခဲ့ရသည့် နွေရာသီကျူရှင်တွေ ကလည်း မဖွင့်၊ ကျောင်းဖွင့်ချိန် ကလည်း နောက်ကျသည့်အပြင် သင်ရိုးသစ်ကလည်း ဘာတွေသင် မှာတုံးဆိုသည့် အတွေးများနှင့် စိတ်မောနေကြခြင်းဖြစ်၏။
ထိုအထဲတွင် အိမ်က သား တော်မောင်၏ မိခင်ဖြစ်သူလည်း ပါဝင်သည်။ တစ်ရက်တွင် သား တော်မောင်အတွက်ဆိုကာ ဘယ် က ယူလာမှန်းမသိသော ဒသမ တန်း သင်ရိုးသစ်ပုံနှိပ်စာအုပ်ထုပ် ကြီး ယူချလာသည်။ ယခုခေတ် ပုံနှိပ်စာအုပ်တွေက စာရေးသူတို့ ငယ်စဉ်က စာအုပ်တွေနှင့်မတူ။ စာရွက်သားကလည်း ကောင်းပြီး ရုပ်ပုံတွေက ရောင်စုံတွေနှင့်ဖြစ် သည်။ စာအုပ်တွေက များလှ ချည်လားဟုတွေးရင်း ဘယ်နှဘာ သာသင်ရမှာလဲဟု မေးကြည့် သောအခါ သင်ကြားရမည့် ဘာ သာရပ်က ၁၀ ခုရှိပြီး ထိုအထဲမှ စာမေးပွဲဖြေဆိုရမည့် ဘာသာရပ် က ခုနစ်ခုရှိနေသည်။
ယခင်က ဇီဝဗေဒဘာသာ ပါဝင်သော သိပ္ပံတွဲတွင် လူမှုရေး သိပ္ပံဟုဆိုသည့် ပထဝီ၊ သမိုင်း၊ ဘောဂဗေဒတို့ ပါဝင်သည့် ဘာ သာတစ်ရပ် ထပ်တိုးလာသည်။ ယခင်က ဘောဂဗေဒဘာသာပါ ဝင်သော ဝိဇ္ဇာတွဲတွင် ပထဝီနှင့် သမိုင်းဘာသာတစ်ရပ် ထပ်တိုး လာသည်။ ယခင်က ပထဝီ၊ သမိုင်း၊ ဘောဂဗေဒတို့ ပါဝင် သော ဝိဇ္ဇာတွဲတွင်လည်း သိပ္ပံဘာ သာဟုဆိုသည့် ဓာတု၊ ရူပ၊ ဇီ၀ တို့ ပေါင်းစပ်ထားသည့် ဘာသာ ရပ်တစ်ခု ထပ်တိုးလာသည်။ ထို့ ကြောင့် စာမေးပွဲဖြေဆိုရမည့်ဘာ သာ ခုနစ်ဘာသာဖြစ်လာပြီး စာ မေးပွဲမဖြေရသော်လည်း မဖြစ်မ နေ သင်ကြားရမည့်ဘာသာများ မှာ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘ၀ တွက်တာကျွမ်းကျင်စရာ၊ ကာယ ပညာ (သို့မဟုတ်) အနုပညာပန်း ချီ (သို့မဟုတ်) အနုပညာဂီတတို့ ပါဝင်လာသည်ကို တွေ့ရသည်။
ခြုံငုံကြည့်သောအခါ စာ ရေးသူတို့ အထက်တန်းပညာသင် ကြားခဲ့စဉ်ကလိုပင် သိပ္ပံဘာသာ တွဲ၊ ဝိဇ္ဇာဘာသာတွဲဆိုပြီး ဘာ သာရပ်အားလုံးကို အနည်းငယ်စီ သင်ကြားရခြင်းမျိုးပင်ဖြစ်သည်။ ယခုပုံစံမှာ သိပ္ပံတွဲအဓိကယူပါက ဝိဇ္ဇာဘာသာများ (ပထဝီ၊ သမိုင်း၊ ဘောဂ)တို့ အနည်းငယ်သင်ကြား ရမည်ဖြစ်ပြီး ဝိဇ္ဇာဘာသာအဓိက ယူပါက (ဓာတု၊ရူပ၊ ဇီဝ)တို့ အ နည်းငယ်သင်ကြားရမည့် ပုံစံပင် ဖြစ်၏။
စာရေးသူမှာ သင်ကြားရေး နှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ် ယောက်မဟုတ်သော်လည်း မိမိ ကလေး သင်ကြားရမည့် သင်ရိုး သစ်စာအုပ်များ ဖြစ်နေသော ကြောင့် စာအုပ်များအား ဟိုလှန် ဒီလှန်လုပ်ဖြစ်လေသည်။ ပထမ ဆုံး စိတ်ဝင်စားမိသည်မှာ အင်္ဂ လိပ်စာ Text Book ပင်ဖြစ်သည်။ မျက်နှာဖုံးတွင် Language at our service ဟု ဖော်ပြထားပြီး Listening, Writing, Reading, Speaking တို့ဖြင့် သင်ကြားသွား မည်ဖြစ်၏။ ယခင်က အရေးနှင့် အဖတ်ကိုသာ အဓိကထား သင် ကြားနေရာမှ နားထောင်မှုစွမ်း ရည်၊ စကားပြောစွမ်းရည်တို့ကို ပါ သင်ကြားပေးမည်ဖြစ်၍ အင်္ဂ လိပ်စာဆိုသည်မှာ ကြောက်စရာ ဟု သဘောထားကြသည့်ကျောင်း သားများအတွက် စိတ်ဝင်စားစရာ အင်္ဂလိပ်စာ ဖြစ်လာနိုင်ပေလိမ့် မည်။
နောက်ထပ် စိတ်ဝင်စားမိ သော သင်ရိုးသစ်ဘာသာရပ်စာ အုပ်များမှာ သိပ္ပံတွဲဖြစ်သည့် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာ သာ Text Book များပင်ဖြစ်သည်။ ထိုဘာသာရပ်များတွင် Text Book စာအုပ်များအပြင် Practical (လက်တွေ့လေ့ကျင့်ခန်း) စာ အုပ်တွေပါ ပါဝင်လာသည်။ ဓာ တုဗေဒဆိုပါစို့။ ဓာတ်ခွဲခန်းသုံး ပစ္စည်းများအကြောင်း၊ လက် တွေ့ဓာတ်ထုတ်ဖော်ပုံ အ ကြောင်းတွေ ပါလာသည်။ စာ ရေးသူတို့ငယ်စဉ်က ဓာတ်ထုတ် ဖော်ပုံအကြောင်းရေးပါက ဖန် ပြွန်တွေ၊ ဖန်အိုးတွေ၊ ကျုတွေကို ခဲတံဖြင့် ဆွဲပြရသည်။ အရည်ပုံ၊ အငွေ့ပုံ၊ အပူပေးပုံ စသည်ဖြင့် ပုံဆွဲပြီးပြမှ အမှတ်ရသည်။ ယခု တော့ Practical ခန်းထဲသွားကာ လက်တွေ့ ဓာတ်ထုတ်လုပ်ကြ မည်လားမသိပါ။
ဇီဝဗေဒ Practical Work Book တွင်လည်း မိုက်ကရိုစကုပ် ကိရိယာအကြောင်းကို အသေး စိတ်ဖော်ပြထားပြီး ထိုကိရိယာနှင့် တိရစာၦန်များမျိုးပွားပုံ၊ သနေ္ဓတည်ပုံကအစ ကိုယ်ခန္ဓာအရိုး အဆစ်ဖွဲ့စည်းပုံအထိ ကြည့်ရှု သင်ကြားနိုင်ရန် စီစဉ်ထားသည်။
ပို၍ စိတ်ဝင်စားဖွယ်ရာ ကောင်းသော သင်ရိုးသစ်စာအုပ် များက စာရိတ္တနှင့်ပြည်သူ့နီတိ (ဆရာလမ်းညွှန်)စာအုပ်၊ ဘ၀ တွက်တာကျွမ်းကျင်စရာ (ဆရာ လမ်းညွှန်)စာအုပ်၊ အနုပညာ (ပန်းချီ)၊ အနုပညာ(ဂီတ)စာအုပ် များပင်ဖြစ်သည်။ ဆရာလမ်းညွှန် စာအုပ်များကို ဆရာများကသာ ကိုင်တွယ်သင်ကြားရခြင်း ဖြစ် သည်။
ဒသမတန်းစာရိတ္တနှင့် ပြည်သူ့နီတိသည် ဆရာများက ကလေးများ စိတ်ဝင်စားဖွယ်ဖြစ် အောင်သင်ကြားပါက လူ့အဖွဲ့အ စည်းအတွက် များစွာအကျိုးရှိ မည်ဖြစ်သည်။ လိုက်နာလေးစား သင့်သော လူမှုကျင့်ဝတ်နှင့်လူမှု စည်းကမ်းများ၊ လူသားဆိုင်ရာအ ခွင့်အရေးများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ၊ ရွေး ကောက်ပွဲဆိုင်ရာသိမှတ်စရာ၊ အ ခွန်အကြောင်း သိကောင်းစရာ၊ ငြိမ်းချမ်းသောလူမှုဝန်းကျင်၊ ပြည် ထောင်စုနှင့် ငြိမ်းချမ်းရေးစသည့် အကြောင်းအရာများကို သင် ကြားရမည်ဖြစ်သဖြင့် သင်ကြား သူဘက်က စေတနာရှိလျှင်ရှိသ လောက် ကျောင်းသားများ အကျိုးရရှိကြမည်ဖြစ်သည်။
ဘဝတွက်တာ ကျွမ်းကျင် စရာ ဆိုသည်ကတော့ လူမှုဘ၀ ဝယ် သိမှတ်ထားသင့်သည်များကို သင်ကြားရခြင်းဖြစ်ရာသည်။ လူ မှုဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာ အသိပညာ၊ စားသုံးသူနှင့်ဆိုင် သော အသိပညာ၊ ရောဂါကင်း ဝေးကျန်းမာရေး၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် ဆယ်ကျော်သက် အရွယ်များ ပေါင်းသင်းဆက်ဆံ ရေး၊ မူးယစ်အန္တရာယ်၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် ညစ်ညမ်း မှုများ လျော့ကျရေးတို့ ပါဝင် သည်။
အနုပညာဂီတစာအုပ်တွင် အဆိုပညာ၊ အကပညာ၊ အတီး ပညာဟူ၍ အပိုင်းသုံးပိုင်းခွဲခြား ထားပြီး အဆိုပညာတွင် သီချင်း အဓိပ္ပာယ်ကို လေ့လာခြင်းနှင့် ခံ စားနားထောင်ခြင်း၊ သံစဉ်စည်း ဝါးမှန်ကန်စွာသီဆိုခြင်း၊ ‘ဒိုရေမီ’ သငေ်္ကတဖြင့် သီဆိုလေ့ကျင့်ခြင်း တို့ကို အလွမ်းဘွဲ့ယိုးဒယားသီ ချင်း၊ ကာလပေါ်သီချင်းတို့ဖြင့် သင်ကြားမည်ဖြစ်သည်။ အက ပညာတွင် ကိန္နရာဟန်အက၊ ထဘီနားဆွဲအက၊ ကြာဖူးချိုးအက တို့ကို စည်းဝါးဒိုးချက်တို့ဖြင့် သင် ကြားမှုများပါဝင်နေသည်။ အတီး ပညာတွင်လည်း သီချင်းကို အသံ နေအသံထား စည်းဝါးမှန်ကန်စွာ သီဆိုခြင်း၊ ဂီတသငေ်္ကတကို ရွတ်ဆိုခြင်း၊ ပလွေစည်းဝါးအဆို တို့ဖြင့် စုပေါင်းတီးမှုတ်လေ့ကျင့် ခြင်းတို့ ပါဝင်သည်။
အနုပညာပန်းချီတွင် အင်ပ ရက်ရှင်နစ်ဇင်း၊ ပို့စ်အင်ပရက်ရှင် နစ်ဇင်း၊ နီယိုအက်ပရက်ရှင်နစ် ဇင်း စသည့် ပန်းချီအနုပညာ Ism များ၊ မြန်မာ့ရိုးရာပန်းချီမြေထည်၊ ပါတိတ်ပန်းချီတို့၏ အခြေခံများ ကို သင်ကြားရန် သင်ရိုးသစ်တွင် ရေးဆွဲထားသည်။
အခြေခံပညာ ဒသမတန်း သင်ရိုးသစ်ကို ခြုံငုံလေ့လာကြည့် သောအခါ စာရေးသူအနေဖြင့် ကျောင်းပြန်တက်ချင်စိတ်ပင် ဖြစ် မိသည်။ ကျောင်းစာသင်ရိုးဆို သည်မှာ ခေတ်စနစ်နှင့်အညီ ရင် ပေါင်တန်းနိုင်အောင် ရေးဆွဲရ ခြင်းဖြစ်၍ သင်ရိုးသစ်သည် သင်ရိုးဟောင်းထက် သာမည်မှာ မလွဲမသွေဖြစ်၏။ ယခုသင်ရိုးမှာ လည်း ယခင်သင်ရိုးများထက် ပိုမို ကောင်းမွန်သည်ကို လေ့လာမိပါ သည်။
စိတ်ပူမိသည်ကဖြင့် ထိုသင် ရိုးကို သင်ကြားမည့်ဆရာများနှင့် သင်ထောက်ကူပစ္စည်းများ အ ဆင်သင့် ဖြစ်နေပြီလားဆိုသည့် ကိစ္စဖြစ်သည်။ အင်္ဂလိပ်စာ Listening အတွက် အော်ဒီယိုပစ္စည်း တွေလိုမည်။ သိပ္ပံတွဲလက်တွေ့ လေ့ကျင့်ခန်းအတွက် ဓာတ်ခွဲခန်း လိုမည်။ ဓာတ်ခွဲခန်းသုံးပစ္စည်း လိုမည်။ ဂီတနှင့် အကအတွက် စည်း၊ ဝါး၊ အတီး၊ အမှုတ်ပစ္စည်း များ လိုမည်။ သင်ကြားမည့်ဆရာ ကိုယ်တိုင်က တီးတတ်၊ မှုတ် တတ်၊ ကတတ်ဖို့လည်း လိုမည်။ ပန်းချီအတွက် ရေဆေး၊ ဆီဆေး နှင့် ကင်းဗတ်စ၊ စက္ကူ၊ စုတ်တံ များလိုမည်။ ဆရာကလည်း ပန်း ချီအနည်းငယ်ဆွဲတတ်ပြီး ပန်းချီ Ism များအကြောင်း တီးမိခေါက် မိဖို့လိုမည်။
ထိုကဲ့သို့ သင်ကြားမှုပိုင်းနှင့် သင်ထောက်ကူပစ္စည်းများ အ ဆင်သင့်မရှိဘဲ ဤသင်ရိုးသစ်ကို သင်ကြားပါက စစ်အစိုးရလက် ထက်တွင် ကွန်ပျူတာခန်းများဖွင့် ပြီး သင်ကြားမှုမရှိဘဲ သော့ခတ် ပိတ်ထားရသကဲ့သို့ ဖြစ်နေမည် ဖြစ်၏။ ကွန်ပျူတာခန်းများ ဖွင့် ၍ အကျိုးအမြတ်ရသွားသူများ မှာ ကွန်ပျူတာရောင်းသူများနှင့် အဂတိလိုက်စားသော ကျောင်း အုပ်ကြီးများသာဖြစ်သည်။
ယခု ဒသမတန်းသင်ရိုးသစ် သည် သင်ရိုးသစ်ဖြစ်ရုံသာမကပဲ ၁၂ တန်း ပညာရေးအထိ သွား မည့်ပညာရေးစနစ်သစ်ဖြစ်သဖြင့် ကျောင်းသားများအတွက် အရေး ကြီးသည်ဟု ယူဆမိပါသည်။ ယ ခု ဤဆောင်းပါးကို ရေးခြင်းမှာ လည်း ပညာရှင်အမြင်ဖြင့် တွေး ခြင်းမဟုတ်ဘဲ ကျောင်းသားမိဘ အမြင်ဖြင့်သာ တွေး၍ ရေးခြင်း ဖြစ်သည်။
သင်ရိုးကတော့ ကောင်းပါ ၏။ သင်ကြားသူက ကျွမ်းကျင်မှု မရှိ၊ သင်ထောက်ကူပစ္စည်းက မပြည့်စုံ၍ ၁၀ တန်းအောင်၊ ဘွဲ့ရသော်လည်း အင်္ဂလိပ်စာလောက်ပင် မရေးတတ်၊ မပြောတတ်၍ အပြင်မှာ သင်တန်းပေါင်းစုံ လိုက်တက်နေရသော ကလေးတွေရှိ နေပါသည်။ ကလေးများက အချိန်ကုန်၊ မိဘများက ငွေကုန်ပြီး ပညာကောင်းမွန်စွာ မတတ်သော ပညာရေးစနစ်ကြီး ကုန်ဆုံးစေချင်ကြပါပြီ။ ထိုစနစ်ဆိုးကြီးအား စနစ်သစ်၊ သင်ရိုးသစ်ဖြင့် မြေမြှုပ်သင်္ဂြိုဟ်ပစ်ရန် ဆရာများ၊ ကျောင်းသားနှင့် ကျောင်းသားမိဘများ ကြိုတင်တွေးဆကြဖို့ အကြံပြုလိုက်ပါသည်။
(ဆောင်းပါးရှင် ဗညားလှိုင်ဦး သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ မျက်မှောက်ရေးရာဆောင်း ပါးများ ရေးသားနေသူဖြစ်သည်)
_________________________
လွမ်းတမပြေ သာလီစွ ရခိုင်မြေ
•••••••••••••••••••••••••••••••
မြင့်မိုရ်ဆွေ
7Day Daily
Thursday, June 25, 2020 - 11:30
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ဒေသများ တွင် လူဦးရေ ၈၀,၀၀၀ ခန့်မှာ ယာယီစခန်းပေါင်း ၁၈၆ ခုတွင် ခိုလှုံနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ရုံး (OCHA)က ဇွန်လ ၆ ရက် နေ့စွဲ ဖြင့် သတင်းတစ်ရပ်ထုတ်ပြန်ခဲ့ သည့်အကြောင်းကို သတင်းစာ များတွင် ဖတ်ရှုခဲ့ရ၏။ ချင်းပြည် နယ်တောင်ပိုင်း ပလက်ဝဒေသ၌ စစ်ဘေးရှောင်လူဦးရေ ၁,၅၀၀ ခန့်ရှိပြီး အကူအညီများ လိုအပ်နေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ပြောကြားကြောင်းနှင့် ရခိုင်ဒေသ ပဋိပက္ခကြောင့် ဇွန်လဒုတိယပတ်ကာလ၌ပင် လူဦးရေ ထောင်နှင့်ချီ၍ နေရပ်စွန့်ခွာ ရှောင်တိမ်းခဲ့ရကြောင်းလည်း သိရှိရပေသည်။ ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာလအတွင်း တိုက်ပွဲများ ကြောင့် မိသားစုအလိုက် အိုးအိမ် များ စွန့်ပစ်ပြီး ဝေးရာဒေသများ သို့ မုတ်သုံမိုးဒဏ် ကြံ့ကြံ့ခံရင်း ပြေးလွှား ရှောင်တိမ်းနေရရှာ သော တိုင်းရင်းသားညီနောင်များ ၏ ဘဝမှာ ကပ်ဘေး၊ စစ်ဘေး၊ အငတ်ဘေး၊ ရာသီဥတုဘေး စသည့် ‘ဘေးပေါင်းခသောဘဝ’ ပါလားဟု တွေးတောရင်း များစွာ ကရုဏာသက်မိ၏။
မိတ်ဆွေတစ်ဦးက ‘‘ရခိုင် ပြည်နယ်ရဲ့ လက်ရှိနိုင်ငံရေး၊ စစ် ရေးပြဿနာဟာ ရုတ်တရက်ကျ ရောက်လာတဲ့ COVID-19 ကပ် ရောဂါဘေးနဲ့ တူလီစွလို့ ဆိုရ မယ်။ ၂၀၁၈ ခုနှစ်အထိ ဘယ်နေ ရာကို ဘယ်အချိန်သွားသွား အ လွန်အေးချမ်းသာယာလှတဲ့ နယ် မြေတွေဟာ ဗြုန်းခနဲ စစ်မြေပြင် ဖြစ်သွားရတာ ကြေကွဲစရာပါပဲ ဗျာ’’ဟု ကြိတ်မနိုင်ခဲမရ ကောက် ချက်ချခဲ့သည်ကို အမှတ်ရနေမိ ၏။ စာရေးသူသည်လည်း ထို နည်းနှင်နှင် ဘဝင်မကျဖြစ်ခဲ့ရ၏။ ဒီမိုကရေစီခေတ်သစ်ရောက်ခါမှ ငြိမ်းချမ်းရေး လရောင်ပျောက်၍ စစ်ဘေးအမှောင်အောက်သို့ ရုတ် ခြည်းရောက်ရှိသွားရှာသော နယ် မြေဒေသ၏ သာယာလှသည့် အ တိတ်ဘဝကို မကြာခဏ လွမ်းတ နေမိသကဲ့သို့ ဒေသခံပြည်သူတို့ ၏ ပစ္စက္ခဒုက္ခကိုလည်း စာနာ ထောက်ထား ကရုဏာပွားမိသည် မှာ အမှန်ပင်တည်း။
မြန်မာပြည် တစ်နံတစ်လျား ၌ ရခိုင်ပြည်နယ်ဟုဆိုလျှင် မင်းသားကြီး ဝင်းဦး၏ ဇာတ်ကားမှ ဆရာမြို့မငြိမ်း ရေးသားသည့် ‘တိမ်လွှာမို့မို့လွင်’ ဇာတ်ဝင်တေး သီချင်းနှင့် ပင်လယ်ကမ်းခြေ အလှပသာဒများကို ယှဉ်တွဲပြီး မြင်ယောင်မိကြ၏။ စာရေးသူ သည် ပတိန်းငဖဲကိုကျော်၍ ရခိုင် မြေအမ်းတောင်ကြောပေါ်သို့ ခရီး ရောက်တိုင်း အောက်ချင်းငှက်တို့ အေးချမ်းစွာ ပျံသန်းနေသော မြင် ကွင်းကို တစ်သက်တာ လုံးဝမေ့ မရနိုင်ခဲ့ပေ။ မှိုင်းညှို့စိမ်းလန်း တိမ်ရောင်စုံလွှမ်းနေသည့် နတ် ရေကန်တောင်ထိပ်သို့လည်း အခါခါလှမ်းမျှော်ကြည့်မိ၏။ ဆင်ခုံ တိုင်စခန်းမှ ငှက်ကျေးတို့ သံစုံ ကျူးရင့်သံနှင့် စမ်းရေစီးသံကို တငြိမ့်ငြိမ့်ခံစားဖူး၏။
‘‘ေဩာ်... လျှိုမြောင်ချောက် နက် တောတောင်အထက်မှာ ဟောဒီနေရာလေးကို ပြန့်ပြန့်ပြူး ပြူးနဲ့ ဘွားခနဲမြင်ရ၊ တွေ့ရတာ ‘အံ့’ စရာပါလား အမတ်ကြီး ရယ်...’’ဟု ရခိုင်မင်းသမီးလေး နှုတ်မှ ရေရွတ်သံကိုလည်း အမ်း ချောင်းအကျော်တွင် ကြားယောင် နေခဲ့မိ၏။ မင်းသမီးလေးက ‘အံ့’ ရှာသည်ကို အစွဲပြုပြီး ‘အံ့’မှ ‘အမ်း’ဟု မြို့အမည်တွင်လာသော သမိုင်းဇာတ်လမ်းလေးမှာ ရင်ထဲ စွဲငြိဆဲဖြစ်၏။ လွင်ပြင်ဖြူးဖြူး အလှထူးသော အမ်းမြို့မှ ခရီး ဆက်ရာတွင် ဒလက်ချောင်း၊ ယောချောင်း၊ ရာမောင်၊ ပေါင်း တုတ်၊ ကစ်ဆပနဒီ စသည့်မြစ် ချောင်း အစီအရီတံတားအလီလီ ကို ဖြတ်ခဲ့ရသည့် ခရီးစဉ်ကား ‘‘ရိုးမကျော်၍ ပျော်ရသည်’’ဟု ဆိုရမည်သာတည်း။ ယခုအခါ ဤခရီးမနီးတော့ပါလားဟု ညည်းတွားစရာဖြစ်လာ၏။ မကြာခဏ အပစ်အခတ်များကြောင့် စိုးထိတ် ရင်မှာ မလှမ်းသာ၍ သေရွာနှင့် နီး၊ အမှောင်ခရီးဟု ကမ္ပည်းတင် စရာဖြစ်လာ၏။
ထို့အပြင် အလွန်သပ္ပာယ် လှသည့် မြောက်ဦးမဟာမြတ်မုနိ ဘုရားကို အေးဆေးစွာ ဖူးမြော် ရင်း ဆရာတော်ကျောင်းမှ ရှား ရှားပါးပါး ဘုရားဆင်းတုတော်ကို ပဝါဖူးရ၊ လှူရ၊ ကန်တော့ရမည့် အခွင့်အရေးမှာ ယခင်အခါလို လွယ်ကူစွာ ရနိုင်တော့မည်မထင် ပေ။ ဗိသုကာလက်ရာမြောက်လှ သည့် ထုက္ကန်သိမ်နှင့် သျှစ်သောင်း ပုထိုးများကို အေးချမ်းစွာ လေ့ လာဖူးမြော်နိုင်ရန်မှာလည်း မရေ ရာတော့သော အချိန်ကာလသို့ ရောက်ရှိသလို ခံစားရ၏။ ဖော် ရွေလှသော ရခိုင်ထမင်းဆိုင်များ မှ လက်ရာမြောက်လှသည့် ငါး ခေါင်းဟင်းနှင့် ရခိုင်ငါးပိထောင်း ကိုလည်း အကြိမ်ကြိမ်အခါခါ လွမ်းတစရာဖြစ်လာ၏။ သဘာဝ အလှနှင့် သာသနာရောင်ဝါထွန်း သော ရှေးဟောင်းအမွေအနှစ် များ၊ သမိုင်းအမွေအနှစ်များ အ လွန်စုံလင်လှသည့် ရခိုင်မြေကို စစ်မီးလွှမ်းသည့် သတင်းများ ကြားရလေလေ ဆွတ်ပျံ့ကြေကွဲ လေလေဟု ဆိုရပေတော့မည်။
‘‘အဲဒါတွေ အားလုံးဟာ နဂါး ကြီးစနက်ကြောင့်’’ဟု မိတ်ဆွေ တစ်ဦး၏ ကောက်ချက်ချသံကို လည်း ကြားမိပြန်၏။ ‘‘ရခိုင်မြေ မှာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အ များကြီးဖြန့်ကြက်လိုတယ်၊ ပင်လယ်ထွက်ပေါက် လိုချင်တယ်၊ ပထဝီနိုင်ငံရေး ဩဇာကြီးမားချင် တယ်၊ ဒါကြောင့် AA ကို သွယ် ဝိုက်အားပေးပြီး မြန်မာအစိုးရကို ချုပ်ကွက်တစ်ခု ဆင်ထားလိုက် တာပဲဗျ။ တစ်နည်းပြောရရင် မြန်မာရဲ့ ပထဝီကြောကို တရုတ် ကြီးက နိုင်ငံရေး ကွန်ဖူးနဲ့ ချုပ် ကိုင်လိုက်တာပေါ့’’ဟု သူ့အမြင် ကို အကျယ်ချဲ့ ရှင်းပြခဲ့ဖူး၏။ စာ ရေးသူက ခေါင်းမညိတ်ဘဲ ရင်ထဲ တစ်နေရာတွင် မှတ်သားထား လိုက်မိ၏။
အချို့က ‘‘ဗမာတွေဟာ ရခိုင် အချုပ်အခြာအာဏာပိုင် နိုင်ငံတော်ကြီးကို ဖျက်ဆီးပစ်ခဲ့ကြ သည်။ ယခုအခါ ရခိုင်ကိုယ်ပိုင် နိုင်ငံ ပြန်လည်ထူထောင်ရမည်’’ ဟု ဆိုကြပြန်၏။ အချို့ကလည်း ရခိုင်သည် ဘုရင့်နောင်၏ အချုပ် အခြာအာဏာပိုင် နိုင်ငံတော်ကြီး ကို ဖြိုခွဲဖျက်ဆီးမီးရှို့ခဲ့သည်။ ထို့ ကြောင့် ကုန်းဘောင်ခေတ်၌ ပြန် လည်လက်စားချေသည်မှာ မှန် ကန်သည်ဟု ဆိုကြပြန်၏။ အမှန်တော့ ၎င်းပုဂ္ဂိုလ်များသည် ပဒေသရာဇ်ခေတ်ကို တစ်ယောက်တစ် ပြန်စီ ပြန်လည်အမွှမ်းတင်ကြရာ ၌ အတူတူဖြစ်သလို တစ်ယောက် တစ်ပြန်စီ ရှုတ်ချပြစ်တင်ရာ၌ လည်း တစ်သားတည်းဖြစ်နေပေ သည်။ ထို့အပြင် ပဒေသရာဇ်စစ် ပွဲများနှင့် နယ်ချဲ့စစ်ပွဲများ၌ 'Ethnic Lives Matter' ဟု အော် ဟစ်ခွင့် မရှိခဲ့ကြကြောင်းလည်း နိုင်ငံတကာသမိုင်းက သက်သေ ထူခဲ့ပြီးဖြစ်ပေသည်။
အမှန်တော့ ရခိုင်ပြည်နယ် တွင် စစ်ရေးကို စတင်မီးမွှေးသူ က ဘင်္ဂါလီ ARSA အကြမ်းဖက် သမားသာဖြစ်၏။ ၎င်းတို့အတွက် နယ်မြေ အခိုင်အမာရရှိရေး၊ မြန်မာနိုင်ငံ တိုင်းရင်းသားအဖြစ် ကမ်ဘာက အသိအမှတ်ပြုရေးအ တွက် စစ်မီးမွှေးခဲ့ကြခြင်းဖြစ်၏။ နောင်သောအခါ ၎င်းစစ်မီး၏ အ ကျိုးဆက်နှစ်ရပ်ကို သူတို့ရယူခဲ့ သည်ဟု ဆိုနိုင်၏။
ကမ်ဘာ့နိုင်ငံ အများအပြားက ၎င်းတို့အား မြန်မာပြည်ဖွား ရိုဟင်ဂျာဟူ၍ ဝိုင်းဝန်းအသိအမှတ်ပြုခံရခြင်းနှင့် ICJ တွင် မြန်မာနိုင်ငံ အစိုးရအား ဂျီနိုဆိုက်ကျူးလွန်သည်ဟု လူငှားပြီး တရားစွဲဆိုနိုင်ခဲ့ခြင်းဖြစ်ပေသည်။ မြန်မာနိုင်ငံမှာ ယင်းအကျိုးဆက်များအပြင် မမျှော်လင့်ဘဲ နောက်ကျောဓားဖြင့်အထိုးခံရသကဲ့သို့ AA ၏ ထိုးစစ်များကို နောက်ဆက်တွဲ ထပ်လောင်း ခံစားရရှာပြန်၏။ ဘင်္ဂါလီ ARSA တို့အတွက် ‘မရွယ်ဘဲ စော်ကဲမင်းဖြစ်ကိန်း’ဟုလည်း ဆိုနိုင်သလို နောက်ကွယ်မှ နားလည်မှုယူနိုင်ခြင်း၏ အကျိုးထူးတစ်ခုလည်း ဆိုနိုင်၏။ ‘‘AA စစ်ရေးကြောင့် အစိုးရမျက်ဖြူဆိုက်လေ ARSA နှင့်တကွ ၎င်းတို့အား ထောက်ခံသော နိုင်ငံများက ကြိုက်လေ’’ ဖြစ်သည်မှာ သေချာလှ၏။ မည်သို့ဆိုစေ ရခိုင်ပြည်နယ် သာလီစွကို ဖျက်ဆီးသော နံပါတ်(၁) တရားခံနေရာ၌ ဘင်္ဂါလီ ARSA အစား AA ကို ပြောင်းလဲမှတ်တမ်းတင်ခြင်း မပြုမိကြဖို့ လိုအပ်ပေသည်။
‘ကြည့်သောသူသည် မြင်၏’ ဟူသော စကားအတိုင်း ARSA တို့၏ နောက်ကွယ်တွင် မြန်မာ့ နယ်မြေကို ဖြစ်သည့်နည်းဖြင့် ရယူစေလိုသော အင်အားစုများ နီးကပ်စွာ တည်ရှိနေသည်။ အထူးသဖြင့် ကမ်ဘာကြီးပူနွေးမှု ကြောင့် မြင့်တက်လာသော ပင် လယ်ရေမျက်နှာပြင်က ဘင်္ဂါလီ သန်းပေါင်းများစွာ၏ အသက်အိုး အိမ်စည်းစိမ်ကို အန္တရာယ်ပြု တော့မည့် အနာဂတ်မှာ တစ်နှစ် ထက်တစ်နှစ် နီး၍နီး၍လာလေ ၎င်းဘေးမှ လွတ်မြောက်ရန် ထွက်ပေါက်တို့ ပို၍ပို၍အပ်လေဖြစ်၏။ ၂၀၅၀ ပြည့်နှစ်တွင် ဒေသအချို့ပင် လယ်ရေအောက်ရောက်မည် ဟု သိပ္ပံပညာရှင်များက ခန့်မှန်း ထား၏။ ပထဝီသဘောအရ ရခိုင် မြေသည် အနီးစပ်ဆုံး ထွက်ပေါက်သဖွယ် တည်ရှိနေ၏။ မြောက် ဘက် အိန္ဒိယနယ်မြေထွက်ပေါက် ကို တိုးဝင်ရန် အခက်အခဲများစွာ ရှိမည်ဖြစ်ပြီး ရခိုင်မြေအတွင်း ချင်းနင်းရန် ‘‘ရိုဟင်ဂျာမာယာ’’ကို ဘူဒိုဇာပမာ ပြောင်ပြောင်သုံး၍ ကြိုတင်လမ်းရှင်းနေလေပြီဟု ဆိုနိုင်၏။ အနာဂတ်တွင် ၎င်းလမ်းနှင့်အတူ ရခိုင်ရပ်ဝန်းအား Belt and Road Initiative အဖြစ် တည်ဆောက်လာပါက AA အပါ အဝင် ဒေသခံတိုင်းရင်းသား မျိုး နွယ်စုများသည် တဖြည်းဖြည်း ပျောက်ကွယ်နိုင်သည့် အန္တရာယ် ရှိကြောင်း သတိပြုရန်လို၏။ ARSA ၏ ဒူးခေါင်းအောက်မှ 'I cannot breath' ဟု အော်ရမည့် ကိန်း မကြုံရန် သတိပြုရမည်ဖြစ် ၏။ သို့တည်းမဟုတ် မြန်မာနိုင်ငံ ၏ အနောက်တောင်ရပ်ဝန်းအား လစ်ဗျား၊ အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ် စသည့်စသည့် စစ်မီးလျှံယဉ်ပါးသော ပဋိပက္ခနယ်မြေအသွင် ပယောဂမျိုးစုံဝင်ပြီး ကာလကြာရှည် ဖန်တီးခံရမည်ကို လွန်စွာစိုးရိမ်ဖွယ် ကောင်းလှ၏။
ထို့ကြောင့် ရခိုင်ပြည်နယ်၏ အနာဂတ်ရပ်တည်မှုကို ဖျက်ဆီး မည့်သူမှာ ARSA မှတစ်ပါး အခြားမရှိကြောင်း AA တို့ အတွင်းကျ ကျ သိစေချင်သည်။ ဗမာလူမျိုး တို့သည်လည်း ရခိုင်ကို လူမျိုးရေး အရ မုန်းတီးခြင်း လုံးဝမရှိကြောင်းအခိုင်အမာ ယုံကြည်ကြစေချင် သည်။ အရေးကြီးလျှင် သွေးနီးရ မည်ဖြစ်၏။ ARSA အပါအဝင် ပယောဂအားလုံးနှင့် နှိုင်းယှဉ် လျှင် မည်သူသည် သွေးအနီးဆုံး ဖြစ်ကြောင်း ပြတ်ပြတ်သားသား ရှုမြင်နိုင်သည်နှင့် ရခိုင်ပြည်နယ် သာလီစွသည် ပျက်စီးရာအ ကြောင်း လုံးဝမမြင်တော့ပေ။ တစ်ဖက်တွင် ရခိုင်ပြည်နယ်၏ လုံခြုံရေးအင်အား တောင့်တင်း ရေး၊ တိုက်ပွဲများ ရပ်စဲရေးနှင့် ပြန်လည်ထူထောင်ရေး လမ်း ကြောင်းမှတစ်ဆင့် တိုင်းရင်းသား တို့၏ ပြည်နယ်အကျိုးစီးပွားဖန် တီးခွင့်၊ ပြည်ထောင်စုအတွင်း တန်းတူရည်တူ ပူးပေါင်းဆောင် ရွက်ခွင့်များကို အတိအကျအပ် နှင်းမည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အမြန်ဆုံးတည် ဆောက်ရေး မဟာဗျူဟာသည် မြန်မာနိုင်ငံ၏ အရှေ့တောင် တံခါး ရေရှည်ခိုင်မာရေးအတွက် လည်းကောင်း၊ ပယောဂမကင်း သည့် လက်ရှိ ပထဝီနိုင်ငံရေး အ ခြေအနေများအရလည်းကောင်း၊ ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ရန် လိုအပ်ကြောင်း ဖော်ပြရင်း နိဂုံး ချုပ်အပ်ပါသည်။ ။
(ဆောင်းပါးရှင် မြင့်မိုရ်ဆွေသည် မြို့ပြရေးရာ၊ ယဉ်ကျေးမှု၊ ခရီးသွားစာပေနှင့် မျက်မှောက်ရေးရာများ ရေးသားနေသူဖြစ်သည်)
ငါးပုဒ်စလုံးကို 7Day Daily ဝက်ဘ်ဆိုက်ကနေ ကူးယူပါတယ်။
စလေ ငနော့
Comments
Post a Comment