ပြောက်ကျားစစ် အပိုင်း ၄ ◼ ချေဂွေဗားရား

ပြောက်ကျားစစ် (အပိုင်း ၄) ချေဂွေဗားရား ဘာသာပြန် ရဲဘော်ဆလိုင်းပါကျင် ရဲဘော်ဇော်ထွန်း အခန်း ၃ ပြောက်ကျားတပ်မတော် ဖွဲ့စည်းပုံ (က) ထောက်ပံ့ရေး ပြောက်ကျားတပ်ဖွဲ့အတွက် အရေးကြီးတဲ့ အခြေခံအချက်ကတော့ စနစ်တကျ ဖွဲ့စည်းထားတဲ့ ထောက်ပံ့ရေးစနစ်ပဲ ဖြစ်ပါတယ်။ မြေကြီးနဲ့ဆက်စပ်နေတဲ့ လူတစုအဖို့ မြေကြီးက သီးပွင့်လာတာတွေကို စားသုံးပြီး ရှင်သန်လှုပ်ရှားရမှာ ဖြစ်တယ်။ တပြိုင်နက်တည်းမှာ စားနပ်ရိက္ခာကို ထောက်ပံ့နေတဲ့ လယ်ယာ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်ကြသလားဆိုတာကို သတိထား လေ့လာနေကြရမယ်။ ခက်ခဲကြမ်းတမ်းတဲ့ ပြောက်ကျားစစ်ရဲ့ အထူးသဖြင့် အစဦးပိုင်းကာလတွေမှာ ပြောက်ကျားတပ်ဖွဲ့အတွက် ရိက္ခာထုတ်လုပ်ဖို့ မိမိရဲ့အင်အားတွေကို ပုံအော မသုံးနိုင်သေးဘူး။ ရန်သူကလည်း ရိက္ခာတွေကို အလွယ်တကူရှာဖွေတွေ့ရှိပြီး ဖျက်ဆီးပစ်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် ရန်သူရဲ့စစ်ကြောင်းတွေက လုံးဝထိုးဖောက်ဝင်ရောက်နိုင်တဲ့ဒေသ ဖြစ်နေသေးလို့ပဲ။ ထောက်ပံ့မှုဟာ ပထမအစပိုင်းမှာ အတွင်းပိုင်းကအမြဲဖြစ်လာရမယ်။ ပြောက်ကျားလှုပ်ရှားမှု ကြီးမားလာတာနဲ့အမျှ ရိက္ခာထောက်ပံ့မှုကို တိုက်ပွဲဒေသအပြင်ဖက်က တင်သွင်းဖို့ စီစဉ်ရမယ်။ လယ်သမားတွေမှာ ရှိနေတဲ့ ထောက်ပံ့တာလောက်နဲ့လည်း တပ်ဖ...