လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၉ - နောက်ဆုံးအပိုင်း) 🖋 နေလင်း (အ.က.သ)

လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၉ - နောက်ဆုံးအပိုင်း) နေလင်း (အ.က.သ) ◾ အခန်း(၁၈) ကျနော်သိခဲ့ဖူးတဲ့သူတွေထဲက အမှတ်တရ မိတ်ဆွေများ ကျနော်အခုတင်ပြချင်တဲ့အပိုင်းကတော့ ကျနော်ထောင်ကျနေစဉ်ကာလနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေစဉ်ကာလမှာ တွေ့ကြုံ၊ ဆုံစည်းခဲ့ရတဲ့ ရဲဘော် မိတ်ဆွေတွေထဲက အချို့ရဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ကျနော်သိသလောက်ပဲ ပြောပါမယ်။ ကျနော်မြင်ခဲ့သလောက် ပြောပါမယ်။ (က) ဦးအုန်းမြင့် (သခင်အုန်းမြင့်၊ တိုးတက်ရေး) ဦးအုန်းမြင့်ဆိုတာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းလှုပ်ရှားခဲ့သူများထဲမှာ ထင်ရှားကျော်ကြား လှတဲ့ သခင်အုန်းမြင့် (ခ) တိုးတက်ရေး ဦးအုန်းမြင့် ဖြစ်ပါတယ်။ အသက် (၈၅)ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကျနော်တို့ကတော့ လေးစားသောကြောင့် အဘလို့ပဲ ခေါ်ပါတယ်။ အဘဦးအုန်းမြင့်ဟာ ၁၉၉၁ ခုနှစ်ထဲမှာ အင်းစိန်ထောင် တိုက်ထဲကနေပြီး ကျနော်တို့အမှတ် (၃) အိပ်ဆောင်ကို ရောက်ရှိလာပါတယ်။ အဘဦးအုန်းမြင့်ဟာ အသားရေ ဖြူဖွေးလှပြီး ပိန်ပိန်ပါးပါးနဲ့ သွက်လက်တဲ့ အသွင်ရှိပါတယ်။ အဘဦးအုန်းမြင့်ဟာ ဒေါ်ကြည်ကြည် (လွင်-မဆလာစက်) နဲ့ ပတ်သက်ပြီး ထောင် (၅)နှစ်ကျလာသူ ဖြစ်ပါတယ်။ ထောင်ထဲမှာ မနက်...