ဇက်မျိုးဆက်အတွက် ငုံးပုံပြင် § ခိုင်ကြည်သစ်

ဇက်မျိုးဆက်အတွက် ငုံးပုံပြင် •••••••••••••••••••••••••••••••• ခိုင်ကြည်သစ် 7Day News Sunday, February 14, 2021 - 06:00 . ယခုရက်ပိုင်းအတွင်း ဇက်မျိုးဆက် (Generation Z) တို့အကြောင်း လူပြောသူပြောများလာသည်။ တချို့က ဇက်မျိုးဆက်ကို အတိုကောက် ဂျန်ဇီ (Gen Z) ဟု ခေါ်ကြသည်။ အမည်နာမ ဘယ်လိုပင် တပ်တပ်၊ တိုင်းပြည်၏ အနာဂတ်က ဇက်မျိုးဆက်များအပေါ် များစွာတည်မှီလာနေသည်။ ဇက်မျိုးဆက်များသည် နည်းပညာနှင့် မွေးလာပြီး လွတ်လပ်ခွင့်နှင့် ကြီးပြင်းလာကြသူများ ဖြစ်သည်။ သူတို့တစ်တွေက နည်းပညာကို ကောင်းစွာအသုံးချကာ လွတ်လပ်ခွင့်ကို တန်ဖိုးထားကြသည်။ အခုဆိုလျှင် သူတို့ ဇက်မျိုးဆက်တွေက နိုင်ငံသားတို့၏ ဒီမိုကရေစီရေးအတွက်ပင် ရှေ့တန်းက ပါဝင်ဆောင်ရွက်နေကြပြီဖြစ်သည်။ မျိုးဆက်ဟောင်းများက ဇက်မျိုးဆက်၏ ဦးဆောင်မှုနောက်မှာ ဝန်းရံကြရုံ၊ ကူညီကြရုံ။ ဇက်မျိုးဆက်များတွင် ခေါင်းဆောင်မှုကင်းမဲ့သည်ဟု ထောက်ပြမှုအချို့လည်း ရှိသည်။ စာရေးသူအမြင်မှာတော့ ‘ဇက်မျိုးဆက်များတွင် ခေါင်းဆောင်မှုကင်းမဲ့သည်’ ဟုဆိုလျှင် အစွန်းရောက်သော သုံးသပ်ချက်ဖြစ်ပါသည်။ ထို့အတူပင် ‘ဇက်မျိုးဆက်များတွင် ခေါင်းဆောင်တစ်ယောက်ယောက် ရှိနေသည်၊ ဇက်မျိုးဆက်များကို ဦးဆောင်နေသည့်...