ေ႐ွ႕မ်က္ႏွာ ေနာက္ထားၿပီး သင္ၾကားၾကပါစို႔ 🖊 ေမာင္သာခ်ိဳ
ဆရာေမာင္သာခ်ိဳရဲ႕ ေဆာင္းပါးအသစ္။
ေရွ႕မ်က္ႏွာ ေနာက္ထားၿပီး သင္ၾကားၾကပါစို႔
•••••••••••••••••••••••••••••••••••••••••
ေမာင္သာခ်ိဳ
7Day Daily
Friday, May 29, 2020 - 07:27
(တစ္)
ဆရာစိန္ဝင္းစိန္က ‘ရွင္သန္ခြင့္’ ဟူေသာအမည္ျဖင့္ စာတစ္အုပ္ ဘာသာျပန္ထားၿပီး ရွိပါ သည္။
မူရင္းစာေရးသူက ကိုရီးယား အမ်ိဳးသမီး ပတ္ယြန္မီ (Park Yeon-Mi)။ သူက ပထမ ေျမာက္ကိုရီးယား၌ ေနထိုင္သူ။ ၁၉၉၃ ၌ ေမြးသူ ပတ္ယြန္မီ သူ႕ နိုင္ငံက ထြက္ေျပးေတာ့ ၂၀၀၇ ခုႏွစ္ျဖစ္ရာ ထိုအခ်ိန္၌ သူ (၁၄) ႏွစ္ သမီးအ႐ြယ္ရွိၿပီ။ သူႏွင့္ သူ႕ အေမ။
ေျမာက္ကိုရီးယားကို စြန႔္ခြာ ထြက္ေျပးသူတို႔အေၾကာင္း ဇာတ္လမ္းေပါင္း မ်ားစြာရွိပါသည္။ အားလုံးလိုလို၌ တူညီသည့္ အခ်က္မွာ ေရွးဦးစြာ နယ္စပ္ခ်င္း ကပ္ေနသည့္ တ႐ုတ္ျပည္သို႔ ေျပးၾကျခင္းပင္ ျဖစ္ပါသည္။ ထို႔ေနာက္တြင္မွ မြန္ဂိုလီးယားကဲ့သို႔ နိုင္ငံမ်ိဳး၌ တစ္ဆင့္ခံကာ ေတာင္ကိုရီးယားသို႔ ေရာက္သြားၾကျခင္း ျဖစ္ပါသည္။ ထိုအျဖစ္မ်ိဳးကို 'Crossing' ကဲ့သို႔ ႐ုပ္ရွင္ဇာတ္ကား၌ ရႈစားနိုင္ပါသည္။
ယခု ပတ္ယြန္မီတို႔ကလည္း ဤအတိုင္းပင္ ျဖစ္ပါသည္။ တ႐ုတ္သို႔ ထြက္ေျပးလြတ္ေျမာက္ သြားသည္က ၂၀၀၇။ ထို႔ေနာက္ မြန္ဂိုလီးယား။ ထို႔ေနာက္ ေတာင္ကိုရီးယားသို႔ ေရာက္ေသာအခါ ၂၀၀၉ ခုႏွစ္ေရာက္ၿပီ။ ယင္းကို စာအုပ္ေရးခဲ့ျခင္းျဖစ္ရာ စာအုပ္ အဂၤလိပ္အမည္က 'In Order to Live'။ စာေရးသူ ပတ္ယြန္မီက 'I Hope my book will shine a light on the darkest place in the world' တဲ့။ ကမၻာ့အေမွာင္ဆုံးတစ္ေနရာမွာ အလင္းကေလး တစ္ခ်က္ ေတာက္ပသြားဖို႔ ေမွ်ာ္လင့္ပါေၾကာင္း။
ေၾကကြဲရပါသည္။ တ႐ုတ္ ျပည္နယ္စပ္ တစ္ေနရာ၌ သူတို႔ ရွိေနၾကစဥ္ အသက္ေမြးခဲ့ရပုံတစ္ခုက Online လိင္ေဖ်ာ္ေျဖမႈ။ ခ်က္တင္ (Chatting) ဝင္သည့္အခါ မိမိအေဖာ္ အမ်ိဳးသား (Chat Partner) ၏ ဆႏၵအတိုင္း လိင္ကိစၥမ်ားကို တစ္တစ္ခြခြ ဘြင္းဘြင္းရွင္းရွင္း အျပန္အလွန္ေျပာဆိုေပးရသည့္ အလုပ္။ ထို႔အျပင္ ထိုသူေတာင္းဆိုသည့္အတိုင္း မိမိတစ္ကိုယ္လုံးကို ခင္းက်င္းျပသ ေပးရသည့္အလုပ္။ တစ္ဖက္ကလည္း ထိုအသံႏွင့္ အ႐ုပ္ကိုၾကည့္ကာ ကာမဆႏၵအာသီသတို႔ ျပည့္စုံၿပီးေျမာက္ျခင္းသို႔ ေရာက္ရွိပါေလသတဲ့။ ယင္းအတြက္ လစာ ေငြရသည္။
ကြၽန္ေတာ္ အံ့ဩသြားပါ သည္။ Online ေပၚက လိင္ေဖ်ာ္ေျဖမႈတဲ့။ ကိုယ္လက္ႏွီးေႏွာမႈ မပါဘဲ စိတ္ေက်နပ္မႈရယူသူတို႔၏ ေလာက။
(ႏွစ္)
ကြၽန္ေတာ္တို႔က ေမထုန္ဟု ဆိုလိုက္သည္ႏွင့္ ကာမဆက္ဆံျခင္းဟု လြယ္လြယ္ပဲ နားလည္ လိုက္ပါသည္။
သုေတသနသ႐ုပ္ျပ အဘိဓာန္ကို လွန္သည့္အခါ ေမထုန္ကို ေမထုန္ငယ္၊ ေမထုန္ႀကီး စသည္ျဖင့္ ေတြ႕ရပါလိမ့္မည္။ ကိုယ္လက္ထိေတြ႕ ပြတ္သပ္ တို႔ထိ႐ုံမွ်ကို ေမထုန္ငယ္ဟူ၍။ ကိုယ္ကာယခ်င္း ဆက္ဆံသည္ကိုမွ ေမထုန္ႀကီးဟူ၍။
ထို႔ေနာက္ ဆက္ၾကည့္သည့္အခါ ေမထုန္ခုနစ္ပါးဆိုသည္ကိုပါ ေတြ႕ရပါလိမ့္မည္။ ဤတြင္ကား တို႔တာ၊ ထိတာ၊ ဆိတ္တာ၊ ဆြတာ၊ ထုတာ၊ ရိုက္တာ၊ မဲ့တာ၊ ၿပဳံးတာ၊ ခြၽဲတာ၊ ပ်စ္တာ၊ ေမႊးတာ၊ ႀကိဳင္တာ၊ ၾကည့္တာ၊ ရႈတာ၊ လွစ္တာ၊ ေဖာ္တာ အကုန္လုံး ပါဝင္သြားၿပီျဖစ္ပါသည္။
ထို႔ေၾကာင့္လည္း ဝိနည္း ဥပေဒေတာ္ျမတ္ထဲ၌ မာတုဂါမႏွင့္ ခရီးအတူမသြားရန္၊ ေလွအတူ မစီးရန္၊ လူကြယ္ရာ၌ အတူ မေနရန္၊ မာတုဂါမကို တစ္ဦးတည္း တရားမေဟာရန္၊ မာတုဂါမအိမ္၌ မက်ိန္းရန္၊ မာတုဂါမ၏ လက္၊ ဆံပင္ စသည့္ ကိုယ္အဂၤါႀကီးငယ္တို႔ကို မထိရန္ စသည္စသည္ျဖင့္ ပညတ္ခဲ့ျခင္း ျဖစ္ပုံရပါသည္။
ေမထုန္မႈဆိုသည္က လင္မယားကိစၥထက္ အဆေပါင္းမ်ားစြာ က်ယ္ျပန႔္သည့္ စိတ္၏ ေဖာက္လွဲေဖာက္ျပန္ သာယာတိမ္းၫြတ္တတ္သည့္ ကာမဂုဏ္ နယ္ပယ္ႀကီးျဖစ္ေၾကာင္း ဗုဒၶဘုရားရွင္က လြန္ခဲ့သည့္ ႏွစ္ေပါင္း ႏွစ္ေထာင့္ငါးရာေက်ာ္ကတည္းက သိရွိေတာ္မူခဲ့ၿပီး မဟုတ္ပါလား။
(သုံး)
ယခုအခါ Sex Education ဟူ၍ အသံဗလံကေလးေတြ ညံေနပါတယ္။ ယခင္ကမူ ဖခင္က သားကို သင္သည္။ မိခင္က သမီးကို သင္သည္။ တစ္ခါတစ္ခါ သူငယ္ခ်င္း အခ်င္းခ်င္းသင္သည္။ ဘာသာေရးေခါင္းေဆာင္မ်ားက သင္သည္။ စာနယ္ဇင္း သတင္းမီဒီယာေပါင္းစုံက သင္သည္။ စနစ္က်သည္လည္း ရွိ၊ မက်သည္လည္း ရွိ။
'Sex education may be taught informally, such as when someone receives information from a conversation with a parents, friends, religious leader or through the media' ဟု ဆိုသည္မဟုတ္လား။ သူငယ္ခ်င္းတို႔၊ မိဘတို႔၊ ဘာသာေရးေခါင္းေဆာင္တို႔က ျပည့္စုံပါ့မလား၊ မွန္ကန္ပါ့မလား၊ စနစ္က်ပါ့မလား။ လမ္းႀကဳံမွ၊ အခြင့္သာမွ တစ္ခြန္းစ၊ ႏွစ္ခြန္းစ ေျပာတတ္သည့္ကိစၥ။
Sex Education ႏွင့္ပတ္သက္၍ ကုလသမဂၢက ဤသို႔ဆိုပါသည္။
'As it enables young people to make informed decisions about their sexuality' ဟု။ ငယ္႐ြယ္သူတို႔ မိမိတို႔၏ ဖိုမ သဘာဝႏွင့္ပတ္သက္၍ ပညာ မ်က္စိႀကီးႀကီးျဖင့္ သုံးသပ္ဆုံးျဖတ္နိုင္စြမ္း ရွိေစရန္ အတြက္ပဲ ျဖစ္ပါသည္။
လိင္အျမတ္မထုတ္ေရး၊ လိင္မခြဲျခားေရး၊ လိင္အနိုင္မက်င့္ေရး၊ သားဆက္ျခားသည့္ကိစၥ၊ ခုခံအားက်ဆင္းသည့္ေရာဂါ ကာကြယ္ေရးကိစၥ၊ သားသမီးတားသည့္ကိစၥ၊ လိင္က်န္းမာေရးကိစၥ စသည္ျဖင့္ က်ယ္ျပန႔္လွပါသည္။
Sex Education ဟူသည္ ဖိုႏွင့္မ ဆက္ဆံၾကသည့္ကိစၥထက္ နယ္ပယ္က်ယ္ဝန္းပါသည္။ Online ေပၚကေန အ႐ုပ္ႏွင့္ အသံကိုၾကည့္ကာ ေမထုန္မွီဝဲေနသည့္ ကမၻာႀကီး၊ ေမထုန္ငယ္ ခုနစ္ပါးဟုဆိုကာ ဘုရားရွင္က ဝိနည္းပညတ္၍ ကြပ္ညွပ္ခဲ့ရသည့္ ကမၻာႀကီးေပၚ၌ ငယ္႐ြယ္သူတို႔ ေဘးမသင့္ဖို႔ရာ ပညာေပးရန္ လိုအပ္ပါသည္။
အေတာင္အလက္မစုံေသးသူ ကေလးျဖစ္ေစဦးေတာ့ ေမထုန္ငယ္စာရင္းဝင္ အျပဳအမူမ်ားျဖင့္ ထိေတြ႕ပြတ္သပ္ေခ်ာ့ျမႇဴကာ အရသာယူသူက ယူေနတတ္သည့္ ေလာက အမိုက္အေမွာင္ႀကီး မဟုတ္လား။ ။
(စာေရးဆရာ ေမာင္သာခ်ိဳသည္ ကဗ်ာ၊ ဝတၳဳတို၊ ခရီးသြားစာေပ၊ လူမႈေရး၊ ပညာေရး၊ စာေပေရးရာ ေဆာင္းပါးမ်ား ေရးသားေနသူျဖစ္သည္)
Copied from 7Day Daily.
စေလ ငေနာ့
Unicode
ဆရာမောင်သာချိုရဲ့ ဆောင်းပါးအသစ်။
ရှေ့မျက်နှာ နောက်ထားပြီး သင်ကြားကြပါစို့
•••••••••••••••••••••••••••••••••••••••••
မောင်သာချို
7Day Daily
Friday, May 29, 2020 - 07:27
(တစ်)
ဆရာစိန်ဝင်းစိန်က ‘ရှင်သန်ခွင့်’ ဟူသောအမည်ဖြင့် စာတစ်အုပ် ဘာသာပြန်ထားပြီး ရှိပါ သည်။
မူရင်းစာရေးသူက ကိုရီးယား အမျိုးသမီး ပတ်ယွန်မီ (Park Yeon-Mi)။ သူက ပထမ မြောက်ကိုရီးယား၌ နေထိုင်သူ။ ၁၉၉၃ ၌ မွေးသူ ပတ်ယွန်မီ သူ့ နိုင်ငံက ထွက်ပြေးတော့ ၂၀၀၇ ခုနှစ်ဖြစ်ရာ ထိုအချိန်၌ သူ (၁၄) နှစ် သမီးအရွယ်ရှိပြီ။ သူနှင့် သူ့ အမေ။
မြောက်ကိုရီးယားကို စွန့်ခွာ ထွက်ပြေးသူတို့အကြောင်း ဇာတ်လမ်းပေါင်း များစွာရှိပါသည်။ အားလုံးလိုလို၌ တူညီသည့် အချက်မှာ ရှေးဦးစွာ နယ်စပ်ချင်း ကပ်နေသည့် တရုတ်ပြည်သို့ ပြေးကြခြင်းပင် ဖြစ်ပါသည်။ ထို့နောက်တွင်မှ မွန်ဂိုလီးယားကဲ့သို့ နိုင်ငံမျိုး၌ တစ်ဆင့်ခံကာ တောင်ကိုရီးယားသို့ ရောက်သွားကြခြင်း ဖြစ်ပါသည်။ ထိုအဖြစ်မျိုးကို 'Crossing' ကဲ့သို့ ရုပ်ရှင်ဇာတ်ကား၌ ရှုစားနိုင်ပါသည်။
ယခု ပတ်ယွန်မီတို့ကလည်း ဤအတိုင်းပင် ဖြစ်ပါသည်။ တရုတ်သို့ ထွက်ပြေးလွတ်မြောက် သွားသည်က ၂၀၀၇။ ထို့နောက် မွန်ဂိုလီးယား။ ထို့နောက် တောင်ကိုရီးယားသို့ ရောက်သောအခါ ၂၀၀၉ ခုနှစ်ရောက်ပြီ။ ယင်းကို စာအုပ်ရေးခဲ့ခြင်းဖြစ်ရာ စာအုပ် အင်္ဂလိပ်အမည်က 'In Order to Live'။ စာရေးသူ ပတ်ယွန်မီက 'I Hope my book will shine a light on the darkest place in the world' တဲ့။ ကမ်ဘာ့အမှောင်ဆုံးတစ်နေရာမှာ အလင်းကလေး တစ်ချက် တောက်ပသွားဖို့ မျှော်လင့်ပါကြောင်း။
ကြေကွဲရပါသည်။ တရုတ် ပြည်နယ်စပ် တစ်နေရာ၌ သူတို့ ရှိနေကြစဉ် အသက်မွေးခဲ့ရပုံတစ်ခုက Online လိင်ဖျော်ဖြေမှု။ ချက်တင် (Chatting) ဝင်သည့်အခါ မိမိအဖော် အမျိုးသား (Chat Partner) ၏ ဆန္ဒအတိုင်း လိင်ကိစ္စများကို တစ်တစ်ခွခွ ဘွင်းဘွင်းရှင်းရှင်း အပြန်အလှန်ပြောဆိုပေးရသည့် အလုပ်။ ထို့အပြင် ထိုသူတောင်းဆိုသည့်အတိုင်း မိမိတစ်ကိုယ်လုံးကို ခင်းကျင်းပြသ ပေးရသည့်အလုပ်။ တစ်ဖက်ကလည်း ထိုအသံနှင့် အရုပ်ကိုကြည့်ကာ ကာမဆန္ဒအာသီသတို့ ပြည့်စုံပြီးမြောက်ခြင်းသို့ ရောက်ရှိပါလေသတဲ့။ ယင်းအတွက် လစာ ငွေရသည်။
ကျွန်တော် အံ့ဩသွားပါ သည်။ Online ပေါ်က လိင်ဖျော်ဖြေမှုတဲ့။ ကိုယ်လက်နှီးနှောမှု မပါဘဲ စိတ်ကျေနပ်မှုရယူသူတို့၏ လောက။
(နှစ်)
ကျွန်တော်တို့က မေထုန်ဟု ဆိုလိုက်သည်နှင့် ကာမဆက်ဆံခြင်းဟု လွယ်လွယ်ပဲ နားလည် လိုက်ပါသည်။
သုတေသနသရုပ်ပြ အဘိဓာန်ကို လှန်သည့်အခါ မေထုန်ကို မေထုန်ငယ်၊ မေထုန်ကြီး စသည်ဖြင့် တွေ့ရပါလိမ့်မည်။ ကိုယ်လက်ထိတွေ့ ပွတ်သပ် တို့ထိရုံမျှကို မေထုန်ငယ်ဟူ၍။ ကိုယ်ကာယချင်း ဆက်ဆံသည်ကိုမှ မေထုန်ကြီးဟူ၍။
ထို့နောက် ဆက်ကြည့်သည့်အခါ မေထုန်ခုနစ်ပါးဆိုသည်ကိုပါ တွေ့ရပါလိမ့်မည်။ ဤတွင်ကား တို့တာ၊ ထိတာ၊ ဆိတ်တာ၊ ဆွတာ၊ ထုတာ၊ ရိုက်တာ၊ မဲ့တာ၊ ပြုံးတာ၊ ချွဲတာ၊ ပျစ်တာ၊ မွှေးတာ၊ ကြိုင်တာ၊ ကြည့်တာ၊ ရှုတာ၊ လှစ်တာ၊ ဖော်တာ အကုန်လုံး ပါဝင်သွားပြီဖြစ်ပါသည်။
ထို့ကြောင့်လည်း ဝိနည်း ဥပဒေတော်မြတ်ထဲ၌ မာတုဂါမနှင့် ခရီးအတူမသွားရန်၊ လှေအတူ မစီးရန်၊ လူကွယ်ရာ၌ အတူ မနေရန်၊ မာတုဂါမကို တစ်ဦးတည်း တရားမဟောရန်၊ မာတုဂါမအိမ်၌ မကျိန်းရန်၊ မာတုဂါမ၏ လက်၊ ဆံပင် စသည့် ကိုယ်အင်္ဂါကြီးငယ်တို့ကို မထိရန် စသည်စသည်ဖြင့် ပညတ်ခဲ့ခြင်း ဖြစ်ပုံရပါသည်။
မေထုန်မှုဆိုသည်က လင်မယားကိစ္စထက် အဆပေါင်းများစွာ ကျယ်ပြန့်သည့် စိတ်၏ ဖောက်လှဲဖောက်ပြန် သာယာတိမ်းညွတ်တတ်သည့် ကာမဂုဏ် နယ်ပယ်ကြီးဖြစ်ကြောင်း ဗုဒ္ဓဘုရားရှင်က လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကတည်းက သိရှိတော်မူခဲ့ပြီး မဟုတ်ပါလား။
(သုံး)
ယခုအခါ Sex Education ဟူ၍ အသံဗလံကလေးတွေ ညံနေပါတယ်။ ယခင်ကမူ ဖခင်က သားကို သင်သည်။ မိခင်က သမီးကို သင်သည်။ တစ်ခါတစ်ခါ သူငယ်ချင်း အချင်းချင်းသင်သည်။ ဘာသာရေးခေါင်းဆောင်များက သင်သည်။ စာနယ်ဇင်း သတင်းမီဒီယာပေါင်းစုံက သင်သည်။ စနစ်ကျသည်လည်း ရှိ၊ မကျသည်လည်း ရှိ။
'Sex education may be taught informally, such as when someone receives information from a conversation with a parents, friends, religious leader or through the media' ဟု ဆိုသည်မဟုတ်လား။ သူငယ်ချင်းတို့၊ မိဘတို့၊ ဘာသာရေးခေါင်းဆောင်တို့က ပြည့်စုံပါ့မလား၊ မှန်ကန်ပါ့မလား၊ စနစ်ကျပါ့မလား။ လမ်းကြုံမှ၊ အခွင့်သာမှ တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောတတ်သည့်ကိစ္စ။
Sex Education နှင့်ပတ်သက်၍ ကုလသမဂ္ဂက ဤသို့ဆိုပါသည်။
'As it enables young people to make informed decisions about their sexuality' ဟု။ ငယ်ရွယ်သူတို့ မိမိတို့၏ ဖိုမ သဘာဝနှင့်ပတ်သက်၍ ပညာ မျက်စိကြီးကြီးဖြင့် သုံးသပ်ဆုံးဖြတ်နိုင်စွမ်း ရှိစေရန် အတွက်ပဲ ဖြစ်ပါသည်။
လိင်အမြတ်မထုတ်ရေး၊ လိင်မခွဲခြားရေး၊ လိင်အနိုင်မကျင့်ရေး၊ သားဆက်ခြားသည့်ကိစ္စ၊ ခုခံအားကျဆင်းသည့်ရောဂါ ကာကွယ်ရေးကိစ္စ၊ သားသမီးတားသည့်ကိစ္စ၊ လိင်ကျန်းမာရေးကိစ္စ စသည်ဖြင့် ကျယ်ပြန့်လှပါသည်။
Sex Education ဟူသည် ဖိုနှင့်မ ဆက်ဆံကြသည့်ကိစ္စထက် နယ်ပယ်ကျယ်ဝန်းပါသည်။ Online ပေါ်ကနေ အရုပ်နှင့် အသံကိုကြည့်ကာ မေထုန်မှီဝဲနေသည့် ကမ်ဘာကြီး၊ မေထုန်ငယ် ခုနစ်ပါးဟုဆိုကာ ဘုရားရှင်က ဝိနည်းပညတ်၍ ကွပ်ညှပ်ခဲ့ရသည့် ကမ်ဘာကြီးပေါ်၌ ငယ်ရွယ်သူတို့ ဘေးမသင့်ဖို့ရာ ပညာပေးရန် လိုအပ်ပါသည်။
အတောင်အလက်မစုံသေးသူ ကလေးဖြစ်စေဦးတော့ မေထုန်ငယ်စာရင်းဝင် အပြုအမူများဖြင့် ထိတွေ့ပွတ်သပ်ချော့မြှူကာ အရသာယူသူက ယူနေတတ်သည့် လောက အမိုက်အမှောင်ကြီး မဟုတ်လား။ ။
(စာရေးဆရာ မောင်သာချိုသည် ကဗျာ၊ ဝတၳုတို၊ ခရီးသွားစာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)
Copied from 7Day Daily.
စလေ ငနော့
Comments
Post a Comment