Posts

Showing posts from February, 2019

ဘဲကြီးရဲ့ မျက်နှာရိပ် မျက်နှာကဲအောက်မှာ 🖋 မောင်သာချို

Image
ဆရာမောင်သာချိုရဲ့ ဆောင်းပါးအသစ်။ ဘဲကြီးရဲ့ မျက်နှာရိပ် မျက်နှာကဲအောက်မှာ ******************************** မောင်သာချို 7Day Daily  Fri, 2019-02-22 01:02 Issue No. အတွဲ(၁၇)၊ အမှတ်(၅၀) (တစ်) ဆရာချစ်ဦးညိုက ဘဲတွေအ ကြောင်း မကြာခဏပြောတတ်ပါ သည်။ ဘဲတွေဦးနှောက်မရှိကြ သည့်အကြောင်း၊ ဘဲတို့ ဦးဆောင် သူနောက်သို့ တစ်သဝေမတိမ်း လိုက်ပါတတ်ကြသည့် အကြောင်း၊ ခေါင်းဆောင်ဘဲကြီး လုပ်သမျှ မှားမှားမှန်မှန် လိုက်ပါ လုပ်ဆောင်တတ်ကြသည့်အကြောင်း။ မှန်ပါသည်။ ဆရာချစ်ဦးညို ပြောလိုက်တော့မှ ငယ်ငယ်က ရင်းနှီးတွေ့မြင်ခဲ့ရသည့် ဘဲအုပ် အကြီး၊ အသေးတို့၏ မြင်ကွင်းအ ထွေထွေက မျက်စိထဲ၌ပြန်၍မြင် ယောင်လာပါသည်။ လယ်ကွင်း ပြင်များ၊ ချောင်းဆွယ်၊ မြောင်း ဆွယ်ကလေးများ၊ ရေအိုင်များ၊ မြစ်ပြင်ကျယ်များ။ ဘဲခေါင်းဆောင်က တစ်နေ ရာရာကို နှုတ်သီးဖြင့် တဇပ်ဇပ် ထိုးပါ၏။ ကျန်သည့်ဘဲများက လည်း တဇပ်ဇပ်လိုက်၍ထိုးကြ ပါလေပြီ။ ဘဲခေါင်းဆောင်က အတောင်ကို တဖြန်းဖြန်း ရိုက် ထည့်လိုက်၏။ ကျန်သည့်ဘဲများ ကလည်း တဖြန်းဖြန်းလိုက်၍ ရိုက်ကြပါလေပြီ။ ဘဲခေါင်း ဆောင်က ရေထဲသို့ စွပ်ခနဲငုပ်လိုက်ပြန်ပါ၏။ ကျန်သည့်ဘဲများ ကလည်း စွပ်ခနဲလိုက်၍ငုပ်ကြပါ လေပြီ။ ဘဲခေါင်းဆောင်က ကုန်း...

မိုးမိုး (အင်းလျား) အတ္ထုပ္ပတ္တိ

Image
မိုးမိုး (အင်းလျား) သည် ဘဝသရုပ်ဖော်ဝတ္ထုများအား ရေးဖွဲ့ရာတွင် အထူးပြောင်မြောက်သော မြန်မာ စာရေးဆရာမတစ်ဦး ဖြစ်သည်။ ပျောက်သောလမ်းမှာ စမ်းတဝါး ဟူသော ဝတ္ထုမှာ သူ၏ အကောင်းဆုံးလက်ရာဟု စာပေသမားများက ရည်ညွှန်းတတ်ကြသည်။အချစ်ဆိုသောအရာ၊ မှတစ်ပါး အခြားမရှိပြီ စသော ဝတ္ထုများမှာ ရုပ်ရှင်အဖြစ် ရိုက်ကူးခြင်း ခံရသည်။ ကိုယ်ရေးဖြစ်စဉ် စာရေးဆရာမ မိုးမိုး (အင်းလျား) ကို ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလတွင် အဖ ဦးထွန်း၊ အမိ ဒေါ်မြရှင်တို့မှ ပဲခူးတိုင်းဒေသကြီ:၊ ဒိုက်ဦးမြို့တွင် ဖွားမြင်သည်။ ၁၉၅၂ ခုနှစ်တွင် ဒိုက်ဦးမြို့ အစိုးရအထက်တန်းကျောင်းတွင် စတင်ပညာသင်ကြားသည်။ သတ္တမတန်းကျောင်းသူဘဝတွင် ကဗျာများ စတင်ရေးသားသည်။ ကျောင်းစာကြည့်တိုက်နှင့် နံရံကပ်စာစောင်ကော်မတီများတွင် အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ အထက်တန်းကျောင်းသူဘဝတွင် ခရိုင်အလိုက် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ၁၉၆၅ ခုနှစ်တွင် ရန်ကုန်ရှိ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် သင်္ချာအဓိကဖြင့် တက်ရောက်သင်ကြားသည်။ နေထိုင်ရာ အဆောင်အမည်ကို အစွဲပြု၍ မိုးမိုး (အင်းလျား) ဟူသော အမည်ဖြင့် ကဗျာ၊ ဆောင်းပါးများ စတင်ရေးသားသည်။ ၁၉၆၅ ခုနှစ်၊ မတ်လတွင် တိုင...

အစားထိုးမရတဲ့ တံတားကျိုးကျမှု 🖋 မောင်သာချို + ဆရာမြသန်းတင့် အတ္ထုပ္ပတ္တိ

Image
သည်ကနေ့ည ၉း ၁၅ ဆိုရင် ဆရာမြသန်းတင့် ကွယ်လွန်ခဲ့တာ ၂၁ နှစ် တင်းတင်းပြည့်ပါပြီ။ ဆရာ့အမှတ်တရ ဂုဏ်ပြုဆောင်းပါးလေးနဲ့ ဆရာ့အတ္ထုပ္ပတ္တိကို ပူးတွဲဖော်ပြလိုက်ပါတယ်။ အစားထိုးမရတဲ့ တံတားကျိုးကျမှု ************************** မောင်သာချို (တစ်) ကျွန်တော်တို့၏ မြန်မာစာပေလောကတွင် နေတစ်ဆူ၊ လတစ်ပါး၊ ထင်ရှားကျော်ကြားလှသည့် စာရေးဆရာကြီး မြသန်းတင့်၏ ကြွင်းကျန်ရစ်သော ပုံရိပ်ကလာပ်ကို ရွှေတကော သုသာန်၌် မီးသဂြိုလ်မည့် ၂၀-၂-၉၈ ရက် သောကြာနေ့ မနက်က ကျွန်တော်သည် နှင်းတွေ ပိတ်ခဲနေသည့် ဧရာဝတီမြစ်ကြီးပေါ်တွင် ရောက်ရှိ၍ နေပါသည်။ မှန်ပါသည်။ ထိုနေ့ မနက် ၉နာရီထိုးခဲ့သည့်တိုင် နှင်းတွေက ပိန်းပိတ်ပြီး ကျနေခဲ့, ကျနေဆဲဖြစ်ရာ ကိုယ့်ရှေ့ခပ်လှမ်းလှမ်းကို ဘာဆိုဘာမှ မမြင်ရလောက်အောင်ပဲ ဖြစ်ပါသည်။ ကျန်နေရစ်ခဲ့သော  စက္ကောဘက်ကမ်းကိုလည်း လှမ်းမမြင်ရ။ ရှေ့တွင်ရှိသော ညောင်တုန်းဘက်ကမ်းကိုလည်း လှမ်းမမြင်ရ။ ရာသီဥတု ကြည်ကြည်လင်လင်ရှိသော အခါများတွင် အထင်းသား အရှင်းသား လှမ်းလှမ်းမြင်ရလေ့ရှိသည့် ဟိုး မြစ်အောက်ဖက်နားက ဆောက်လက်စ ဧရာဝတီမြစ်ကူး ဗိုလ်မြတ်ထွန်းတံတား၏ တိုင်ကြီးများကိုလည်း လှမ်းမမြင်ရ။ ဧရာဝတီမြစ်ကို ဖြတ်ကာ အနောက်မှ အရှေ့သို့ ဖြတ်ကူးနေ...

ရှူး 🖋 တာရာမင်းဝေ

Image
ရှူး  ****** တာရာမင်းဝေ  🍀 နိဒါန်း ဧည့်သည် သတို့သားနဲ့ သတို့သမီးဟာ မှန်ဘောင်ထဲကနေ ငါ့ကိုကြည့်တယ်။ ငါ့ဘေးမှာ ကုလားထိုင် တစ်လုံးရောက်နေပြီး သူကလည်း ရှုတည်တည်နဲ့။ စက်ဝိုင်းမျက်နှာကိုတပ်ပြီး ပန်ကာက အိပ်ငိုက်နေတယ်။ ဖန်တကောင်းထဲမှာ မော့နေတဲ့စက္ကူတို့ လန်းလန်းပွင့်လို့။ ငါ့ကိုမရည်ရွယ်ပေမယ့် ကြောင်တွေက အပျင်းရွဲ့ရွဲ့ ရှည်ထွက်လာတယ်။ လူခြေထောက်နှစ်ဖက်ကို လိုက်ကာအောက်က ဖတ်လတ်ဖတ်လတ် တွေ့လိုက်တယ်။ ဧည့်ခန်းထဲမှာ ကတ္တီပါနံ့တွေ ရစ်ခွေမှုန်သီနေတယ်။ လူသာလာပါ၊ ပြဿနာ ခေါ်မလာပါနဲ့လို့ တအွတ်အွတ် ကြို့ထိုးတယ်။ “ဘော့”  ဆိုတဲ့ ခုံရွှေ့သံကို လှမ်းကြားရတယ်။  ငါရှိနေလျက်နဲ့ လှေကားကြီးကလည်း သူ့ဘာသာသူ တက်သွားတယ်။  ပြက္ခဒိန်ထဲက ဝက်ဝံမှောင်ရီကို  အလျားလိုက် ဟန့်တား ရောက်လာတာ မကြာလှသေးပေမယ့် ပြန်ချင်တာကြာလှပြီ။  တွေ့ချင်လို့ လာခဲ့ပေမယ့် ဒီလောက်ဆိုရင် ရပြီ ရပြီရပြီ။ တို့ချင်းတော့ သိကြပါရဲ့၊ အချိန်က စေ့ခဲ့ပြီးပြီ။                ရေးလိုက်ဖျက်လိုက်နှင့်ပဲ ကဗျာက ပြီးသွားသည်။ ပြန်ဖတ်ကြည့်ပြီး စိတ်ထဲမှာ တစ်မျိုးဖြစ်နေမိသည်။ ယခင်က ဤလိုကဗျာမျိုး သူ မရေးခဲ့ဘူး...