Posts

Showing posts from November, 2021

ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၆ - နောက်ဆုံးအပိုင်း) 🖋 ရဲဘော်ဖိုးသံချောင်း

Image
ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၆ - နောက်ဆုံးအပိုင်း) ရဲဘော်ဖိုးသံချောင်း ◾ နောက်ဆက်တွဲများ ▪ နိုင်ငံတကာသီချင်း (THE INTERNATIONALE) ထလော့... အငတ်ဘေး ကျရောက်သူတို့တတွေ ထလော့... ကမ္ဘာ့တဝှမ်းက ကျေးကျွန်တွေ တော်လှန်ကာ ထစ်ချုန်းမြည် ကြွေးကြော်လို့နေ နောက်ဆုံးပိတ်တိုက်ပွဲ နွှဲဆင်မလေ...။ ရှေးရိုးအစဉ်အလာ အယူအဆစွဲတွေ စွန့်လေ ကျေးကျွန်တွေ... ထလေ ထကြလေ... အခြေအနေတွေ ဒို့တော်လှန်ကာသာ ပြောင်းမလေ အောင်မြင်ဖို့ရာ ရှင်းပစ်စို့လေ...။ (သံပြိုင်)။ ။ ရဲဘော်တို့လာ စုရုံး နေ အဆုံးစစ်ပွဲ နွှဲဆင်မလေ အင်တာနေရှင်နယ် ကမ္ဘာမှာ အကုန်ညီစေ..။ ရဲဘော်တို့လာ၊ စုရုံးနေ အဆုံးစစ်ပွဲနွှဲမယ်လေ အင်တာနေရရှင်နယ် စည်းရုံးစုစည်းကာနေ...။ ကယ်တင်ရှင်၊ ဘယ်သောခါကမှ မရှိပေ နတ်သိကြား မင်းဘုရားကို ဒို့မယုံပေ နှောင်ကြိုးကို ဒို့လက်ရုံးဖြင့် ချိုးဖျက်မလေ သောက ဗျာပါဒ လောဘကင်းစင်စေ...။ လုယက်ခြင်းမှ မှန်မလွဲပင် ကင်းမလေ များပြည်သူ တူညီပျော်မြူးကြစေ အားလုံးက တာဝန်ကိုယ်စီထမ်းမလေ သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ...။ (သံပြိုင်) လယ်သမား၊ လုပ်အားစိုက်ထုတ်သူ အပေါင်းတွေ ပစ္စည်းမဲ့များနဲ့ ပေါင်းစည်းဟေ... ညီရင်းအစ်က...

ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၅) 🖋 ရဲဘော်ဖိုးသံချောင်း

Image
ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၅) ရဲဘော်ဖိုးသံချောင်း (◾ သန္နိဋ္ဌာန် ▪ ပြည်သူ့သူရဲကောင်းများရဲ့ဈာပန) ကျနော်တို့ လေ့လာလို့သိရတဲ့ သတင်းအရဆိုလို့ရှိရင် ထောင်အာဏာပိုင်တွေကြားမှာ ဒီလိုတိုက်ပွဲမျိုး တခါမှမကြုံဖူးလို့ အံ့ဩတုန်လှုပ်နေကြတယ်ဆိုတာ။ တိုက်ပွဲပြီးတဲ့နောက်ပိုင်းကျတော့ အဲဒီ ထောင်ဝါဒါတွေနဲ့ စကားစပ်မိလို့ ပြောကြတဲ့အခါမှာ သူတို့က “ဟာ... ခင်ဗျားတို့ ဘယ်လိုနေလဲ မသိဘူးဗျာ။ ကျုပ်တို့တော့ ကိုယ့်ဟာကိုယ် ရူးကုန်မလားတောင် အောက်မေ့တယ်။ စားမဝင် အိပ်မပျော်ပဲ။ အင်တာနေရှင်နယ်သီချင်းသံ ကြားပြီဆိုရင် ထိတ်သွားတာပဲ။ ကိုယ့်နားကိုယ်တောင် အတင်းပိတ်ထားရတယ်” လို့ ပြောကြတယ်။ အမှန်ပဲ။ ကျနော်တို့ အဲဒီ ကိုကိုးကျွန်းစခန်းပေါ်မှာ သင်္ကြန်ပွဲတော်ဆိုရင် နှစ်စဉ်ပဲ ရိုးရာ ဓလေ့ထုံးစံနဲ့အညီ ကျနော်တို့ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ကြတယ်။ ကပွဲခုန်ပွဲတွေ လုပ်တယ်။ စင်တင်တဲ့ ကပွဲ လုပ်တယ်။ အိုးစည်၊ ဒိုးပတ်တွေနဲ့ အကျွေးအမွေးတွေ လုပ်ကြ တယ်။ အားကစားပွဲတွေတောင် ပါသေးတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျနော်တို့ အကျဉ်းစခန်းတခုလုံးမှာ သင်္ကြန်တေးဆိုလို့ ဘာသံမှမရှိဘူး။ ကြွေးကြော်သံတွေပဲရှိတယ်။ ဒီလိုနဲ့ မေလရောက်လာတယ်။ မေလဆိ...

ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၄) 🖋 ရဲဘော်ဖိုးသံချောင်း

Image
ကျောင်းသား ထောင် တော်လှန်ရေးသမား (အပိုင်း ၄) ရဲဘော်ဖိုးသံချောင်း (◾ တော်လှန်ရေးသမား ▪ အကြီးအကျယ် စေ့စပ်ချင်နေတဲ့အခါကျတော့) ထောင်အာဏာပိုင်တွေဟာ ခုနကဖမ်းထားတဲ့ ရဲဘော်အုန်းမော်နဲ့ ရဲဘော်မောင်မောင်စိုး ကို ပြန်လွှတ်ပေးပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျနော်တို့ထဲမှာက တိုက်ပွဲအတွက် ဆုံးဖြတ်ချက်က ကျသွားပြီ။ ဆုံးဖြတ်ပြီးတယ်လို့ သိတာနဲ့ တပြိုင်နက် ကျနော်တို့ထဲက ရဲဘော်တွေ အတော်များများဟာ ခေါင်းဆောင်တွေဖြစ်တဲ့ လေထီးဗိုလ်အုန်းမောင်တို့၊ ဆရာရာဂျန်တို့ဆီကို သွားပြီး ကျနော်တို့လည်း တိုက်ပွဲထဲ ပါပါရစေလို့ အလျှိုလျှို သွားပြီး တင်ပြကြတယ်။ ဒီလိုနဲ့ ၁၉၇၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ ကိုကိုးကျွန်းရဲ့ အခြေခံအကျဆုံး ကိုယ်ထူကိုယ်ထ ပေါ်လစီကို ဆန့်ကျင်တိုက်နိုက်တဲ့ ၅၃ ရက် အစာ ငတ်ခံတိုက်ပွဲကြီးကို စတင်ခဲ့ကြတယ်။ ▪ ဧည့်သည်တွေ ရောက်လာ အဲဒီ ဇွန်လ ၉ ရက်နေ့ကစခဲ့တဲ့ တိုက်ပွဲဟာ ဇူလိုင်လ ၃၁ ရက်နေ့ ကျမှပြီး တော့ ဒီတိုက်ပွဲဟာ ”၅၃ ရက်တိုက်ပွဲ” လို့ နာမည်တွင်ခဲ့တယ်။ ဒီတိုက်ပွဲဟာ အခြား တိုက်ပွဲတွေနဲ့ မတူတဲ့အချက်တွေ ရှိတယ်။ အဲဒါဘာလဲဆိုတော့ အခြေခံအကျဆုံးပေါ်လစီ ကို တိုက်တာ။ ဒီကျွန်းမှာ ကိုယ်ထူကိုယ်ထသာ အလုပ်မခိုင်းဘူးဆိုလို့ရှ...