မိုးေရထဲမွာ ဂ်က္ လမ္းေလွ်ာက္ျခင္း 🖊 ဂ်က္ကြမ္းျခံကုန္း

မိုးေရထဲမွာ ဂ်က္လမ္းေလွ်ာက္ျခင္း
•••••••••••••••••••••••••••••••••••

ဂ်က္ကြမ္းျခံကုန္း

မိုး ဘယ္ႏွမ်ိဳးရွိသလဲဟု ကြၽန္ုပ္အား ေမးခြန္းထုတ္လာၾကပါအံ့။ မိုးေလဝသႏွင့္ ဇလေဗဒ ပညာရွင္မဟုတ္ေခ်ေသာ ကြၽန္ုပ္က ဘယ့္ႏွာလုပ္ ေျဖဆိုျခင္းငွာ တတ္စြမ္းပါလိမ့္မတုံး အရပ္ကတို႔ငဲ့ေလ။ မိုး႐ြာတာ ေကာင္းသလား၊ ဆိုးသလား။ အဲသဟာကလည္း ခံစားသူအႀကိဳက္ေပပ ဟူလို။ အနို႔ျဖင့္ တိတ္ေနေသာမိုးကို ႐ြာေလာ့၊ ႐ြာေနေသာမိုးကို တိတ္ေလာ့ စသည္ ျဖင့္ အမိန႔္ေပးေစခိုင္းလို႔ေကာ ရေကာင္းပါေလစ။ ကြၽန္ုပ္ ဂ်က္ကြမ္းၿခံကုန္း ဉာဏ္မမီေတာ့ပါေလၿပီ။ သပၸဳရိသ အႏြယ္ဝင္ သူေတာ္စင္အေပါင္းတို႔ဟူတကား။

ကြၽန္ုပ္တို႔ငယ္စဥ္က ေပါကၡရဝႆမိုး ဟူသည္ကို လူႀကီးေတြ ႏႈတ္ဖ်ားက တစ္ဆင့္ၾကားဖူး၏။ စိုစြတ္လိုစိတ္ရွိေသာ သူတို႔ကိုသာ စိုစြတ္ေစ၍ စိုစြတ္ရန္အလို႔ငွာ ဆႏၵမရွိေသာသူတို႔ကို ဘယ့္ႏွာမွ မစိုစြတ္ေစေသာမိုး ဟူသည္တကား။ ေကာင္းလိုက္တဲ့မိုးဟူ၍ ကြၽန္ုပ္တို႔ ေတာင့္တမိခဲ့သည္ကား ဧကန္မုခ်ပင္။ ထူးေပဆန္းေပစြ။

ေဂါတမဘုရားရွင္ လက္ထက္ဆီကမူ အာဠာဝကဘီလူးသည္ သူ၏ ဗိမာန္အတြင္း၌ စံျမန္းေနေသာ ဘုရားရွင္အေပၚ မိုးအမ်ိဳးမ်ိဳး ႐ြာခ်ေစခဲ့ဖူးပါ၏။ ေရယဥ္မိုး၊ ဓားမိုး၊ လွံမိုး၊ ေက်ာက္ခဲမိုး၊ ျပာပူမိုး၊ သလဲမိုး စသည္ စသည္။ အဘယ္ကဲ့သို႔ေသာ မိုးေတြပါလိမ့္ အရပ္ကတို႔ငယ္ေလ။

ေဟာ... ယခု ပစၥကၡမ်က္ေမွာက္ကာလ၌မူ အက္စစ္မိုးဟူသည္ႀကီးကို ကြၽန္ုပ္ ၾကားသိလိုက္ရေခ်ရာ တြန႔္သြား၏။ အက္စစ္မိုးဆိုေတာ့ ခ်ဥ္ေပမေပါ့။ ဆာလဖာဒိုင္ေအာက္ဆိုဒ္ႏွင့္ နိုက္ထရိုဂ်င္ေအာက္ဆိုဒ္တို႔ ႁပြမ္းေနသည့္ မိုးဟူသတတ္။ အေမရိကန္၊ ကေနဒါ၊ ဆြီဒင္၊ ဂ်ာမနီ၊ တ႐ုတ္ျပည္ တို႔၌ ႐ြာခ်တတ္ေလသတတ္။ အဆိပ္ခိုးအမ်ိဳးမ်ိဳးေၾကာင့္ ႐ြာသြန္းေလသည့္ အႏွီ အက္စစ္မိုးကိုျဖင့္ ကြၽန္ုပ္မုန္းမိေၾကာင္းပါ စာရႈသူအေဆြသူေတာ္စင္။

ပသို႔ဆိုေစေပါ့။ မိုးဟူသည္ ေတာင့္တသူကလည္းရွိ၊ ေၾကာင့္ၾကသူ ကလည္းရွိ ဆႏၵအေထြေထြတို႔ ကြဲျပားလ်က္ ရွိၾကဘိတတ္ေခ်ရာ ႐ြာေစလို၍၊ တိတ္ေစလို၍ ႀကိဳးပမ္းၾကသည္မ်ားကလည္း ေထြေထြရာရာ ပါေပတမုံ႕။

ဟိုးတစ္ခါက ထိုင္းနိုင္ငံဘက္ဆီဝယ္ မိုးေခါင္ေသာသတင္းတစ္ရပ္ကို ၾကားမိဖူးပါ၏။ သူတို႔ကား မိုးတိမ္အတုမ်ားကို ဖန္တီးကာ ႐ြာသြန္းခ် ေစခဲ့ေၾကာင္း အႏွီ သတင္းက ဆက္၍ဆိုရာ ဂ်က္ကြမ္းၿခံကုန္း အားမလို အားမရျဖစ္သြား၏။ လြန္ဆြဲပါေတာ့လား အေဆြတို႔ရယ္။ နာနာေလးဖိဆြဲလိုက္ ေခ်ေပါ့။ အာဖရိကတို႔၊ လက္တင္အေမရိကတို႔ကို သည္နည္းကေလး ဂ်က္က လက္ဆင့္ကမ္းခ်င္သမင့္ဟာ။ ရႊဲရႊဲေတာင္ စိုသြားလိမ့္ဦး။ မိုးကိုလိုေသာ္ ဂ်က္တို႔ လြန္ဆြဲၾကေပါ့ဟာ။

ဤ၌ စကားလက္စႏွင့္ဟုဆိုသလို ႐ြာမည့္မိုးကို တိတ္ေလာ့ဟု ေစေသာ သတင္းကေလးကို လက္ဆင့္ကမ္းခ်င္မိျပန္သဗ်။ ဂႏၶာလရာဇ္ေခၚ တ႐ုတ္ျပည္ႀကီးဆီက သတင္းေပတကား။ ဥကၠ႒ႀကီးေမာ္ကား ၁၉၄၉ ေအာက္တိုဘာ ၁ ဝယ္ တ႐ုတ္ျပည္ကို ကြန္ျမဴနစ္နိုင္ငံအျဖစ္ ေၾကညာခဲ့ေခ်၏။ အႏို႔ ျဖစ္ေခ်ရာ ၂၀၀၉ ေအာက္တိုဘာ ၁ သည္ တ႐ုတ္ကြန္ျမဴနစ္ ပါတီ အႏွစ္ ၆၀ ျပည့္ေသာႏွစ္ျဖစ္၏။ သို႔ေၾကာင့္ အႏွီ ပြဲကို ေပက်င္းရွိ တီယန္မင္ရင္ျပင္၌ ဝွဲခ်ီးက်င္းပရန္ စီစဥ္ခဲ့ရာ မိုးကိုမူေၾကာက္၏။

သို႔ႏွင့္ မိုးကိုအန္တုရန္ စီစဥ္ခဲ့ၾကေလ၏။ ေလယာဥ္ ၁၈ စင္းက မိုးတိမ္မ်ား ေရွာင္ဖယ္သြားရန္အလို႔ငွာ ဓာတုေဗဒပစၥည္းမ်ားျဖင့္ ႀကဲခ်ေလေတာ့သည္ ဟူသတတ္။ အနို႔အျပင္ အျခားေသာ ေလယာဥ္ ၄၈ စင္းကလည္း ၿမိဳ႕ေတာ္ေပက်င္း၏ ဝန္းက်င္ ေလဆိပ္မ်ားဆီ၌ အဆင္သင့္ ရယ္ဒီဆိုသလို
ေစာင့္ဆိုင္း၍ ေနခဲ့ၾကကာ မိုးတိမ္မ်ားတက္လာသည္ႏွင့္ ေခ်ဖ်က္ရန္ ေဆးမ်ားႏွင့္ အဆင္သင့္။ ယင္း၎အႏွီ အစီအစဥ္ကို ဦးေဆာင္သူက ေလတပ္ မိုးေလ၀သပညာရွင္ က်ဴလင္ကင္း။ မွတ္ေပေတာ့။

အဲသမွာ ရိုးရာနည္းကေလးေတြ ကြၽန္ုပ္က လက္ဆင့္ကမ္းခ်င္လာ ျပန္ပါေလေရာ။ ရွင္ဥပဂုတၱပြဲကေလး တင္လိုက္ေသာ္ အကုန္အက် မသက္သာပါကလား အေဆြ သူေတာ္ေကာင္းတို႔ငယ္ေလ။ ကြၽန္ုပ္တို႔အေနႏွင့္မူ ပြဲလမ္းသဘင္ကေလးပဲ ရွိရွိ၊ အလႉမဂၤလာ သာေရးနာေရး အခမ္းအနားေတြပဲ ဝွဲခ်ီး ဝွဲခ်ီး မိုးမ႐ြာရန္အလို႔ငွာ ရွင္ဥပဂုတၱပြဲကေလး တင္ထားလိုက္တာေပ ပဗ်ာ။ ဘဇာနည္းပညာမွ မလိုေပါင္။

လူဝင္လူထြက္ မ်ားျပားေစခ်င္သည္ ဆိုေတာ့လည္း ဧည့္ဘာမုန္းေလး ဘာေလး စိုက္ၾကတာေပါ့။ မီးအႏၱရာယ္ ရန္စြယ္ကို ေၾကာက္႐ြံ႕ေတာ့လည္း မီးကြင္းဂမုန္းကေလး ဘာကေလး စိုက္ၾကေခ်တာေပါ့။ ေရာင္းပန္းဝယ္ပန္း ကေလး ပြင့္လန္းေဝဆာခ်င္ေတာ့လည္း စီးပြားဂမုန္းကေလး ဘာကေလး စိုက္ၾကေခ်တာေပါ့။ ဂ်က္၏ တူကေလးမ်ား၊ တူမကေလးမ်ားဆိုရင္ျဖင့္ လည္း ဉာဏ္ေကာင္းလိုက္ၾကတာ။ ၾကာသပေတးေန႕မွာ ေက်ာင္းသြားအပ္ ၾကဆိုမို႔လား။

အဲလဘတ္အိုင္စတိုင္းတို႔၊ အိုင္ဇက္နယူတန္တို႔၊ ေသာမတ္အက္ဒီ ဆင္တို႔၊ ဘာထရန္ရပ္ဆယ္တို႔ ဂ်က္စိတ္ႀကိဳက္ ရိုးရာနည္းကေလးမ်ား သိ မသြားၾကရွာတာ လူျဖစ္ရႈံးလွေခ်ရဲ႕ဗ်ာရယ္။

ေပၚျပဳလာ၊ ၁၂-၁-၂၀၁၀

ဆရာဂ်က္ကြမ္းျခံကုန္း၊ မသိရင္ ခက္မယ္၊
စာမ်က္ႏွာ ၆၀ - ၆၂။

စာ႐ိုက္ - စေလ ငေနာ့

Unicode

မိုးရေထဲမှာ ဂျက်လမ်းလျှောက်ခြင်း
•••••••••••••••••••••••••••••••••••

ဂျက်ကွမ်းခြံကုန်း

မိုး ဘယ်နှမျိုးရှိသလဲဟု ကျွန်ုပ်အား မေးခွန်းထုတ်လာကြပါအံ့။ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်မဟုတ်ချေသော ကျွန်ုပ်က ဘယ့်နှာလုပ် ဖြေဆိုခြင်းငှာ တတ်စွမ်းပါလိမ့်မတုံး အရပ်ကတို့ငဲ့လေ။ မိုးရွာတာ ကောင်းသလား၊ ဆိုးသလား။ အဲသဟာကလည်း ခံစားသူအကြိုက်ပေပ ဟူလို။ အနို့ဖြင့် တိတ်နေသောမိုးကို ရွာလော့၊ ရွာနေသောမိုးကို တိတ်လော့ စသည် ဖြင့် အမိန့်ပေးစေခိုင်းလို့ကော ရကောင်းပါလေစ။ ကျွန်ုပ် ဂျက်ကွမ်းခြံကုန်း ဉာဏ်မမီတော့ပါလေပြီ။ သပ္ပုရိသ အနွယ်ဝင် သူတော်စင်အပေါင်းတို့ဟူတကား။

ကျွန်ုပ်တို့ငယ်စဉ်က ပေါက္ခရဝဿမိုး ဟူသည်ကို လူကြီးတွေ နှုတ်ဖျားက တစ်ဆင့်ကြားဖူး၏။ စိုစွတ်လိုစိတ်ရှိသော သူတို့ကိုသာ စိုစွတ်စေ၍ စိုစွတ်ရန်အလို့ငှာ ဆန္ဒမရှိသောသူတို့ကို ဘယ့်နှာမှ မစိုစွတ်စေသောမိုး ဟူသည်တကား။ ကောင်းလိုက်တဲ့မိုးဟူ၍ ကျွန်ုပ်တို့ တောင့်တမိခဲ့သည်ကား ဧကန်မုချပင်။ ထူးပေဆန်းပေစွ။

ဂေါတမဘုရားရှင် လက်ထက်ဆီကမူ အာဠာဝကဘီလူးသည် သူ၏ ဗိမာန်အတွင်း၌ စံမြန်းနေသော ဘုရားရှင်အပေါ် မိုးအမျိုးမျိုး ရွာချစေခဲ့ဖူးပါ၏။ ရေယဉ်မိုး၊ ဓားမိုး၊ လှံမိုး၊ ကျောက်ခဲမိုး၊ ပြာပူမိုး၊ သလဲမိုး စသည် စသည်။ အဘယ်ကဲ့သို့သော မိုးတွေပါလိမ့် အရပ်ကတို့ငယ်လေ။

ဟော... ယခု ပစ္စက္ခမျက်မှောက်ကာလ၌မူ အက်စစ်မိုးဟူသည်ကြီးကို ကျွန်ုပ် ကြားသိလိုက်ရချေရာ တွန့်သွား၏။ အက်စစ်မိုးဆိုတော့ ချဉ်ပေမပေါ့။ ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် နိုက်ထရိုဂျင်အောက်ဆိုဒ်တို့ ပြွမ်းနေသည့် မိုးဟူသတတ်။ အမေရိကန်၊ ကနေဒါ၊ ဆွီဒင်၊ ဂျာမနီ၊ တရုတ်ပြည် တို့၌ ရွာချတတ်လေသတတ်။ အဆိပ်ခိုးအမျိုးမျိုးကြောင့် ရွာသွန်းလေသည့် အနှီ အက်စစ်မိုးကိုဖြင့် ကျွန်ုပ်မုန်းမိကြောင်းပါ စာရှုသူအဆွေသူတော်စင်။

ပသို့ဆိုစေပေါ့။ မိုးဟူသည် တောင့်တသူကလည်းရှိ၊ ကြောင့်ကြသူ ကလည်းရှိ ဆန္ဒအထွေထွေတို့ ကွဲပြားလျက် ရှိကြဘိတတ်ချေရာ ရွာစေလို၍၊ တိတ်စေလို၍ ကြိုးပမ်းကြသည်များကလည်း ထွေထွေရာရာ ပါပေတမုံ့။

ဟိုးတစ်ခါက ထိုင်းနိုင်ငံဘက်ဆီဝယ် မိုးခေါင်သောသတင်းတစ်ရပ်ကို ကြားမိဖူးပါ၏။ သူတို့ကား မိုးတိမ်အတုများကို ဖန်တီးကာ ရွာသွန်းချ စေခဲ့ကြောင်း အနှီ သတင်းက ဆက်၍ဆိုရာ ဂျက်ကွမ်းခြံကုန်း အားမလို အားမရဖြစ်သွား၏။ လွန်ဆွဲပါတော့လား အဆွေတို့ရယ်။ နာနာလေးဖိဆွဲလိုက် ချေပေါ့။ အာဖရိကတို့၊ လက်တင်အမေရိကတို့ကို သည်နည်းကလေး ဂျက်က လက်ဆင့်ကမ်းချင်သမင့်ဟာ။ ရွှဲရွှဲတောင် စိုသွားလိမ့်ဦး။ မိုးကိုလိုသော် ဂျက်တို့ လွန်ဆွဲကြပေါ့ဟာ။

ဤ၌ စကားလက်စနှင့်ဟုဆိုသလို ရွာမည့်မိုးကို တိတ်လော့ဟု စေသော သတင်းကလေးကို လက်ဆင့်ကမ်းချင်မိပြန်သဗျ။ ဂန္ဓာလရာဇ်ခေါ် တရုတ်ပြည်ကြီးဆီက သတင်းပေတကား။ ဥက္ကဋ္ဌကြီးမော်ကား ၁၉၄၉ အောက်တိုဘာ ၁ ဝယ် တရုတ်ပြည်ကို ကွန်မြူနစ်နိုင်ငံအဖြစ် ကြေညာခဲ့ချေ၏။ အနို့ ဖြစ်ချေရာ ၂၀၀၉ အောက်တိုဘာ ၁ သည် တရုတ်ကွန်မြူနစ် ပါတီ အနှစ် ၆၀ ပြည့်သောနှစ်ဖြစ်၏။ သို့ကြောင့် အနှီ ပွဲကို ပေကျင်းရှိ တီယန်မင်ရင်ပြင်၌ ဝှဲချီးကျင်းပရန် စီစဉ်ခဲ့ရာ မိုးကိုမူကြောက်၏။

သို့နှင့် မိုးကိုအန်တုရန် စီစဉ်ခဲ့ကြလေ၏။ လေယာဉ် ၁၈ စင်းက မိုးတိမ်များ ရှောင်ဖယ်သွားရန်အလို့ငှာ ဓာတုဗေဒပစ္စည်းများဖြင့် ကြဲချလေတော့သည် ဟူသတတ်။ အနို့အပြင် အခြားသော လေယာဉ် ၄၈ စင်းကလည်း မြို့တော်ပေကျင်း၏ ဝန်းကျင် လေဆိပ်များဆီ၌ အဆင်သင့် ရယ်ဒီဆိုသလို
စောင့်ဆိုင်း၍ နေခဲ့ကြကာ မိုးတိမ်များတက်လာသည်နှင့် ချေဖျက်ရန် ဆေးများနှင့် အဆင်သင့်။ ယင်း၎င်းအနှီ အစီအစဉ်ကို ဦးဆောင်သူက လေတပ် မိုးလေ၀သပညာရှင် ကျူလင်ကင်း။ မှတ်ပေတော့။

အဲသမှာ ရိုးရာနည်းကလေးတွေ ကျွန်ုပ်က လက်ဆင့်ကမ်းချင်လာ ပြန်ပါလေရော။ ရှင်ဥပဂုတ္တပွဲကလေး တင်လိုက်သော် အကုန်အကျ မသက်သာပါကလား အဆွေ သူတော်ကောင်းတို့ငယ်လေ။ ကျွန်ုပ်တို့အနေနှင့်မူ ပွဲလမ်းသဘင်ကလေးပဲ ရှိရှိ၊ အလှူမင်္ဂလာ သာရေးနာရေး အခမ်းအနားတွေပဲ ဝှဲချီး ဝှဲချီး မိုးမရွာရန်အလို့ငှာ ရှင်ဥပဂုတ္တပွဲကလေး တင်ထားလိုက်တာပေ ပဗျာ။ ဘဇာနည်းပညာမှ မလိုပေါင်။

လူဝင်လူထွက် များပြားစေချင်သည် ဆိုတော့လည်း ဧည့်ဘာမုန်းလေး ဘာလေး စိုက်ကြတာပေါ့။ မီးအန္တရာယ် ရန်စွယ်ကို ကြောက်ရွံ့တော့လည်း မီးကွင်းဂမုန်းကလေး ဘာကလေး စိုက်ကြချေတာပေါ့။ ရောင်းပန်းဝယ်ပန်း ကလေး ပွင့်လန်းဝေဆာချင်တော့လည်း စီးပွားဂမုန်းကလေး ဘာကလေး စိုက်ကြချေတာပေါ့။ ဂျက်၏ တူကလေးများ၊ တူမကလေးများဆိုရင်ဖြင့် လည်း ဉာဏ်ကောင်းလိုက်ကြတာ။ ကြာသပတေးနေ့မှာ ကျောင်းသွားအပ် ကြဆိုမို့လား။

အဲလဘတ်အိုင်စတိုင်းတို့၊ အိုင်ဇက်နယူတန်တို့၊ သောမတ်အက်ဒီ ဆင်တို့၊ ဘာထရန်ရပ်ဆယ်တို့ ဂျက်စိတ်ကြိုက် ရိုးရာနည်းကလေးများ သိ မသွားကြရှာတာ လူဖြစ်ရှုံးလှချေရဲ့ဗျာရယ်။

ပေါ်ပြုလာ၊ ၁၂-၁-၂၀၁၀

ဆရာဂျက်ကွမ်းခြံကုန်း၊ မသိရင် ခက်မယ်၊
စာမျက်နှာ ၆၀ - ၆၂။

စာရိုက် - စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်