Posts

Showing posts from August, 2019

ထဘီသင်ခန်းစာ 🖋 အောင်သင်း

Image
ထဘီသင်ခန်းစာ ************** အောင်သင်း မိဖြူနှင့် မိမူတို့နှစ်ယောက် ကျွန်တော့်အခန်းထဲ  ဝင်လာလိုက်တော့ သူတို့နှစ်ယောက်လုံး ချွေးတပြိုက်ပြိုက်နှင့် ဟောဟဲဆိုက်နေကြပါသည်။ ဘာမျှ မပြောနိုင်သေးဘဲ သူတို့လက်ထဲတွင် ပါလာသော အထုပ်ကလေးတွေကို အခန်းထောင့်ရှိ စားပွဲကလေးပေါ်သို့ သွားထားလိုက်ပြီး ကျွန်တော့်ရေတကောင်းကို ယူ၍ရေနှစ်ခွက်စီလောက်  ဆင့်သောက်လိုက်ကြသည်။ ကျွန်တော့်အဖို့ ဘာမှမဆန်းတော့။ သည်ရေတကောင်းမှာ ရေကုန်နေသည်ကို တွေ့လိုက်လျှင်  သူတို့တွေပဲ ဆေးကြောပြီး ထည့်ပေးကြပါသည်။ ရေစစ်ကလေး ဟောင်းနေသည်ကို တွေ့လိုက်ရင်လည်း သူတို့တစ်တွေပဲ မှတ်မှတ်ရရ အသစ်ဝယ်လာတတ်ကြသည်။  ပြီးတော့ သူတို့တစ်တွေပဲ သည်ရေကို လာလာသောက်တတ်ကြသည်။ သူတို့ ရေသောက်လို့ အားရသွားကြပြန်သောအခါ တဟောဟဲဟဲ လုပ်နေရင်းကပင် ပိုင်စိုးပိုင်နင်း ပန်ကာကို ဖွင့်လိုက်ကြပြီးနောက် 'အမယ်လေးလေး မောလိုက်တာ' ဆိုပဲ။ သည်တော့ ကျွန်တော့်မှာလည်း မနေနိုင်တော့ဘဲ လက်ထဲက ဖတ်လက်စစာအုပ်ကို ချထားလိုက်ပြီးနောက် - "ကဲ... နင်တို့နှစ်ယောက် ဘာဖြစ်လာကြပြန်တုံး။  ရည်းစားစကားလိုက်ပြောလို့ ထွက်ပြေးလာကြသလား'' ဟု ရယ်မောပြီး မေးလိုက်ပါသည်။ နှစ်ယောက်သား ရယ်လိုက်ကြ...

ဘိုလ်မျောက်ဒင် 🖋 မင်းလူ

Image
ဘိုလ်မျောက်ဒင်  *************** မင်းလူ တကယ်လို့ သူကြီးသမီးနဲ့သာ ဆက်နွယ်ပက်သက်မှုမရှိခဲ့ဘူးဆိုလျှင် မောင်မျောက်ဒင်အနေဖြင့် ဒီအခြေအနေမျိုးကို  ရောက်ရှိလာခဲ့မည်မဟုတ်ချေ။ အမှန်တော့ မောင်မျောက်ဒင်မှာ လူရိုးလူအေးလေးသာဖြစ်၏။ မိဘများကွယ်လွန်ပြီးနောက် ကျန်ရှိသော လယ်ကလေးငါးဧကနှင့်ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူဖြစ်၏။ အလုပ်ကို ကြိုးစားလုပ်မည်၊ ရပ်ရေးရွာရေးတတ်စွမ်းသမျှ ဝင်ရောက်ကူညီမည်ဆိုသောကိစ္စကလွဲလျှင် တခြားဘာမှဝါသနာမပါ။ အချစ်ရေး၊  အိမ်ထောင်ရေးကိုလည်း စိတ်မဝင်စား။ သူကစိတ်မဝင်စားသော်လည်း သူ့ကိုစိတ်ဝင်စားနေသူတော့ရှိသည်။ သူကြီးသမီး မစံမေပင်ဖြစ်၏။ သူကမျောက်ဒင်ကို  တစ်ဘက်သတ်မေတ္တာရှိနေသည်။ အခွင့်အရေးတွေ အမျိုးမျိုးပေးသည်။ မျောက်ဒင်က ဝေးဝေးကရှောင်သည်။  သူကိုယ်တိုင်က အချစ်နှင့်ကင်းကင်း နေလိုသောကြောင့်တစ်ကြောင်း၊ အဆင့်အတန်းချင်း ကွာခြားလှသောကြောင့်  ဖြစ်၏။ ထိုအခြေအနေတွင် ကြားလူတစ်ယောက် ပေါ်ပေါက်လာသည်။ တဘက်ရွာမှ ဆန်စက်ပိုင်ရှင်၏ သားက မစံမေကို သဘောကျနေသည်။ လူကြီးချင်းကလည်း ကျေနပ်သည်။ ထို့ကြောင့် မစံမေကို အမျိုးမျိုးဖျောင်းဖျနားချကြသည်။  မစံမေကလည်း ခါးခါးသီးသီးငြင်းသည်။ မျော...

ဆဲချင်လည်း ဆဲ ဆိုချင်လည်း ဆို 🖋 မောင်သာချို + ဆဲတတ်သူများနှင့် တစ်ညနေ 🖋 ဂျူး

Image
ဆဲချင်လည်း ဆဲ ဆိုချင်လည်း ဆို ************************** မောင်သာချို (တစ်) လူတစ်ယောက် စိတ်နေစိတ်ထား ကောင်းမြတ်သည်၊ မကောင်းမြတ်သည်ဟူသော ကိစ္စနှင့်ပတ်သက်၍ သုံးသပ်အကဲဖြတ်ရန် စံနှုန်းသတ်မှတ်ချက် ဟူသည်မှာကား လူတစ်ဦးတစ်ယောက်က ချမှတ်ပေးလိုက်ရုံမျှနှင့် ပြည့်စုံလုံလောက်ကောင်းသည် မဟုတ်ပါ။ ကာလဒေသကို လိုက်၍ ရှုထောင့်အမျိုးမျိုး တန်ဖိုးဖြတ်ချက်အထွေထွေ ရှိကြလေမည်သာ ဖြစ်ပါသည်။ သဒ္ဓါတရား ထက်သန်မှုအပေါ်တွင် အခြေခံ၍၊ ကိုယ်ကျင့်သီလ လုံခြုံမှုအပေါ်တွင် အခြေခံ၍၊ ဉာဏ်ပညာကြီးမားခိုင်ခံ့မှုအပေါ်တွင် အခြေခံ၍၊ အပြောအဆို အနေအထိုင်  သပ်ရပ်ရည်မွန်မှုအပေါ်တွင် အခြေခံ၍ စီးပွားဥစ္စာ ဖွံ့ထွားစည်ပင်မှုပေါ်တွင် အခြေခံ၍၊ အခြေခံအကြောင်းတရားတို့ အမျိုးမျိုး ကွဲပြားကြမည်သာ ဖြစ်ပါသည်။ သို့သော် ငြင်းမရနိုင်သော အချက်တစ်ချက်ကတော့ဖြင့် ရှိပါသည်။ ယင်းမှာကား လူတစ်ယောက်သည် သူ၏အတ္တကို မည်မျှအထိ စွန့်ပယ်နိုင်သည်၊ အများအကျိုးကို အများနှင့်အတူ မည်မျှအထိ ပါဝင်ထမ်းရွက်နိုင်သည်ဟူသော အချက်ပင် ဖြစ်ပါသည်။ ထိုအချက်သည် လူတစ်ယောက်၏ စိတ်နေစိတ်ထားကို အကဲဖြတ်ရာ၌ အကောင်းဆုံးစံနှုန်း မဟုတ်သည့်တိုင် ငြင်းပယ်ပစ်လောက်သော စံနှုန်းတစ်ခုတော့ မဟုတ်ဟု ကျွန်တော်က ယူဆမိပါ...

ဆင်းရဲချမ်းသာစိတ်ကူး 🖋 မောင်သာချို

Image
စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၁၉၊ ဇွန်လမှာ ပထမအကြိမ် ထုတ်ဝေထားတဲ့ ဆရာမောင်သာချိုရဲ့ ''စိတ်ကူးစိတ်သန်း'' စာအုပ်သစ်ထဲက စာရေးဆရာရဲ့ အမှာစာနဲ့ ပထမဆုံး ဆောင်းပါး(အက်ဆေး)ကလေးကို ကိုယ်တိုင်စာရိုက်ပြီး တင်ပေးလိုက်ပါတယ်။ အမြည်းသဘော တင်ပေးတာဖြစ်ပြီး တအုပ်လုံးကိုတော့ လောလောဆယ် ရိုက်တင်ပေးဦးမှာ မဟုတ်ပါ။ ဆရာမောင်သာချိုက ကျနော့်ကို သည်ပေ့ဂ်ျမှာ သူ့စာတွေ ကူးတင်ဖို့ရာ နှုတ်အားဖြင့် ခွင့်ပြုထားပြီးဖြစ်ပေမယ့် ထုတ်ဝေသူဖက်ကို ပြန်ကြည့်ရတဲ့ သဘောပါ။ သည်စာအုပ်က ဆိုင်တွေမှာ လက်လှမ်းတမီ ဝယ်လို့ရနိုင်သေးတာမို့ စာအုပ်ဝယ်ဖို့ရာ လက်လှမ်းမီသူတွေအနေနဲ့ ဆရာ့စာအုပ်ကို ဆိုင်က ဝယ်ဖတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ စာအုပ်တန်ဖိုး ၂၂၀၀ ကျပ်သာ ဖြစ်ပါတယ်။  နောက်ရက်တွေမှာ ထွက်ရှိပြီးတာ ကြာပြီဖြစ်တဲ့ ဆရာ့စာအုပ်ကလေးတွေထဲက စာတွေကို (အွန်လိုင်းပေါ်မှာ မရှိသေးတာတွေကို ကိုယ်တိုင်စာရိုက်၊ ဝက်ဘ်ဆိုက်တွေမှာ သူများစာရိုက်ပြီးသား ရှိတာတွေကို ကော်ပီမိတ္တူနဲ့) ကူးယူပြီး တင်ပေးသွားပါမယ်။ အဒ်မင်ငနော့  🍀 🍀 🍀 🍀 🍀 စိတ်ကူးစိတ်သန်းစကား မောင်သာချို အိုင်ဒီယာ (Idea) မဂ္ဂဇင်းတွင် ရေးသားခဲ့သည့် စာအတိုအထွာ  ဟိုမရောက်သည်မရောက်များကို စ...