Posts

Showing posts from October, 2018

ဓာတ်လှေကား 🖋 ငွေဇင်ယော်ဦး(မိုးကုတ်)

Image
ဓာတ်လှေကား ************ ငွေဇင်ယော်ဦး(မိုးကုတ်) ၁။ ဒီရက်ပိုင်း အတွင်း“ရေပြာအိုင်” ရွာလေးမှာ လူပြော များနေတာက ဒေါ်သုန့် သတင်းပါ။ ဒေါ်သုန် ဆိုတာက တစ်ရွာလုံး မသိသူ မရှိတဲ့ ပဲပြုတ်သည် ကြီးပေါ့။ “ရေပြာအိုင်”က ရွာဆိုပေမယ့် တောခပ်ကျကျ ရွာတော့ မဟုတ်ပါဘူး။ အိမ်ခြေနှစ်ရာ နီးပါးလောက်တော့ ရှိမယ်။ တောင်ပေါ်မြို့လေးနဲ့ နီးပေမယ့် သူ့ကျတော့ မြေပြန့် ဖြစ်သွားပြီမို့ နည်းနည်းပူတယ်။ လယ်ယာ လုပ်ငန်းကို အဓိက လုပ်တယ်။ ဒေါ်သုန်ကတော့ တစ်ကိုယ်တည်းသမားမို့ ပင်ပန်းမယ့် အလုပ်တွေ ထွေလီကာလီ လိုက်လုပ် မနေပါဘူး။ ပဲပြုတ်တောင်း ခေါင်းရွက်ပြီး တစ်မနက်ခင်း လည်ရောင်းလိုက်တာနဲ့ တစ်ဝမ်းတစ်ခါး မပူရတော့ဘူးလေ။ ရွှေမ၀တ် နိုင်ပေမယ့် ထိုက်သင့် သလောက်လေး လှူနိုင် တန်းနိုင်တယ်။ စားချင်တာလေး ဖောဖောသီသီ စားနိုင်တယ်။ နေမကောင်း ထိုင်မသာ ဖြစ်ရင်လည်း အိမ်မှာ အေးအေးသက်သာ နားနေလို့ ရတယ်။ ဒါပေမဲ့ ဒေါ်သုန် ကျန်းမာပါတယ်။ တော်ရုံနဲ့ ဖျားခဲ နာခဲတယ်။ ရိုးရိုး နှာစေးချောင်း ဆိုးရုံ လောက်နဲ့တော့ အလုပ်ပျက် မခံဘူး။ တစ်ရွာလုံးမှာ တစ်သည်တည်း ရှိတဲ့ ပဲပြုတ် သည်ကြီးကို တစ်မနက် တစ်မနက် စောင့်မျှော်ထွက်ဝယ် နေကျ ပုံမှန် ဖောက်သည်တွေ ကလည်း မနည်းလှဘူး။ နိစ္စဓူဝ ရွာရိ...

သတိပြုသင့်သည့် မြန်မာစာလုံးပေါင်းများ 🖋 မောင်သာနိုး

Image
သတိပြုသင့်သည့် မြန်မာစာလုံးပေါင်းများ ****************************** မောင်သာနိုး တစ်နေ့က တစ်ရက်တည်းမှာပဲ စာလုံးပေါင်းတစ်ခုတည်း မှားတာကိုနှစ်နေရာမှာတွေ့ခဲ့တယ်။ မှားတာကလည်း 'စိတ်တိုင်းကြ' ဆိုတဲ့ စကားလုံး။ ပထမတစ်နေရာကကုန်တိုက်။ 'ပစ္စည်းများကိုစိတ်တိုင်းကြ ရောင်းချပေးနေပါသည်' တဲ့။ ကောင်တာတိုင်းမှာ ဒီစာတန်းကိုတွေ့ရတယ်။ နောက်တစ်နေရာကကားရေဆေး ဆီထိုး အလုပ်ရုံ။ ရုံထိပ်မှာဧရာမ စာလုံးမည်းကြီးတွေနဲ့ 'လုပ်ငန်းများကိုစိတ်တိုင်းကြ ဆောင်ရွက်ပေးနေပါသည်' တဲ့။ အဲဒီကတည်းကဒီဆောင်းပါး ရေးဖို့တေးထားခဲ့တာပါ။ တကယ်ကတော့ကုန်တိုက်တို့၊ ကားရေဆေးဆီထိုးတို့ ဆိုတာက စာပေနဲ့တိုက်ရိုက်ဆက်စပ်ခြင်း မရှိကြဘူးလို့ ပြောနိုင်ပါတယ်။ ဝတ္ထုစာအုပ်တို့၊ မဂ္ဂဇင်းတို့ ဆိုတာတွေကမှ စာပေနဲ့ တိုက်ရိုက်ဆက်နွယ် စပ်ယှက်နေတဲ့ စာအုပ် စာတမ်းတွေမှာ စာလုံးပေါင်းမှားကြတယ်။ ဒါကမှအရုပ်ဆိုးတာပါ။ မဂ္ဂဇင်းတစ်စောင် ကောက်ကိုင်ကြည့်လိုက်လို့ မရှူမလှ စာလုံးပေါင်းမှားနေတာ တွေ့ရရင် မြန်မာစာပေ ချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ အင်မတန် စိတ်ဆင်းရဲရတယ်။ တစ်ခါ အဲဒီ မဂ္ဂဇင်းမှာ ကိုယ်က အမှန်ရေးပေးလိုက်တာကြီးကို အမှားလုပ်ထားတာ တွေ့လိုက်ရတော့ သေချင်စော...

ချိုတကူးနှင့် ဂုဏ်ရည်မတူ 🖋 အောင်သင်း

Image
ချိုတကူးနှင့် ဂုဏ်ရည်မတူ  ********************* အောင်သင်း (လှလိုက်တာနော်နှင့် ရသစာတမ်းငယ်များ စာအုပ်မှ။) အတုနှင့် အစစ်၊ အစစ်ကို ပို၍ မြတ်နိုးသင့်ကြပေသသည်။ သို့သော်- ကျွန်တော်တို့မြို့တွင် ‘ချိုတကူး’ ဟုခေါ်ကြသော ကုလားလေးတစ်ယောက်ရှိသည်။ သူ့ဘ၀၏ တစ်ပိုင်းတစ်စကို တင်ပြချင်ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားစဉ်အခါက ချိုတကူးသည် ဆယ့်သုံးနှစ်သားမျှသာ ရှိသေးသည်။ သူ၏ဖခင်သည် ဆံပင်ညှပ်သောအလုပ်ကို လုပ်၍ သူ့မိသားစုရပ်တည်အောင် ဆောင်ရွက်သူဖြစ်သည်။ သူတို့ မိသားစုတွင် သူ့ဖခင်၊ သူ့မိခင်အပြင် အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက်နှင့် သူပါဆိုလျှင် မိသားစု၌ ငါးယောက်ရှိသည်။ ချိုတကူးတို့သည် ဟိန္ဒူလူမျိုးများဖြစ်ကြသည်။ စစ်ကြီးဖြစ်၍ အိန္ဒိယလူမျိုးများ အိန္ဒိယသို့ ပြန်သောအခါ သူတို့မိသားစုသည်လည်း ကယောင်ကတမ်းနှင့် အိန္ဒိယသို့ ပြနှ်ကြရန် ဧရာဝတီမြစ်ကြောင်းမှ သင်္ဘောဖြင့် ဆန်တက်လိုက်ပါသွားကြသည်။ သူတို့ခရီးစဉ်မှာ သင်္ဘောဖြင့်ဆန်တက်၍ မြန်မာပြည် အထက်ပိုင်း ရောက်မှ အိန္ဒိယပြည်ဘက်သို့ ကုန်းကြောင်းကူးကြရန်ဖြစ်သည်။ သူတို့ လိုက်ပါသွားသော သင်္ဘောသည် နောက်ဆုံးသင်္ဘောဖြစ်၍ စစ်မိန့်လွှမ်းမိုးသော သင်္ဘောလည်းဖြစ်သည်။ အထက်မြန်မာပြည် မြို့ကြီးတစ်မြို့အရောက်တ...

ရှက်သူ 🖋 ခင်မြဇင်

Image
ရှက်သူ ******* ခင်မြဇင် ဟိုတုန်းကလောက်တော့ မရှက်တတ်တော့ပါဘူး။ စောက ပြောလျှင် သူငယ်ချင်း မာမာဝေက ရယ်လေသည်။ စောတစ်ယောက် ဘယ်လောက် အရှက်အကြောက် ကြီးကြောင်း သူတို့ အသိဆုံးပဲ မဟုတ်လား။ စော အရှက်လွန်ပြီး စောချစ်ခဲ့သော ကိုတင်စိုးနှင့် လွဲခဲ့ရတာလည်း ဝေ အသိပင်။ စော စိတ်ထဲမှာ ကိုတင်စိုးကို ကျိတ်ပြီး ချစ်နေလိမ့်မည်လို့ သူငယ်ချင်း အားလုံးက ယူဆပြီး သူတို့ နှစ်ယောက်စလုံးကို ရှေ့မှာထားကာ စောမျက်နှာ မထားရဲအောင် နောက်ပြောင်ခဲ့ကြတာကြောင့် အရှက်သည်းသော စော ကိုတင်စိုးကို ဘယ်လိုမှ လက်မခံနိုင်ဟု ဆိုခဲ့တာ ဝေ ခုထိမမေ့သေး။ ခုတော့ စောသည် ကိုတင်စိုးနှင့် လွဲခဲ့ပြီးနောက် ဘယ်လို ဖူးစာ ဆုံသွားသည်ဟု သူငယ်ချင်းများပင် တိတိပပ မသိလိုက်ရဘဲ အိမ်ထောင်ကျကာ သမီး တစ်ယောက်ပင် ရနေလေပြီ။ စော၏ ရှက်သွေးလွှမ်းသော ပါးမို့ရဲရဲများကို မဝေက အောက်မေ့ရင်း … “မိစောရယ်၊ နင် မရှက်တတ်တော့တာ ငါသိပါတယ်” “အိုး” မဝေ သည်လို ပြောလိုက်မှ စောက ရှက်သွားရပြန်သည်။ စော မျက်လုံးကလေးများတွင် ငယ်မူငယ်သွေး အရိပ်တွေ ထင်လာပြီး … “ကိုတင်စိုးကြီး တစ်ယောက်လည်း မိန်းမ ရသွားပြီတဲ့ ခင်ဗျာ” မဝေက ဆက်လို့ စပြန်လျှင် စောသည် နှုတ်ခမ်း စူလိုက်ပြီး … “သူ့ဘာသာသူ ရတာ ငါနဲ့ ဘာ...

ပဲနဲ့ ဘဲ 📻 ကိုသိမ်းမြတ်ရဲ့ BBC အလင်္ကာပုလဲပန်း အစီအစဉ်

Image
ပဲနဲ့ဘဲ ******* (ပုံစာ - မြန်မာစာအဖွဲ့ဝင် ဆရာကြီး ဒေါက်တာဦးထွန်းတင့်) ကျနော်ငနော့ဟာ ၂၀၀၇ ခု နောက်ပိုင်း နှစ်အတော်များများမှာ BBC, VOA, RFA စတဲ့ နိုင်ငံခြားရေဒီယိုတွေက ထုတ်လွှင့်တဲ့ မြန်မာပိုင်းအစီအစဉ်တွေကို  ပုံမှန်နားထောင်ခဲ့ဖူးပါတယ်။ အဲဒီအထဲက ဘီဘီစီမြန်မာပိုင်းက ကိုသိမ်းမြတ် အပတ်စဉ် ထုတ်လွှင့်တဲ့ 'အလင်္ကာပုလဲပန်း' အစီအစဉ်ဟာ ကျနော်အကြိုက်ဆုံး အစီအစဉ် တခုပါပဲ။ မြန်မာစာ မြန်မာစကားနဲ့ ပတ်သက်ပြီး သိမှတ်လေ့လာစရာ မြောက်မြားစွာကို အဲဒီအစီအစဉ်ကနေ ရရှိခဲ့ပါတယ်။ ဆရာကြီးဦးထွန်းတင့်ရဲ့ နာမည်ကိုလည်း ဒီအစီအစဉ်မှာပဲ စကြားဖူးခဲ့ပါတယ်။ ခုလည်း ကျနော် ယောင်ဝါးဝါးသာ သိထားတဲ့ ''ပဲ'' နဲ့ ''ဘဲ'' အသုံးအကြောင်း တွေ့ရလို့ မျှဝေလိုက်ပါတယ်။ ဒီစာကို ရှာတွေ့စေခဲ့တဲ့ ညီ ကို Zaw Oo ကို ကျေးဇူးတင်ပါတယ်။ စပ်မိလို့ ထည့်ပြောရရင် RFA မြန်မာပိုင်းရေဒီယိုမှာ 'စာဝိုင်းပေဝိုင်း စကားဝိုင်း' အစီအစဉ်ကို အပတ်စဉ် တင်ဆက်နေတဲ့ ပြင်ပဆောင်းပါးရှင် 'မေစာ' ဆိုတာ ဆရာကြီးဦးထွန်းတင့်ရဲ့ သမီးဖြစ်ပါတယ်။ အောက်ပါစာကို BBC News (မြန်မာ) ဝက်ဘ်ဆိုဒ်ကနေ ကူးယူပြီး မူရင်းယူနီကုဒ်ဖောင့်တွေကို ဇော...

ဘေးလူတွေ ခွေးဖြစ်မသွားကြရအောင် 🍎 မောင်သာချို

Image
ဘေးလူတွေ ခွေးဖြစ်မသွားကြရအောင် **************************** မောင်သာချို (တစ်) သမီးရေ.. ။ ဖေဖေ အလုပ်လုပ်ခဲ့ဖူးတဲ့ တက္ကသိုလ် ကောလိပ်ကျောင်းတွေကို စဉ်ပြီး ကြည့်လိုက်တဲ့အခါ အခု နိုင်ငံခြားဘာသာ တက္ကသိုလ်လို့ အမည်ပြောင်းထားတဲ့ နိုင်ငံခြား ဘာသာသိပ္ပံဟာလည်း တခု အပါအဝင်ပဲပေါ့ သမီးရယ်။ အဲသည့် ကျောင်းကလေးမှာက ပြင်သစ်ရယ် ဂျပန်ရယ် ရုရှရယ် တရုတ်ရယ် ထိုင်းရယ် တောင်ကိုရီးယားရယ် နိုင်ငံခြားဘာသာ သင်ပေးနေတဲ့ ဌာနတွေ တော်တော်များများ ရှိတယ် သမီးရဲ့။ အဲသည့် အထဲမှာ ဖေဖေတို့ကလည်း မြန်မာစာဌာနကလေး သွားဖွင့်ထားပြီး နိုင်ငံခြားကနေ မြန်မာစာလာသင်တဲ့ လူမျိုးခြားတွေကို သင်ပေးနေခဲ့ရတယ်ပေါ့။ ဖေဖေ အဲသည့်ကျောင်းမှာ အတော်ကြာကြာကလေးကို အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲသည့် နိုင်ငံခြား ဘာသာ သိပ္ပံမှာ အလုပ်လုပ်ခဲ့ရတဲ့ နှစ်ကာလတွေအတွင်း ဖေဖေကြုံခဲ့ရတဲ့ အဖြစ်ကလေး တခုကိုဖြင့် ခုထိတိုင်အောင်ပဲ ရင်ထဲမှာ စွဲထင်နေဆဲပါပဲ သမီးရယ်။ ဟုတ်တယ် ဖေဖေ အပါအဝင် ဖေဖေတို့ လုပ်ဖော်ကိုင်ဖက် အချို့ကို ခွေးဖြစ်ခဲ့ရတဲ့ အဖြစ်လေ။ သည်တခါတော့ အဲသည့် အကြောင်းကိုပဲ သမီးကို ပြန်ပြောပြရင် ကောင်းမယ်လို့ ဖေဖေ စဉ်းစားလိုက်မိတယ်။ (နှစ်) အခု သမီးကို ဖေဖေ ပြောပြမယ့် အဖြစ်အပျက်က...

အကြွေးနှင့် အတွေး 🍎 ငွေဇင်ယော်ဦး(မိုးကုတ်)

Image
အကြွေးနှင့် အတွေး **************** ငွေဇင်ယော်ဦး(မိုးကုတ်) တံခါးဝမှ သော့ ခလောက်ကိုကြည့်ပြီး “ဒီတစ်ခါလည်း နောက်ကျသွားပြန် ပဟ”ဟု မချင့်မရဲ တွေးမိ လိုက်သူက ကိုမြတ်သူပဲ ဖြစ်လေသည်။ ဒါတောင် မမီလိုက်မှာ စိုး၍အိပ်ရာမှ နိုးနိုးချင်း ထမင်းပင် မစားအား သေးဘဲ အပြေးအလွှား ထလာခဲ့ခြင်းပင်။ မနေ့ညကလည်း ပြန်လာနိုး ပြန်လာနိုးနှင့် တံခါးပိတ်ထားသည့် ခြံရှေ့ ဆိုင်ကယ်ရပ်ပြီး ထိုင်စောင့်သည့်မို့ ပတ်ဝန်းကျင်ကပင် ဘာပါလိမ့်ဟု စူးစမ်း ကြည့်ခြင်း ခံရသေးသည်။ ဖိုးရွှေသောင်းထွန်းတို့ လင်မယားက ပေါ်မလာ။ ကြာတော့ ဗိုက်ကလည်း ဆာ၊ ညောင်းကလည်း ညောင်းလာသည်နှင့် “ပြန်လာရင် သူတို့ကို မြတ်သူလာသွား သေးတယ်လို့ ပြောပေပါဗျာ” ဟု နံဘေးအိမ်ကို အကျိုးအကြောင်း ပြောပြ မှာထားပြီး ပြန်လာခဲ့ရသည်။ ထမင်း စားပြီး တစ်ခေါက်ပြန်ထပ် သွားရဦးမလား စိတ်ကူး သေးသော်လည်း ဇနီးသည် မမေနီက “မိုးလည်း ချုပ်ပါပြီ။ မနက်မှ စောစော ထသွားပါလား” ဟု တားသဖြင့် ပြန်မလာ ဖြစ်လိုက်တော့။ တွက်ကြည့်တော့ ရစရာ အကြွေးထဲ ဆိုင်ကယ် ဓာတ်ဆီဖိုး ထပ်ပေါင်းလျှင်ပင် မနည်းတော့ပါချေ။ ခေါက်တုံ့ခေါက်ပြန် သွားလိုက်ပြန် လိုက်လုပ်နေရသည်မှာ ယခု တစ်ခေါက်နှင့် ပေါင်းလျှင် ဆယ်ခေါက် လောက်တောင် ရှိပြီထင်သ...