လျှာလိမ်စကားများ 🖊 စလေ ငနော့

လျှာလိမ်စကားများ (Tongue Twisters)
•••••••••••••••••••••••••••••••••••••••••

စလေ ငနော့ 

အင်္ဂလိပ်စာမှာ အမြန် ရွတ်ဆိုရခက်တဲ့ စကားစု၊ ဝါကျ၊ လင်္ကာ စသည်တို့ကို tongue twisters (လျှာလိမ်စကားများ) လို့ ခေါ်ပါတယ်။ အမြန်ရွတ်ရ ခက်ခဲရတဲ့ အကြောင်းကတော့ ဆင်တူတဲ့ အသံတွေ ပါဝင်တဲ့အတွက် ခပ်မြန်မြန် ခပ်စိတ်စိတ် ဒါမှမဟုတ် ထပ်ကာထပ်ကာ ရွတ်လိုက်ရင် လျှာခလုတ်တိုက်ကုန်တာပါ။

သူတို့ဆီမှာတော့ ကလေးငယ်တွေ အပျော်တမ်း အမြန် ရွတ်ဆို ကစားရတဲ့ ဂိမ်းတခုအဖြစ် အသုံးပြုလေ့ ရှိပါတယ်။

A tongue-twister is a phrase, sentence or rhyme that is hard to say, especially when repeated quickly. it contains similar sounds.

Tongue-twisters are often used as a type of spoken word game that particularly appeals to children.

ကျနော်တို့ ဗမာမှာလည်း ရှိတယ်ဆိုတာ အားလုံး သိကြမှာပါ။ 'ရွှံ့ပေါ် ရှဥ့်ပြေး ရှဥ့်မွေး ရွှံ့မလူး' တို့၊ 'တောင်ပေါ်က ရှမ်းကလေး လျှော်ထမ်းလို့ပြေး၊ တိုတဲ့ လျှော်ကတို၊ ရှည်တဲ့ လျှော်ကရှည်' တို့၊ 'တုံးအောက်က ဖား၊ ပြားတဲ့ ဖားကပြား၊ ဖောင်းတဲ့ ဖားကဖောင်း' တို့ ကြားဖူးကြမှာပေါ့။

ကျနော်တို့လို အင်္ဂလိပ် မဟုတ်တဲ့ လူမျိုးခြားတွေက ဒီ tongue twisters လေးတွေကို အသံထွက် လေ့ကျင့်ရာမှာ သို့မဟုတ် မိမိအသံထွက်စွမ်းရည်ကို စမ်းသပ်ရာမှာ အသုံးပြုကြပါတယ်။ ဒါတွေကို သူတို့ အင်္ဂလိပ်တွေ အများစုတောင်မှ မမှားအောင် အမြန် ရွတ်ဆိုနိုင်လေ့ မရှိပါဘူး။ (Rapper တွေက လွဲရင်ပေါ့လေ။)

ခု အောက်မှာ tongue twisters တချို့ကို Google ကနေ ကူးယူလာပါတယ်။ များလွန်းလို့ အကုန်မကူးတော့ပါဘူး။ မိတ်ဆွေတွေကို အမြည်း မိတ်ဆက်ပေးရုံသာ ရည်ရွယ်လို့ ကောင်းနိုးရာရာလေး အနည်းငယ်သာ ကူးလာတာပါ။ အပျော်ဖြစ်ဖြစ်၊ မိမိအသံထွက်စွမ်းရည်ကို စမ်းတဲ့အနေနဲ့ဖြစ်ဖြစ် ရွတ်ကြည့်စေချင်ပါတယ်။ ကိုယ်က native speaker မဟုတ်တဲ့အတွက် မြန်မြန် ရွတ်နိုင်ဖို့ မလိုပါဘူး။ လေးလေးမှန်မှန်နဲ့ အသံထွက်မမှားအောင် ရွတ်နိုင်တယ်ဆိုရင်ကို စွမ်းရည် မဆိုးဘူးလို့ ပြောနိုင်ပါတယ်။

Can you imagine an imaginary menagerie manager imagining managing an imaginary menagerie?

Strict strong stringy Stephen Stretch slickly snared six sickly silky snakes.

Old oily Ollie oils old oily autos.

If Stu chews shoes, should Stu choose the shoes he chews.

Betty better butter Brad's bread.

Are our oars oak?

She sells seashells by the seashore.

Peter Piper picked a peck of pickled peppers.
A peck of pickled peppers Peter Piper picked.
If Peter Piper picked a peck of pickled peppers,
Where’s the peck of pickled peppers Peter Piper picked?

Betty Botter bought some butter.
But she said the butter’s bitter.
If I put it in my batter, it will make my batter bitter.
But a bit of better butter will make my batter better.
So ‘twas better Betty Botter bought a bit of better butter.

How much wood would a woodchuck chuck if a woodchuck could chuck wood?
He would chuck, he would, as much as he could, and chuck as much wood.
As a woodchuck would if a woodchuck could chuck wood.

How can a clam cram in a clean cream can?

I scream, you scream, we all scream for icecream.

I saw Susie sitting in a shoeshine shop.
Susie works in a shoeshine shop. Where she shines she sits, and where she sits she shines.

Fuzzy Wuzzy was a bear. Fuzzy Wuzzy had no hair. Fuzzy Wuzzy wasn’t fuzzy, was he? 

Can you can a can as a canner can can a can?

I have got a date at a quarter to eight; I’ll see you at the gate, so don’t be late.

You know New York, you need New York, you know you need unique New York.

I saw a kitten eating chicken in the kitchen.

I thought I thought of thinking of thanking you.

I wish to wash my Irish wristwatch.

Near an ear, a nearer ear, a nearly eerie ear.

Eddie edited it.

Willie’s really weary.

A big black bear sat on a big black rug.

Tom threw Tim three thumbtacks.

He threw three free throws.

Nine nice night nurses nursing nicely.

So, this is the sushi chef.

Four fine fresh fish for you.

Wayne went to wales to watch walruses.

We surely shall see the sun shine soon.

Fred fed Ted bread, and Ted fed Fred bread.

I slit the sheet, the sheet I slit, and on the slitted sheet I sit.

A skunk sat on a stump and thunk the stump stunk, but the stump thunk the skunk stunk.

Lesser leather never weathered wetter weather better.

ရွတ်ဆိုရ အခက်ခဲဆုံး အင်္ဂလိပ်လျှာလိမ်စကားအဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ  စံချိန်တင်ထားတာကတော့ အောက်ပါ tongue twister ဖြစ်ပါတယ်။

The sixth sick sheik's sixth sheep's sick.

According to The Guinness Book of World Records, the toughest tongue twister is 'The sixth sick sheik's sixth sheep's sick'.

လျှာလိမ်စကားတွေအကြောင်းကို ဆရာမရေချယ် ရှင်းပြထားတာကို အောက်ပါယူကျုဗှီဒီယိုမှာ လေ့လာကြည့်ရှုနိုင်ပါတယ်။


အပျင်းပြေ လျှာခလုတ်တိုက်ကြည့်ကြတာပေါ့။ Tongue twister တွေကို အသံထွက်ဗှီဒီယိုတွေနဲ့ ဆက်လက်လေ့လာချင်သူတွေအနေနဲ့ အောက်ပါ အပလီကေးရှင်းကို ဒေါင်းယူနိုင်ပါတယ်။ ပလေးစတိုးမှာ အလားတူ app တွေ အများကြီး ရှိပါတယ်။


စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်