အနာဂတ္ဝါက်မ်ား 🖊 ေမာင္သာခ်ိဳ

အနာဂတ္ဝါက်မ်ား
••••••••••••••••••••••

ေမာင္သာခ်ိဳ

(တစ္)

တစ္ခါက ဆယ္တန္းေက်ာင္းသူကေလးတစ္ေယာက္ကို စာသင္ေပးခဲ့စဥ္ ျမန္မာေဝါဟာရတို႔ကို ဝါက်ဖြဲ႕သည့္ သင္ခန္းစာလည္း ပါဝင္သျဖင့္ နမူနာ ဝါက်တခ်ိဳ႕ ကြၽန္ေတာ္က ေပးမိပါသည္။ ေက်ာင္းသူသမီးငယ္က ကြၽန္ေတာ္ ေပးသည့္ နမူနာဝါက်တို႔ကို ဆရာ့ကို အားနာေၾကာက္႐ြံ႕ေသာေၾကာင့္သာ လိုက္ေရး​ေနခဲ့ပုံရၿပီး စိတ္တိုင္းမက်သည့္ ဟန္ျဖင့္ မ်က္ႏွာမေကာင္းလွပါ။ ဒါကို ရိပ္စားမိေသာ ကြၽန္ေတာ္က “သမီး ဘာျဖစ္လို႔လဲ” ဟူေသာ ေမးခြန္းကို ေမး ျဖစ္ပါသည္။ ဒီေတာ့မွ သမီးငယ္ကလည္း ေျဖပါသည္။

“ဆရာ့ဝါက်ေတြ မွားတယ္ထင္လို႔” ဟူေသာ အေျဖပဲ ျဖစ္ပါသည္။ ''ဘာျဖစ္လို႔လဲ” ဟု သူ႕အျမင္ကို ဆက္ေမးမိပါသည္။ သည္ေတာ့ သူက ဆရာ့ဝါက်ေတြက “သည္” နဲ႕ မစလို႔ဟူ၏။ ဥပမာ...

ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ အာဇာနည္ျဖစ္သည္။ ျမတ္စြာဘုရားသည္ ေဇတဝန္ေက်ာင္း၌ သီတင္းသုံးသည္။ သခင္ကိုယ္ေတာ္မိႈင္းသည္ မ်ိဳးခ်စ္စာဆိုႀကီး ျဖစ္သည္။

အစရွိသည့္ ဝါက်ပံုစံမ်ား။ သို႔ျဖင့္ ေက်ာင္းသူသမီးငယ္က စကားေျပာ၍ အ႐ွိန္ရလာေသာအခါ “သည္” ႏွင့္ မစေသာ ဝါက်တို႔သည္ မွားေၾကာင္း တစ္ခါက ဆရာမတစ္ဦးက သင္ခဲ့ဖူးပုံပါ ဝန္ခံလာပါသည္။ ကြၽန္ေတာ္ ေခါင္းနပန္း ႀကီးသြားမိပါသည္။ အႏၱရာယ္မ်ားလိုက္တာ။

ျမစ္ေရႀကီးမည့္သတင္းေၾကာင့္ တစ္ၿမိဳ႕လုံး ေခ်ာက္ခ်ားသြားသည္။ မိုးက်သည္ႏွင့္ လယ္သမားတို႔ လယ္ေတာဆင္းၾကသည္။ ေခတ္မီသူတိုင္း ပင္လယ္ငါး စားၾကသည္။

စသည္ျဖင့္ ဝါက်အမ်ိဳးမ်ိဳးကို ကေလးက မွားသည္ဟု ထင္ေနျခင္းပင္ ျဖစ္ပါသည္။ ကြၽန္ေတာ္ အခ်ိန္ေတာ္ေတာ္ယူကာ စိတ္ရွည္ရွည္ထားၿပီး နမူနာ ဝါက်အမ်ိဳးမ်ိဳးျဖင့္ သက္ေသျပေတာ့မွ လက္ခံသြားပုံရပါသည္။

(ႏွစ္)

ကြၽန္ေတာ္ႏွင့္ စာေပေဟာေျပာပြဲ အတူတူ သြားဖူးသည့္ စာေရးဆရာႀကီးမ်ားထဲတြင္ ဆရာေအာင္သင္းလည္း ပါဝင္ပါသည္။ ဆရာက ပညာအေၾကာင္းကို မၾကာခဏ ေျပာတတ္ေသာ စာေရးဆရာႀကီး ျဖစ္ပါသည္။

တစ္ခါမွာေတာ့ ဆရာက အရပ္ေလးမ်က္ႏွာ သင္ၾကားပုံအေၾကာင္းကို ဟာသေႏွာ၍ ေဟာပါသည္။ ေနထြက္ရာအရပ္သည္ အေရွ႕၊ ေနဝင္ရာအရပ္ သည္ အေနာက္၊ လက္ယာဘက္သည္ ေတာင္၊ လက္ဝဲဘက္သည္ ေျမာက္
စသည္ျဖင့္ မသင္ၾကားဘဲ ေက်ာင္းသား၏ အိမ္ကို အေျခခံကာ ေရတြင္းရွိတဲ့ ဘက္က အေရွ႕၊ ကုကၠိဳပင္ႀကီးရွိတဲ့ဘက္က အေနာက္၊ အုန္းပင္ရွိတဲ့ဘက္က ေျမာက္ စသည္ျဖင့္ ကေလးကို သင္ၾကားထားခဲ့လွ်င္ လူ႕ေလာကတစ္ေနရာ၌ ထိုကေလးအား အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ သိပါသလားဟု ေမးခဲ့ လွ်င္ ကေလးက အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ သိလိုလွ်င္ အိမ္လိုက္ခဲ့ဟု ေခၚမည္ျဖစ္ေၾကာင္း ဆရာက ေျပာပါသည္။ စင္စစ္ ဆရာက တပည့္ကို ဘယ္ေနရာမွာ ခ်ထားခ်ထား အရပ္ေလးမ်က္ႏွာ ခြဲတတ္သည့္ က်ယ္ျပန႔္ေသာ ပညာကို ေပးရမွာျဖစ္ေၾကာင္း ဆရာက ေစတနာစကား ဆိုပါသည္။

(သုံး)

စာေပေဟာေျပာပြဲ စင္ျမင့္ေတြေပၚမွာ ေနာက္တစ္ခါ ဆုံရတတ္သူက ကာတြန္းေအာ္ပီက်ယ္ ျဖစ္ပါသည္။ တစ္ခါတြင္ သူက ပညာအေၾကာင္းကိုပဲ ေျပာပါသည္။

တစ္ေန႕ ကိုေအာင္ပီက်ယ္က သူ႕သားေတာ္ေမာင္၏ စာစီစာကုံးလက္ရာကို အသာယူၾကည့္သည္ဟု ဆိုပါသည္။ ကြၽန္ေတာ္အေၾကာင္း စာစီစာကုံး။ သူ႕သားက ကြၽန္ေတာ္၏ဖခင္မွာ ဦးဘျဖစ္ပါသည္ဟု ေရးထားသည္မွစကာ ကာတြန္းဆရာ ဘဝင္မက်။ ေအာ္ပီက်ယ္ဟူေသာ အမည္ကို ေရးလွ်င္လည္း ေရး သို႔မဟုတ္ အမည္ရင္း ဦးဝင္းနိုင္ဟူေသာအမည္ကို သုံးလိုလည္းသုံး၊ ဦးဘကေတာ့ ဘယ္လိုမွ မျဖစ္သင့္ေၾကာင္း ေဆြးေႏြးရသည္ဟု ဆိုပါသည္။ ကာတြန္း ဆရာက ကာတြန္းဆန္စြာပင္ ကလိပါသည္။ ဦးဘနဲ႕ အိမ္က အမ်ိဳးသမီးနဲ႕မ်ား ပတ္သက္ဖူးခဲ့ေလသလားဟူသည့္ ကလိတိတိစကားပင္ ျဖစ္ပါသည္။

တကယ္တမ္းအားျဖင့္ သည္အျဖစ္အပ်က္ကေလးေတြကို သာမန္ဟု သေဘာထားလိုက္လွ်င္လည္း သာမန္ပင္ ျဖစ္ပါသည္။ ရယ္စရာ ေမာစရာမွ်သာဟု ဆိုေတာ့လည္း ရယ္စရာ ေမာစရာမွ်သာပဲေပါ့။ သို႔ေသာ္ ဆရာေအာင္သင္း
ေျပာဖူးသည့္အတိုင္း ရယ္စရာေနာက္က ေမာစရာေတြက ကပ္ပါလာၿမဲ ျဖစ္သည္ကို ကြၽန္ေတာ္တို႔ သတိခ်ပ္သင့္သည္ဟု ယူဆပါသည္။ ကြၽန္ေတာ္တို႔ ေခတ္က ပညာေခတ္ျဖစ္ပါသည္။

Education For All အားလံုးအတြက္ ပညာဟူေသာ အသံ၊ Learning Society ထာဝစဥ္သင္ၾကားေနသည့္ လူ႕အဖြဲ႕အစည္းဟူေသာ အသံ၊ Knowedge Age ပညာေခတ္ဟူေသာ အသံ၊ Knowledge Society ပညာလူ႔အဖြဲ႔အစည္းဟူေသာ အသံတို႔ ကြၽက္ကြၽက္ညံေနေသာေခတ္ပဲ ျဖစ္ပါသည္။ ပညာ၏ အေရးႀကီးပုံတို႔ကို ပိုမို သိနားလည္လာၾကကာ တကယ့္ပညာကသာ လူ႔အဖြဲ႕အစည္းကို အျမင့္သို႔ ဆြဲတင္နိုင္ေၾကာင္း နားလည္သေဘာေပါက္လာေသာ ကာလလည္း ျဖစ္ပါသည္။

ဝါက်ဆိုတာ “သည္” နဲ႕ မစရင္ မွားတယ္ဟူေသာ အယူအဆက အမ်ိဳးမ်ိဳး အေထြေထြေသာ အသြင္ကြဲဝါက်မ်ားကို ကေလးတို႔ မတည္ေဆာက္ ရဲေအာင္ ဟန႔္လိုက္သလို ျဖစ္သြားပါသည္။ Creation ေခၚ တီထြင္ဖန္ဆင္းနိုင္စြမ္းကို သတ္လိုက္ျခင္းဟု ယူဆပါသည္။

အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ကို မိမိအိမ္ထဲမွာ ဘယ္ေတာ့မွ မမွားေအာင္ သင္ထားပုံမ်ိဳးက်ေတာ့ ျမင္ကြင္းက်ဥ္းေနျခင္း ျဖစ္ပါသည္း Scope က်ဥ္းက်ဥ္းကေလးထဲကေန ၾကည့္ခိုင္းျခင္းပင္ ျဖစ္ပါသည္။ ဖခင္အမည္မွန္သမွ် ဦးဘအျဖစ္မ်ိဳးကေတာ့ ပုံေသကားက် ပညာေရးသေဘာထားပဲ ျဖစ္ သည္။ Stereo Type စက္႐ုံတစ္႐ုံထဲက ထြက္လာသည့္ ပစၥည္းေတြလို အဆင္အေသြး အေတြးအျမင္ အယူအဆ တစ္ထပ္တည္း။

တကယ္ေတာ့ ပညာအေပၚတြင္ထားသည့္ ကြၽန္ေတာ္တို႔၏ စိတ္ေန စိတ္ထားေတြက အလ်င္အျမန္ဆုံး ေျပာင္းလဲပစ္ရမည့္ အရာပင္ျဖစ္ပါသည္။ ကေလးတို႔၏ တီထြင္ဖန္ဆင္းလိုေသာ စိတ္ေတြကို ကြၽန္ေတာ္တို႔ ပိတ္ဆို႔မထားသင့္။ ဝါက်အမ်ိဳးမ်ိဳး အေထြေထြေရးခ်ၾကပါေစ။ ေလာကကို အက်ယ္အျပန႔္ ၾကည့္ရႈတတ္ရန္လည္း ကြၽန္ေတာ္တို႔က ဆြဲေခၚသြားသင့္ၾကပါ၏။ ကမၻာႀကီး၏ ဘယ္ေနရာကိုေရာက္ေရာက္ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ ခြဲျခား သိပါေစ။ ပုံေသကားက် Stereo Type ႏွင့္ ဆန႔္က်င္ဘက္ျဖစ္ေသာ ကိုယ္ပိုင္ အမွတ္အသား Identity လည္း ေတာက္ပခြင့္ ရွိသင့္ပါသည္။ ကိုယ့္ေဖေဖ နာမည္ကိုယ္ေရး။ ကိုယ့္ေမေမနာမည္ ကိုယ္ေရး။ ကိုယ့္နာမည္ကိုယ္ေရး ေဘးလူႏွင့္ တူစရာမလို။

သည္သေဘာထားေတြက ပညာေရးႏွင့္ ဆက္စပ္ေနသမွ် လူတိုင္းလူတိုင္း၏ စိတ္ထဲမွာ အျမစ္တြယ္သင့္ေသာ စိတ္ထားေတြပဲ ျဖစ္ပါသည္။ ကြၽန္ေတာ္တို႔၏ ကေလးေတြ လင္းသြား ဝင္းသြားေအာင္၊ လြတ္လပ္က်ယ္ျပန႔္ မီးခိုးမဆုံး မိုးမဆုံးျဖစ္သြားေအာင္၊ ကိုယ့္မူကိုယ့္ဟန္နဲ႕ ၾကည့္ေကာင္း ရႈေကာင္း ျဖစ္သြားေအာင္ ကြၽန္ေတာ္တို႔ကပဲ လုပ္ေဆာင္ေပးရမွာ ျဖစ္ပါသည္။

ကေလးတို႔၏ စိတ္ကူးစိတ္သန္းမ်ားကို ဆြံ႔ေအာင္ တြန႔္ေအာင္ လုပ္မိ ျခင္းသည္ အနာဂတ္ကို ဆံြ႔သြား တြန႔္သြားေစတတ္ပါသည္။ ဝိုင္းဝန္းပ်ိဳးေထာင္ ၾကဖို႔က ကြၽန္ေတာ္တို႔အားလုံး၏ကိစၥ။ ။

(7 Day၊ ၃-၉-၂၀၀၉)

ဆရာေမာင္သာခ်ိဳ၊ အနာဂတ္ဝါက်မ်ား၊
စာမ်က္ႏွာ ၃၉ - ၄၄။

စာ႐ိုက္ - စေလ ငေနာ့

Unicode

အနာဂတ်ဝါကျများ
••••••••••••••••••••••

မောင်သာချို

(တစ်)

တစ်ခါက ဆယ်တန်းကျောင်းသူကလေးတစ်ယောက်ကို စာသင်ပေးခဲ့စဉ် မြန်မာဝေါဟာရတို့ကို ဝါကျဖွဲ့သည့် သင်ခန်းစာလည်း ပါဝင်သဖြင့် နမူနာ ဝါကျတချို့ ကျွန်တော်က ပေးမိပါသည်။ ကျောင်းသူသမီးငယ်က ကျွန်တော် ပေးသည့် နမူနာဝါကျတို့ကို ဆရာ့ကို အားနာကြောက်ရွံ့သောကြောင့်သာ လိုက်ရေး​နေခဲ့ပုံရပြီး စိတ်တိုင်းမကျသည့် ဟန်ဖြင့် မျက်နှာမကောင်းလှပါ။ ဒါကို ရိပ်စားမိသော ကျွန်တော်က “သမီး ဘာဖြစ်လို့လဲ” ဟူသော မေးခွန်းကို မေး ဖြစ်ပါသည်။ ဒီတော့မှ သမီးငယ်ကလည်း ဖြေပါသည်။

“ဆရာ့ဝါကျတွေ မှားတယ်ထင်လို့” ဟူသော အဖြေပဲ ဖြစ်ပါသည်။ ''ဘာဖြစ်လို့လဲ” ဟု သူ့အမြင်ကို ဆက်မေးမိပါသည်။ သည်တော့ သူက ဆရာ့ဝါကျတွေက “သည်” နဲ့ မစလို့ဟူ၏။ ဥပမာ...

ဗိုလ်ချုပ်အောင်ဆန်းသည် အာဇာနည်ဖြစ်သည်။ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးသည်။ သခင်ကိုယ်တော်မှိုင်းသည် မျိုးချစ်စာဆိုကြီး ဖြစ်သည်။

အစရှိသည့် ဝါကျပုံစံများ။ သို့ဖြင့် ကျောင်းသူသမီးငယ်က စကားပြော၍ အရှိန်ရလာသောအခါ “သည်” နှင့် မစသော ဝါကျတို့သည် မှားကြောင်း တစ်ခါက ဆရာမတစ်ဦးက သင်ခဲ့ဖူးပုံပါ ဝန်ခံလာပါသည်။ ကျွန်တော် ခေါင်းနပန်း ကြီးသွားမိပါသည်။ အန္တရာယ်များလိုက်တာ။

မြစ်ရေကြီးမည့်သတင်းကြောင့် တစ်မြို့လုံး ချောက်ချားသွားသည်။ မိုးကျသည်နှင့် လယ်သမားတို့ လယ်တောဆင်းကြသည်။ ခေတ်မီသူတိုင်း ပင်လယ်ငါး စားကြသည်။

စသည်ဖြင့် ဝါကျအမျိုးမျိုးကို ကလေးက မှားသည်ဟု ထင်နေခြင်းပင် ဖြစ်ပါသည်။ ကျွန်တော် အချိန်တော်တော်ယူကာ စိတ်ရှည်ရှည်ထားပြီး နမူနာ ဝါကျအမျိုးမျိုးဖြင့် သက်သေပြတော့မှ လက်ခံသွားပုံရပါသည်။

(နှစ်)

ကျွန်တော်နှင့် စာပေဟောပြောပွဲ အတူတူ သွားဖူးသည့် စာရေးဆရာကြီးများထဲတွင် ဆရာအောင်သင်းလည်း ပါဝင်ပါသည်။ ဆရာက ပညာအကြောင်းကို မကြာခဏ ပြောတတ်သော စာရေးဆရာကြီး ဖြစ်ပါသည်။

တစ်ခါမှာတော့ ဆရာက အရပ်လေးမျက်နှာ သင်ကြားပုံအကြောင်းကို ဟာသနှော၍ ဟောပါသည်။ နေထွက်ရာအရပ်သည် အရှေ့၊ နေဝင်ရာအရပ် သည် အနောက်၊ လက်ယာဘက်သည် တောင်၊ လက်ဝဲဘက်သည် မြောက်
စသည်ဖြင့် မသင်ကြားဘဲ ကျောင်းသား၏ အိမ်ကို အခြေခံကာ ရေတွင်းရှိတဲ့ ဘက်က အရှေ့၊ ကုက္ကိုပင်ကြီးရှိတဲ့ဘက်က အနောက်၊ အုန်းပင်ရှိတဲ့ဘက်က မြောက် စသည်ဖြင့် ကလေးကို သင်ကြားထားခဲ့လျှင် လူ့လောကတစ်နေရာ၌ ထိုကလေးအား အရှေ့၊ အနောက်၊ တောင်၊ မြောက် သိပါသလားဟု မေးခဲ့ လျှင် ကလေးက အရှေ့၊ အနောက်၊ တောင်၊ မြောက် သိလိုလျှင် အိမ်လိုက်ခဲ့ဟု ခေါ်မည်ဖြစ်ကြောင်း ဆရာက ပြောပါသည်။ စင်စစ် ဆရာက တပည့်ကို ဘယ်နေရာမှာ ချထားချထား အရပ်လေးမျက်နှာ ခွဲတတ်သည့် ကျယ်ပြန့်သော ပညာကို ပေးရမှာဖြစ်ကြောင်း ဆရာက စေတနာစကား ဆိုပါသည်။

(သုံး)

စာပေဟောပြောပွဲ စင်မြင့်တွေပေါ်မှာ နောက်တစ်ခါ ဆုံရတတ်သူက ကာတွန်းအော်ပီကျယ် ဖြစ်ပါသည်။ တစ်ခါတွင် သူက ပညာအကြောင်းကိုပဲ ပြောပါသည်။

တစ်နေ့ ကိုအောင်ပီကျယ်က သူ့သားတော်မောင်၏ စာစီစာကုံးလက်ရာကို အသာယူကြည့်သည်ဟု ဆိုပါသည်။ ကျွန်တော်အကြောင်း စာစီစာကုံး။ သူ့သားက ကျွန်တော်၏ဖခင်မှာ ဦးဘဖြစ်ပါသည်ဟု ရေးထားသည်မှစကာ ကာတွန်းဆရာ ဘဝင်မကျ။ အော်ပီကျယ်ဟူသော အမည်ကို ရေးလျှင်လည်း ရေး သို့မဟုတ် အမည်ရင်း ဦးဝင်းနိုင်ဟူသောအမည်ကို သုံးလိုလည်းသုံး၊ ဦးဘကတော့ ဘယ်လိုမှ မဖြစ်သင့်ကြောင်း ဆွေးနွေးရသည်ဟု ဆိုပါသည်။ ကာတွန်း ဆရာက ကာတွန်းဆန်စွာပင် ကလိပါသည်။ ဦးဘနဲ့ အိမ်က အမျိုးသမီးနဲ့များ ပတ်သက်ဖူးခဲ့လေသလားဟူသည့် ကလိတိတိစကားပင် ဖြစ်ပါသည်။

တကယ်တမ်းအားဖြင့် သည်အဖြစ်အပျက်ကလေးတွေကို သာမန်ဟု သဘောထားလိုက်လျှင်လည်း သာမန်ပင် ဖြစ်ပါသည်။ ရယ်စရာ မောစရာမျှသာဟု ဆိုတော့လည်း ရယ်စရာ မောစရာမျှသာပဲပေါ့။ သို့သော် ဆရာအောင်သင်း
ပြောဖူးသည့်အတိုင်း ရယ်စရာနောက်က မောစရာတွေက ကပ်ပါလာမြဲ ဖြစ်သည်ကို ကျွန်တော်တို့ သတိချပ်သင့်သည်ဟု ယူဆပါသည်။ ကျွန်တော်တို့ ခေတ်က ပညာခေတ်ဖြစ်ပါသည်။

Education For All အားလုံးအတွက် ပညာဟူသော အသံ၊ Learning Society ထာဝစဉ်သင်ကြားနေသည့် လူ့အဖွဲ့အစည်းဟူသော အသံ၊ Knowedge Age ပညာခေတ်ဟူသော အသံ၊ Knowledge Society ပညာလူ့အဖွဲ့အစည်းဟူသော အသံတို့ ကျွက်ကျွက်ညံနေသောခေတ်ပဲ ဖြစ်ပါသည်။ ပညာ၏ အရေးကြီးပုံတို့ကို ပိုမို သိနားလည်လာကြကာ တကယ့်ပညာကသာ လူ့အဖွဲ့အစည်းကို အမြင့်သို့ ဆွဲတင်နိုင်ကြောင်း နားလည်သဘောပေါက်လာသော ကာလလည်း ဖြစ်ပါသည်။

ဝါကျဆိုတာ “သည်” နဲ့ မစရင် မှားတယ်ဟူသော အယူအဆက အမျိုးမျိုး အထွေထွေသော အသွင်ကွဲဝါကျများကို ကလေးတို့ မတည်ဆောက် ရဲအောင် ဟန့်လိုက်သလို ဖြစ်သွားပါသည်။ Creation ခေါ် တီထွင်ဖန်ဆင်းနိုင်စွမ်းကို သတ်လိုက်ခြင်းဟု ယူဆပါသည်။

အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို မိမိအိမ်ထဲမှာ ဘယ်တော့မှ မမှားအောင် သင်ထားပုံမျိုးကျတော့ မြင်ကွင်းကျဉ်းနေခြင်း ဖြစ်ပါသည်း Scope ကျဉ်းကျဉ်းကလေးထဲကနေ ကြည့်ခိုင်းခြင်းပင် ဖြစ်ပါသည်။ ဖခင်အမည်မှန်သမျှ ဦးဘအဖြစ်မျိုးကတော့ ပုံသေကားကျ ပညာရေးသဘောထားပဲ ဖြစ် သည်။ Stereo Type စက်ရုံတစ်ရုံထဲက ထွက်လာသည့် ပစ္စည်းတွေလို အဆင်အသွေး အတွေးအမြင် အယူအဆ တစ်ထပ်တည်း။

တကယ်တော့ ပညာအပေါ်တွင်ထားသည့် ကျွန်တော်တို့၏ စိတ်နေ စိတ်ထားတွေက အလျင်အမြန်ဆုံး ပြောင်းလဲပစ်ရမည့် အရာပင်ဖြစ်ပါသည်။ ကလေးတို့၏ တီထွင်ဖန်ဆင်းလိုသော စိတ်တွေကို ကျွန်တော်တို့ ပိတ်ဆို့မထားသင့်။ ဝါကျအမျိုးမျိုး အထွေထွေရေးချကြပါစေ။ လောကကို အကျယ်အပြန့် ကြည့်ရှုတတ်ရန်လည်း ကျွန်တော်တို့က ဆွဲခေါ်သွားသင့်ကြပါ၏။ ကမ်ဘာကြီး၏ ဘယ်နေရာကိုရောက်ရောက် အရှေ့၊ အနောက်၊ တောင်၊ မြောက် ခွဲခြား သိပါစေ။ ပုံသေကားကျ Stereo Type နှင့် ဆန့်ကျင်ဘက်ဖြစ်သော ကိုယ်ပိုင် အမှတ်အသား Identity လည်း တောက်ပခွင့် ရှိသင့်ပါသည်။ ကိုယ့်ဖေဖေ နာမည်ကိုယ်ရေး။ ကိုယ့်မေမေနာမည် ကိုယ်ရေး။ ကိုယ့်နာမည်ကိုယ်ရေး ဘေးလူနှင့် တူစရာမလို။

သည်သဘောထားတွေက ပညာရေးနှင့် ဆက်စပ်နေသမျှ လူတိုင်းလူတိုင်း၏ စိတ်ထဲမှာ အမြစ်တွယ်သင့်သော စိတ်ထားတွေပဲ ဖြစ်ပါသည်။ ကျွန်တော်တို့၏ ကလေးတွေ လင်းသွား ဝင်းသွားအောင်၊ လွတ်လပ်ကျယ်ပြန့် မီးခိုးမဆုံး မိုးမဆုံးဖြစ်သွားအောင်၊ ကိုယ့်မူကိုယ့်ဟန်နဲ့ ကြည့်ကောင်း ရှုကောင်း ဖြစ်သွားအောင် ကျွန်တော်တို့ကပဲ လုပ်ဆောင်ပေးရမှာ ဖြစ်ပါသည်။

ကလေးတို့၏ စိတ်ကူးစိတ်သန်းများကို ဆွံ့အောင် တွန့်အောင် လုပ်မိ ခြင်းသည် အနာဂတ်ကို ဆံွ့သွား တွန့်သွားစေတတ်ပါသည်။ ဝိုင်းဝန်းပျိုးထောင် ကြဖို့က ကျွန်တော်တို့အားလုံး၏ကိစ္စ။  ။

(7 Day၊ ၃-၉-၂၀၀၉)

ဆရာမောင်သာချို၊ အနာဂတ်ဝါကျများ၊
စာမျက်နှာ ၃၉ - ၄၄။

စာရိုက် - စလေ ငနော့ 



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်