သူတို့ အတွေ့အကြုံ 😂 စလေ ငနော့
သူတို့ အတွေ့အကြုံ
***************
စလေ ငနော့
မအေတယောက်ဟာ အပျိုစင် သမီးသုံးယောက်ကို ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်ဆိုသလို အိမ်ထောင်ချပေးလိုက်တယ်။ ဒါပေမယ့် သမီးတွေရဲ့ မင်္ဂလာဦးအတွေ့အကြုံနဲ့ ပတ်သက်ပြီး နည်းနည်း စိတ်ပူတာကြောင့် သူတို့ ကြုံတွေ့ရသမျှကို စာတိုတို ပို့စ်ကဒ်လေး တစောင်စီ လှမ်းပို့ပြီး အကြောင်းကြားဖို့ မှာလိုက်တယ်တဲ့။
အရင်ဆုံး သမီးကြီးဟာ ဟာဝိုင်ယီကနေ လက်ထပ်အပြီး နှစ်ရက်အကြာမှာ ပို့စ်ကဒ်တစောင် ပို့လိုက်တယ်။ ကဒ်ပေါ်မှာ ရေးထားတာက...
'နက်စ်ကော်ဖီ'
မအေ နည်းနည်း စိတ်ရှုပ်သွားတယ်။ ဒါနဲ့ မီးဖိုခန်းထဲ ဝင်ပြီး နက်စ်ကော်ဖီခွက်ကို ရှာပြီး ခွက်ပေါ်က စာကိုဖတ်ကြည့်လိုက်တော့ ရေးထားတာက...
'နောက်ဆုံး တစက်ထိ အရသာရှိတယ်'
မအေ နည်းနည်းတော့ ရှက်ဝဲဝဲ ဖြစ်သွားပေမယ့် သမီးကြီးအတွက်တော့ စိတ်အေးသွားပေတာပေါ့။
သမီးလတ်ကလည်း လက်ထပ်ပြီး တပတ်အကြာ ဗှားမောင့်ပြည်နယ်ကနေ ကဒ်တစောင် ပို့လိုက်ပြန်တယ်။ ကဒ်ပေါ် ရေးထားတာက...
'Rothmans(စီးကရက် အမည်)'
ဒီတခါလည်း မအေဟာ သူ့ယောက်ျားရဲ့ စီးကရက်ဘူးကို ရှာရပြန်တယ်။ တွေ့လို့ ဘူးပေါ်မှာ ရေးထားတာ ဖတ်ကြည့်လိုက်တော့...
'Extra Long, King Size.
(ပုံမှန်ထက် ပိုရှည်တဲ့ ကင်းဆိုက်)'
ဒီတခါတော့ မအေဟာ တော်တော်ရှက်သွားတယ်။ ဒါပေမယ့် သမီးလတ်အတွက်လည်း စိတ်တော့ ချမ်းသာသွားရတာပါပဲ။
သမီးထွေးကလေးကတော့ နယူးဇီလန် နိုင်ငံ အုက်ကလန် မြို့တော်ထိ ဟန်းနီးမွန်း ထွက်သွားတာဆိုတော့ တော်တော်နဲ့ အကြောင်းပြန်စာ မလာဘူး။ မအေဟာ တပတ် စောင့်တယ်။ မလာဘူး။ နောက် တပတ်ပြီး တပတ် ဘာမှ ထူးမလာဘူး။ အဲ... တလတိတိ ပြည့်ချိန်ကျမှပဲ ပို့စ်ကဒ်တစောင် ရောက်လာပါတော့တယ်။
ကဒ်ပေါ်မှာ သမီးထွေးလေးရဲ့ ခပ်သော့သော့ လက်ရေးနဲ့ ရေးထားတာက...
'နယူးဇီလန် လေကြောင်းလိုင်း'
မအေလည်း စိုးရိမ်တကြီး ဘုရားတပြီး ကမန်းကတန်း မဂ္ဂဇင်း စာအုပ်တွေ လှန်ပြီး နယူးဇီလန် လေကြောင်းလိုင်းရဲ့ ကြော်ငြာကို ရှာဖတ်ရတာပေါ့။ ပောာ... တွေ့ပါပြီ။ နယူးဇီလန် လေကြောင်းလိုင်းရဲ့ ကြော်ငြာမှာ ရေးထားတာကတော့...
'တရက်လျှင် ဆယ်ကြိမ်၊ တပတ်လျှင် ခုနစ်ရက်နှုန်းဖြင့် လမ်းကြောင်း နှစ်ခုစလုံး ပြေးဆွဲသည်'
ဒီတခါတော့ မာမီခမျာ ပျော့ခွေကျသွားရှာပါတော့တယ်။
စလေ ငနော့
😝😝 😝😝
မူရင်း ဟာသလေးပါ ကူးထည့်ပေးလိုက်ပါတယ်။
Mother had 3 virgin daughters who were all getting married in quick succession. As the mother was concerned about their first experiences, she made all promise to send a postcard from the honeymoon with a few words about what transpired.
The first girl sent a card from Hawaii two days after the wedding. The card said nothing but: 'Nescafe'.
The mother was puzzled at first. She went to her kitchen and found the Nescafe jar.
It said, 'Good till the last drop'.
Mom blushed, but was pleased for her daughter.
The second girl sent the card from Vermont a week after the wedding and the card read: 'Rothmans'.
The mother found her husband's cigarettes, and she read from the pack: 'Extra Long. King Size'.
She was again slightly embarrassed but still happy for her daughter.
The third girl left for her honeymoon in Auckland, New Zealand. Mom waited for a week, nothing. Another went by and still nothing. Then after a whole month, a card finally arrived.
Written on it with shaky handwriting were the words: 'Air New Zealand'.
Mom took out her latest YOU magzine, flipped through the pages fearing the worst, and finally found the ad for Air NZ.
The ad said:
'Ten times a day, seven days a week, both ways'.
Mom fainted.
From Scary Facts.
စလေ ငနော့
😝😝 😝😝
Comments
Post a Comment