Posts

လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၉ - နောက်ဆုံးအပိုင်း) 🖋 နေလင်း (အ.က.သ)

Image
လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၉ - နောက်ဆုံးအပိုင်း) နေလင်း (အ.က.သ) ◾ အခန်း(၁၈) ကျနော်သိခဲ့ဖူးတဲ့သူတွေထဲက အမှတ်တရ မိတ်ဆွေများ ကျနော်အခုတင်ပြချင်တဲ့အပိုင်းကတော့ ကျနော်ထောင်ကျနေစဉ်ကာလနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေစဉ်ကာလမှာ တွေ့ကြုံ၊ ဆုံစည်းခဲ့ရတဲ့ ရဲဘော် မိတ်ဆွေတွေထဲက အချို့ရဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ကျနော်သိသလောက်ပဲ ပြောပါမယ်။ ကျနော်မြင်ခဲ့သလောက် ပြောပါမယ်။ (က) ဦးအုန်းမြင့် (သခင်အုန်းမြင့်၊ တိုးတက်ရေး) ဦးအုန်းမြင့်ဆိုတာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းလှုပ်ရှားခဲ့သူများထဲမှာ ထင်ရှားကျော်ကြား လှတဲ့ သခင်အုန်းမြင့် (ခ) တိုးတက်ရေး ဦးအုန်းမြင့် ဖြစ်ပါတယ်။ အသက် (၈၅)ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကျနော်တို့ကတော့ လေးစားသောကြောင့် အဘလို့ပဲ ခေါ်ပါတယ်။ အဘဦးအုန်းမြင့်ဟာ ၁၉၉၁ ခုနှစ်ထဲမှာ အင်းစိန်ထောင် တိုက်ထဲကနေပြီး ကျနော်တို့အမှတ် (၃) အိပ်ဆောင်ကို ရောက်ရှိလာပါတယ်။ အဘဦးအုန်းမြင့်ဟာ အသားရေ ဖြူဖွေးလှပြီး ပိန်ပိန်ပါးပါးနဲ့ သွက်လက်တဲ့ အသွင်ရှိပါတယ်။ အဘဦးအုန်းမြင့်ဟာ ဒေါ်ကြည်ကြည် (လွင်-မဆလာစက်) နဲ့ ပတ်သက်ပြီး ထောင် (၅)နှစ်ကျလာသူ ဖြစ်ပါတယ်။ ထောင်ထဲမှာ မနက်...

လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၈) 🖋 နေလင်း (အ.က.သ)

Image
လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၈) နေလင်း (အ.က.သ) ◾ အခန်း(၁၆) ဒေါနမှာနေတဲ့ တောင်ပေါ်သားတွေ သရက်ထောင်မှာ ကျနော်တို့နဲ့အတူ ထောင်ပြောင်း(၁၀၀)ထဲမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)က ကရင်တိုင်းရင်းသားတွေ (၁၀)ယောက် ပါလာပါတယ်။ အဲဒီ ကရင်တိုင်းရင်းသားတွေဟာ နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ ပုဒ်မ(၁၂၂)နဲ့ သေဒဏ်ကျခံရတဲ့ သူတွေဖြစ်ပြီး နောက်မှ တသက်တကျွန်းအမိန့် ပြောင်းရွေ့ခံရတဲ့ သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ ၁၉၈၃ ခုနှစ် လောက်က ဗိုလ်မင်းသိန်းဦးဆောင်ပြီး (KNU)မှ ပဲခူးရိုးမ ပြန်လည်ဖော်ထုတ်ရေးတာဝန်နဲ့ နယ်စပ်ကနေ ပဲခူးရိုးမကို လာခဲ့ကြပါတယ်။ အဲဒီအလာမှာ ညောင်လေးပင်အနီး သူဌေးကုန်းဘူတာနားမှာ အစိုးရစစ်တပ်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပါတော့တယ်။ သူတို့တွေဟာ ပဲခူးရိုးမတောထဲမှာ ခိုအောင်းနေထိုင်ကြပါတယ်။ မဆလ အစိုးရက လက်ဆက်ကင်း၊ တပ်ကင်းတွေနဲ့ ပဲခူးရိုးမ အနောက်ခြမ်းတွေကို ဖြတ်(၄)ဖြတ်  ကျင့်သုံးပြီး ဖမ်းဆီးပါတယ်။ (KNU)မှ ရဲဘော်တွေဟာ ရိက္ခာပြတ်လပ်မှုဒဏ်ကြောင့် ထွက်ပြေးနိုင်တဲ့ အခွင့်အလမ်းနည်းပါးပြီး အစိုးရရဲ့ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။ သူတို့တွေကို မဆလအစိုးရက နိုင်ငံတော်ပုန်ကန်မှုနဲ့ သေဒဏ် ချမှတ်လိုက်ပါတယ်။ သူတို့တွေဟာ အမှုကို...

လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၇) 🖋 နေလင်း (အ.က.သ)

Image
လူရှင်သင်္ချိုင်းများအကြောင်း (အပိုင်း ၇) နေလင်း (အ.က.သ) [◾ အခန်း (၁၂) (ခ) အညာခရီး] အချိန်ကတော့ ည(၁၂)နာရီကျော်နေပြီ။ ဆိုင်ရှင်က ကျနော်တို့ကိုမြင်ကတည်းက ကျောင်းသားတွေမှန်း သိလိုက်ပုံရတယ်။ ဆိုင်ရှင် ဦးလေးနဲ့ အဒေါ်ကြီးကပ်လာပြီးမေးတယ်။ “ကိုမောင်မောင်ဝမ်း ဘယ်လိုနေလဲ။ ကျန်းမာရေးကော ကောင်းရဲ့လား” ကိုမောင်မောင်ဝမ်းဆိုတာကတော့ ရေနံချောင်းသား၊ မြေလတ်ပိုင်းကျောင်းသား ခေါင်းဆောင်တဦးဖြစ်ပါတယ်။ ကျနော်တို့နဲ့အတူတူ သရက်ထောင်မှာ နေခဲ့ရတယ်။ ဆိုင်ရှင်တွေကတော့ ကျနော်တို့ကို လိုလေသေးမရှိ ဂရုစိုက်ရှာတယ်။ အကျဉ်းသားဆိုတဲ့ဂုဏ်ပုဒ်ကိုတောင် မေ့သွားတယ်။ ရဲတွေအားလုံးလဲ သူတို့ကိုယ်သူတို့ သိမ်ငယ်သေးကျုံ့သွားပုံရတယ်။ ထမင်းစားချိန်မှာ ကျနော်တို့ကို သံကြိုးတွေဖြေပြီး လက်ထိပ်တွေ ခဏဖြုတ်ပေးထားတယ်။ အားလုံးစားပြီး ထွက်မယ်ပြင်တော့ ရဲအုပ်ကငွေရှင်းတယ်။  “သည်အစ်ကိုလေးတွေအတွက် ကျနော်ကို အခမဲ့ကျွေးတာပါ။ မယူပါရစေနဲ့” လို့ ဆိုင်ရှင်ကပြောတယ်။ ကျနော်တို့ကကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့တယ်။ အမှန်က ကျနော်တို့ ဆန္ဒကတော့ ယူလိုက်စေချင်တာပါပဲ။ မနက်အစောကြီးမှာ မန္တလေးမြို့ကိုရောက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ၁၉၉၃ ခုနှစ်ခရစ်စမတ်စ်နေ့ကြီးမှာပါ။ အည...